သင္႔ရဲ႕လက္ရွိCareer ကိုေျပာင္းလဲသင္႔ျပီဆိုတာဘာေတြကေျပာျပေနလဲ…

ကိုယ္႔ရဲ႕လက္ရွိCareer ကေနတစ္ျခားလိုင္းကိုေျပာင္းလဲဖို႕ သင္႔ျပီလား၊ ဒါမွမဟုတ္ ဒီသက္ေမြးေျကာင္းအလုပ္မွာပဲဆက္လက္ရပ္တည္ေနမလားဆိုတာ ေသခ်ာရွင္းလင္းစြာသိရွိေစနိုင္ျပီးသင္႔ရဲ႕ဆံုးျဖတ္ခ်က္ေတြကိုျပတ္သားနိုင္ေစဖို႕ ဒီအခ်က္ေလးေတြကေနကူညီေပးပါလိမ္႔မယ္…
(၁) ကၽြမ္းက်င္မႈ
ကိုယ္လုပ္တဲ႔အလုပ္ဟာ ကိုယ္ကၽြမ္းက်င္တဲ႔အပိုင္းျဖစ္ျပီး ကိုယ္တုိင္ရင္းနွီးဖုိ႕လုိပါတယ္။ ဒီလုိမဟုတ္ပဲ သူမ်ားေတြအတြက္ဘယ္ေလာက္လြယ္လြယ္ကိုယ္႔အတြက္ခက္ခဲေနျပီဆိုရင္ေတာ႔ ဒီအလုပ္ဟာကိုယ္နဲ႕အံ့၀င္ဂြင္က်ျဖစ္တဲ႔ Career မဟုတ္ေတာ႔ဘူးဆုိတာသိသင္႔ပါတယ္။
(၂) ေပ်ာ္ရႊင္မႈ
ဒီေရြးခ်ယ္ထားတဲ႔အလုပ္ေပၚမွာကိုယ္ရဲ႕စိတ္ဟာ ေပ်ာ္ရႊင္မႈမရွိလွဘူး။ အလုပ္လုပ္ရတာကိုယ္႔အတြက္ျငီးေငြ႕စရာေကာင္းေနျပီဆိုရင္ေတာ႔ေသခ်ာျပန္စဥ္းစားသင္႔ပါတယ္။ တစ္ခါတစ္ရံပ်င္းရိျငီးေငြ႕တာမ်ိဳးကို မေျပာလိုေပမဲ႔ ဒီအလုပ္လုပ္ေနရရင္ကိုစိတ္မခ်မ္းသာျဖစ္ေနျပီး၀န္ျကီးထမ္းထားရသလိုေလးေနျပီဆိုရင္ေတာ႔ သင္႔အလုပ္ကိုသင္မနွစ္ျမိဳ႕တာေသခ်ာေနပါျပီ။
(၃) ယံုျကည္မႈ
ကိုယ္ေရြးခ်ယ္ထားတဲ႔အလုပ္ကိုလုပ္ေဆာင္ေနရတဲ႔အခ်ိန္မွာ ကိုယ္႔ကိုယ္ကိုယ္ယံုျကည္မႈအျပည္႔နဲ႕လုပ္ေဆာင္နုိင္လား ဆိုတာေလ႔လာဆန္းစစ္ပါ။ လုပ္သာလုပ္ေနရတယ္ လုပ္ေနရတဲ႔အလုပ္ေပၚဘာလုပ္လုပ္မွားသြားမလားဟုတ္ပါ႔မလားဆုိတဲ႔ စုိးရိမ္စိတ္ေတြပဲ အခ်ိန္တိုင္းမ်ားေနျပီးကိုယ္႔ကိုယ္ကိုယ္ယံုျကည္မႈကင္းမဲ႔ေနရင္ေတာ႔ ဒီအလုပ္ကသင္နဲ႕မသင္႔ေတာ္ဘူးဆုိတာသိလုိက္ပါ။
(၄) ရည္မွန္းခ်က္
ကိုယ္လုပ္တဲ႔အလုပ္နဲ႕ပတ္သတ္ျပီး Target ေတြရွိတယ္ Plan ေတြရွိတယ္။ ဘယ္လုိတိုးတတ္လာေအာင္လုပ္မယ္ဆုိတဲ႔ ရည္မွန္းခ်က္ေတြရွိသင္႔႔ပါတယ္။ ဒါေတြမရွိပဲ လုပ္ျမဲလုပ္တဲ႔ပံုစံတိုင္းပဲလည္ပတ္ေနမယ္ဆိုရင္ေတာ႔ သင္႔အလုပ္ထဲမွာသင္ဟာ စိတ္၀င္စားမႈမရွိဘူးဆုိတာသိသာေနပါျပီ။
(၅) ခိုင္မာမႈ
လက္ရွိကိုယ္ေရြးခ်ယ္ထားတဲ႔အလုပ္ကကိုယ္႔ဘ၀ေရွ႔ေရးအတြက္ ခိုင္မာတဲ႔အသက္ေမြး၀မ္းေျကာင္းအလုပ္လားဆုိတာေသခ်ာေတြးပါ။ ကိုယ္ေရြးခ်ယ္ထားတဲ႔ဒီအသက္ေမြး၀မ္းေျကာင္းနဲ႕ကိုယ္႔ရင္ထဲကဆႏၵနဲ႕တစ္ထပ္တည္းက်သလားေနာင္ေရးအတြက္ခိုင္မာေသခ်ာလားအားလံုးတြက္ခ်က္ျပီးမွသာ ေျပာင္းသင္႔မေျပာင္းသင္႔ဆံုးျဖတ္သင္႔ပါတယ္။
အေပၚကအခ်က္ေလးေတြကိုဖတ္ျပီးသင္တို႕ရဲ႕လက္ရွိCareer ကေနရုန္းထြက္သင္႔မထြက္သင္႔ေျပာင္းလဲသင္႔မေျပာင္းလဲသင္႔ဆိုတာ ကြဲကြဲျပားျပားသိရွိနားလည္နုိင္ျကပါေစလုိ႕ဆုေတာင္းရင္း…

Unicode

ကိုယ့်ရဲ့လက်ရှိCareer ကနေတစ်ခြားလိုင်းကိုပြောင်းလဲဖို့ သင့်ပြီလား၊ ဒါမှမဟုတ် ဒီသက်မွေးကြောင်းအလုပ်မှာပဲဆက်လက်ရပ်တည်နေမလားဆိုတာ သေချာရှင်းလင်းစွာသိရှိစေနိုင်ပြီးသင့်ရဲ့ဆုံးဖြတ်ချက်တွေကိုပြတ်သားနိုင်စေဖို့ ဒီအချက်လေးတွေကနေကူညီပေးပါလိမ့်မယ်…
(၁) ကျွမ်းကျင်မှု
ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းဖြစ်ပြီး ကိုယ်တိုင်ရင်းနှီးဖို့လိုပါတယ်။ ဒီလိုမဟုတ်ပဲ သူများတွေအတွက်ဘယ်လောက်လွယ်လွယ်ကိုယ့်အတွက်ခက်ခဲနေပြီဆိုရင်တော့ ဒီအလုပ်ဟာကိုယ်နဲ့အံ့ဝင်ဂွင်ကျဖြစ်တဲ့ Career မဟုတ်တော့ဘူးဆိုတာသိသင့်ပါတယ်။
(၂) ပျော်ရွှင်မှု
ဒီရွေးချယ်ထားတဲ့အလုပ်ပေါ်မှာကိုယ်ရဲ့စိတ်ဟာ ပျော်ရွှင်မှုမရှိလှဘူး။ အလုပ်လုပ်ရတာကိုယ့်အတွက်ငြီးငွေ့စရာကောင်းနေပြီဆိုရင်တော့သေချာပြန်စဉ်းစားသင့်ပါတယ်။ တစ်ခါတစ်ရံပျင်းရိငြီးငွေ့တာမျိုးကို မပြောလိုပေမဲ့ ဒီအလုပ်လုပ်နေရရင်ကိုစိတ်မချမ်းသာဖြစ်နေပြီးဝန်ကြီးထမ်းထားရသလိုလေးနေပြီဆိုရင်တော့ သင့်အလုပ်ကိုသင်မနှစ်မြို့တာသေချာနေပါပြီ။
(၃) ယုံကြည်မှု
ကိုယ်ရွေးချယ်ထားတဲ့အလုပ်ကိုလုပ်ဆောင်နေရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့လုပ်ဆောင်နိုင်လား ဆိုတာလေ့လာဆန်းစစ်ပါ။ လုပ်သာလုပ်နေရတယ် လုပ်နေရတဲ့အလုပ်ပေါ်ဘာလုပ်လုပ်မှားသွားမလားဟုတ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေပဲ အချိန်တိုင်းများနေပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကင်းမဲ့နေရင်တော့ ဒီအလုပ်ကသင်နဲ့မသင့်တော်ဘူးဆိုတာသိလိုက်ပါ။
(၄) ရည်မှန်းချက်
ကိုယ်လုပ်တဲ့အလုပ်နဲ့ပတ်သတ်ပြီး Target တွေရှိတယ် Plan တွေရှိတယ်။ ဘယ်လိုတိုးတတ်လာအောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်တွေရှိသင့့်ပါတယ်။ ဒါတွေမရှိပဲ လုပ်မြဲလုပ်တဲ့ပုံစံတိုင်းပဲလည်ပတ်နေမယ်ဆိုရင်တော့ သင့်အလုပ်ထဲမှာသင်ဟာ စိတ်ဝင်စားမှုမရှိဘူးဆိုတာသိသာနေပါပြီ။
(၅) ခိုင်မာမှု
လက်ရှိကိုယ်ရွေးချယ်ထားတဲ့အလုပ်ကကိုယ့်ဘဝရှေ့ရေးအတွက် ခိုင်မာတဲ့အသက်မွေးဝမ်းကြောင်းအလုပ်လားဆိုတာသေချာတွေးပါ။ ကိုယ်ရွေးချယ်ထားတဲ့ဒီအသက်မွေးဝမ်းကြောင်းနဲ့ကိုယ့်ရင်ထဲကဆန္ဒနဲ့တစ်ထပ်တည်းကျသလားနောင်ရေးအတွက်ခိုင်မာသေချာလားအားလုံးတွက်ချက်ပြီးမှသာ ပြောင်းသင့်မပြောင်းသင့်ဆုံးဖြတ်သင့်ပါတယ်။
အပေါ်ကအချက်လေးတွေကိုဖတ်ပြီးသင်တို့ရဲ့လက်ရှိCareer ကနေရုန်းထွက်သင့်မထွက်သင့်ပြောင်းလဲသင့်မပြောင်းလဲသင့်ဆိုတာ ကွဲကွဲပြားပြားသိရှိနားလည်နိုင်ကြပါစေလို့ဆုတောင်းရင်း…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.