ကိုယ့်မှာ သွားစရာ၊ လာစရာတွေကများနေလို့ ထသွားထလာ ပြင်ဆင်နေကျ မိတ်ကပ်နဲ့ ဆံပင်အပြင်အဆင်တွေနဲ့ ကွဲပြားအောင် ဘယ်လိုလေး ပြင်ဆင်သွားရင် ကောင်းမလဲဆိုပြီး ခေါင်းစားနေရတဲ့ ပျိုမေတွေအတွက် အမိုက်စား၊ အထာကျတဲ့ အပြင်အဆင်လေးတွေ ဖော်ပြပေးလိုက်တယ်နော်။
၁။ Mine ဗီဒီယိုထဲက ဘီယွန်စေးရဲ့ ဆံပင်ပုံစံလေးပါ။ ဒီဆံပင်ပုံစံကို ပြင်ဆင်ပေးခဲ့တဲ့ Rita Hazan ကတော့ အပြောင်းအလဲလေးဖြစ်အောင် ဆံပင်ကို ကာလာနှစ်ခုခွဲပြီး စပရေးနဲ့ ဖြန်းပေးထားတာပါ။ များသောအားဖြင့် ဆံပင်အရှည်တွေမှာသာ ခုလို အရောင်တွေခွဲပြီး စပရေးနဲ့ ဖြန်းကြပေမယ့် ခုလို ဆံပင်အတိုလေးတွေကိုလည်း စမ်းသပ်ကြည့်သင့်ပါတယ်။
၂။ကိုယ်က နှုတ်ခမ်းနီဆိုးရင် အနုလေးတွေပဲ ဆိုးနေကျမို့ အနီရင့်ရင့်တွေ၊ ခု Maia Mitchell ဆိုးထားတဲ့ နီညိုရောင်တွေ ဆိုးဖို့ တွန့်ဆုတ်နေပါသလား။ ကိုယ့်ရုပ်ကို ရှိရင်းစွဲထက် ရင့်သွားမှာစိုးတာကြောင့်ရော၊ မလိုက်ဖက်မှာစိုးရိမ်တာကြောင့်ပါ မဆိုးပဲ ထားထားတဲ့ နှုတ်ခမ်းနီအရောင်ရင့်တွေကို တစ်ခါတစ်လေ စမ်းဆိုးကြည့်လိုက်ပါ။
၃။ကဲ Jeniffer Budner ဆိုးထားတဲ့ အိုင်းလိုင်နာ အရောင်ကို ကြည့်လိုက်ပါဦး။ ဆိုးနေကျ အမည်းရောင်ထက်စာရင် ပိုဖန်စီကျပြီး အထာလည်းကျတာမို့ မှန်ရှေ့သွားပြီး တစ်ခါလောက် စမ်းဆိုးကြည့်လိုက်ပါလား။ မိုက်မှာသေချာတယ်နော်။
၎။ဆံပင်ရှည်တဲ့ ပျိုမေတွေအတွက် ဒင်နာ၊ ပါတီတွေသွားတဲ့အခါ ခုလို waterfall blowout ဆံပင်ပုံစံမျိုး လုပ်ကြည့်စေချင်ပါတယ်။ Gel လေးနည်းနည်းလိမ်းပြီး ဆံပင်အားလုံးကို နောက်လှန်ဖြီးလိုက်ရုံပါပဲ။
၅။ဆံပင်အတွက် ဘယ်လိုစတိုင်လ်မျိုး လုပ်သွားရင်ကောင်းမလဲ ခေါင်းအရမ်းစားနေရင် ခုလိုသာ အားလုံးကို စုစည်းပြီး ထုံးသွားလိုက်ပါ။ ရှေ့ဆံပင်အတိဖြစ်ဖြစ်၊ ဘေးခွဲဖြစ်ဖြစ် ရှေ့ဆံပင်ကို ဒီအတိုင်းထားပြီး နောက်ဆံပင်တွေအားလုံးကိုသာ စုစည်းပစ်လိုက်ပါ။
Ref:seventeen.com