ပိုက္ဆံစုမယ္ျကံပင္မဲ႔မစုျဖစ္သံုးကုန္ကုန္သြားတဲ႔သူေတြသိေစဖို႕

ေငြစုဖုိ႕ဆိုတာထင္သေလာက္မလြယ္ကူပါဘူး။ ရွာရခက္ပင္မဲ႔သံုးရလြယ္တဲ႔ေငြက တစ္ခါတစ္ခါစုဖို႕ဆိုတာလူေတာ္ေတာ္မ်ားမ်ားအတြက္အျကပ္ရိုက္ေစတဲ႔အရာတစ္ခုပါ။ဒါပင္မဲ႔ ဒီလိုမစုေဆာင္းျပီး သံုးပဲသံုးမိေနရင္ တစ္ကယ္တမ္းအေရးရယ္အေျကာင္းရယ္ဖန္လာတဲ႔အခါမွာေတာ႔ စုေဆာင္းထားတဲ႔ေငြမရွိရင္ဒုကၡေရာက္တတ္တာမလို႔ အစတည္းကေငြကိုစုစုေဆာင္းေဆာင္းသံုးစြဲတတ္ေအာင္ ဘယ္လိုနည္းလမ္းေလးေတြနဲ႕ျကိုးစားသင္႔သလဲဆိုတာ…
(၁) ကိုယ္႔ရဲ႕ပံုမွန္၀င္ေငြကို တိတိက်က်သိေအာင္ျကိုးစားပါ
ကိုယ္႔ရဲ႕တစ္လစာပံုမွန္၀င္ေငြကိုတိတိက်က်သိေအာင္ျကိုးစားသင္႔ပါတယ္။ တစ္လကိုကိုယ္ေငြဘယ္ေလာက္၀င္တယ္ ဆိုတာကိုတိတိက်က်သိျပီးဒီေငြနဲ႕မ်ွတတဲ႔ သံုးစြဲမႈမ်ိဳးကိုသာျပဳလုပ္သင္႔ပါတယ္။ ကိုယ္႔၀င္ေငြပမာဏထက္မ်ားတဲ႔ အရာေတြကိုလုိခ်င္တာေျကာင္႔ သူမ်ားဆီကေခ်းယူထားျပီး ၀ယ္ကာ ေျကြးမွီးေတြကိုျပန္ဆပ္ေနရတဲ႔ အျဖစ္မ်ိဳးအေရာက္မခံသင္႔ပါဘူး။ေျပာခ်င္တာက အေျကြးယူျပီး ကိုယ္မတတ္နုိင္တဲ႔ ကိုယ္႔ေငြနဲ႕မမွ်တဲ႔ပစၥည္းေတြကို ၀ယ္ယူတပ္မက္တာမ်ိဳးမျဖစ္ေစပါနဲ႕။
(၂) မ၀ယ္မျဖစ္၀ယ္ကို၀ယ္ရမဲ႔အရာေတြကိုတြက္ခ်က္ပါ
ကိုယ္႔အတြက္တကယ္လုိအပ္တဲ႔မရွိမျဖစ္၀ယ္ကို၀ယ္ရမဲ႔ပစၥည္းေတြကို ခ်ေရးထားပါ။ ဒီပစၥည္းေတြကလြဲလို႕တစ္ျခားပစၥည္းေတြကို အပို၀ယ္မိတာမ်ိဳးမျဖစ္ေစပဲ ဒါေတြကိုသာဦးစားေပးျပီးအရင္၀ယ္ယူပါ။တကယ္ကို Essential ျဖစ္တဲ႔ အရာမ်ိဳးပဲျဖစ္ပါေစ။
(၃) ေငြကိုအပံုပံုတတ္တဲ႔အက်င္႔ရွိပါေစ
ကိုယ္ရလာတဲ႔ပိုက္ဆံကနည္းသည္ျဖစ္ေစမ်ားသည္ျဖစ္ေစ သူ႕ေနရာနဲ႕သူအသံုးျပဳဖို႕အတြက္ ခြဲတတ္တဲ႔အက်င္႔ေလးရွိပါေစ။ဒီတိုင္းပိုက္ဆံအိပ္ထဲထည္႔ထားျပီး လုိရင္ယူသံုးလိုရင္ထုတ္သံုးရင္းနဲ႕ဘယ္ေျကာင္႔ဘယ္လိုေငြေတြကုန္သြားမွန္းမသိတာမ်ိဳးျဖစ္ေစနုိင္တာေျကာင္႔ သူ႕ အပံုနဲ႕သူခြဲျပီး သံုးစြဲတတ္တဲ႔အက်င္႔ေလးလုပ္ပါ။
(၄) စုလုိ႕ပိုမွက်န္တာကိုသံုးပါ
စုလို႕ပိုမွက်န္တာကိုသံုးတတ္ေအာင္လုပ္ပါ။ ကိုယ္႔အတြက္တကယ္အေရးျကီးတယ္လို႕ထင္တဲ႔အရာေတြကို ၀ယ္ယူျပီးရင္ စုမယ္လို႕ဆံုးျဖတ္ထားတဲ႔ပမာဏအတိုင္းစုေဆာင္းျပီးလုိ႕က်န္တဲ႔ေငြကို
သာအပိုအသံုးစရိတ္အျဖစ္ထားပါ။
(၅) စုထားတဲ႔ေငြေတြဆီစိတ္ေဖ်ာက္ျပီး ဒါေတြကိုမရွိဘူးလုိ႕သတ္မွတ္ထားပါ
ေငြစုမယ္လို႕လံုး၀ဆံုးျဖတ္ထားတယ္ဆိုရင္ စုထားတဲ႔ေငြေတြကိုစုဖုိ႕ထည္႔ျပီးတာနဲ႕ကိုယ္နဲ႕မဆိုင္တဲ႔ေငြလိုမရွိဘူးလုိ႕သေဘာထားလုိက္ပါ။ ဘယ္လိုပဲသံုးခ်င္စိတ္ျဖစ္ေနျဖစ္ေန ကိုယ္႔စိတ္ကိုထိန္းခ်ဳပ္ျပီးဒီေငြေတြကိုကိုယ္နဲ႕မဆုိင္ဘူးလို႕လံုး၀ေတြးေတာလိုက္ျပီး ေနမွသာေငြကစုျဖစ္မွာ ျဖစ္မွာမလို႕စုျပီးသားေငြေတြကို အခ်ိန္ကာလတစ္ခုမေရာက္မခ်င္းမရွိတဲ႔ေငြလို႕သာသေဘာထားလုိက္ပါ။

Unicode

ငွေစုဖို့ဆိုတာထင်သလောက်မလွယ်ကူပါဘူး။ ရှာရခက်ပင်မဲ့သုံးရလွယ်တဲ့ငွေက တစ်ခါတစ်ခါစုဖို့ဆိုတာလူတော်တော်များများအတွက်အကြပ်ရိုက်စေတဲ့အရာတစ်ခုပါ။ဒါပင်မဲ့ ဒီလိုမစုဆောင်းပြီး သုံးပဲသုံးမိနေရင် တစ်ကယ်တမ်းအရေးရယ်အကြောင်းရယ်ဖန်လာတဲ့အခါမှာတော့ စုဆောင်းထားတဲ့ငွေမရှိရင်ဒုက္ခရောက်တတ်တာမလို့ အစတည်းကငွေကိုစုစုဆောင်းဆောင်းသုံးစွဲတတ်အောင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ကြိုးစားသင့်သလဲဆိုတာ…
(၁) ကိုယ့်ရဲ့ပုံမှန်ဝင်ငွေကို တိတိကျကျသိအောင်ကြိုးစားပါ
ကိုယ့်ရဲ့တစ်လစာပုံမှန်ဝင်ငွေကိုတိတိကျကျသိအောင်ကြိုးစားသင့်ပါတယ်။ တစ်လကိုကိုယ်ငွေဘယ်လောက်ဝင်တယ် ဆိုတာကိုတိတိကျကျသိပြီးဒီငွေနဲ့မျှတတဲ့ သုံးစွဲမှုမျိုးကိုသာပြုလုပ်သင့်ပါတယ်။ ကိုယ့်ဝင်ငွေပမာဏထက်များတဲ့ အရာတွေကိုလိုချင်တာကြောင့် သူများဆီကချေးယူထားပြီး ဝယ်ကာ ကြွေးမှီးတွေကိုပြန်ဆပ်နေရတဲ့ အဖြစ်မျိုးအရောက်မခံသင့်ပါဘူး။ပြောချင်တာက အကြွေးယူပြီး ကိုယ်မတတ်နိုင်တဲ့ ကိုယ့်ငွေနဲ့မမျှတဲ့ပစ္စည်းတွေကို ဝယ်ယူတပ်မက်တာမျိုးမဖြစ်စေပါနဲ့။
(၂) မဝယ်မဖြစ်ဝယ်ကိုဝယ်ရမဲ့အရာတွေကိုတွက်ချက်ပါ
ကိုယ့်အတွက်တကယ်လိုအပ်တဲ့မရှိမဖြစ်ဝယ်ကိုဝယ်ရမဲ့ပစ္စည်းတွေကို ချရေးထားပါ။ ဒီပစ္စည်းတွေကလွဲလို့တစ်ခြားပစ္စည်းတွေကို အပိုဝယ်မိတာမျိုးမဖြစ်စေပဲ ဒါတွေကိုသာဦးစားပေးပြီးအရင်ဝယ်ယူပါ။တကယ်ကို Essential ဖြစ်တဲ့ အရာမျိုးပဲဖြစ်ပါစေ။
(၃) ငွေကိုအပုံပုံတတ်တဲ့အကျင့်ရှိပါစေ
ကိုယ်ရလာတဲ့ပိုက်ဆံကနည်းသည်ဖြစ်စေများသည်ဖြစ်စေ သူ့နေရာနဲ့သူအသုံးပြုဖို့အတွက် ခွဲတတ်တဲ့အကျင့်လေးရှိပါစေ။ဒီတိုင်းပိုက်ဆံအိပ်ထဲထည့်ထားပြီး လိုရင်ယူသုံးလိုရင်ထုတ်သုံးရင်းနဲ့ဘယ်ကြောင့်ဘယ်လိုငွေတွေကုန်သွားမှန်းမသိတာမျိုးဖြစ်စေနိုင်တာကြောင့် သူ့ အပုံနဲ့သူခွဲပြီး သုံးစွဲတတ်တဲ့အကျင့်လေးလုပ်ပါ။
(၄) စုလို့ပိုမှကျန်တာကိုသုံးပါ
စုလို့ပိုမှကျန်တာကိုသုံးတတ်အောင်လုပ်ပါ။ ကိုယ့်အတွက်တကယ်အရေးကြီးတယ်လို့ထင်တဲ့အရာတွေကို ဝယ်ယူပြီးရင် စုမယ်လို့ဆုံးဖြတ်ထားတဲ့ပမာဏအတိုင်းစုဆောင်းပြီးလို့ကျန်တဲ့ငွေကို
သာအပိုအသုံးစရိတ်အဖြစ်ထားပါ။
(၅) စုထားတဲ့ငွေတွေဆီစိတ်ဖျောက်ပြီး ဒါတွေကိုမရှိဘူးလို့သတ်မှတ်ထားပါ
ငွေစုမယ်လို့လုံးဝဆုံးဖြတ်ထားတယ်ဆိုရင် စုထားတဲ့ငွေတွေကိုစုဖို့ထည့်ပြီးတာနဲ့ကိုယ်နဲ့မဆိုင်တဲ့ငွေလိုမရှိဘူးလို့သဘောထားလိုက်ပါ။ ဘယ်လိုပဲသုံးချင်စိတ်ဖြစ်နေဖြစ်နေ ကိုယ့်စိတ်ကိုထိန်းချုပ်ပြီးဒီငွေတွေကိုကိုယ်နဲ့မဆိုင်ဘူးလို့လုံးဝတွေးတောလိုက်ပြီး နေမှသာငွေကစုဖြစ်မှာ ဖြစ်မှာမလို့စုပြီးသားငွေတွေကို အချိန်ကာလတစ်ခုမရောက်မချင်းမရှိတဲ့ငွေလို့သာသဘောထားလိုက်ပါ။

453 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.