သင့်ချစ်သူဆီိက ဒီလိုစကားမျိုးတွေကြားရတာနဲ့ ချက်ချင်းလမ်းခွဲသင့်ပါတယ်

ချစ်သူရည်းစားဆိုတာ တစ်ကမ္ဘာလုံးမှာ အရင်းနှီးဆုံးတွေထဲကတစ်ယောက်ဖြစ်ပြီးအမြဲလိုလိုလည်းလက်ပွန်းတတီးနေထိုင်ဆက်ဆံနေရသူတွေဖြစ်တဲ့အလျောက် တစ်ခါတစ်လေစိတ်ထဲကမပါပဲပြောမိတဲ့စကားတွေလည်းရှိမှာပါပဲ။ပြောလိုက်မိပြီိးမှ နောင်တရရတဲ့စကားတွေလည်းရှိမှာဖြစ်သလို စိတ်ဆိုးတုန်းခဏနစ်နစ်နာနာတွေပြောမိတာလည်းရှိမှာပါ။ ဒါပေမယ့် ဘယ်လောက်ပဲရင်းနှီးတဲ့သူတွေဖြစ်ပါစေ ဘယ်သူ့ကိုမှမျက်နှာသွေးသတ်မပြောရပါဘူး။မျက်နှာသွေးသတ်ဆိုတာက စကားကိုအကုန်ပြောတာ၊စိတ်ထဲမှာစွဲပြီးနာသွားအောင်ပြောတာမျိုးပါ။ အဲဒီိ့လိုပဲ သူ့ဘက်ကကိုယ့်ကိုပြောလာရင်လည်း လက်သင့်မခံရပါဘူး။ကိုယ့်ကိုတကယ်ချစ်တဲ့သူဟာ ဘယ်လိုအကြောင်းမျိုးနဲ့မှ ကိုယ့်ကိုစိတ်ထိခိုက်နာကျင်စေမယ့်စကားတွေကိုပြောမှာမဟုတ်လို့ပါပဲ။ သူကိုယ့်ကိုဒီလိုစကားမျိုးတွေပြောလာပြီဆိုရင်တော့ ချက်ချင်းလမ်းခွဲသင့်ပါပြီ။

 

သင်ကသူနဲ့မတန်ဘူးလို့ပြောတာ

အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုသလိုပဲ သမီးရည်းစားဆက်ဆံရေးမှာတန်တယ်မတန်ဘူးဆိုတာမျိုးတွေမရှိပါဘူး။လူဆိုတာကိုယ်နဲ့တန်တယ်ထင်တဲ့လူမျိုးနဲ့ပဲချစ်မိတာမျိုးပါ။ဒါကြောင့်သူသင့်ကိုသူနဲ့မတန်ဘူးလို့တွေးမိလာပြီဆိုရင်တော့ အချစ်တွေမရှိတောလို့ပါပဲ။ လမ်းခွဲလိုက်ပါတော့။

 

သူ့ကိုချစ်ရင်သင့်ရဲ့အပျိုစင်ဘဝကိုပေးဖို့ပြောတာ

ဒါကြီးကတော့ လူတော်တော်များများလည်းသိနေတဲ့အရာပါ။ အချစ်ကို sex နဲ့သက်သေပြစရာအကြောင်းလုံးဝမရှိပါဘူး။ လိင်စိတ်ဆန္ဒဟာအချစ်နဲ့လုံးလုံးမပက်သက်ပါဘူး။ သင်ကိုယ်တိုင်ကဆန္ဒရှိလို့ဆိုရင်တော့တစ်မျိုးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သင့်ဘက်ကလုံးဝစိတ်မပါတဲ့အကြောင်းအတိအလင်းပြောပြီးတာတောင် “ချစ်တယ်မဟုတ်လားကွာ..ချစ်ရင်”ဆိုပြီး သင့်ကိုဆက်လက်ဖိအားပေးနေတဲ့သူမျိုးဟာ သင့်ရဲ့ချစ်သူကောင်းတစ်ယောက်လုံးဝမဖြစ်နိုင်ပါဘူး။ လူပုံအလည်မှာ “ဒါကျွန်မရဲ့ချစ်သူပါပဲ”ဆိုပြီိးချပြလို့ရမယ့် လူတစ်ယောက်ဖြစ်ဖို့တော့ဝေလာဝေးပါ။ ဒါ့အပြင် သူဟာ သင့်စိတ်ဆန္ဒကိုအလေးမထားပဲသူ့ရဲ့အတ္တကိုအစာကျွေးဖို့ကြိုးစားနေတယ်ဆိုကတည်းက သင့်အနေနဲ့သူ့ကိုစွန့်လွှတ်ဖို့လုံလောက်လွန်းနေပါပြီ။ တွေဝေမနေပါနဲ့တော့။

 

သင့်ရဲ့အလုပ်အကိုင်ကိုထိခိုက်ပြောဆိုတာ

သင်ကအလုပ်လုပ်နေတဲ့သူဆိုရင် သင့်ရဲ့အလုပ်အကိုင်ကိုထိခိုက်ပြောဆိုတာမျိုးဟာ လုံးဝသည်းမခံသင့်တဲ့အရာပါ။ သင်ကိုယ်တိုင်က သင်လက်ရှိလုပ်နေတဲ့အလုပ်ကိုမကြိုက်ရင်တောင်မှ ဒီ့ထက်ကောင်းတဲ့အလုပ်ကိုကူးပြောင်းဖို့အားပေးကူညီရမှာသူ့တာဝန်ပါ။အားမပေးချင်နေပါ၊သင့်အလုပ်ကိုထိခိုက်ပြောဆိုတာမျိုးကတော့ လူကြီးလူကောင်းမဆန်တဲ့ရိုင်းပျတဲ့အပြုအမူပါပဲ။ဒါဟာ သင့်ကိုချစ်တဲ့လူတစ်ယောက်ရဲ့ပြုမူပုံမဟုတ်ပါဘူး။ သင့်အလုပ်ကသူ့ကိုအရှက်ရစေတယ်ဆိုရင်တော့ သူ့အနေနဲ့သင့်ကိုမချစ်တာအမှန်ပါပဲ။လောကကြီိးမှာ သမာအာဇီဝအလုပ်မှန်သမျှ ဂုဏ်ယူစရာကောင်းပါတယ်။ စိတ်ဓာတ်ယိုယွင်းပျက်စီးနေတဲ့သူကိုမချစ်ပါနဲ့တော့။ သင်ကကျောင်းတက်နေတယ်ဆိုရင်လည်း သင်ယူထားတဲ့မေဂျာကိုထိခိုက်ပြောဆိုတာမျိုးကလည်းအလားတူပါပဲ။

 

သင့်စိတ်ကူးအိပ်မက်တွေကမဖြစ်နိုင်ဘူးလို့ပြောတာ

ဒါကတော့ နှစ်မျိုးရှိပါတယ်။ပထမတစ်မျိုးကသင်က စိတ်ကူးယဉ်ကမ္ဘာထဲမှာပေါလောမျောနေပြီိးသူကသင့်ကိုဆွဲထုတ်နေရတဲ့အဖြစ်မျိုးပါ။ သင်ကသင်ဖြစ်ချင်တာတွေဟာသင့်အနေအထားနဲ့ဖြစ်နိုင်မဖြစ်နိုင်သေချာမသိတာမျိုးပေါ့။ ကိုယ့်စိတ်ကူးအိပ်မက်တွေကကိုယ်နဲ့လိုက်လျောညီထွေရှိရဲ့လားဆိုတာသိဖို့ကလည်းအရေးကြီိးပါတယ်။ ကိုယ်နဲ့မအပ်စပ်တဲ့အိပ်မက်မျိုးကိုတစ်သက်လုံးထွေးပိုက်ထားပြီး နောက်ဆုံး ဘီလျှံနာကြီးဖြစ်သွားတယ်၊မင်းသားလေးနဲ့ရသွားတယ်ဆိုတာမျိုးက ပုံပြင်တွေထဲမှာပဲရှိပါတယ်။ကိုယ်တို့တွေဟာ ရေသူမလေးအေရီရယ်မှမဟုတ်ကြပဲလေ။

 

ဒုတိယတစ်မျိုးကတော့ သင်ကတောင်ထိပ်ကိုရောက်အောင်အားသွန်ခွန်စိုက်တက်နေစဉ်မှာ သူကဘေးထိုင်ဘုပြောလုပ်နေတာမျိုးပါ။ သင့်ကိုကူညီရမယ့်အစား သင်အောင်မြင်မှာကိုမလိုလားတာမျိုး သင့်ကိုနောက်ပြန်ဆွဲချဖို့ကြံနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်အခြေအနေက ဘယ်တစ်မျိုးလဲဆိုတာကိုယ့်ဘာသာသုံးသပ်ပြီိးအရေးကြီိးတဲ့ဆုံးဖြတ်ချက်ကိုအချိန်မနှောင်းခင်ချမှတ်နိုင်ဖို့အရေးကြီိးပါတယ်။

 

သင့်ရဲ့အသွင်အပြင်ကိုကဲ့ရဲ့တာ

လူဆိုတာကိုယ်ချစ်တဲ့သူကို ပြစ်မျိုးမှဲ့မထင်မဟုတ်ရင်တောင် ကြည့်ပျော်ရှု့ပျော်လေးတော့ဖြစ်စေချင်ကြတာ သဘာဝပါ။ဒါပေမယ့် အဲဒီလိုဆိုပြီးတော့ ကိုယ့်ချစ်သူကိုစိတ်ထိခိုက်အောင်ပြောဆိုတာမျိုးတော့မလုပ်သင့်ပါဘူး။ ဥပမာအားဖြင့် သင့်ချစ်သူကသင့်ကိုဝိတ်ချစေချင်တယ်ဆိုရင် “အချစ်ရေ.. ဝိတ်လေးနည်းနည်းလျှော့ပါဦိးကွာ”လို့ အကြံပေးပိုင်ခွင့်ရှိပါတယ်။ “မင်းကိုယ်မင်းလည်းပြန်ကြည့်ဦး ဝက်မကြီိးဖြစ်နေပြီ၊မရှက်ဘူးလား ဘာမှမစားနဲ့တော့”ဆိုတာမျိုးတော့လုံးလုံးပြောခွင့်မရှိပါဘူး။ ဒါက အကြံပေးတာမဟုတ်တော့ပဲ ရှုံ့ချပြစ်တင်တာဖြစ်သွားပါပြီ။

 

အခုပြောသွားတဲ့စကားတွေ သင့်ချစ်သူကပြောလာပြီဆိုရင်တော့ တွေဝေမနေပဲလမ်းခွဲလိုက်ဖို့သာအကြံပြုလိုပါတယ်။လူ့ဘဝကတိုတိုလေးပါ။ ကိုယ့်ကိုအမှန်တကယ်အရှိအတိုင်းချစ်မြတ်နိုးတဲ့သူနဲ့သာ ဘဝကိုဖြတ်သန်းသင့်ပါတယ်။

Unicode Format














0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.