F4 ပရိသတ္ေတြအတြက္ ေရွာ့ခ္ရေလာက္စရာသတင္းတစ္ပုဒ္ေျပာျပခဲ႔တဲ႔ Kim Joon

F4 ခ်စ္သူဆုိျပီးနာမည္ၾကီးခဲ႔တဲ႔ ဒရာမာဇာတ္လမ္းတြဲေလးကို ပရိသတ္ေတြမေမ့ၾကေသးဘူး ထင္ပါတယ္။“Boys Over Flowers” လုိ႔လည္းနာမည္ရွိတဲ႔ F4 ဇာတ္လမ္းတြဲထဲက မင္းသား Kim Joon ဟာပရိသတ္ေတြအတြက္အံ့အားသင့္စရာသတင္းတစ္ပုဒ္ကုိေၾကညာခဲ႔ပါတယ္။

F4 ဇာတ္လမ္းတြဲထဲမွာ Song Woo Bin အျဖစ္ပါ၀င္သရုပ္ေဆာင္ခဲ႔ျပီးမိန္းကေလးပရိသတ္ေတြ သေဘာက်ႏွစ္သက္ ခဲ႔ရတဲ႔မင္းသားေခ်ာ Kim Joon ဟာ ၂၀၁၅ခုႏွစ္တည္းက ၉ႏွစ္ၾကာခ်စ္သူေတြျဖစ္ခဲ႔တဲ႔မိန္းကေလးနဲ႔ လက္ထပ္ခဲ႔ျပီးသား ဆုိတဲ႔အေၾကာင္း ပရိသတ္ေတြ ကုိေျပာျပလုိက္တာပဲျဖစ္ပါတယ္။သူလက္ထပ္ခဲ႔တဲ႔အမ်ိဳးသမီးက သူနဲ႔ရြယ္တူျဖစ္ျပီး ရံုး၀န္ထမ္းတစ္ေယာက္ပါတဲ႔။ဒါတင္အံ႔ၾသစရာ မဟုတ္ေသးပါဘူး။သူတုိ႔မွာ ရင္ေသြးေလးတစ္ေယာက္လည္းရွိပါတယ္တဲ႔။

သူလက္ထပ္ျပီးသားဆုိတဲ႔အေၾကာင္းနဲ႔ပတ္သက္ျပီး ဇြန္လ ၇ရက္ေန႔က Ilgan Sports ရဲ ႔ဖုန္းအင္တာဗ်ဴးတစ္ခုမွာ  “ကြ်န္ေတာ္ လြန္ခဲ႔တဲ႔ ၃ႏွစ္က လက္ထပ္ခဲ႔ပါတယ္။ ကြ်န္ေတာ့္အနီး ပတ္၀န္းက်င္ကလူအနည္းငယ္ေလာက္ပဲ ဒီအေၾကာင္းကုိသိျပီး လက္ထပ္ပြဲနဲ႔႔ပတ္သက္လို႔ဘာ သတင္းေဆာင္းပါးမွမရွိခဲ႔ပါဘူး။ ကြ်န္ေတာ့္ရဲ႔ဇနီးကို ကြ်န္ေတာ္အႏုပညာေလာကထဲမ၀င္ေရာက္ခင္ လြန္ခဲ႔တဲ႔ ၉ႏွစ္ကတည္းက စေတြ႔ခဲ႔တာပါ။အခု ကြ်န္ေတာ္ကကေလးတစ္ေယာက္ အေဖလည္းျဖစ္ပါတယ္”လုိ႔ေၾကညာခဲ႔တာပဲျဖစ္ပါတယ္။

Kim Joon ဟာ ကုိရီးယားတင္မက ႏိုင္ငံအႏွံ႔ေရပန္းစားခဲ႔တဲ႔ F4 ဇာတ္လမ္းတြဲမွာ ပါ၀င္သရုပ္ေဆာင္ ခဲ႔ျပီး အဲ႔ဒီဇာတ္လမ္းတြဲဟာ ၂၀၀၉ခုႏွစ္ကရိုက္ကူးထုတ္လႊင့္ခဲ႔တာပဲျဖစ္ပါတယ္။ ဇာတ္လမ္းတြဲထဲမွာပါ၀င္ခဲ႔တဲ႔ “Paradise” သီခ်င္းကုိသီဆုိခဲ႔သူ “T-Maz” ဂီတအဖြဲ႔၀င္ Rapper တစ္ေယာက္လည္းျဖစ္ပါတယ္။အဲ႔ဒီေနာက္ Detectives in Trouble ၊ Endless Love ဇာတ္လမ္းတြဲေတြမွာပါ၀င္ခ့ဲပါတယ္။အခုလက္ရွိမွာလည္းအႏုပညာလႈပ္ရွားမႈေတြရွိေနျပီး
ေနာက္အနာဂတ္မွာ မတူညီတဲ႔အႏုပညာလႈပ္ရွားမႈမ်ိဳးစံုကုိပရိသတ္ေတြေရွ႔ခ်ျပႏိုင္ေအာင္၊ ပရိသတ္ေတြနဲ႔ေတြ႔ဆံုႏုိင္ေအာင္ဆက္ျပီးၾကိဳးစားသြားမွာပါလို႔ေျပာခဲ့ပါေသးတယ္။

သူ႔ရဲ ႔လက္ထပ္ျပီးသားဆိုတဲ႔သတင္းနဲ႔ရင္ေသြးေလးတစ္ေယာက္လည္း ရွိတယ္ဆုိတဲ ႔သတင္းေၾကာင့္ ပရိသတ္ေတြက အေတာ္ေလးအံ႔ၾသသင့္ခဲ႔ၾကပါတယ္။အထူးသျဖင့္ မိန္းကေလးပရိသတ္ေတြအတြက္ေတာ့ဒီသတင္းက ထိတ္လန္႔စရာေပါ့။ဒါေပမဲ႔လည္း အႏုပညာက အႏုပညာပဲမို႔ ဆက္ျပီးအားေပးသြားၾကလိမ့္မယ္လို႔ေမ်ွာ္လင့္ပါတယ္။

Unicode

F4 ချစ်သူဆိုပြီးနာမည်ကြီးခဲ့တဲ့ ဒရာမာဇာတ်လမ်းတွဲလေးကို ပရိသတ်တွေမမေ့ကြသေးဘူး ထင်ပါတယ်။“Boys Over Flowers” လို့လည်းနာမည်ရှိတဲ့ F4 ဇာတ်လမ်းတွဲထဲက မင်းသား Kim Joon ဟာပရိသတ်တွေအတွက်အံ့အားသင့်စရာသတင်းတစ်ပုဒ်ကိုကြေညာခဲ့ပါတယ်။

F4 ဇာတ်လမ်းတွဲထဲမှာ Song Woo Bin အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီးမိန်းကလေးပရိသတ်တွေ သဘောကျနှစ်သက် ခဲ့ရတဲ့မင်းသားချော Kim Joon ဟာ ၂၀၁၅ခုနှစ်တည်းက ၉နှစ်ကြာချစ်သူတွေဖြစ်ခဲ့တဲ့မိန်းကလေးနဲ့ လက်ထပ်ခဲ့ပြီးသား ဆိုတဲ့အကြောင်း ပရိသတ်တွေ ကိုပြောပြလိုက်တာပဲဖြစ်ပါတယ်။သူလက်ထပ်ခဲ့တဲ့အမျိုးသမီးက သူနဲ့ရွယ်တူဖြစ်ပြီး ရုံးဝန်ထမ်းတစ်ယောက်ပါတဲ့။ဒါတင်အံ့သြစရာ မဟုတ်သေးပါဘူး။သူတို့မှာ ရင်သွေးလေးတစ်ယောက်လည်းရှိပါတယ်တဲ့။

သူလက်ထပ်ပြီးသားဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဇွန်လ ရရက်နေ့က Ilgan Sports ရဲ ့ဖုန်းအင်တာဗျူးတစ်ခုမှာ “ကျွန်တော် လွန်ခဲ့တဲ့ ၃နှစ်က လက်ထပ်ခဲ့ပါတယ်။ ကျွန်တော့်အနီး ပတ်ဝန်းကျင်ကလူအနည်းငယ်လောက်ပဲ ဒီအကြောင်းကိုသိပြီး လက်ထပ်ပွဲနဲ့့ပတ်သက်လို့ဘာ သတင်းဆောင်းပါးမှမရှိခဲ့ပါဘူး။ ကျွန်တော့်ရဲ့ဇနီးကို ကျွန်တော်အနုပညာလောကထဲမဝင်ရောက်ခင် လွန်ခဲ့တဲ့ ၉နှစ်ကတည်းက စတွေ့ခဲ့တာပါ။အခု ကျွန်တော်ကကလေးတစ်ယောက် အဖေလည်းဖြစ်ပါတယ်”လို့ကြေညာခဲ့တာပဲဖြစ်ပါတယ်။

Kim Joon ဟာ ကိုရီးယားတင်မက နိုင်ငံအနှံ့ရေပန်းစားခဲ့တဲ့ F4 ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် ခဲ့ပြီး အဲ့ဒီဇာတ်လမ်းတွဲဟာ ၂၀၀၉ခုနှစ်ကရိုက်ကူးထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲမှာပါဝင်ခဲ့တဲ့ “Paradise” သီချင်းကိုသီဆိုခဲ့သူ “T-Maz” ဂီတအဖွဲ့ဝင် Rapper တစ်ယောက်လည်းဖြစ်ပါတယ်။အဲ့ဒီနောက် Detectives in Trouble ၊ Endless Love ဇာတ်လမ်းတွဲတွေမှာပါဝင်ခဲ့ပါတယ်။အခုလက်ရှိမှာလည်းအနုပညာလှုပ်ရှားမှုတွေရှိနေပြီး
နောက်အနာဂတ်မှာ မတူညီတဲ့အနုပညာလှုပ်ရှားမှုမျိုးစုံကိုပရိသတ်တွေရှေ့ချပြနိုင်အောင်၊ ပရိသတ်တွေနဲ့တွေ့ဆုံနိုင်အောင်ဆက်ပြီးကြိုးစားသွားမှာပါလို့ပြောခဲ့ပါသေးတယ်။

သူ့ရဲ ့လက်ထပ်ပြီးသားဆိုတဲ့သတင်းနဲ့ရင်သွေးလေးတစ်ယောက်လည်း ရှိတယ်ဆိုတဲ ့သတင်းကြောင့် ပရိသတ်တွေက အတော်လေးအံ့သြသင့်ခဲ့ကြပါတယ်။အထူးသဖြင့် မိန်းကလေးပရိသတ်တွေအတွက်တော့ဒီသတင်းက ထိတ်လန့်စရာပေါ့။ဒါပေမဲ့လည်း အနုပညာက အနုပညာပဲမို့ ဆက်ပြီးအားပေးသွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.