ချစ်သူရဲ့နှလုံးသားကိုအပိုင်ရဖို့ ရာသီခွင်အလိုက် ဒီစကားလုံးလေးတွေသာပြောပေးဖို့လို…
Unicode
ထူးထူးခွားခွားပါပဲ။ဆယ့်နှစ်ရာသီခွင်ကိုကြည့်ပြီးလူတစ်ယောက်ရဲ ့အကျင့်စရိုက်၊စိတ်နေစိတ်ထား ကိုခန့်မှန်းနိုင်တယ်ဆိုတာ အားလုံးသိကြပေမဲ့အခုလိုနှလုံးသားရေးရာနဲ့ပတ်သက်ပြီးထူးခြားတဲ့ နည်းလမ်းတစ်ခုဖြစ်လိမ့်မယ်လို့ထင်ထားမိမှာမဟုတ်ပါဘူး။သင့်ချစ်သူရဲ ့ရာသီခွင်အလိုက် ရိုးရှင်းတဲ့စကားလုံးလေးတွေပြောပေးရုံနဲ့သူ့ရဲ့စိတ်ကိုပိုပြီးအရယူနိုင်ပါတယ်တဲ့။စကားလုံးလေးတွေကလည်းရိုးရိုးလေးတွေပါပဲ။ဖတ်ကြည့်လိုက်ရအောင်။
၁) တကယ်လို့သင့်ချစ်သူက Cancer ရာသီခွင်ဆိုရင် သူ့ကိုပြောရမယ့်စကားကတော့ “ငါမင်းကိုလိုအပ်တယ်”ဆိုတဲ့စကားလေးပါပဲ။Cancerရာသီခွင်သမားတွေဟာ စိတ်ခံစားချက်ပြင်းထန်ပြီး သူတို့ရဲ ့ချစ်သူကိုအမြဲတမ်းကာကွယ်ပေးချင်တဲ့စိတ်ရှိပါတယ်။ ချစ်သူရဲ့လိုအပ်တယ်ဆိုတဲ့စကားလောက် သူတို့ကို ပျော်ရွှင်စိတ်ချမ်းသာစေတဲ့စကားမရှိပါဘူး။ သေးသေးလေးက အစ သူ့ကိုအားကိုးစေချင်တာပါ။
၂) Scorpio ရာသီခွင်ချစ်သူကို ပိုင်ဆိုင်ထားတယ်ဆိုရင် သူတို့အကြားချင်ဆုံးစကားကတော့ “ငါ့စိတ်ထဲမှာမင်းပဲရှိတယ်” ဆိုတဲ့စကားပါပဲ။သူတို့က ချစ်သူရဲ ့စိတ်ထဲမှာ အမြဲတမ်း နေရာယူနေတာ ကိုသဘောကျသူတွေဖြစ်ပါတယ်။အဲ့ဒါကြောင့်သူတို့နားမှာပဲ အမြဲတမ်းရှိနေတာ၊ သူတို့အတွက်ပဲဖြစ်နေတာကို သဘောကျကြပါတယ်။လမ်းခွဲဖြစ်ရင်တောင်သူတို့ကိုပဲစိတ်ထဲမှာ ရှိနေတာမျိုးကိုသဘောကျတတ်ကြပါတယ်။
၃) Piscesရာသီခွင်ချစ်သူတွေကိုတော့ “ငါမင်းကိုချစ်တယ်”ဆိုတဲ့စကားလေးပြောပေးရမှာပါ။ သူတို့ဟာစိတ်ခံစားချက်ပြင်းထန်သလိုအရမ်းရိုမန်တစ်ဆန်သူတွေလည်းဖြစ်ပါတယ်။သူတို့ချစ်သူအပေါ်မှာ သစ္စာရှိရှိချစ်တတ်ပြီးပျော်ရွှင်အောင်အမြဲလုပ်ပေးတတ်သူပါ။သူ့အပေါ်ချစ်တဲ့သူ တွေကို အမြဲတမ်းရှာဖွေနေသူဖြစ်သလိုသူတို့ကိုချစ်တယ်ဆိုတဲ့စကားကိုလည်းအမြဲတစေကြားချင်နေသူတွေ ဖြစ်ပါတယ်။
၄)Aries ရာသီခွင်ချစ်သူကိုတော့ “မင်းဆုံးဖြတ်ချက်အတိုင်းပဲ” ဆိုတဲ့စကားလေးပြောပေး ပါတဲ့။Aries ရာသီခွင်သမားတွေဟာဆုံးဖြတ်ချက်တိုင်းကို ကိုယ်တိုင်ချမှတ်ချင်ပြီးခေါင်းဆောင်နိုင် တဲ့သူတွေဖြစ်ပါတယ်။သူတို့က ချစ်သူဆီက အာရုံစိုက်မှုနဲ့အလေးထားမှုကိုခံယူချင်ကြပါတယ်။ အဲ့ဒါကြောင့်သူတို့ကိုဆုံးဖြတ်ချက်ချခိုင်းတဲ့အချိန်ကသူတို့အတွက်ချစ်သူကောင်းတစ်ယောက်ဖြစ်တယ်လို့ခံစားရပါတယ်။
၅)Leo ရာသီခွင်ချစ်သူကိုတော့ “မင်းက အကောင်းဆုံးသူပဲ”လို့ပြောပေးပါတဲ့။သူတို့က အကောင်းဆုံးလက်တွဲဖော်ကိုလိုချင်သူတွေဖြစ်ပြီးသူတို့ကို ဘုရင်တစ်ပါးလို လေးစားဆက်ဆံတာ၊ အထင်ကြီးတာကိုလည်းနှစ်သက်ပါတယ်။သူ့ဘဝအတွက်အကောင်းဆုံးဆိုတဲ့လက်တွဲဖော်ကိုတွေ့တဲ့အခါ သူ့ရဲ့အချစ်တွေနဲ့ချစ်သူအပေါ်လွှမ်းမိုးထားနိုင်စွမ်းရှိပါလိမ့်မယ်။ သူက သူ့ရဲ့အကောင်းဆုံး အရည်အချင်းတွေကို ချစ်သူရှေ့မှာချပြချင်တာဖြစ်ပြီး မင်းက အကောင်းဆုံးသူပဲလို့ပြောတာကိုလည်း အကြားချင်ဆုံးပါ။
၆)Sagittarius ရာသီခွင်ချစ်သူတွေကတော့ “အတူတူခရီးထွက်ရအောင်”ဆိုတဲ့စကားကို အနှစ်သက်ဆုံးပါတဲ့။မွေးကတည်းကခရီးထွက်ဖို့မွေးဖွားလာတယ်ထင်ရအောင် လွတ်လပ်မှုနဲ့ အသစ်အဆန်းတွေကိုရှာဖွေချင်သူဖြစ်ပါတယ်။သူတို့ကိုချုပ်ချယ်တာမျိုးမကြိုက်ပဲသူတို့နဲ့အတူတူ အသစ်အဆန်းတွေရှာဖွေနိုင်တဲ့မိန်းကလေးမျိုး၊ခရီးထွက်ရတာနှစ်သက်တဲ့မိန်းကလေးမျိုးကိုပိုပြီးသဘောကျရွေးချယ်တတ်ပါတယ်။ချစ်သူကိုလည်းသစ္စာရှိသလိုဂရုတစိုက်ရှိသူတစ်ယောက်ပါ။သူအကြားချင်ဆုံးစကားကတော့ အတူတူခရီးထွက်ကြရအောင်ဆိုတဲ့စကားပါပဲ။
၇)Capricorn ရာသီခွင်ချစ်သူတွေကိုတော့” အားပေးတဲ့စကားမျိုး”ပြောပေးပါတဲ့။Capricorn ရာသီခွင်သမားတွေကအလုပ်ကြိုးစားသူတွေပါ။အရည်အသွေးကိုတန်ဖိုးထားတတ်သူတွေဖြစ်ပြီးသူ့ရည်မှန်းချက်အတိုင်းဖြစ်အောင်လုပ်တတ်သူတွေပါ။အဲ့ဒါကြောင့်သူတို့ရဲ ့ချစ်သူကိုလည်း
သူတို့လိုပဲ အရည်အသွေးကိုတန်ဖိုးထားတတ်ပြီးသူ့ရဲ့ရည်မှန်းချက်တွေအောင်မြင်အောင်၊ သူ့ရဲ့ရည်မှန်းချက်ကို ပြီးပြည့်စုံချင်တဲ့စိတ်ကိုလေးစားတဲ့သူမျိုးဖြစ်စေချင်ကြပါတယ်။ သူတို့ကအလုပ်ကြိုးစားသလို သစ္စာရှိရှိချစ်တတ်သူတွေဖြစ်လို့ သူတို့ကိုဘေးနားကနေ အားပေးစကားပြောပေးဖို့ပဲလိုပါတယ်။
၈)Taurus ရာသီခွင်ချစ်သူကိုတော့ “ငါမင်းကိုလိုအပ်တယ်”ဆိုတဲ့စကားလေးပြောပေးရမှာပါ။ Taurus က ထူးခြားတဲ့ရာသီခွင်တစ်ခုပါ။တစ်ခြားရာသီခွင်တစ်ခုနဲ့ပေါင်းစည်းမှ ပြီးပြည့်စုံတဲ့ရာသီခွင်တစ်ခုဖြစ်သွားတာပါတဲ့။ရိုးရာယဉ်ကျေးမှုတွေ၊မိသားစု၊ရိုးရှင်းတဲ့ဘဝနေထိုင်မှု၊
ကောင်းမွန်တဲ့အရည်အသွေးတွေကိုသာ တန်ဖိုးထားတတ်သူပါ။အဲ့ဒီလိုပဲ သူတို့ကိုလိုအပ်တယ်လို့ပြောတာဟာ သူတို့အကြားချင်ဆုံး၊သူတို့အတွက် ပြီးပြည့်စုံစေခြင်းပါတဲ့။
၉)Virgo ရာသီခွင်ချစ်သူကိုတော့ “ငါကအမြဲတမ်းမင်းအတွက်ပါပဲ”ဆိုတဲ့စကားကိုပြောပေးပါတဲ့။ သူတို့က ကြင်နာတတ်တယ်၊အလုပ်ကြိုးစားတယ်။အရမ်းလည်းရှက်တတ်ပြီး အလွယ်တကူလည်းမချစ်တတ်ပါဘူး။ဒါပေမဲ့ သူတို့ချစ်တဲ့သူကိုတွေ့ပြီဆိုရင်တော့ အဲ့ဒီမိန်းကလေးက တစ်ဘဝလုံးပါပဲတဲ့။သူတို့က အရမ်းလည်းစိတ်ရှည်တတ်ပြီး သူတို့အတွက်အမြဲတမ်းရှိနေမယ်ဆိုတဲ့မိန်းကလေးကိုပဲစောင့်နေတတ်ပါတယ်။
၁၀)Gemini ရာသီခွင်ချစ်သူတွေကိုတော့ “အတူတူကြိုးစားကြည့်ရအောင်” ဆိုတဲ့စကားလေးပြောပေးပါတဲ့။ Gemini ရာသီဖွားတွေဟာ အသစ်အဆန်းတွေ
ကြိုးစားဖန်တီးဖို့အမြဲတမ်းအသင့်ဖြစ်နေသူတွေပါ။သူတို့က အမြဲတမ်းပျော်ပျော်နေတတ်ပြီး စွန့်စားလိုစိတ်ရှိတဲ့သူတွေကို ရှာဖွေနေတတ်ပါတယ်။အမြဲတမ်းရွှင်လန်းတက်ကြွနေပြီးသူနဲ့အတူ အသစ်အဆန်းတွေရှာဖွေချင်တဲ့သူဖြစ်ဖို့ကသူ့အတွက်အရမ်းအရေးကြီးပါတယ်။အဲ့ဒါကြောင့်ဘာပဲဖြစ်ဖြစ်သူတို့ကို အတူတူကြိုးစားကြည့်ရအောင်လို့ပြောရင် သဘောတွေ့မနောခွေ့ပြီး သူတို့ရဲ့နှလုံးသားကိုအပိုင်ရနိုင်ပါတယ်။
၁၁)Libra ရာသီခွင်ချစ်သူတွေကိုတော့ “မင်းဘဝက ငါရှိနေရင်ပြီးပြည့်စုံပြီ” ဆိုတဲ့ စကားလေးပြောပေးရမှာပါ။ဘာလို့လဲဆိုတော့Libra ရာသီခွင်သမားတွေက ချစ်သူကိုအမြဲတမ်းပျော်ရွှင်အောင်ထားနိုင်ပြီးအချစ်ရေးကိုပြီးပြည့်စုံအောင်ဖန်တီးနိုင်တဲ့သူတွေပါ။
သူ့အပေါ်မှာ လုံးလုံးလျားလျားမှီခိုနေတာထက်သူတို့ရဲ ့ချစ်သူမှာ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှု ရှိနေတာမျိုး၊တစ်ခြားသူကိုမှီခိုတဲ့လူထက်ကိုယ့်ကိုယ့်ကိုယ်မှီခိုနိုင်တဲ့သူမျိုးအဖြစ်မြင် ချင်ကြတာပါ။အဲ့ဒါကြောင့်ချစ်သူမိန်းကလေးဆီက ယုံကြည်မှုအပြည့်နဲ့ မင်းဘဝက ငါနဲ့တင်ပြီးပြည့်စုံနေပြီဆိုတာမျိုးကြားချင်တာပါ။
၁၂) Aquarius ရာသီခွင်ချစ်သူတွေကိုတော့ “ငါမင်းကိုရခဲ့ပြီ”ဆိုတဲ့စကားမျိုးပြောပေးရမှာပါ။ Aquarius သမားတွေကတစ်ခြားရာသီခွင်သမားတွေထက်ဘာမဆိုညီတူညီမျှခံစားချက် မျိုးရှိတဲ့သူတွေပါ။ ဉာဏ်ရည်ထက်မြက်တဲ့သူငယ်ချင်းတွေနဲ့အတူလွတ်လပ်မှုကိုလည်းတန်ဖိုးထား သူ တွေဖြစ်ပါတယ်။Aquarius ရာသီခွင်သမားတွေရဲ့ နှလုံးသားကိုအရ ယူဖို့ဆိုရင် ပထမဆုံး သူငယ်ချင်းဖြစ်အောင်ကြိုးစားပြီးသူ့အကြောင်းကိုတဖြည်းဖြည်းသိအောင်လုပ်ပါတဲ့။သူငယ်ချင်းအဖြစ် မခင်မင်မသိထားတဲ့သူတွေနဲ့ ချစ်သူဆက်ဆံရေးမျိုးကို ဘယ်တော့မှစတင်မယ့်သူတွေ မဟုတ်ပါဘူး။ရိုးသားမှုကိုလည်းတန်ဖိုးထားပြီး စိတ်လှုပ်ရှားစရာအသစ် အဆန်းတွေဖန်တီးနေသူ လည်းဖြစ်ပါတယ်။သူတို့အကြားချင်ဆုံးစကားကတော့ ငါမင်းကိုရခဲ့ပြီဆိုတဲ့စကားမျိုးပဲဖြစ်ပါတယ်။
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.