ကမ္ဘာကအသိမှတ်ပြု ဖော်ပြခြင်းခံရတဲ့ ၂ဝ၁၈ခုနှစ်ရဲ့အကောင်းဆုံး ပုံရိပ်များ

Environment

ပထမဆုကို ခူးဆွတ်နိုင်ခဲ့တဲ့ ပုံရိပ်ဖြစ်ပါတယ်။ ဓာတ်ပုံဆရာ Kadir Van Lohuizen ရိုက်ခဲ့တာ
ဖြစ်ပါတယ်။ နိုင်ဂျီးယား Lagos က အမှိုက်တွေနဲ့ပြည့်နှက်နေတဲ့ တစ်နေရာမှာ ကြီးမားတဲ့အမှိုက်အိတ်ကြီးကို သယ်သွားတဲ့ လူတစ်ယောက်ဓာတ်ပုံဖြစ်ပါတယ်။

Peace football club

၂ဝ၁၇ စက်တင်ဘာ ၁၆ရက်နေ့၊ ကိုလံဘီယာ Vegaez, Antioquia မှာ ကိုလံဘီယာ စစ်သား အဖွဲ့ဝင်တွေ FARC team နဲ့ ရင်းနှီးစွာ ဘောလုံးဆော့ကစားနေတဲ့ ပုံဖြစ်ပါတယ်။ ဓာတ်ပုံဆရာ Juan D. Arredondo ရဲ့ဓာတ်ပုံပါ။

Earth kiln

တရုတ်နိုင်ငံ Loess Plateau တောင်ခါးပန်းက yaodong လှိုဏ်ဂူထဲမှာ နေထိုင်တဲ့ ညီအစ်ကို နှစ်ယောက်ဖြစ်ပါတယ်။ ၂ဝ၁၇ နိုဝင်ဘာ ၁၁ရက်တုန်းက ရိုက်ထားတာဖြစ်ပါတယ်။ yaodong ဟာ တရုတ်နိုင်ငံရဲ့အတော်ရှေးကျတဲ့ လူနေအိမ်ပုံစံတစ်မျိုးဖြစ်ပါတယ်။ နှစ်ပေါင်း ၂ထောင်ကျော်လောက်တောင် ကြာပြီလို့သိရပါတယ်။ ဒီအုတ်ဂူဟာ အန်မတန်ပြင်းတဲ့အအေးဒဏ်ကိုတောင် အံ့တုနိုင်ပြီး နွေရာသီရောက်ရင်လည်း အေးနေတာပဲလို့ပြောကြပါတယ်။ဒီအုတ်ဂူထဲက ညီအစ်ကိုနှစ်ယောက်ဟာ လူပျိုကြီးတွေဖြစ်ပြီး သူတို့တစ်ဘဝလုံးကို ဒီထဲမှာပဲကုန်ဆုံးသွားမှာလို့ သိရပါတယ်။

A huge crowd at the Kim Il Sung stadium

Pyongyang မာရသွန်ပွဲကြီးကို စောင့်နေတဲ့ Kim Il Sung အားကစားကွင်းရှိ ပရိတ်သတ်တွေ
ဖြစ်ပါတယ်။ ၂ဝ၁၇ ဧပြီ၉ရက်နေ့၊ မြောက်ကိုရီးယား Pyongyang မှာ အားကစားကွင်းဂိတ်အဝမှာရပ်နေတဲ့ အစောင့်တစ်ဦးပါ။ ဓာတ်ပုံဆရာ Roger Turesson/Dagens Nyheterရိုက်ထားတာဖြစ်ပါတယ်။

Amazon

၂ဝ၁၇ ဖေဖော်ဝါရီ (၅)ရက်နေ့က ဘရာဇီး အမေဇုန်၊ Bom Amigo,Ampa မှာ အပေါ်စီးကနေ ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။ ဓာတ်ပုံဆရာ Daniel Beltrá ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။

Omo change

Ethiopia Omo မြစ်နားက သဲတွေနဲ့ဆော့ကစားနေတဲ့ Karo ကလေးတွေဖြစ်ပါတယ်။ Karo လူမျိုးတွေဟာ စားသောက်နေထိုင်ဖို့အတွက် ဒီမြစ်ပေါ်မှီခိုနေရတာပါ။ ဓာတ်ပုံဆရာ Fausto Podavini ရိုက်ထားတာဖြစ်ပါတယ်။

186 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.