Park Hyung Sik ကြောင့် ၀ိတ်လျှော့ခဲ့ရတယ်လို့ပြောပြခဲ့တဲ့ Park Bo Young





Unicode

မင်မင်နဲ့ဘုံဘုံကတော့ ဘယ်လိုဖြစ်ပြန်ပြီလဲ 😛

မင်းသမီးချောလေး Park Bo Young ဟာ မကြာသေးခင်က The Cultwo Show မှာ ပါဝင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမှာ Strong Woman Do Bong Soonဇာတ်ကားနဲ့ ပတ်သက်ပြီး မင်းသမီးကို မေးမြန်းစူးစမ်းခဲ့ကြတယ်ဆိုပါတော့။Strong Woman Do Bong Soon ဇာတ်ကားနဲ့ပတ်သက်ပြီးသူမပြောပြခဲ့တဲ့စိတ်ဝင်စားစရာအကြောင်းအရာကတော့ အဲ့ဒီဇာတ်ကားအတွက် သူမရဲ့ကိုယ်အလေးချိန်ကိုလျှော့ချခဲ့ရပါတယ်တဲ့။

Park Bo Young ရဲ့ပြောပြချက်အရ သူမဟာ ညဘက်အိပ်ချိန်မှာ ဗိုက်ဆာနေရင် အိပ်လို့မရတော့ ပါဘူးတဲ့။အဲ့ဒါကြောင့် တစ်ခါတစ်လေ မနက် ၁နာရီ၊၂နာရီဆိုလဲထစားလိုက်တာပါပဲ။ အဲ့ဒီတော့မှ ကောင်းကောင်းအိပ်လို့ရပါတယ်။ဒါပေမဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေအတွက်လိုအပ်တဲ့အခါမှာတော့
ကိုယ်အလေးချိန်လျှော့လေ့ရှိပါတယ်လို့သိရပါတယ်။

Strong Woman Do Bong Soon ရိုက်တုန်းကလည်း ကိုယ်အလေးချိန်လျှော့ချခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ တွဲဖက်သရုပ်ဆောင်ဖြစ်တဲ့မင်းသား Park Hyung Sik က တကယ့်ကို ပိန်ပိန်ပါးပါးလေးပါ။ဒါပေမဲ့ သူမကတော့ သူ့ထက်စာရင်ပိုပြီးဝဝကစ်ကစ်လေးဖြစ်နေတယ်။ အဲ့ဒါကြောင့်သူမရဲ ့ကိုယ်အလေးချိန်ကိုလျှော့ချမှဖြစ်မယ်လို့တွေးမိခဲ့တာပါတဲ့။

သူတို့နှစ်ယောက်ရဲ ့ဇာတ်ကားရိုက်ကူးနေတုန်းရော၊ရိုက်ကူးပြီးချိန်မှာပါ တစ်ယောက်ကို တစ်ယောက်စိတ်ဝင်စားမှုရှိတဲ့အကြောင်းချစ်စဖွယ်ဝန်ခံပြောဆိုခဲ့ကြတဲ့ Park Hyung Sik နဲ့ Park Bo Young တို့စုံတွဲလေးကို ပရိသတ်တွေက အရမ်းကိုချစ်ကြပါတယ်။အခုချိန်ထိ မင်မင်နဲ့ဘုံဘုံဆိုပြီးဇာတ်ကားထဲကနာမည်လေးတွေနဲ့ Fan Page လေးတွေဖွင့်ပြီး ဓာတ်ပုံလေးတွေ၊ဗီဒီယိုလေးတွေတင်နေကြဆဲပါ။သူတို့ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို အလွမ်းပြေ ပြန်ပြီးကြည့်လိုက်ပါဦး။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.