အသံတိတ္လူသတ္သမားရန္က ကင္းေ၀းေစဖုိ႔ သတိျပဳရမယ့္ လကၡဏာမ်ား

ေရာဂါရွာေဖြထိန္းခ်ဳပ္ကာကြယ္ေပးတဲ႔အဖြဲ႔အစည္းရဲ႔ေလ့လာခ်က္ေတြအရ အေမရိကန္ ျပည္ေထာင္စုတစ္ခုထဲမွာတင္ တစ္ႏွစ္ကုိ လူေပါင္း ၆၁၀၀၀၀ ေက်ာ္ ႏွလံုးနဲ႔သက္ဆုိင္တဲ႔ေရာဂါ ေ၀ဒနာေတြခံစားေနရတယ္လို႔သိရပါတယ္။ေနထုိင္စားေသာက္မႈပံုစံနဲ႔ဆက္ႏြယ္ေနတဲ႔အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္နွလံုးေရာဂါကုိ အမ်ိဳးသားေရာ၊အမ်ိဳးသမီးေတြပါ အမ်ားဆံုးေတြ႔ၾကံဳခံစားေနရ တာျဖစ္ပါတယ္။ႏွလံုးေရာဂါဆိုတာ အသံတိတ္လူသတ္သမားလို႔ေတာင္နာမည္ၾကီးေနတဲ႔ အႏၱရာယ္မ်ားတဲ႔ေရာဂါတစ္ခုပါ။ဒါေပမဲ႔ဒီလုိႏွလံုးနဲ႔သက္ဆိုင္တဲ႔ေရာဂါ၊ႏွလံုးေရွာ့ခ္ျဖစ္ေစတာမ်ိဳးမၾကံဳခင္မွာခႏၶာကုိယ္ကေနသဘာ၀အတိုင္းအခ်က္ျပေနတဲ႔သတိေပးလကၡဏာေလးေတြရွိပါတယ္။ဘာေတြလဲဆုိရင္…

၁)လက္ေမာင္းျပင္းထန္စြာနာက်င္မႈ
အမ်ိဳးသားေတြမွာဆုိရင္ ဘယ္ဘက္လက္ေမာင္းနာက်င္စြာခံစားရျပီး အမ်ိဳးသမီးေတြမွာဆုိရင္ေတာ့ လက္ေမာင္းနွစ္ဖက္လံုးမွာနာက်င္မႈခံစားရႏုိင္ပါတယ္။ေလ့လာခ်က္အရတစ္ခ်ိဳ႔အမ်ိဳးသမီးေတြမွာဆုိရင္ ႏွလံုးေရွာ့ခ္မျဖစ္ခင္တံေတာင္ဆစ္နာက်င္မႈကုိခံစားရတယ္လို႔ေတြ႔ရွိခဲ႔ရပါတယ္။လက္ေမာင္းနဲ ႔ႏွလံုးေရာဂါဘယ္လိုဆက္စပ္တာလဲဆုိရင္ ႏွလံုးရဲ ႔နာက်င္မႈေၾကာင့္ ခႏၶာကုိယ္ရဲ႔အေၾကာမ်ားစြာ ဆက္ႏြယ္ေနတဲ႔ေက်ာရိုးဆီေရာက္ပါတယ္။အဲ႔ဒီအခါ သင့္ရဲ ႔ဦးေႏွာက္က ႏွလံုးနာက်င္တယ္ မထင္ပဲလက္ေမာင္းနာက်င္မႈကုိသာအာရံုစုိက္မိေနတတ္ပါတယ္။လက္ေမာင္းနာက်င္စရာအေၾကာင္းမရွိပဲလက္ေမာင္းတစ္ေလ်ွာက္ မၾကာခဏျပင္းထန္စြာနာက်င္မႈခံစားရရင္ ဆရာ၀န္နဲ႔ေဆြးေႏြးတိုင္ပင္သင့္ပါတယ္။

၂)ေျခေထာက္၊ေျခက်င္း၀တ္၊ေျခဖ၀ါးေရာင္ရမ္းျခင္း
သင့္ရဲ႔ႏွလံုးက ေကာင္းေကာင္းအလုပ္မလုပ္ႏုိင္ေတာ့တ႔အခါ ေသြးေၾကာထဲမွာရွိတဲ႔အရည္ေတြက အနီးအနားက တစ္ရွဴးစေတြဆီပ်ံ႔ႏွံ႔သြားျပီး အဲ႔ဒီအက်ိဳးဆက္ေၾကာင့္ ေျခေထာက္တစ္၀ိုက္ေရာင္ရမ္း တာေတြျဖစ္လာတာပါ။ႏွလံုးေရာဂါမရွိတဲ႔သူေတြမွာလည္း ဒီလုိမ်ိဳးျဖစ္ႏုိင္ေပမဲ႔ဒါက ႏွလံုးနဲ႔သက္ဆုိင္တဲ႔ေရာဂါခံစားရတဲ႔လူနာေတြမွာ အျဖစ္မ်ားတဲ႔လကၡဏာ တစ္ခုျဖစ္တာေၾကာင့္မေပါ့ဆသင့္ပါဘူး။

၃)အစားစားခ်င္စိတ္မရွိပဲ ေအာ့အန္ခ်င္သလုိခံစားရျခင္း
ႏွလံုးေရာဂါခံစားေနရတဲ႔လူနာအမ်ားစုဟာ အစာစားခ်င္စိတ္ေလ်ာ့နည္းလာျပီး နည္းနည္းေလးပဲ စားထားရင္ေတာင္ေအာ့အန္ခ်င္သလိုခံစားရတတ္တာကိုေလ့လာေတြ႔ရွိရပါတယ္။အဲ႔ဒီလုိျဖစ္ျပီးရင္၀မ္းဗုိက္နာက်င္မႈကပါအေနာက္ကလိုက္ပါလာတတ္တယ္။တကယ္လို႔သင့္မွာအဲ႔ဒီလုိလကၡဏာေတြေပၚလာရင္ေတာ့ ဆရာ၀န္ဆီအျမန္ဆံုးျပသဖုိ႔မေမ့ပါနဲ႔။

၄)စိတ္ဖိစီးမႈအဆမတန္မ်ားျပားေနျခင္း
ေလ့လာခ်က္ေတြအရ အရြယ္နဲ႔မလိုက္တဲ႔စိတ္ဖိစီးမႈေတြအဆမတန္ခံစားေနရတဲ႔သူေတြဟာ ႏွလံုးနဲ႔သက္ဆုိင္တဲ႔ေရာဂါေတြျဖစ္ပြားတတ္ေၾကာင္းသိရပါတယ္။စိတ္ဖိစီးမႈမ်ားျပားတဲ႔အတြက္ နွလံုးတင္မက တစ္ျခားက်န္းမာေရးဆုိင္ရာအေျခအေနေတြအတြက္လည္းမေကာင္းႏုိင္ပါဘူး။
စိတ္ဖိစီးမႈမတရားမ်ားေနတဲ႔အခါေသြးဖိအားေဆာင့္တက္တာ၊နွလံုးခုန္ႏႈန္းေတြျမန္ေနတာမ်ိဳးျဖစ္လာတတ္ပါတယ္။အေကာင္းဆံုးကေတာ့စိတ္ဖိစီးမႈေလ်ာ့က်ေစမယ့္အရာေတြကုိ ၾကိဳးစားျပီးလုပ္ေဆာင္သင့္ပါတယ္။

၅)အားအင္ခ်ည့္နဲ႔ျပီး သတိလစ္ေမ့ေျမာျခင္း
ႏွလံုးေရာဂါသည္လူနာတစ္ခ်ိဳ႔မွာ အေတြ႔ရမ်ားတတ္တဲ႔လကၡဏာတစ္ခုပါ။ႏွလံုးက ေသြးကုိေကာင္းမြန္စြာ မစုပ္ယူ၊မစစ္ထုတ္၊မပုိ႔ေဆာင္ႏုိင္တဲ႔အခါ ေသြးစီးဆင္းမႈေတြပိတ္ဆုိ႔ျပီး ေသြးေၾကာေတြက်ဥ္းလာတတ္ပါတယ္။ေသြးစုထံုးေလးေတြမ်ားျပားလာတဲ႔အခါ အသက္ရႈရတာမ၀တာမ်ိဳး၊အားအင္ကုန္ခမ္းတာမ်ိဳး၊သတိလစ္ေမ့ေျမာတာမ်ိဳးေတြျဖစ္တတ္ပါတယ္။အဲ႔ဒီလုိခဏခဏျဖစ္ေနရင္ ဆရာ၀န္နဲ႔တိုင္ပင္ေဆြးေႏြးဖုိ႔လိုအပ္ေနပါျပီ။အဲ႔ဒီလုိသတိလစ္ေမ့ေျမာ
တဲ႔အခ်ိန္မွာလည္းဆရာ၀န္ဆီျမန္ျမန္ပို႔ဖုိ႔လိုအပ္ပါတယ္။

၆)အသားအရည္ျဖဴေဖ်ာ့လာမယ္
ဒါကေတာ့ ႏွလံုးေရာဂါလကၡဏာေတြထဲမွာသိပ္ျပီးမေတြ႔ရတတ္ပါဘူး။ဒါေပမဲ႔ ႏွလံုးအလုပ္ေကာင္းေကာင္းမလုပ္တဲ႔အခါ၊ေသြးစီးဆင္းမႈေတြေလ်ာ့နည္းပါးလာတဲ႔အခါ ေသြးနီဥေတြေလ်ာ့က်လာျပီးအသားအရည္ေတြျဖဴေဖ်ာ့လာတတ္ပါတယ္။ဒီလုိအသားအရည္ျဖဴေဖ်ာ့လာတာဟာ ခႏၶာကိုယ္တစ္ခုလံုးမွာျဖစ္ႏုိင္သလုိအစိတ္အပိုင္းတစ္ခုခ်င္းစီမွာ လည္းျဖစ္ႏုိင္ပါတယ္။အထူးသျဖင့္ေျခလက္ေတြမွာျဖစ္တတ္ပါတယ္။အဲ႔ဒီလိုၾကံဳလာတဲ႔အခါ ေသခ်ာစစ္ေဆးၾကည့္ဖို႔လိုအပ္ပါတယ္။

၇)အေရျပားျပႆနာေတြခံစားလာရမယ္
The Journal of Allergy and Clinical Immunology နဲ႔ Journal of the American College of Cardiology တို႔ရဲ႔ရွာေဖြေလ့လာသံုးသပ္ခ်က္ေတြအရႏွင္းခူနာနဲ႔ေရယုန္ဟာ ႏွလံုးေရာဂါနဲ႔ပတ္သက္ျပီးျဖစ္ေပၚတတ္တဲ႔အေရျပားျပႆနာပဲျဖစ္ပါတယ္။ႏွင္းခူနာျဖစ္ေနသူေတြရဲ႔၄၈ရာခုိင္ႏႈန္းမွာေသြးဖိအားျမင့္တက္ျခင္းကုိေတြ႔ရွိရျပီး ၂၉ရာခုိင္ႏႈန္းကေတာ့ ကုိလက္စထေရာ ဓာတ္ျမင့္မားေနတာကုိေတြ႔ရပါတယ္။ျပီးေတာ့ ပံုမွန္ထက္ပုိျဖစ္ေနတဲ႔ေရယုန္ ခံစားေနရတဲ႔သူ ေတြဟာလည္း တစ္ျခားသူေတြထက္ ၅၉ရာခုိင္ႏႈန္း ႏွလံုးေရွာ့ခ္ျဖစ္ျခင္းကုိ ၾကံဳေတြ႔ရႏုိင္တယ္ လို႔ေလ့လာေတြ႔ရွိခဲ႔ရပါတယ္။

ကုိယ့္ရဲ႔ခႏၶာကုိယ္ေျပာင္းလဲမႈေတြနဲ႔ပတ္သက္ျပီးေန႔တုိင္းသတိထားၾကည့္သင့္ပါတယ္။ၾကိဳတင္ကာကြယ္တာဟာ ကုသျခင္းထက္ပုိျပီးအကူအညီေကာင္းေကာင္းေပးစြမ္းႏုိင္ပါတယ္။

Unicode

ရောဂါရှာဖွေထိန်းချုပ်ကာကွယ်ပေးတဲ့အဖွဲ့အစည်းရဲ့လေ့လာချက်တွေအရ အမေရိကန် ပြည်ထောင်စုတစ်ခုထဲမှာတင် တစ်နှစ်ကို လူပေါင်း ၆၁၀၀၀၀ ကျော် နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါ ဝေဒနာတွေခံစားနေရတယ်လို့သိရပါတယ်။နေထိုင်စားသောက်မှုပုံစံနဲ့ဆက်နွယ်နေတဲ့အကြောင်းအမျိုးမျိုးကြောင့်နှလုံးရောဂါကို အမျိုးသားရော၊အမျိုးသမီးတွေပါ အများဆုံးတွေ့ကြုံခံစားနေရ တာဖြစ်ပါတယ်။နှလုံးရောဂါဆိုတာ အသံတိတ်လူသတ်သမားလို့တောင်နာမည်ကြီးနေတဲ့ အန္တရာယ်များတဲ့ရောဂါတစ်ခုပါ။ဒါပေမဲ့ဒီလိုနှလုံးနဲ့သက်ဆိုင်တဲ့ရောဂါ၊နှလုံးရှော့ခ်ဖြစ်စေတာမျိုးမကြုံခင်မှာခန္ဓာကိုယ်ကနေသဘာဝအတိုင်းအချက်ပြနေတဲ့သတိပေးလက္ခဏာလေးတွေရှိပါတယ်။ဘာတွေလဲဆိုရင်…

၁)လက်မောင်းပြင်းထန်စွာနာကျင်မှု
အမျိုးသားတွေမှာဆိုရင် ဘယ်ဘက်လက်မောင်းနာကျင်စွာခံစားရပြီး အမျိုးသမီးတွေမှာဆိုရင်တော့ လက်မောင်းနှစ်ဖက်လုံးမှာနာကျင်မှုခံစားရနိုင်ပါတယ်။လေ့လာချက်အရတစ်ချို့အမျိုးသမီးတွေမှာဆိုရင် နှလုံးရှော့ခ်မဖြစ်ခင်တံတောင်ဆစ်နာကျင်မှုကိုခံစားရတယ်လို့တွေ့ရှိခဲ့ရပါတယ်။
လက်မောင်းနဲ့နှလုံးရောဂါဘယ်လိုဆက်စပ်တာလဲဆိုရင် နှလုံးရဲ ့နာကျင်မှုကြောင့် ခန္ဓာကိုယ်ရဲ့အကြောများစွာဆက်နွယ်နေတဲ့ကျောရိုးဆီရောက်ပါတယ်။
အဲ့ဒီအခါ သင့်ရဲ ့ဦးနှောက်က နှလုံးနာကျင်တယ်မထင်ပဲလက်မောင်းနာကျင်မှုကိုသာ အာရုံစိုက်မိနေတတ်ပါတယ်။လက်မောင်းနာကျင်စရာအကြောင်းမရှိပဲလက်မောင်းတစ်လျှောက် မကြာခဏပြင်းထန်စွာနာကျင်မှုခံစားရရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

၂)ခြေထောက်၊ခြေကျင်းဝတ်၊ခြေဖဝါးရောင်ရမ်းခြင်း
သင့်ရဲ့နှလုံးက ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တ့အခါ သွေးကြောထဲမှာရှိတဲ့အရည်တွေက အနီးအနားက တစ်ရှူးစတွေဆီပျံ့နှံ့သွားပြီး အဲ့ဒီအကျိုးဆက်ကြောင့် ခြေထောက်တစ်ဝိုက်ရောင်ရမ်း တာတွေဖြစ်လာတာပါ။နှလုံးရောဂါမရှိတဲ့သူတွေမှာလည်း ဒီလိုမျိုးဖြစ်နိုင်ပေမဲ့ဒါက နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါခံစားရတဲ့လူနာတွေမှာ အဖြစ်များတဲ့လက္ခဏာ တစ်ခုဖြစ်တာကြောင့်မပေါ့ဆသင့်ပါဘူး။

၃)အစားစားချင်စိတ်မရှိပဲ အော့အန်ချင်သလိုခံစားရခြင်း
နှလုံးရောဂါခံစားနေရတဲ့လူနာအများစုဟာ အစာစားချင်စိတ်လျော့နည်းလာပြီး နည်းနည်းလေးပဲ စားထားရင်တောင်အော့အန်ချင်သလိုခံစားရတတ်တာကိုလေ့လာတွေ့ရှိရပါတယ်။အဲ့ဒီလိုဖြစ်ပြီးရင်ဝမ်းဗိုက်နာကျင်မှုကပါအနောက်ကလိုက်ပါလာတတ်တယ်။တကယ်လို့သင့်မှာအဲ့ဒီလိုလက္ခဏာတွေပေါ်လာရင်တော့ ဆရာဝန်ဆီအမြန်ဆုံးပြသဖို့မမေ့ပါနဲ့။

၄)စိတ်ဖိစီးမှုအဆမတန်များပြားနေခြင်း
လေ့လာချက်တွေအရ အရွယ်နဲ့မလိုက်တဲ့စိတ်ဖိစီးမှုတွေအဆမတန်ခံစားနေရတဲ့သူတွေဟာ နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါတွေဖြစ်ပွားတတ်ကြောင်းသိရပါတယ်။စိတ်ဖိစီးမှုများပြားတဲ့အတွက် နှလုံးတင်မက တစ်ခြားကျန်းမာရေးဆိုင်ရာအခြေအနေတွေအတွက်လည်းမကောင်းနိုင်ပါဘူး။
စိတ်ဖိစီးမှုမတရားများနေတဲ့အခါသွေးဖိအားဆောင့်တက်တာ၊နှလုံးခုန်နှုန်းတွေမြန်နေတာမျိုးဖြစ်လာတတ်ပါတယ်။အကောင်းဆုံးကတော့စိတ်ဖိစီးမှုလျော့ကျစေမယ့်အရာတွေကို ကြိုးစားပြီးလုပ်ဆောင်သင့်ပါတယ်။

၅)အားအင်ချည့်နဲ့ပြီး သတိလစ်မေ့မြောခြင်း
နှလုံးရောဂါသည်လူနာတစ်ချို့မှာ အတွေ့ရများတတ်တဲ့လက္ခဏာတစ်ခုပါ။နှလုံးက သွေးကိုကောင်းမွန်စွာ မစုပ်ယူ၊မစစ်ထုတ်၊မပို့ဆောင်နိုင်တဲ့အခါ သွေးစီးဆင်းမှုတွေပိတ်ဆို့ပြီး သွေးကြောတွေကျဉ်းလာတတ်ပါတယ်။သွေးစုထုံးလေးတွေများပြားလာတဲ့အခါ အသက်ရှုရတာမဝတာမျိုး၊အားအင်ကုန်ခမ်းတာမျိုး၊သတိလစ်မေ့မြောတာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့ဒီလိုခဏခဏဖြစ်နေရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့လိုအပ်နေပါပြီ။အဲ့ဒီလိုသတိလစ်မေ့မြော
တဲ့အချိန်မှာလည်းဆရာဝန်ဆီမြန်မြန်ပို့ဖို့လိုအပ်ပါတယ်။

၆)အသားအရည်ဖြူဖျော့လာမယ်
ဒါကတော့ နှလုံးရောဂါလက္ခဏာတွေထဲမှာသိပ်ပြီးမတွေ့ရတတ်ပါဘူး။ဒါပေမဲ့ နှလုံးအလုပ်ကောင်းကောင်းမလုပ်တဲ့အခါ၊သွေးစီးဆင်းမှုတွေလျော့နည်းပါးလာတဲ့အခါ သွေးနီဥတွေလျော့ကျလာပြီးအသားအရည်တွေဖြူဖျော့လာတတ်ပါတယ်။ဒီလိုအသားအရည်ဖြူဖျော့လာတာဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာဖြစ်နိုင်သလိုအစိတ်အပိုင်းတစ်ခုချင်းစီမှာ လည်းဖြစ်နိုင်ပါတယ်။အထူးသဖြင့်ခြေလက်တွေမှာဖြစ်တတ်ပါတယ်။အဲ့ဒီလိုကြုံလာတဲ့အခါ သေချာစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။

၇)အရေပြားပြဿနာတွေခံစားလာရမယ်
The Journal of Allergy and Clinical Immunology နဲ့ Journal of the American College of Cardiology တို့ရဲ့ရှာဖွေလေ့လာသုံးသပ်ချက်တွေအရနှင်းခူနာနဲ့ရေယုန်ဟာ နှလုံးရောဂါနဲ့ပတ်သက်ပြီးဖြစ်ပေါ်တတ်တဲ့အရေပြားပြဿနာပဲဖြစ်ပါတယ်။နှင်းခူနာဖြစ်နေသူတွေရဲ့၄၈ရာခိုင်နှုန်းမှာသွေးဖိအားမြင့်တက်ခြင်းကိုတွေ့ရှိရပြီး ၂၉ရာခိုင်နှုန်းကတော့ ကိုလက်စထရော ဓာတ်မြင့်မားနေတာကိုတွေ့ရပါတယ်။ပြီးတော့ ပုံမှန်ထက်ပိုဖြစ်နေတဲ့ရေယုန် ခံစားနေရတဲ့သူ တွေဟာလည်း တစ်ခြားသူတွေထက် ၅၉ရာခိုင်နှုန်း နှလုံးရှော့ခ်ဖြစ်ခြင်းကို ကြုံတွေ့ရနိုင်တယ် လို့လေ့လာတွေ့ရှိခဲ့ရပါတယ်။

ကိုယ့်ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီးနေ့တိုင်းသတိထားကြည့်သင့်ပါတယ်။ကြိုတင်ကာကွယ်တာဟာ ကုသခြင်းထက်ပိုပြီးအကူအညီကောင်းကောင်းပေးစွမ်းနိုင်ပါတယ်။

243 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.