အသက်ရှည်ချင်ရင်ရှောင်ရှားရမယ့် အစားအစာတွေ

အသက်ကလေးရယ်တဲ့ရှည်စေလို…။အသက်ရှည်ချင်ရင်ရှောင်ရှားရမယ့် အစားအစာတွေကိုဖတ်ပြီးရင်သင့်ရင်ထဲမှာကြေကွဲဆို့နစ်သွားနိုင်ပါတယ်။စိတ်မခိုင်တဲ့သူတွေဆိုရင်မျက်ရည်တွေဘာတွေပါဝဲသွားနိုင်ပါသေးတယ်။ဘာလို့ဆို ဒီဘက်ခေတ်မှာလူတွေကြိုက်နှစ်သက်စွာစားသုံးနေကြတဲ့အစားအစာတွေကရှေ့ဆုံးကပါနေလို့ပါပဲ။ဒီလောက်ဆို အရင်ခေတ်ကလူတွေဘာလို့အသက်ရှည်စွာအနာမဲ့ကြောင်း နေထိုင်နေကြပြီး ခုခေတ်လူသားတွေငယ်ငယ်ရွယ်ရွယ်နဲ့ မပြန်လမ်းကိုကြွမြန်းနေကြသလဲဆိုတာသိကြရောပေါ့။ ဒီတော့ ကိုယ်တွေလည်းအသက်ရှည်ရှည်နေချင်ရင် ကိုယ်တွေသိပ်ချစ်တဲ့အစားအစာတွေကို စိတ်ခိုင်ခိုင်ထားပြီးလမ်းခွဲစကားပြောရပါတော့မယ်။ ယတိပြတ်ကြီိးလမ်းမခွဲနိုင်သေးရင်တောင် ကန့်သတ်ချက်လေးနဲ့စားသုံးရမှာပေါ့နော်။ အသက်ရှည်ရှည်နေချင်ရင် ရှောင်ရှားရမယ့်အစားအစာတွေကတော့ ….

 

တာရှည်ခံအစားအစာတွေ

အကင်ဆိုင်တွေမှာရနေတဲ့ အသားပြားတွေ၊ supermarket တွေမှာဝယ်လို့ရတဲ့ အသားပြားတွေ၊အသားချောင်းတွေဟာ တာရှည်ခံအောင်ပြုလုပ်ထားတဲ့အစားအစာတွေဖြစ်ပါတယ်။ ဝမ်းနည်းစရာပါပဲ။ တာရှည်ခံအစားအစာတွေမှာ လူကိုဒုက္ခပေးနိုင်တဲ့ ဆိုဒီယမ်ပမာဏများစွာပါဝင်နေပါတယ်။ဒါကြောင့်အသက်ရှည်ရှည်နေချင်ရင် ကြာရှည်ခံအစားအစာတွေနဲ့ဝေးဝေးမှာနေပါတော့။

 

သကြားအစားထိုးပစ္စည်းတွေ

သကြားအစားထိုးပစ္စည်းတွေကိုအများဆုံးစားသုံးကြတာကတော့ ဆီးချိုသွေးချိုရှိသူလူကြီးတွေပါ။ သကြားအစားထိုးပစ္စည်းတွေဟာ သကြားထက်ပိုပြီ ကျန်းမာရေးအတွက်လျော်ကန်သင့်မြတ်သလို လူတော်တော်များများကအထင်ရောက်နေကြပါတယ်။ ဒါပေမယ့် စမ်းသပ်စစ်ဆေးချက်တွေအရ သကြားအစားထိုးပစ္စည်းတွေဟာ ဆီးချိုသွေးချိုကို တက်စေတဲ့အပြင် အသည်းကိုပါဒုက္ခပေးစေနိုင်ကြောင်းတွေ့ရှိခဲ့ရပါတယ်။ဒါ့အပြင် သကြားအစားထိုးပစ္စည်းတွေဟာ ခန္ဓာကိုယ်ရဲ့သကြားတောင့်တစိတ်ကိုမြှင့်တင်ပေးနိုင်တာကြောင့် အခြားသောကျန်းမာရေးပြဿနာများစွာကိုယူဆောင်လာပေးနိုင်ပါသေးတယ်။

 

နို့နဲ့နို့ထွက်ပစ္စည်းတွေ

နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ခန္ဓာကိုယ်ကိုကျန်းမာရေးပြဿာနာတွေဖြစ်စေတဲ့ ပြည့်ဝဆီတွေ၊သကြားတွေနဲ့ ဟော်မုန်းဓာတ်တွေပါဝင်တာကြောင့် အစာချေစနစ်ကိုကမောက်ကမဖြစ်စေနိုင်ပြီး နှလုံးရောဂါတွေဖြစ်စေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ နို့နဲ့နို့ထွက်ပစ္စည်းတွေက လူကိုဝက်ခြံတွေလည်းပေါက်စေနိုင်သလို ဆီးချိုသွေးချိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်လည်းအလွယ်တကူတက်စေနိုင်ပါတယ်။ဒါကြောင့်အသက်ရှည်စွာအနာမဲ့ကြောင်းအေးအေးလူလူနေချင်တယ်ဆိုရင် နို့နဲ့နို့ထွက်ပစ္စည်းတွေကိုအလွန်အကျွံမသုံးဆောင်မိအောင် သတိထားရပါမယ်။

 

ဆိုဒါပါတဲ့အချိုရည်တွေ

Pop,Coke, စသဖြင့် ဘယ်လိုပဲနာမည်လှလှတွေပေးထားထားတကယ်တမ်းသူတို့ပေးစွမ်းတာကတော့ ဆိုဒါပါတဲ့အချိုရည်တွေပါ။ အချိုရည်သောက်တယ်ဆိုတာတကယ်တော့ ရေ၊ဓာတုပစ္စည်းတွေနဲ့ သကြားကိုဖျော်စပ်ထားတဲ့အရည်တွေကိုသောက်နေကြခြင်းပါပဲ။ဒါကြောင့် အချိုရည်တွေဟာ ကျန်းမာရေးကောင်းစေတဲ့ပစ္စည်းတွေတော့မဟုတ်တာအမှန်ပါပဲ။ အချိုရည်တွေကိုမကြာခဏသောက်သုံးမယ်ဆိုရင် ဆီးချိုရောဂါ၊ဂေါက်ရောဂါ၊ကင်ဆာ၊နှလုံးရောဂါနဲ့ အဝလွန်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ ကံကောင်းရင်တစ်ခုတည်းဖြစ်မှာဖြစ်ပြီးကံဆိုးရင်တော့ရောဂါပေါင်းစုံပြုံပြီးဖြစ်မှာပါ။

 

ဆီကြော်တွေ

နာမည်ကြီးဆိုင်တွေကကြက်သားကြော်တွေ၊အကင်ဆိုင်တွေက ပုဇွန်ခွက်ကြော်၊ဘဲအသားလွှာကြော်၊ရေဘဝဲတောက်တောက်ကြော်၊ဝက်စဉ်းကောကြော် (ရေးရင်းနဲ့တောင်စားချင်လာပြီ) စတာတွေကိုအလွန်အကျွံစားသုံးရင်သင့်ကိုအသက်တိုစေပါလိမ့်မယ်။ အဲ့ဒီအရာတွေဟာစားလို့ကောင်းသလောက် ပြည့်ဝဆီသိုလှောင်မှုအများပြားဆုံးအရာတွေဖြစ်ပါတယ်။ အာလူးချောင်းကြော်တွေလည်းထိုနည်းလည်းကောင်းပါပဲ။ ဒါကြောင့်ဒီအရာတွေကို (အပြတ်ဖြတ်ဖို့ခဲယဉ်းတဲ့အတူတူ) တတ်နိုင်သမျှနည်းနည်းပဲစားသုံးမိစေဖို့ကြိုးစားရပါတော့မယ်။

 

အထက်မှာဖော်ပြထားတာတွေကတော့ အသက်ရှည်ချင်ရင်ရှောင်ရှားရမယ့် အစားအစာတွေပါ။ အသက်ကိုညဏ်စောင့်တယ်ဆိုပေမယ့် ပါးစပ်ကိုတော့အရသာကစောင့်တာမို့ ကိုယ်အရမ်းကြိုက်တဲ့အစားအစာတွေဖြစ်လို့ ဝမ်းနည်းစိတ်ပျက်ဖို့ကောင်းတယ်လို့ဆိုနေပေမယ့် အပြတ်ဖြတ်ဖို့မဟုတ်၊စည်းလေးကမ်းလေးနဲ့စားသုံးဖို့ပါပဲ။မငိုနဲ့တော့နော်။

 

Unicode Format

 




သကွားအစားထိုးပစ်စညျးတှေ


နို့နဲ့နို့ထှကျပစ်စညျးတှေ







0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.