လူတိုင်းမှာဖြစ်နိုင်စွမ်းရှိတဲ့ ထူးဆန်းသော စိတ်ကစဉ့်ကလျားဖြစ်ခြင်း ပြဿနာ

Quasimodo syndrome

Quasimodo syndrome (သို့) Body Dysmorphic disorder လို့လည်းခေါ်ပါတယ်။ ဒီလက္ခဏာရှိနေပြီ အရမ်းအန္တရာယ်များတယ်လို့ ပညာရှင်များက သတိပေးထားပါတယ်။ ဒီလက္ခဏာပိုင်ရှင်တွေဟာ အတွေးတွေ အစွန်းထိရောက်အောင် နယ်ချဲ့တတ်သလို ၊ ရုပ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေကို စိတ်ကူးယဉ်တတ်တယ်။ သူတို့ဟာ မကြာခဏ မှန်ကြည့်ပြီး သူတို့ကိုယ်တိုင်တောင်မသိတဲ့ ထူးဆန်းတဲ့အမြင်တွေကို လိုက်ရှာဖွေတတ်ပါတယ်။ အချစ်ခံရတဲ့ဘဝမှာ သူတို့ပြဿနာရှိနိုင်ပါတယ်။ ကိုယ့်ကိုကိုယ် တန်ဖိုးထားနိုင်စွမ်းမရှိဘူး။ လူတွေကြားထဲမှာနေရရင် အဆင်မပြေသလိုခံစားရတယ်။ လူတွေနဲ့ အဆင်မပြေအောင် ပေါင်းနိုင်စွမ်းမရှိပါဘူး။ ဒီလက္ခဏာကို အသံတိတ် short flim – Contracuerpo မှာပြသထားပါတယ်။

Erotomania

Erotomania လက္ခဏာကတော့ လူချစ်လူခင်ပေါများတဲ့ ဆယ်လီတွေမှာ အဖြစ်များပါတယ်။များသောအားဖြင့် သူတို့ဘဝဟာ အကောင်းဆုံးဆိုတဲ့အရာတွေပဲ ရရှိနေပေမယ့် စိတ်ထွက်ပေါက်မရှိသလို ခံစားလာတတ်ကြတယ်။ ဒီလိုစိတ်ပုံမှန်မဟုတ်တဲ့ အခြေအနေကို တိုက်ထုတ်ဖို့အတော်ခက်ပါတယ်။ ဒီလက္ခဏာပုံစံကို From the Land of the Moon ဇာတ်ကားမှ Marion Cotillard ရဲ့ဇာတ်ရုပ်ကိုကြည့်ရင် သိနိုင်ပါတယ်။

Capgras delusion


ဒီလက္ခဏာ ခံစားနေရသူဟာ အနားကို တစ်ယောက်ယောက်ရောက်နေသလို (သို့) သူရဲ့ပုံတူရုပ်ပွားတစ်ယောက်ထပ်ရှိနေသေးတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတာမျိုးပါ။ သူ့ကိုမေးလိုက်ရင် သူနဲ့ပုံစံတူတဲ့နောက်တစ်ယောက်ထပ်ရှိနေသေးတယ်လို့ပဲ ထပ်တလဲလဲပြောပါတယ်။ ဒီလက္ခဏာဟာ schizophrenia နဲ့ တူပါတယ်။ F. M. Dostoevsky ရဲ့ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတဲ့ The Double ဇာတ်ကားဟာ Capgras delusion လက္ခဏာကို အတိကျဖော်ပြထားတာပဲဖြစ်ပါတယ်။

Adele Syndrome


Adele Syndrome ကတော့ လူတစ်ယောက်ဟာ သူတွေ့ကြုံခဲ့ရတဲ့အဖြစ်ပျက်ကို စိတ်ထဲမှာပုံသေစွဲမှတ်ထားခြင်းပဲဖြစ်ပါတယ်။ ချစ်ခံရသည်ဖြစ်စေ၊ အမုန်းခံရသည်ဖြစ်စေ ၊ သစ္စာဖောက်ခံရသည်ဖြစ်စေ သူတွေ့ကြုံခံစားခဲ့ရတဲ့အရာအားလုံးကို ပုံသေပန်းချီတစ်ခုလို သူ့ဦးနှောက်ထဲရိုက်သွင်းထားတာပါပဲ။ ဒီလိုလက္ခဏာကို ခံစားနေရသူတွေဟာ ကျန်းမာရေးရော ၊ နေထိုင်မှုပုံစံတွေကိုပါ ထိခိုက်လာနိုင်တယ်လို့ ဆရာဝန်တွေကပြောထားပါတယ်။ သူတို့ဟာ လောင်းကစား ၊အရက်သမား နဲ့ ခိုးယူလိုစိတ်ပြင်းပြလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ စိတ်ကျရောဂါပါ ၀င်လာနိုင်ပြီး ထင်ထားတဲ့ပိုအန္တရာယ်များပါတယ်။ သူခံစားခဲ့ရတာတစ်ခုကြောင့် မျှော်လင့်ချက် မရှိတော့ခြင်း၊ ကိုယ့်ကိုကိုယ်လိမ်လာခြင်း ၊ သူငယ်ချင်းတွေကို ရှောင်ဖယ်လာခြင်း (သို့) အခြားလူတစ်ယောက်ရဲ့အကြံဥာဏ်တွေကို နားမထောင်တာမျိုး ၊ ဘယ်လိုအရာမျိုးမှာမဆို စိတ်ဝင်စားမှုလျော့နည်းလာပါတယ်။  The Story of Adele H ရုပ်ရှင်မှာ ဒီလက္ခဏာကို အသားပေးရိုက်ကူးထားတာဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.