ေဗာက္ေတြကုိ ထာ၀ရႏႈတ္ဆက္လိုက္ရေအာင္….

ရာသီအခိ်န္မေရြးပ်ိဳေမေတြၾကံဳေတြ႔ရတတ္တဲ႔ဆံပင္ျပႆနာတစ္ခုကေတာ့ေဗာက္ထတဲ႔ျပႆနာပါပဲ။ ဦးေရျပားယားယံလုိ႕ကုတ္မိတဲ႔အခါ ေဗာက္ေတြက်လာတတ္တာဟာ အိမ္မွာေနရင္းဆုိ သိပ္ျပီး ျပႆနာမရွိေပမဲ႔ အျပင္မွာဆုိရင္ေတာ့တစ္ျခားသူေတြဆီကေန စူးစမ္းတ႔ဲအၾကည့္ေတြ ရနုိင္ပါတယ္။အဲ႔ဒါေၾကာင့္ေဗာက္ေတြကင္းရွင္းျပီးသန္႔ရွင္းတဲ႔ဦးေရျပားကုိပုိင္ဆုိင္ႏုိင္ဖုိ႔ နည္းလမ္းေကာင္းေလးေတြေျပာျပေပးခ်င္ပါတယ္။ဒီနည္းလမ္းေလးေတြနဲ႔ဆုိရင္ ေဗာက္ေတြကုိႏႈတ္ဆက္လို႔ရပါျပီ။

၁)တမာ
တမာရြက္က ေဗာက္ေပ်ာက္ဖုိ႔အတြက္အေကာင္းဆံုးေဆးဖက္၀င္အရြက္တစ္ခုပါ။အိႏၵိယမွာလည္း ဒီနည္းလမ္းကနာမည္ၾကီးပါတယ္။တမာရြက္ကုိဘယ္လိုသံုးရမလဲဆုိေတာ့ တမာရြက္လက္တစ္ဆုပ္ေလာက္ယူပါ။ျပီးေရခြက္အေနေတာ္ေလးခြက္စာထည့္ျပီးပြက္ပြက္ဆူေအာင္တည္ပါ။၁၅မိနစ္ေလာက္ၾကာရင္ အရြက္ေတြကုိဖယ္ျပီးေရကုိေအးေအာင္ထားပါ။ျပီးရင္ အဲ႔ဒီေရနဲ႔ ေခါင္းကုိႏွံ႔စပ္ေအာင္ေလာင္းခ်ပါ။တစ္ပတ္ကို သံုးၾကိမ္ေလာက္လုပ္ေပးပါ။ ပံုုမွန္လုပ္ေပးရင္ ေဗာက္ဆုိတာျမင္ရေတာ့မွာေတာင္မဟုတ္ပါဘူး။

၂)အုန္းဆီနဲ႔သံပုရာသီး
အုန္းဆီက ဆံပင္အတြက္ေကာင္းသလိုသံပုရာသီးကလည္း ေဗာက္ေတြေျပးေစပါတယ္။ အုန္းဆီအနည္းငယ္နဲ႔သံပုရာရည္ကုိ ဆတူေရာစပ္ျပီးေခါင္းမွာလိမ္းထားေပးပါ။ မိနစ္ ၂၀ေလာက္ၾကာေအာင္ထားျပီး ေရနဲ႔စင္ေအာင္ေဆးခ်ပါ။မေျပာင္ေသးရင္ ရွန္ပူအနည္းငယ္သံုးေပးလုိ႔ရပါတယ္။တစ္ပတ္ကုိ၂ၾကိမ္ပံုမွန္လုပ္ေပးပါ။သိပ္မၾကာခင္မွာပဲ ေဗာက္ေတြေပ်ာက္သြားပါလိမ့္မယ္။

၃)ပန္းသီးအရက္ရွာလကာရည္
စူပါမားကတ္ေတြမွာေရာ၊မီးဖုိေခ်ာင္မွာပါအလြယ္တကူေတြ႔ႏုိင္တဲ႔ပန္းသီးအရက္ရွာလကာရည္ဟာလည္း ေဗာက္ေပ်ာက္ဖုိ႔အတြက္နည္းလမ္းေကာင္းတစ္ခုပါ။ပန္းသီးအရက္ ရွာလကာရည္ကုိဘယ္လုိသံုးရမလဲဆုိရင္ စားပြဲတင္ဇြန္း ၂ဇြန္းစာေလာက္ယူပါ။ျပီးရင္ ေရနဲ႔ဆတူေရာစပ္လိုက္ပါ။လက္ဖက္ရြက္ဆီအစက္အနည္းငယ္ေလာက္ထည့္ျပီးေခါင္းမွာလိမ္းထားေပးပါ။၁၀မိနစ္ေလာက္ၾကာရင္ ေရစင္ေအာင္ေဆးခ်ေပးပါ။ဒီနည္းလမ္းက ေဗာက္ေပ်ာက္ေစျပီး ဦးေရျပားကုိလည္းက်န္းမာေအာင္အားျဖည့္ေပးလုိ႔ တစ္ပတ္ကုိ ၂ၾကိမ္ေလာက္ပံုမွန္လုပ္ေပးရင္အေကာင္းဆံုးပါ။

၄)မုန္႔ဖုတ္ဆိုဒါ
မုန္႔ဖုတ္ဆိုဒါကေတာ့ အိမ္တိုင္းရဲ႔မီးဖုိေခ်ာင္မွာျမင္ေတ႔ြႏုိင္ပါတယ္။မုန္႔ဖုတ္ဆုိဒါက အလွအပနဲ႔ပတ္သက္ရင္အမ်ားၾကီးအသံုး၀င္ပါတယ္။အခုလည္းေဗာက္ေတြေပ်ာက္ေစ ပါတယ္တဲ႔။ဘယ္လိုသံုးရမလဲဆုိရင္မုန္႔ဖုတ္ဆုိဒါအနည္းငယ္ကုိေရစိုေနတဲ႔ဆံပင္မွာညင္သာစြာပြတ္လိမ္းေပးရံုပါပဲ။ျပီးေတာ့ ဦးေရျပားကုိအနည္းငယ္ႏိွပ္နယ္ေပးပါ။၅မိနစ္ေလာက္ၾကာရင္ ေရေႏြးေႏြးေလးနဲ႔ေဆးခ်ေပးလိုက္ပါ။တစ္ပတ္ကုိ ၂ခါေလာက္လုပ္ေပးရင္
သိသာတဲ႔ရလဒ္ကုိျမင္ေတြ႔ရပါလိမ့္မယ္။

၅)သံလြင္ဆီ
သံလြင္ဆီကမိန္းကေလးတုိင္းေဆာင္ထားသင့္တဲ႔ဆီတစ္မ်ိဳးပါ။အသားအရည္၊ဆံပင္စတဲ႔အလွအပနဲ႔ပတ္သက္ျပီးအမ်ားၾကီးအသံုး၀င္ပါတယ္။သံလြင္ဆီစစ္စစ္အနည္းငယ္ကုိ ေႏြးသြားေအာင္ အပူေပးပါ။ျပီးရင္အဲ႔ဒီဆီနဲ႔ဦးေရျပားအႏွံ႔ညင္သာစြာပြတ္လိမ္းျပီးႏွိပ္နယ္ေပးပါ။မ်က္ႏွာသုတ္ပု၀ါနဲ႔ပတ္ထားျပီး၄၅မိနစ္ေလာက္ၾကာေအာင္ထားေပးပါ။ျဖစ္ႏုိင္ရင္တစ္ညလံုးထားတာအေကာင္းဆံုးပါ။ေနာက္တစ္ေန႔မိုးလင္းရင္ ေခါင္းေလ်ွာ္ရည္ေပ်ာ့ေဆးနဲ႔ေလ်ွာ္လိုက္ပါ။တစ္ပတ္ကုိ သံုးၾကိမ္ေလာက္လုပ္ေပးရင္ကုိ ဆံပင္နဲ႔ပတ္သက္ျပီးသိသာထင္ရွားတ႔ဲရလဒ္ကုိျမင္ေတြ႔ရမွာပါ။

၆)သံပုရာရည္
ဒီနည္းလမ္းကေတာ့အလြယ္ဆံုးပါပဲ။အခ်ိန္လည္းသက္သာ၊ေငြကုန္လည္းသက္သာပါတယ္။လိုအပ္တာကေတာ့သံပုရာသီးတစ္လံုး၊ဒိန္ခ်ဥ္စစ္စစ္ခြက္တစ္၀က္စာပါ။အဲ႔ဒီႏွစ္ခုကုိေရာျပီးဦးေရျပားမွာလိမ္းေပးထားပါ။မိနစ္ ၂၀ေလာက္ၾကာတဲ႔အခါ ေခါင္းေလ်ွာ္ရည္သံုးျပီး ျဖစ္ေစစင္ေအာင္ေလ်ွာ္လိုက္ပါ။ေနာက္တစ္ခုကေတာ့သံပုရာရည္အနည္းငယ္နဲ႔ေရေရာစပ္ျပီးေခါင္းေပၚကေနေဆးခ်လိုက္ပါ။၅မိနစ္ေလာက္ၾကာရင္ေခါင္းေလ်ွာ္လိုက္ပါ။ဒီနည္းလမ္းအတိုင္း တစ္ပတ္ကုိသံုးၾကိမ္လုပ္ေပးႏုိင္ပါတယ္။

ကဲ နည္းလမ္းေလးေတြမ်ွေ၀ျပီးျပီဆုိေတာ့ ေဗာက္ကင္းစင္ျပီးလွပတဲ႔ဆံေကသာေလးရေအာင္ လုပ္ၾကည့္ေတာ့ေနာ္။

Unicode

ရာသီအချိန်မရွေးပျိုမေတွေကြုံတွေ့ရတတ်တဲ့ဆံပင်ပြဿနာတစ်ခုကတော့ဗောက်ထတဲ့ပြဿနာပါပဲ။ ဦးရေပြားယားယံလို့ကုတ်မိတဲ့အခါ ဗောက်တွေကျလာတတ်တာဟာ အိမ်မှာနေရင်းဆို သိပ်ပြီး ပြဿနာမရှိပေမဲ့ အပြင်မှာဆိုရင်တော့တစ်ခြားသူတွေဆီကနေ စူးစမ်းတဲ့အကြည့်တွေ ရနိုင်ပါတယ်။အဲ့ဒါကြောင့်ဗောက်တွေကင်းရှင်းပြီးသန့်ရှင်းတဲ့ဦးရေပြားကိုပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေပြောပြပေးချင်ပါတယ်။ဒီနည်းလမ်းလေးတွေနဲ့ဆိုရင် ဗောက်တွေကိုနှုတ်ဆက်လို့ရပါပြီ။

၁)တမာ
တမာရွက်က ဗောက်ပျောက်ဖို့အတွက်အကောင်းဆုံးဆေးဖက်ဝင်အရွက်တစ်ခုပါ။အိန္ဒိယမှာလည်း ဒီနည်းလမ်းကနာမည်ကြီးပါတယ်။တမာရွက်ကိုဘယ်လိုသုံးရမလဲဆိုတော့ တမာရွက်လက်တစ်ဆုပ်လောက်ယူပါ။ပြီးရေခွက်အနေတော်လေးခွက်စာထည့်ပြီးပွက်ပွက်ဆူအောင်တည်ပါ။၁၅မိနစ်လောက်ကြာရင် အရွက်တွေကိုဖယ်ပြီးရေကိုအေးအောင်ထားပါ။ပြီးရင် အဲ့ဒီရေနဲ့ ခေါင်းကိုနှံ့စပ်အောင်လောင်းချပါ။တစ်ပတ်ကို သုံးကြိမ်လောက်လုပ်ပေးပါ။ ပုုံမှန်လုပ်ပေးရင် ဗောက်ဆိုတာမြင်ရတော့မှာတောင်မဟုတ်ပါဘူး။

၂)အုန်းဆီနဲ့သံပုရာသီး
အုန်းဆီက ဆံပင်အတွက်ကောင်းသလိုသံပုရာသီးကလည်း ဗောက်တွေပြေးစေပါတယ်။ အုန်းဆီအနည်းငယ်နဲ့သံပုရာရည်ကို ဆတူရောစပ်ပြီးခေါင်းမှာလိမ်းထားပေးပါ။ မိနစ် ၂ဝလောက်ကြာအောင်ထားပြီး ရေနဲ့စင်အောင်ဆေးချပါ။မပြောင်သေးရင် ရှန်ပူအနည်းငယ်သုံးပေးလို့ရပါတယ်။တစ်ပတ်ကို၂ကြိမ်ပုံမှန်လုပ်ပေးပါ။သိပ်မကြာခင်မှာပဲ ဗောက်တွေပျောက်သွားပါလိမ့်မယ်။

၃)ပန်းသီးအရက်ရှာလကာရည်
စူပါမားကတ်တွေမှာရော၊မီးဖိုချောင်မှာပါအလွယ်တကူတွေ့နိုင်တဲ့ပန်းသီးအရက်ရှာလကာရည်ဟာလည်း ဗောက်ပျောက်ဖို့အတွက်နည်းလမ်းကောင်းတစ်ခုပါ။ပန်းသီးအရက် ရှာလကာရည်ကိုဘယ်လိုသုံးရမလဲဆိုရင် စားပွဲတင်ဇွန်း ၂ဇွန်းစာလောက်ယူပါ။ပြီးရင် ရေနဲ့ဆတူရောစပ်လိုက်ပါ။လက်ဖက်ရွက်ဆီအစက်အနည်းငယ်လောက်ထည့်ပြီးခေါင်းမှာလိမ်းထားပေးပါ။၁ဝမိနစ်လောက်ကြာရင် ရေစင်အောင်ဆေးချပေးပါ။ဒီနည်းလမ်းက ဗောက်ပျောက်စေပြီး ဦးရေပြားကိုလည်းကျန်းမာအောင်အားဖြည့်ပေးလို့ တစ်ပတ်ကို ၂ကြိမ်လောက်ပုံမှန်လုပ်ပေးရင်အကောင်းဆုံးပါ။

၄)မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါကတော့ အိမ်တိုင်းရဲ့မီးဖိုချောင်မှာမြင်တွေ့နိုင်ပါတယ်။မုန့်ဖုတ်ဆိုဒါက အလှအပနဲ့ပတ်သက်ရင်အများကြီးအသုံးဝင်ပါတယ်။အခုလည်းဗောက်တွေပျောက်စေ ပါတယ်တဲ့။ဘယ်လိုသုံးရမလဲဆိုရင်မုန့်ဖုတ်ဆိုဒါအနည်းငယ်ကိုရေစိုနေတဲ့ဆံပင်မှာညင်သာစွာပွတ်လိမ်းပေးရုံပါပဲ။ပြီးတော့ ဦးရေပြားကိုအနည်းငယ်နှိပ်နယ်ပေးပါ။၅မိနစ်လောက်ကြာရင် ရေနွေးနွေးလေးနဲ့ဆေးချပေးလိုက်ပါ။တစ်ပတ်ကို ၂ခါလောက်လုပ်ပေးရင်
သိသာတဲ့ရလဒ်ကိုမြင်တွေ့ရပါလိမ့်မယ်။

၅)သံလွင်ဆီ
သံလွင်ဆီကမိန်းကလေးတိုင်းဆောင်ထားသင့်တဲ့ဆီတစ်မျိုးပါ။အသားအရည်၊ဆံပင်စတဲ့အလှအပနဲ့ပတ်သက်ပြီးအများကြီးအသုံးဝင်ပါတယ်။သံလွင်ဆီစစ်စစ်အနည်းငယ်ကို နွေးသွားအောင် အပူပေးပါ။ပြီးရင်အဲ့ဒီဆီနဲ့ဦးရေပြားအနှံ့ညင်သာစွာပွတ်လိမ်းပြီးနှိပ်နယ်ပေးပါ။မျက်နှာသုတ်ပုဝါနဲ့ပတ်ထားပြီး၄၅မိနစ်လောက်ကြာအောင်ထားပေးပါ။ဖြစ်နိုင်ရင်တစ်ညလုံးထားတာအကောင်းဆုံးပါ။နောက်တစ်နေ့မိုးလင်းရင် ခေါင်းလျှော်ရည်ပျော့ဆေးနဲ့လျှော်လိုက်ပါ။တစ်ပတ်ကို သုံးကြိမ်လောက်လုပ်ပေးရင်ကို ဆံပင်နဲ့ပတ်သက်ပြီးသိသာထင်ရှားတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။

၆)သံပုရာရည်
ဒီနည်းလမ်းကတော့အလွယ်ဆုံးပါပဲ။အချိန်လည်းသက်သာ၊ငွေကုန်လည်းသက်သာပါတယ်။လိုအပ်တာကတော့သံပုရာသီးတစ်လုံး၊ဒိန်ချဉ်စစ်စစ်ခွက်တစ်ဝက်စာပါ။အဲ့ဒီနှစ်ခုကိုရောပြီးဦးရေပြားမှာလိမ်းပေးထားပါ။မိနစ် ၂ဝလောက်ကြာတဲ့အခါ ခေါင်းလျှော်ရည်သုံးပြီး ဖြစ်စေစင်အောင်လျှော်လိုက်ပါ။နောက်တစ်ခုကတော့သံပုရာရည်အနည်းငယ်နဲ့ရေရောစပ်ပြီးခေါင်းပေါ်ကနေဆေးချလိုက်ပါ။၅မိနစ်လောက်ကြာရင်ခေါင်းလျှော်လိုက်ပါ။ဒီနည်းလမ်းအတိုင်း တစ်ပတ်ကိုသုံးကြိမ်လုပ်ပေးနိုင်ပါတယ်။

ကဲ နည်းလမ်းလေးတွေမျှဝေပြီးပြီဆိုတော့ ဗောက်ကင်းစင်ပြီးလှပတဲ့ဆံကေသာလေးရအောင် လုပ်ကြည့်တော့နော်။

66 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.