ယမန်နေ့ညက နီယွန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဥရောပချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်များ အပြီးမှာတော့ ပရိသတ်တွေကြည့်ချင်ကြပါတယ်ဆိုတဲ့ တကယ့်ပွဲကြီးပွဲကောင်းများ ထွက်ပေါ်လာခဲ့ပြီဖြစ် ပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်မှာ ဂိုးတွေတဒိုင်းဒိုင်းသွင်းလျက်ရှိတဲ့ မန်စီးတီးအသင်းနဲ့ လာလီဂါထိပ်သီးဘာစီလိုနာတို့ ဆုံတွေ့သွားကြတဲ့ အတွဲအဖက်ကတော့ လှပလွန်းတဲ့ပွဲတစ်ပွဲအသွင်ဆောင်လျက်ရှိတာ အမှန်ပါပဲ။ တစ်ဖန် ဂျာမန်ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန်အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်တို့ရဲ့ ပွဲကလည်း ရသပေါင်းစုံပေးမယ့် ပွဲတစ်ပွဲဖြစ်လာမှာ သေချာလွန်းနေပါတယ်။ ချဲလ်ဆီး-ဂါလာတာစာရေးအတွဲအ ဖက်ကတော့ ဆရာဟောင်းနဲ့ တပည့်ဟောင်းတွေဖြစ်ကြတဲ့  မော်ရင်ညိုနဲ့ ဒရော့ဂ်ဘာတို့ရဲ့ ပြိုင်ဘက်များအသွင် ပြန်လည်ဆုံတွေ့ကြခြင်းလို့ ပြောရပါမယ်။
ရှော်လ်ကီနဲ့ ရီးရဲလ်မက်ဒရစ်တို့ကတော့ မနှစ်ကအတိုင်းပြန်တွေ့ကြပြီဖြစ်တာကြောင့် ဂျာမန်ဘွန်ဒက်စ်လီဂါမှာ ရုန်းကန်နေရတဲ့ရှော်လ်ကီအတွက် ရင်လေးစရာဖြစ်ခဲ့ရပါတယ်။ ပရိသတ်အများစု ကြိုက်နှစ်သက်ကြတဲ့ မန်ယူ ကတော့ ဂရိကလပ် အိုလံပီယာကို့စ်နဲ့သာတွေ့ခဲ့တာကြောင့် ပွဲချောင်တယ်လို့ အပေါ်ယံရှပ်ကြည့်ပြီး ပြောနိုင် ပေမယ့် အိမ်ကွင်းမာလွန်းတဲ့ ဂရိတွေရဲ့ အစဉ်အလာကို အတော်ကြိုးစားကျော်ဖြတ်ပြရမှာဖြစ်ပါတယ်။ ချန်ပီယံ လိဂ်(၁၆)သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲများကို ၂၀၁၄ ဖေဖော်ဝါရီ (၁၈၊၁၉)မှာ ကစားသွားမှာဖြစ်ပြီး ဒု တိယအကျော့များကိုကိုတော့ ဖေဖော်ဝါရီ(၂၅၊၂၆)များမှာ ကစားသွားမှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်(၁၆)သင်းရှုံးထွက်ပွဲစဉ်ပထမအကျော့
မန်စီးတီး-ဘာစီလိုနာ
အိုလံပီယာကို့စ်-မန်ယူ
အေစီမီလန်-အသလက်တီကို
လေဗာကူဆင်-ပီအက်စ်ဂျီ
ဂါလာတာစာရေး-ချဲလ်ဆီး
ရှော်လ်ကီ- ရီးရဲလ်မက်ဒရစ်
ဇင်းနစ်-ဒေါ့မွန်
အာဆင်နယ်-ဘိုင်ယန်မြူးနစ်