ခႏၶာကုိယ္ထဲမွာၾကြင္းက်န္ရစ္ေနတဲ႔အဆိပ္အေတာက္ေတြကုိ ဒီနည္းေလးေတြနဲ႔ဖယ္ရွားနုိင္

သင့္ခႏၶာကုိယ္ၾကီး ေလးလံထုိင္းမႈိင္းေနတယ္လုိ႔ ခံစားမိေနျပီလား?စိတ္ သြားတိုင္းလည္း ခႏၶာကုိယ္ကမတက္ၾကြ၊မလိုက္ပါႏုိင္၊အလုပ္ေလးနည္းနည္းပဲလုပ္ရေသးတယ္ပင္ပန္းေနျပီ ၊ေျခလက္ေတြမလႈပ္ခ်င္ေတာ့ဘူးဆိုတာေတြျဖစ္ေနျပီလား?ဒါဆိုရင္ေတာ့ သင့္ခႏၶာကုိယ္ထဲမွာ မလိုအပ္တဲ႔အဆိပ္အေတာက္ေတြမ်ားျပားလာတယ္ဆိုတဲ႔အဓိပၸာယ္ပါပဲ။ေန႔စဥ္စားသံုးေနတဲ႔အစားအစာေတြ၊ရႈရွိႈက္ေနရတဲ႔ေလထုအညစ္အေၾကးေတြကေန ခႏၶာကုိယ္ထဲမွာအဆိပ္ေတြစုေ၀းလာ
တတ္ပါတယ္။ခႏၶာကုိယ္အစိတ္အပုိင္းေတြကလည္းတတ္ႏုိင္သေလာက္စြန္႔ထုတ္ေပးၾကေပမဲ႔ က်န္ရွိေနဦးမွာပါပဲ။ဒါဆုိရင္ ခႏၶာကုိယ္အစိတ္အပုိင္းေတြကုိလည္းကူညီရာေရာက္ျပီး အဆိပ္အေတာက္ေတြလည္းဖယ္ရွားျပီးျဖစ္ေအာင္ သင့္ဘက္ကအနည္းငယ္အားစိုက္ေပး ဖုိ႔ေတာ့လိုပါတယ္။ခက္ခက္ခဲခဲခ်ည္းေတာ့မဟုတ္ပါဘူး။လြယ္ကူတဲ႔နည္းလမ္းေလးေတြပါပဲ။ဘာေတြလဲဆိုရင္…

၁)Detox ေဖ်ာ္ရည္ေသာက္ပါ
အစားအေသာက္ေၾကာင့္ျဖစ္တဲ႔အဆိပ္အေတာက္ေတြကုိဖယ္ရွားမယ္ဆိုရင္စားေသာက္ေနထုိင္မႈကုိေျပာင္းလဲရပါမယ္။အမ်ွင္ဓာတ္မ်ားမ်ားပါ၀င္တဲ႔အစားအစာေတြက အစာေျခစနစ္ကို ေကာင္းမြန္ေစျပီးအစာအိမ္ကိုသဘာ၀အတုိင္းသန္႔စင္ေစပါတယ္။တစ္ပတ္ကုိတစ္ခါေလာက္္အမ်ွင္ဓာတ္ပါ၀င္တဲ႔အသီးေတြ၊အရြက္ေတြကုိၾကိတ္ေမႊျပီးေသာက္ေပးသင့္ပါတယ္။တစ္လေလာက္ဆိုခႏၶာကုိယ္ကေနထုိင္ရတာေပါ့ပါးလန္းဆန္းလာပါလိမ့္မယ္။သၾကားမထည့္ပဲေဖ်ာ္ရင္ပုိျပီးအက်ိဳးရွိပါတယ္။

၂)ေခြ်းထုတ္ခန္း သုိ႔မဟုတ္ ေလ့က်င့္ခန္းလုပ္ပါ
ေခြ်းထြက္တာက ခႏၶာကုိယ္ရဲ ႔အဆိပ္အေတာက္ေတြကုိသဘာ၀နည္းလမ္းနဲ႔ ဖယ္ရွားေပးေန တာပါပဲ။ေခြ်းမ်ားမ်ားထြက္ေလ အဆိပ္အေတာက္ေတြကင္းစင္ေလပါပဲ။ အဲ႔ဒါေၾကာင့္ ေခြ်းထုတ္ခန္းသြားတာျဖစ္ေစ၊ေလ့က်င့္ခန္းလုပ္တာျဖစ္ေစေခြ်းမ်ားမ်ားထြက္ေအာင္အားစုိက္သင့္ပါတယ္။တစ္လကုိတစ္ခါေလာက္ ေခြ်းထုတ္ခန္းပံုမွန္သြားရင္ေတာ့ ခႏၶာကုိယ္ရဲ ႔ေသြးလည္ပတ္မႈ ေတြပိုေကာင္းမြန္လာေစျပီး အသားအရည္လည္းၾကည္လင္လွပလာပါလိမ့္မယ္။ေလ့က်င့္ခန္း လုပ္တာကလည္း အတူတူပါပဲ။ႏွစ္ခုလံုးက ေခြ်းမ်ားမ်ားထြက္တာျဖစ္လုိ႔ အသားအရည္နဲ႔ က်န္းမာေရးအတြက္ေကာင္းမြန္ေစပါတယ္။ေလ့က်င့္ခန္းလုုပ္ျပီးရင္ေတာ့ ခနၾကာတဲ႔အခါ ေရခ်ိဳးဖုိ႔မေမ့ပါနဲ႔။

၃)ေကာ္ဖီအစား Green Tea ေသာက္ေပးပါ
အထူးသျဖင့္ မသန္႔စင္ မစစ္ထုတ္ရေသးတဲ႔ေကာ္ဖီမွာကုိလက္စထေရာဓာတ္ျမင့္မားေစတဲ႔ ဓာတ္ေတြပါ၀င္ေနပါတယ္။ကုိလက္စထေရာျမင့္မားတာကမေကာင္းတဲ႔အတြက္ ေကာ္ဖီအစား Green Tea ေသာက္ဖို႔အၾကံေပးခ်င္ပါတယ္။Green Tea ဟာက်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစတာလည္းအားလံုးသိျပီးသားျဖစ္မွာပါ။Green Tea မေသာက္ခ်င္ဘူးဆုိရင္ တစ္ျခားေဆးဖက္၀င္လက္ဖက္ရည္ေတြေရြးခ်ယ္ျပီးေသာက္ေပးသင့္ပါတယ္။

၄)ေလထုကုိုသန္႔စင္ပါ
ေလထုအညစ္အေၾကးေတြခႏၶာကုိယ္ထဲ၀င္ေရာက္တဲ႔အခါမွာလည္း အဆိပ္အေတာက္ ေတြျဖစ္ေစပါတယ္။အဆိပ္အေတာက္ေၾကာင့္အသက္၀၀မရႈရတဲ႔အခါက်န္းမာေရးဆုိးက်ိဳးေတြျဖစ္လာႏုိင္ါပတယ္။အဲ႔ဒါေၾကာင့္ ေလထုသန္႔စင္ေစဖုိ႔ အိမ္မွာရွိတဲ႔ပရိေဘာဂေတြကုိအျမဲသန္ရွင္းေရး
လုပ္ေပးတာမ်ိဳး၊ေလေကာင္းေလသန္႔ရေစတ႔ဲအပင္ေလးေတြစိုက္ထားတာမ်ိဳးလုပ္ေပးသင့္ပါတယ္။အဲ႔ဒါဆုိရင္ အရင္ကထက္ ပုိျပီးေနထုိင္လို႔ေကာင္းလာတာသတိထားမိပါလိမ့္မယ္။

၅)သဘာ၀အစားအစာေတြစားပါ
ျဖစ္ႏုိင္ရင္ေတာ့သဘာ၀အတိုင္းစိုက္ပ်ိဳးထားတဲ႔ဟင္းသီးဟင္းရြက္ေတြ၊အသီးအႏွံေတြစားေပးပါ။သဘာ၀အသီးအႏွံျဖစ္လို႔ ခႏၶာကုိယ္ထဲကဇီ၀ျဖစ္စဥ္ကုိတိုးတက္ေကာင္းမြန္ေအာင္ကူညီ ေပးႏုိင္ပါတယ္။ အစာေခ်စနစ္ကုိလည္းေကာင္းမြန္ေစျပီးခႏၶာကုိယ္ထဲကအဆိပ္အေတာက္ ေတြဖယ္ရွားေပးပါတယ္။သဘာ၀မဟုတ္တဲ႔အသီးအႏွံေတြက သဘာ၀အသီးအႏွံလိုမ်ိဳး သဘာ၀အားျဖည့္ဓာတ္စာေတြျဖည့္စြမ္းေပးႏုိင္မွာမဟုတ္ပါဘူး။အိမ္မွာစိုက္ပ်ိဳးလို႔ရတဲ႔
အပင္ေလးေတြဆုိအိမ္မွာစိုက္ျပီး စားေပးရင္ေတာ့ အေကာင္းဆံုးပါ။

၆)ေခ်းခြ်တ္သန္႔စင္ထားတဲ႔သၾကားေတြကိုေရွာင္ပါ
တစ္ခ်ိဳ႔ေတြက ဆားဆုိလည္းျဖဴမွသန္႔မွ၊သၾကားဆုိလည္းျဖဴေဖြးေနမွ သေဘာက်စြာစားသံုး တတ္ၾကပါတယ္။တကယ္ေတာ့ ဒီလိုမ်ိဳးေခ်းခြ်တ္သန္႔စင္ထားတဲ႔သၾကားေတြက ခႏၶာကုိယ္ရဲ ႔သဘာ၀ဇီ၀ျဖစ္စဥ္ကုိအေႏွာင့္အယွက္ျဖစ္ေစျပီးေသြးထဲမွာသၾကားဓာတ္ေတြအမ်ားၾကီးျဖစ္လာေစပါတယ္။ကုိယ္အေလးခ်ိန္လည္းတက္ေစျပီး ဆီးခ်ိဳေရာဂါ၊နွလံုးေရာဂါေတြပါျဖစ္လာေစပါတယ္။ သဘာ၀သၾကားညိဳ၊က်န္းမာေရးနဲ႔ညီညြတ္ေအာင္လုပ္ထားတဲ႔သၾကားေတြကုိသာ
အစားထုိးသံုးေပးသင့္ပါတယ္။ဒီလုိသတိမထားမိတဲ႔အရာေတြေၾကာင့္ ခႏၶာကုိယ္မွာအဆိပ္အေတာက္ေတြျဖစ္လာျပီးေလးလံပင္ပန္းေနရတာပါ။

၇)ေရမ်ားမ်ားေသာက္ပါ
ေရကအဆိပ္အေတာက္ေတြကုိဖယ္ရွားေပးႏုိင္တဲ႔သဘာ၀နည္းလမ္းတစ္ခုပါပဲ။ေရမ်ားမ်ားေသာက္ေလ အဆိပ္အေတာက္ေတြျမန္ျမန္ထြက္ေလပါပဲ။ေရမ်ားမ်ားေသာက္ေပးတာက ခႏၶာကုိယ္ တစ္ေလ်ွာက္ ကိုသန္႔စင္ေပးပါတယ္။သဘာ၀ပန္းသီးရွာလကာရည္ စားပြဲတင္ဇြန္း ၂ဇြန္းေလာက္ထည့္ျပီးဖန္ခြက္ေရတစ္ခြက္အျပည့္ မနက္တိုင္းေသာက္ေပးတာကလည္း ခႏၶာကုိယ္ထဲကအဆိပ္အေတာက္ေတြကုိဖယ္ရွားေပးႏုိင္ပါတယ္။

၈)၀ုိင္နီေသာက္ပါ
ၾကားရတာထူးဆန္းေပမဲ႔ ေလ့လာခ်က္ေတြအရ တစ္ေန႔ကုိ ၀ုိင္နီတစ္ခြက္ေသာက္ေပးတာက ခႏၶာကုိယ္ကုိသန္႔စင္ေပးသလိုပါပဲတဲ႔။ကုိလက္စေထေရာဓာတ္ကုိေကာင္းမြန္ေစျပီး အစာအိမ္လမ္းေၾကာင္းနဲ႔ပတ္သက္တဲ႔ကူးစက္ေရာဂါေတြကိုေတာင္တုိက္ဖ်က္ႏုိင္တယ္လို႔သိရပါတယ္။

ဒီနည္းလမ္းေလးေတြအတိုင္း လုိက္နာက်င့္သံုးမယ္ဆုိရင္ အရင္ကထက္ ခႏၶာကုိယ္ေပါ့ေပါးသြက္လက္ျပီးလန္းဆန္းလာတာကုိခံစားသတိထားမိပါလိမ့္မယ္။

Unicode

သင့်ခန္ဓာကိုယ်ကြီး လေးလံထိုင်းမှိုင်းနေတယ်လို့ ခံစားမိနေပြီလား?စိတ် သွားတိုင်းလည်း ခန္ဓာကိုယ်ကမတက်ကြွ၊မလိုက်ပါနိုင်၊အလုပ်လေးနည်းနည်းပဲလုပ်ရသေးတယ်ပင်ပန်းနေပြီ ၊ခြေလက်တွေမလှုပ်ချင်တော့ဘူးဆိုတာတွေဖြစ်နေပြီလား?ဒါဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာ မလိုအပ်တဲ့အဆိပ်အတောက်တွေများပြားလာတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။နေ့စဉ်စားသုံးနေတဲ့အစားအစာတွေ၊ရှုရှိှုက်နေရတဲ့လေထုအညစ်အကြေးတွေကနေ ခန္ဓာကိုယ်ထဲမှာအဆိပ်တွေစုဝေးလာ
တတ်ပါတယ်။ခန္ဓာကိုယ်အစိတ်အပိုင်းတွေကလည်းတတ်နိုင်သလောက်စွန့်ထုတ်ပေးကြပေမဲ့ ကျန်ရှိနေဦးမှာပါပဲ။ဒါဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်းကူညီရာရောက်ပြီး အဆိပ်အတောက်တွေလည်းဖယ်ရှားပြီးဖြစ်အောင် သင့်ဘက်ကအနည်းငယ်အားစိုက်ပေး ဖို့တော့လိုပါတယ်။ခက်ခက်ခဲခဲချည်းတော့မဟုတ်ပါဘူး။လွယ်ကူတဲ့နည်းလမ်းလေးတွေပါပဲ။ဘာတွေလဲဆိုရင်…

၁)Detox ဖျော်ရည်သောက်ပါ
အစားအသောက်ကြောင့်ဖြစ်တဲ့အဆိပ်အတောက်တွေကိုဖယ်ရှားမယ်ဆိုရင်စားသောက်နေထိုင်မှုကိုပြောင်းလဲရပါမယ်။အမျှင်ဓာတ်များများပါဝင်တဲ့အစားအစာတွေက အစာခြေစနစ်ကို ကောင်းမွန်စေပြီးအစာအိမ်ကိုသဘာဝအတိုင်းသန့်စင်စေပါတယ်။တစ်ပတ်ကိုတစ်ခါလောက််အမျှင်ဓာတ်ပါဝင်တဲ့အသီးတွေ၊အရွက်တွေကိုကြိတ်မွှေပြီးသောက်ပေးသင့်ပါတယ်။တစ်လလောက်ဆိုခန္ဓာကိုယ်ကနေထိုင်ရတာပေါ့ပါးလန်းဆန်းလာပါလိမ့်မယ်။သကြားမထည့်ပဲဖျော်ရင်ပိုပြီးအကျိုးရှိပါတယ်။

၂)ချွေးထုတ်ခန်း သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပါ
ချွေးထွက်တာက ခန္ဓာကိုယ်ရဲ ့အဆိပ်အတောက်တွေကိုသဘာဝနည်းလမ်းနဲ့ ဖယ်ရှားပေးနေ တာပါပဲ။ချွေးများများထွက်လေ အဆိပ်အတောက်တွေကင်းစင်လေပါပဲ။ အဲ့ဒါကြောင့် ချွေးထုတ်ခန်းသွားတာဖြစ်စေ၊လေ့ကျင့်ခန်းလုပ်တာဖြစ်စေချွေးများများထွက်အောင်အားစိုက်သင့်ပါတယ်။တစ်လကိုတစ်ခါလောက် ချွေးထုတ်ခန်းပုံမှန်သွားရင်တော့ ခန္ဓာကိုယ်ရဲ ့သွေးလည်ပတ်မှု တွေပိုကောင်းမွန်လာစေပြီး အသားအရည်လည်းကြည်လင်လှပလာပါလိမ့်မယ်။လေ့ကျင့်ခန်း လုပ်တာကလည်း အတူတူပါပဲ။နှစ်ခုလုံးက ချွေးများများထွက်တာဖြစ်လို့ အသားအရည်နဲ့ ကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။လေ့ကျင့်ခန်းလုုပ်ပြီးရင်တော့ ခနကြာတဲ့အခါ ရေချိုးဖို့မမေ့ပါနဲ့။

၃)ကော်ဖီအစား Green Tea သောက်ပေးပါ
အထူးသဖြင့် မသန့်စင် မစစ်ထုတ်ရသေးတဲ့ကော်ဖီမှာကိုလက်စထရောဓာတ်မြင့်မားစေတဲ့ ဓာတ်တွေပါဝင်နေပါတယ်။ကိုလက်စထရောမြင့်မားတာကမကောင်းတဲ့အတွက် ကော်ဖီအစား Green Tea သောက်ဖို့အကြံပေးချင်ပါတယ်။Green Tea ဟာကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတာလည်းအားလုံးသိပြီးသားဖြစ်မှာပါ။Green Tea မသောက်ချင်ဘူးဆိုရင် တစ်ခြားဆေးဖက်ဝင်လက်ဖက်ရည်တွေရွေးချယ်ပြီးသောက်ပေးသင့်ပါတယ်။

၄)လေထုကိုုသန့်စင်ပါ
လေထုအညစ်အကြေးတွေခန္ဓာကိုယ်ထဲဝင်ရောက်တဲ့အခါမှာလည်း အဆိပ်အတောက် တွေဖြစ်စေပါတယ်။အဆိပ်အတောက်ကြောင့်အသက်ဝဝမရှုရတဲ့အခါကျန်းမာရေးဆိုးကျိုးတွေဖြစ်လာနိုင်ါပတယ်။အဲ့ဒါကြောင့် လေထုသန့်စင်စေဖို့ အိမ်မှာရှိတဲ့ပရိဘောဂတွေကိုအမြဲသန်ရှင်းရေး
လုပ်ပေးတာမျိုး၊လေကောင်းလေသန့်ရစေတဲ့အပင်လေးတွေစိုက်ထားတာမျိုးလုပ်ပေးသင့်ပါတယ်။အဲ့ဒါဆိုရင် အရင်ကထက် ပိုပြီးနေထိုင်လို့ကောင်းလာတာသတိထားမိပါလိမ့်မယ်။

၅)သဘာဝအစားအစာတွေစားပါ
ဖြစ်နိုင်ရင်တော့သဘာဝအတိုင်းစိုက်ပျိုးထားတဲ့ဟင်းသီးဟင်းရွက်တွေ၊အသီးအနှံတွေစားပေးပါ။သဘာဝအသီးအနှံဖြစ်လို့ ခန္ဓာကိုယ်ထဲကဇီဝဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်အောင်ကူညီ ပေးနိုင်ပါတယ်။ အစာချေစနစ်ကိုလည်းကောင်းမွန်စေပြီးခန္ဓာကိုယ်ထဲကအဆိပ်အတောက် တွေဖယ်ရှားပေးပါတယ်။သဘာဝမဟုတ်တဲ့အသီးအနှံတွေက သဘာဝအသီးအနှံလိုမျိုး သဘာဝအားဖြည့်ဓာတ်စာတွေဖြည့်စွမ်းပေးနိုင်မှာမဟုတ်ပါဘူး။အိမ်မှာစိုက်ပျိုးလို့ရတဲ့
အပင်လေးတွေဆိုအိမ်မှာစိုက်ပြီး စားပေးရင်တော့ အကောင်းဆုံးပါ။

၆)ချေးချွတ်သန့်စင်ထားတဲ့သကြားတွေကိုရှောင်ပါ
တစ်ချို့တွေက ဆားဆိုလည်းဖြူမှသန့်မှ၊သကြားဆိုလည်းဖြူဖွေးနေမှ သဘောကျစွာစားသုံး တတ်ကြပါတယ်။တကယ်တော့ ဒီလိုမျိုးချေးချွတ်သန့်စင်ထားတဲ့သကြားတွေက ခန္ဓာကိုယ်ရဲ ့သဘာဝဇီဝဖြစ်စဉ်ကိုအနှောင့်အယှက်ဖြစ်စေပြီးသွေးထဲမှာသကြားဓာတ်တွေအများကြီးဖြစ်လာစေပါတယ်။ကိုယ်အလေးချိန်လည်းတက်စေပြီး ဆီးချိုရောဂါ၊နှလုံးရောဂါတွေပါဖြစ်လာစေပါတယ်။ သဘာဝသကြားညို၊ကျန်းမာရေးနဲ့ညီညွတ်အောင်လုပ်ထားတဲ့သကြားတွေကိုသာ
အစားထိုးသုံးပေးသင့်ပါတယ်။ဒီလိုသတိမထားမိတဲ့အရာတွေကြောင့် ခန္ဓာကိုယ်မှာအဆိပ်အတောက်တွေဖြစ်လာပြီးလေးလံပင်ပန်းနေရတာပါ။

၇)ရေများများသောက်ပါ
ရေကအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တဲ့သဘာဝနည်းလမ်းတစ်ခုပါပဲ။ရေများများသောက်လေ အဆိပ်အတောက်တွေမြန်မြန်ထွက်လေပါပဲ။ရေများများသောက်ပေးတာက ခန္ဓာကိုယ် တစ်လျှောက် ကိုသန့်စင်ပေးပါတယ်။သဘာဝပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ဇွန်းလောက်ထည့်ပြီးဖန်ခွက်ရေတစ်ခွက်အပြည့် မနက်တိုင်းသောက်ပေးတာကလည်း ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။

၈)ဝိုင်နီသောက်ပါ
ကြားရတာထူးဆန်းပေမဲ့ လေ့လာချက်တွေအရ တစ်နေ့ကို ဝိုင်နီတစ်ခွက်သောက်ပေးတာက ခန္ဓာကိုယ်ကိုသန့်စင်ပေးသလိုပါပဲတဲ့။ကိုလက်စထေရောဓာတ်ကိုကောင်းမွန်စေပြီး အစာအိမ်လမ်းကြောင်းနဲ့ပတ်သက်တဲ့ကူးစက်ရောဂါတွေကိုတောင်တိုက်ဖျက်နိုင်တယ်လို့သိရပါတယ်။

ဒီနည်းလမ်းလေးတွေအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် အရင်ကထက် ခန္ဓာကိုယ်ပေါ့ပေါးသွက်လက်ပြီးလန်းဆန်းလာတာကိုခံစားသတိထားမိပါလိမ့်မယ်။

330 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.