အခ်စ္ထက္ပိုေသာ…

လူတိုင္းဟာ တစ္စံုတစ္ခုေသာအရာေတြ တစ္စံုတစ္ေယာက္ေသာသူေတြကို ျကိုက္တတ္ခ်စ္တတ္ျကတာသဘာ၀ပါပဲ။ တစ္ေယာက္ေယာက္ကိုျကိုက္ဖို႕ဆိုတာလည္းခဲယဥ္းသလုိခ်စ္လာဖို႕ဆုိတာကလည္းခက္ခဲလွပါတယ္။ ဒီလိုခက္ခဲတဲ႔ ခ်စ္ျခင္းေမတၱာထက္ကိုပိုတဲ႔ အရာကေမတၱာတရားပါ။ သင္ဟာတစ္စံုတစ္ေယာက္ေပၚ အခ်စ္ထက္ပိုတယ္ဆိုတာဟုတ္မဟုတ္သိေစဖို႕…
(၁) နားလည္မႈရွိတယ္
လူတစ္ေယာက္ေပၚတကယ္တမ္းနားလည္ေပးနုိင္ဖုိ႔ဆိုလြယ္ေတာ႔မလြယ္ကူပါဘူး။ အေပၚယံနားလည္တာမ်ိဳးမဟုတ္ပဲ အေကာင္းပဲျဖစ္ျဖစ္ အဆိုးပဲျဖစ္ျဖစ္ကိစၥမွန္သမ်ွကိုနားလည္တဲ႔စိတ္နဲ႕
ျကည္႔ေပးတတ္တာဟာဒီလူတစ္ေယာက္ေပၚကိုယ္စိတ္ကဘယ္ေလာက္နက္ရိႈင္းေနသလဲဆိုတာသိသာေနပါျပီ။
(၂) ကိုယ္႔ရဲ႕အက်င္႔ေတြကိုေျပာင္းလဲလာတယ္
လူတုိင္းမွာ ေဖ်ာက္ဖ်က္ရခက္ခဲတဲ႔ အက်င္႔ေတြ ျပင္ရခက္တဲ႔ စရိုက္ေတြရွိျကေပမဲ႔ ဒီလူတစ္ေယာက္ေျကာင္႔ဒီအရာေတြကိုလံုး၀ကိုျပဳျပင္ေျပာင္းလဲနုိင္သြားခဲ႔တာမ်ိဳးပါ။ ဒါဆိုရင္ေတာ႔သင္႔အခ်စ္ကအင္မတန္ကိုေလးနက္လြန္းေနပါျပီ။
(၃) သည္းခံဖုိ႕ျကိုးစားတယ္
ေသြးနဲ႕ကိုယ္သားနဲ႕ကိုယ္တည္ေဆာက္ထားတဲ႔လူတုိင္းမခံခ်င္စိတ္ေဒါသစိတ္ေတြအနည္းနဲ႕အမ်ားေတာ႔ရွိတတ္ျကေပမဲ႔ ကိုယ္ခ်စ္ရတဲ႔သူတစ္ေယာက္အတြက္ဆို အျမဲလုိလုိသည္းခံစိတ္နဲ႕ေျဖေဖ်ာက္နုိင္ခဲ႔ရင္ ဒီလူဟာမင္းဘ၀အတြက္မရွိမျဖစ္လုိအပ္ေနတဲ႔သူဆုိတာေသခ်ာေနပါျပီ။
(၄) ေအာက္က်တယ္လို႕မခံစားရဘူး
ကိုယ္ခ်စ္တဲ႔သူကိုေပးဆပ္ဖို႕ ၊ သူ႕အတြက္ဘယ္အရာမဆိုလုပ္ေပးဖုိ႕ကိုအဆင္သင္႔ျဖစ္ေနတတ္ျကပါတယ္။ မာနေတြသိကၡာတရားေတြ ဆိုတာေတာင္ ထည္႔မစဥ္းစားျဖစ္ေတာ႔ ပဲျဖည္႔ဆည္းေပးျပီးခ်စ္ေနရတာေလးကိုသာ ျကည္နူးေနတတ္ျကတာပါ။ ကိုယ္လုပ္ေပးလုိက္ရတဲ႔အရာေတြအတြက္လည္းဘယ္ေတာ႔မွနစ္နာတယ္ ေအာက္က်တယ္လုိ႕မေတြးတတ္ျကပါဘူး။
(၅) ကိုယ္႔ေကာင္းက်ိဳးထက္သူ႕ေကာင္းက်ိဳးကိုပိုဦးစားေပးတတ္တယ္
လူေတာ္ေတာ္မ်ားမ်ားမွာ အတၱစိတ္နဲ႕ငါဆိုတဲ႔စိတ္ျကီးဟာအျမဲလိုလိုစိုးမိုးေနတတ္ျကျပီး ကိုယ္႔အတြက္သာကိုယ္ျကည္႔တတ္ျကတာသဘာ၀ပါပဲ။ ဒီလို ခ်ိန္မွာ ကိုယ္ဘ၀ထက္ကိုယ္႔အသက္ထက္ ကိုယ္႔ခံစားခ်က္ထက္ အရာရာထက္ကိုပိုျပီး ကိုယ္ခ်စ္ရသူရဲ႕ေကာင္းက်ိဳးအတြက္ကိုပဲစဥ္းစားေပးတတ္ေနျပီဆိုရင္ေတာ႔ဒီလူတစ္ေယာက္ေပၚထားတဲ႔မင္းရဲ႕စိတ္ခံစားခ်က္ဟာခ်စ္တာထက္ပိုသြားပါျပီ။
ဒီအေပၚကအခ်က္ေလးေတြကို လူတစ္ေယာက္ေပၚမွာသင္ဟာ ခံစားေနရျပီဆိုရင္ဒါဟာအခ်စ္သက္သက္မဟုတ္ပဲ အခ်စ္ထက္ပိုမိုနက္ရိႈင္းတဲ႔ျကီးမားလွတဲ႔ ေမတၱာတရားျကီးျဖစ္ေပၚေနျပီဆိုတာသိလုိက္ပါ…တစ္ခ်ိဳ႕အခ်စ္ေတြဟာခ်စ္တယ္ေျပာေနစရာမလိုပဲ အခ်စ္ထက္ပိုတဲ႔ နက္ရႈိင္းတဲ႔ေမတၱာတရားေတြမလို႕ ဒီလုိေမတၱာမ်ိဳးကိုပိုင္ဆုိင္ထားရရင္လက္မလႊတ္ပဲ တန္ဖိုးထားနုိင္ျကေစဖုိ႕ဆုေတာင္းရင္း…

Unicode

လူတိုင်းဟာ တစ်စုံတစ်ခုသောအရာတွေ တစ်စုံတစ်ယောက်သောသူတွေကို ကြိုက်တတ်ချစ်တတ်ကြတာသဘာဝပါပဲ။ တစ်ယောက်ယောက်ကိုကြိုက်ဖို့ဆိုတာလည်းခဲယဉ်းသလိုချစ်လာဖို့ဆိုတာကလည်းခက်ခဲလှပါတယ်။ ဒီလိုခက်ခဲတဲ့ ချစ်ခြင်းမေတ္တာထက်ကိုပိုတဲ့ အရာကမေတ္တာတရားပါ။ သင်ဟာတစ်စုံတစ်ယောက်ပေါ် အချစ်ထက်ပိုတယ်ဆိုတာဟုတ်မဟုတ်သိစေဖို့…
(၁) နားလည်မှုရှိတယ်
လူတစ်ယောက်ပေါ်တကယ်တမ်းနားလည်ပေးနိုင်ဖို့ဆိုလွယ်တော့မလွယ်ကူပါဘူး။ အပေါ်ယံနားလည်တာမျိုးမဟုတ်ပဲ အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ်ကိစ္စမှန်သမျှကိုနားလည်တဲ့စိတ်နဲ့
ကြည့်ပေးတတ်တာဟာဒီလူတစ်ယောက်ပေါ်ကိုယ်စိတ်ကဘယ်လောက်နက်ရှိုင်းနေသလဲဆိုတာသိသာနေပါပြီ။
(၂) ကိုယ့်ရဲ့အကျင့်တွေကိုပြောင်းလဲလာတယ်
လူတိုင်းမှာ ဖျောက်ဖျက်ရခက်ခဲတဲ့ အကျင့်တွေ ပြင်ရခက်တဲ့ စရိုက်တွေရှိကြပေမဲ့ ဒီလူတစ်ယောက်ကြောင့်ဒီအရာတွေကိုလုံးဝကိုပြုပြင်ပြောင်းလဲနိုင်သွားခဲ့တာမျိုးပါ။ ဒါဆိုရင်တော့သင့်အချစ်ကအင်မတန်ကိုလေးနက်လွန်းနေပါပြီ။
(၃) သည်းခံဖို့ကြိုးစားတယ်
သွေးနဲ့ကိုယ်သားနဲ့ကိုယ်တည်ဆောက်ထားတဲ့လူတိုင်းမခံချင်စိတ်ဒေါသစိတ်တွေအနည်းနဲ့အများတော့ရှိတတ်ကြပေမဲ့ ကိုယ်ချစ်ရတဲ့သူတစ်ယောက်အတွက်ဆို အမြဲလိုလိုသည်းခံစိတ်နဲ့ဖြေဖျောက်နိုင်ခဲ့ရင် ဒီလူဟာမင်းဘဝအတွက်မရှိမဖြစ်လိုအပ်နေတဲ့သူဆိုတာသေချာနေပါပြီ။
(၄) အောက်ကျတယ်လို့မခံစားရဘူး
ကိုယ်ချစ်တဲ့သူကိုပေးဆပ်ဖို့ ၊ သူ့အတွက်ဘယ်အရာမဆိုလုပ်ပေးဖို့ကိုအဆင်သင့်ဖြစ်နေတတ်ကြပါတယ်။ မာနတွေသိက္ခာတရားတွေ ဆိုတာတောင် ထည့်မစဉ်းစားဖြစ်တော့ ပဲဖြည့်ဆည်းပေးပြီးချစ်နေရတာလေးကိုသာ ကြည်နူးနေတတ်ကြတာပါ။ ကိုယ်လုပ်ပေးလိုက်ရတဲ့အရာတွေအတွက်လည်းဘယ်တော့မှနစ်နာတယ် အောက်ကျတယ်လို့မတွေးတတ်ကြပါဘူး။
(၅) ကိုယ့်ကောင်းကျိုးထက်သူ့ကောင်းကျိုးကိုပိုဦးစားပေးတတ်တယ်
လူတော်တော်များများမှာ အတ္တစိတ်နဲ့ငါဆိုတဲ့စိတ်ကြီးဟာအမြဲလိုလိုစိုးမိုးနေတတ်ကြပြီး ကိုယ့်အတွက်သာကိုယ်ကြည့်တတ်ကြတာသဘာဝပါပဲ။ ဒီလို ချိန်မှာ ကိုယ်ဘဝထက်ကိုယ့်အသက်ထက် ကိုယ့်ခံစားချက်ထက် အရာရာထက်ကိုပိုပြီး ကိုယ်ချစ်ရသူရဲ့ကောင်းကျိုးအတွက်ကိုပဲစဉ်းစားပေးတတ်နေပြီဆိုရင်တော့ဒီလူတစ်ယောက်ပေါ်ထားတဲ့မင်းရဲ့စိတ်ခံစားချက်ဟာချစ်တာထက်ပိုသွားပါပြီ။
ဒီအပေါ်ကအချက်လေးတွေကို လူတစ်ယောက်ပေါ်မှာသင်ဟာ ခံစားနေရပြီဆိုရင်ဒါဟာအချစ်သက်သက်မဟုတ်ပဲ အချစ်ထက်ပိုမိုနက်ရှိုင်းတဲ့ကြီးမားလှတဲ့ မေတ္တာတရားကြီးဖြစ်ပေါ်နေပြီဆိုတာသိလိုက်ပါ…တစ်ချို့အချစ်တွေဟာချစ်တယ်ပြောနေစရာမလိုပဲ အချစ်ထက်ပိုတဲ့ နက်ရှိုင်းတဲ့မေတ္တာတရားတွေမလို့ ဒီလိုမေတ္တာမျိုးကိုပိုင်ဆိုင်ထားရရင်လက်မလွှတ်ပဲ တန်ဖိုးထားနိုင်ကြစေဖို့ဆုတောင်းရင်း…

1 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.