သင်ဟာမိန်းကလေးတစ်ယောက်ဆိုရင်သင့်ရဲ့ခန္ဓာကိုယ်မှသံဓာတ်ချို့ယွင်းနေပြီဆိုရင်ဘယ်အချက်တွေကသိသာစေသလဲ
သားအိမ်ရှိတဲ့နေရာနားကနေမကြာခဏနာကျင်တတ်တာမျိုး၊ ရာသီသွေးမဟုတ်ပဲ ရိုးရိုးပေါ့သွားတာနဲ့တင် သွေးပါလာတတ်တာမျိုးတွေကလည်းသင့်မှာ သံဓာတ်တွေအင်မတန်လျော့နေတယ်ဆိုတာကို သက်သေပြတဲ့အရာတွေပါပဲ။
(၇) လျှာတွေဖြူတယ်
Unicode
မိန်းကလေးတစ်ယောက်အတွက်သံဓာတ်ဟာမရှိမဖြစ်အလိုအရာပါလှတဲ့ဓာတ်တစ်မျိုးပါ။ မိန်းကလေးတော်တေ်ာများများ သံဓာတ်နည်းရင်ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာလေးတွေကို ကျန်းမာရေ အသိပညာတစ်ခုအဖြစ်သိရှိစေရန်ရည်ရွယ်ပြီးဖော်ပြပေးလိုက်ပါတယ်…
(၁) အမြဲလိုလိုအိပ်ချင်ပြီးသမ်းနေတတ်တယ်
အိပ်ရေးပျက်တာမျိုးလည်းမရှိပဲ ဒီတိုင်းနေရင်းကို မကြာခဏအိပ်ချင်စိတ်ဖြစ်ပြီးတစ်ဝါးဝါးသမ်းနေပြီဆိုရင်တော့ သင့်မှာလုံလောက်တဲ့သံဓာတ်မရရှိလို့ပါ။
(၂) ဖြူဖက်ဖြူရော်မျက်နှာအသားရည်ကိုပိုင်ဆိုင်ထားတယ်
သံဓာတ်အားနည်းတယ်ဆိုတာသွေးနည်းနည်းတာနဲ့တူတူပါပဲ။ ဒါကြောင့်သံဓာတ်နည်းတဲ့အမျိုးသမီးတွေရဲ့မျက်နှာဟာရှိသင့်တဲ့သွေးရောင်ဖုံးလွှမ်းမနေပဲ ဖြူဖက်ဖြူရော်ဖြစ်နေပြီဆိုရင်တော့ သံဓာတ်အားဆေးတစ်ချို့ကိုမှီဝဲတာမျိုး သံဓာတ်ပါတဲ့အစားစာတွေစားသုံးတာမျိုးလုပ်ဆောင်သင့်ပါတယ်။
(၃) ခေါင်းတွေမူးဝေတတ်တယ်
ခေါင်းကိုက်တာမျိုးမဟုတ်ပဲ တစ်ရိပ်ရိပ်နဲ့ မူးဝေသွားတတ်တာမျိုးဟာလည်းသံဓာတ်အားနည်းခြင်းတစ်မျိုးပါပဲ။
(၄) နှလုံးခုန်နှုန်းကသာမန်ထက်ပိုမြန်တယ်
နှလုံးခုန်နှုန်းဟာပုံမှန်ရှိသင့်တဲ့ အမြန်နှုန်းထက်ပိုမိုမြန်ဆန်နေတတ်ပြီး တော်ရုံ အမောမခံနိုင်တာမျိုး တော်ရုံအပင်ပန်းမခံနိင်တာမျိုးဖြစ်တတ်ပါတယ်။ အသက်ရွယ်နဲ့မလိုက်အောင် မောပန်းတတ်ပြီး နှလုံးခုန်နှုန်းကလည်း လိုတာထက်ပိုပြီးမြန်လာပြီဆိုရင်တော့ သံဓာတ်အားနည်းနေတာသေချာသလောက်ပါပဲ။
(၅) ဆံပင်နဲ့အသားရည်ဟာတစ်နေ့တစ်ခြားပိုပိုပျက်စီးခြင်းမြန်ဆန်လာတယ်
သံဓာတ်အားနည်းတဲ့အမျိုးသမီးတွေကသာမန်သူတွေထက် ဆံပင်ပိုကျွတ်လွယ်တတ်ကြပါတယ်။ ဒါ့အပြင်ဆံသားခြောက်တာတွေ ဆံပင်မသန်တာမျိုးတွေဖြစ်တတ်ပြီး အသားရည်ဟာလည်းမွဲခြောက်နေတတ်ကြပါတယ်။ဒါဟာလည်း သံဓာတ်အားနည်းခြင်းလက္ခဏာတစ်ရပ်ပါပဲ။
(၆) သားအိမ်နားကမကြာခဏနာတတ်ပြီး ဆီးထဲသွေးပါတတ်တယ်
သားအိမ်ရှိတဲ့နေရာနားကနေမကြာခဏနာကျင်တတ်တာမျိုး၊ ရာသီသွေးမဟုတ်ပဲ ရို်းရိုးပေါ့သွားတာနဲ့တင် သွေးပါလာတတ်တာမျိုးတွေကလည်းသင့်မှာ သံဓာတ်တွေအင်မတန်လျော့နေတယ်ဆိုတာကို သက်သေပြတဲ့အရာတွေပါပဲ။
(၇) လျှာတွေဖြူတယ်
လျှာရဲ့အရောင်ဟာ ပန်းရောင်သမ်းပြီးရဲတဲတဲလေးဖြစ်နေတာမျိုးမဟုတ်ပဲ အချိန်တိုင်းဖြူဖွေးနေရင်တော့ ဒါဟာလည်းသံဓာတ်အားနည်းလွန်းလို့ဖြစ်ပေါ်တဲ့လက္ခဏာတစ်ရပ်ပါပဲ။
.မိန်းကလေးတိုင်းသံဓာတ်ပြည့်ဝကြပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းရင်း…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.