နာမည်ကျော်အနုပညာရှင်တွေဆိုပေမဲ့ အထာတွေမရှိတဲ့ Bromance ဖြစ်ကြောင်းပြသလိုက်တဲ့သူတို့သုံးယောက်
Unicode
တောင်ကိုရီးယားနိုင်ငံရဲ ့တက်သစ်စမင်းသားတွေထဲမှာ အောင်မြင်မှုအတန်အသင့်ရရှိနေပြီဖြစ်တဲ့ မင်းသားချော Park Hyung Sik နဲ့Park Seo Joon တို့က ရုပ်ရှင်ထဲမှာတင်မဟုတ်အပြင်မှာလည်းအခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ပါတယ်။သူတို့နဲ့ရင်းနှီးတဲ့နောက်ထပ်သူငယ်ချင်းတစ်ယောက်ကတော ့ နာမည်ကျော်အဆိုတော် အဖွဲ့ BTS ရဲ ့အဖွဲ့ဝင် V ပါ။အချစ်ဆုံးသူငယ်ချင်းသုံးယောက်ဆိုလားပဲ <3
သူတို့သုံးယောက်က KBS drama ဖြစ်တဲ့ “Hwarang”ဇာတ်လမ်းတွဲရိုက်ကူးစဉ် ၂၀၁၆ခုနှစ်တည်းကနေ စပြီးသူငယ်ချင်းတွေဖြစ်ခဲ့ကြတာပါ။မကြာသေးခင်ကတော့ မင်းသားချော Park Hyung Sik ဟာ သူငယ်ချင်းဖြစ်သူ Park Seo Joon ရဲ ့ရိုက်ကွင်းကို အစားအသောက်ကားကြီးတစ်စီးပို့ပေးခဲ့တယ်လို့သိရပါတယ်။Park Seo Joon ဟာ အခုလတ်တလောမှာ What’s Wrong With Secretary Kim ဆိုတဲ့ဇာတ်ကားကို
မင်းသမီးချော Park Min-young နဲ့တွဲဖက်ရိုက်ကူးနေတာဖြစ်ပါတယ်။Park Hyung Sik ဟာလည်း Suits ဇာတ်ကားကို မင်းသားကြီးJang Dong Gun နဲ့တွဲဖက်ရိုက်ကူးနေတာဖြစ်ပေမဲ့ သူငယ်ချင်းဖြစ်သူကို အားပေးဖို့လည်းမမေ့ပါဘူး။
လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း Park Hyung Sik နဲ့ Park Seo Joon တို့က တွေ့ဆုံခဲ့ကြပါသေးတယ်။သူ့ရဲ့ဆိုရှယ်မီဒီယာမှာKang & Ham ကုမ္ပဏီရဲ ့အထူးဖောက်သည်အဖွဲ့ဝင်အဖြစ်အောင်မြင်စွာကမ်းလှမ်းနိုင်ခဲ့ပြီဆိုတဲ့စာလေးနဲ့အတူ Park Hyung Sik က သူတို့နှစ်ယောက်ရဲ ့ပုံကိုတင်ထားခဲ့တာဖြစ်ပါတယ်။ Kang & Ham ဟာ လက်ရှိသူရိုက်ကူးနေတဲ့ Suits ဇာတ်ကားထဲက ရှေ့နေကုမ္ပဏီပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားထဲမှာ Park Hyung Sikကအင်မတန်ကောင်းမွန်ပြီးထက်မြက်တဲ့ဦးနှောက် စွမ်းရည် ကိုပိုင်ဆိုင်ထားသူ၊အရည်အချင်းရှိထက်မြက်တဲ့ ရှေ့နေ Jang Dong Gun ကိုယ်တိုင်တွဲဖက်အဖြစ်ရွေးချယ်ထားခြင်းခံရတဲ့ရှေ့နေတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်
ထားတာဖြစ်ပါတယ်။
Park Hyung Sik က V ဟာ သူ့ရဲ့နောက်ထပ်ကမ်းလှမ်းသိမ်းသွင်းရမယ့်ပစ်မှတ် တစ်ခုပဲလို့ရေးသား ထားပြီး V ရဲ ့ပုံကိုလည်းတင်ထားပါသေးတယ်။သူငယ်ချင်းသုံးယောက်က အင်စတာဂရမ်မှာလည်း ပုံတွေအများကြီးတင်ထားတာမြင်တွေ့ရပါတယ်။
134 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.