ရူးေလာက္ေအာင္လွပလြန္းတဲ႔ ပန္းေရာင္ပင္လယ္ကမ္းေျခေတြဆိုတာ…

ပင္လယ္ကမ္းေျခလုိ႔ေျပာလိုက္ရင္ မသြားခ်င္တဲ႔သူဆုိတာမရွိေလာက္ေအာင္လွပတဲ ႔ေနရာတစ္ခုပါ။ကမာၻအႏွံ႔မွာ လွပလြန္းတဲ႔ပင္လယ္ကမ္းေျခေတြအမ်ားၾကီးရွိပါတယ္။ အဲ႔ဒီလုိ ကမ္းေျခေတြၾကားကေန ထူးထူးျခားျခားပန္းေရာင္သမ္းေနတဲ႔ကမ္းေျခေတြလည္း ရွိပါသတဲ႔။ျမင္ေနက် သဲေသာင္ျပင္ေတြလိုမဟုတ္ပဲရူးေလာက္ေအာင္ လွပလြန္းတဲ႔ ပန္းေရာင္ပင္လယ္ကမ္းေျခေတြက ဘယ္ေနရာေတြမွာရွိေနတာလဲဆုိရင္…

၁)Elafonisi Beach
ဂရိကြ်န္းဆြယ္တစ္ခုျဖစ္တဲ႔ Elafonisi ကြ်န္းဟာ ေပ်ာက္ဆံုးေနတဲ႔အလွအပရတနာတစ္ခုပါပဲ။ ပံုထဲမွာျမင္ေတ႔ြရတဲ႔အတိုင္း ပန္းေရာင္သဲေတြနဲ႔ကမ္းေျခကုိအလွဆင္ေနပါတယ္။ ကေလးေတြအတြက္ေတာ့ ေပ်ာ္စရာကစားကြင္းၾကီးတစ္ခုေပါ့။

၂)Spiaggia Rosa of Budelli
အီတလီႏုိင္ငံရဲ ႔ ကြ်န္းတစ္ကြ်န္းျဖစ္တဲ႔ Budelli ရဲ ႔ကမ္းေျခဟာလည္းတစ္ေနကုန္ထိုင္ၾကည့္ေနရင္ ေတာင္ မရိုးတဲ႔ကမ္းေျခတစ္ခုပါ။သဲေသာင္ျပင္တစ္ခုလံုးပန္းေရာင္သမ္းေနျပီး ကမာၻေပၚက အလွပဆံုးပန္းေရာင္ကမ္းေျခတစ္ခုအျဖစ္နာမည္ၾကီးပါတယ္။

၃)Komodo
အင္ဒုိနီးရွားႏုိင္ငံရဲ ႔ကြ်န္းေပါင္း ၁၇၅၀၈ ကြ်န္းမွာ တစ္ကြ်န္းအပါအ၀င္ျဖစ္တဲ႔ Komodo ကြ်န္းဟာလည္း သဘာ၀ပန္းျခံဥယ်ာဥ္တစ္ခုအျဖစ္နာမည္ၾကီးပါတယ္။ႏူးည့ံျပီးပန္းေရာင္ သဖြယ္ျဖစ္ေနတဲ့သဲေသာင္ျပင္ကလည္း ကြ်န္းရဲ ႔အလွကုိပံ႔ပုိးေနပါတယ္။ေက်ာက္ဆြယ္ေတြ၊
တ၀ုန္း၀ုန္းတက္လာတဲ႔ေရလိႈင္းေတြ၊ပန္းေရာင္သဲေသာင္ျပင္ေတြကုိပုိင္ဆုိင္ထားတဲ႔ ကမ္းေျခကုိ ဘယ္သူကမ်ားမသြားခ်င္ပဲေနမွာလဲေနာ္။

၄)Horseshoe Bay Beach Bermuda
အတၱလႏၱိတ္သမုဒၵရာရဲ ႔ေျမာက္ဘက္ကမ္းရုိးတန္းကြ်န္းတစ္ကြ်န္းျဖစ္တဲ႔ Bermuda ဟာလည္း ပန္းႏုေရာင္သမ္းေနတ႔ဲသဲေတြေၾကာင့္ကမာၻလွည့္ခရီးသြားေတြမ်က္စိက်ေနတဲ႔ကမ္းေျခတစ္ခုပါ။ေသာင္ျပင္တစ္ေလ်ွာက္ ေရလိႈင္းကသယ္ေဆာင္လာတဲ႔ ခရုခြံေတြ၊သႏာၱေက်ာက္အပုိင္းအစေတြ
က ပန္းေရာင္သဲေတြနဲ႔ေရာေႏွာျပီး လွပလြန္းတဲ႔ပန္းခ်ီကားတစ္ခ်ပ္လိုျဖစ္ေနပါတယ္။ညေနပုိင္းေလး ကမ္းေျခတစ္ေလ်ွာက္လမ္းေလ်ွာက္ရင္ဘယ္လိုေတာင္ၾကည္ႏူးေက်နပ္စရာေကာင္းမွာလဲ ေတြးၾကည့္လို႔ေတာင္မ၀ပါဘူး။

၅)Great Santa Cruz Island
ဖိလစ္ပုိင္နုိင္ငံရဲ ႔Great Santa Cruz ကြ်န္းဟာ Zamboanga ျမိဳ႔မွာတည္ရွိပါတယ္။ ဒီကမ္းေျခဟာလည္း ဖိလစ္ပုိင္နုိင္ငံရဲ ႔အလွရတနာတစ္ခုပါ။ဖိလစ္ပုိင္ႏုိင္ငံဟာ လွပတဲ႔ကမ္းေျခေတြအမ်ားအျပားရွိတဲ႔ႏုိင္ငံတစ္ခုပါ။ဒါေပမဲ႔ ပန္းေရာင္ပင္လယ္ကမ္းေျခကေတာ့ Great Santa Cruz ကြ်န္းတစ္ခုပဲရွိပါတယ္။ပန္းေရာင္နဲ႔အနီေရာင္ေရာစပ္ထားသလုိ သဲေတြရွိတဲ႔ကြ်န္းဟာ ကမာၻလွည့္ခရီးသြားေတြအတြက္အနားယူအပန္းေျဖစရာေကာင္းတဲ႔
ကြ်န္းတစ္ကြ်န္းျဖစ္ေနေတာ့တာပါပဲ။

၆)Balos Lagoon Beach
ဂရိကြ်န္းဆြယ္တစ္ခုျဖစ္တဲ႔ Balos Lagoonကြ်န္းရဲ႔ကမ္းေျခဟာလည္း ပန္းေရာင္သဲေသာင္ျပင္နဲ႔ ပနံသင့္လွပေနပါတယ္။ကမ္းေျခအနားစပ္တစ္ေလ်ွာက္မွာခရုခြံေတြ၊သႏာၱေက်ာက္ေတြ ၊ေက်ာက္စရစ္အပိုင္းအစေတြက ပန္းေရာင္သဲေသာင္ျပင္မွာ အလွဆင္ေနပါတယ္။ ေက်ာက္စြန္းေတြ၊ေက်ာက္တံုးၾကီးေတြကလည္းေဘးနားမွာျခံရံေနတဲ႔အတြက္ ဓာတ္ပံုလွလွေလးရိုက္ခ်င္တဲ႔သူေတြအတြက္ အေကာင္းဆံုးကမ္းေျခအလွပံုေလးေတြ ရရွိမွာအမွန္ပါပဲ။

၇)Barbuda and Antigua
ကာေရဘီယန္ပင္လယ္နဲ႔အတၱလႏၱိတ္သမုဒၵရာၾကားမွာတည္ရွိတဲ႔ Barbuda ကြ်န္းဟာ အျမြာကြ်န္းလို႔နာမည္ၾကီးတဲ႔ Barbuda and Antigua ထဲက ကြ်န္းတစ္ခုေပါ့။ ပင္လယ္ေရစပ္တစ္ေလ်ွာက္မွာ ပန္းေရာင္သမ္းေနတဲ႔သဲေသာင္ျပင္ၾကီးနဲ႔အလွဆင္ထားတဲ႔ Barbuda ကြ်န္းဟာ ခရီးသြားေတြကုိဆြဲေဆာင္ႏုိင္တဲ႔ ကြ်န္းတစ္ခုလည္း ျဖစ္ပါတယ္။

Unicode

ပင်လယ်ကမ်းခြေလို့ပြောလိုက်ရင် မသွားချင်တဲ့သူဆိုတာမရှိလောက်အောင်လှပတဲ ့နေရာတစ်ခုပါ။ကမ္ဘာအနှံ့မှာ လှပလွန်းတဲ့ပင်လယ်ကမ်းခြေတွေအများကြီးရှိပါတယ်။ အဲ့ဒီလို ကမ်းခြေတွေကြားကနေ ထူးထူးခြားခြားပန်းရောင်သမ်းနေတဲ့ကမ်းခြေတွေလည်း ရှိပါသတဲ့။မြင်နေကျ သဲသောင်ပြင်တွေလိုမဟုတ်ပဲရူးလောက်အောင် လှပလွန်းတဲ့ ပန်းရောင်ပင်လယ်ကမ်းခြေတွေက ဘယ်နေရာတွေမှာရှိနေတာလဲဆိုရင်…

၁)Elafonisi Beach
ဂရိကျွန်းဆွယ်တစ်ခုဖြစ်တဲ့ Elafonisi ကျွန်းဟာ ပျောက်ဆုံးနေတဲ့အလှအပရတနာတစ်ခုပါပဲ။ ပုံထဲမှာမြင်တွေ့ရတဲ့အတိုင်း ပန်းရောင်သဲတွေနဲ့ကမ်းခြေကိုအလှဆင်နေပါတယ်။ ကလေးတွေအတွက်တော့ ပျော်စရာကစားကွင်းကြီးတစ်ခုပေါ့။

၂)Spiaggia Rosa of Budelli
အီတလီနိုင်ငံရဲ ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ Budelli ရဲ ့ကမ်းခြေဟာလည်းတစ်နေကုန်ထိုင်ကြည့်နေရင် တောင် မရိုးတဲ့ကမ်းခြေတစ်ခုပါ။သဲသောင်ပြင်တစ်ခုလုံးပန်းရောင်သမ်းနေပြီး ကမ္ဘာပေါ်က အလှပဆုံးပန်းရောင်ကမ်းခြေတစ်ခုအဖြစ်နာမည်ကြီးပါတယ်။

၃)Komodo
အင်ဒိုနီးရှားနိုင်ငံရဲ ့ကျွန်းပေါင်း ၁၇၅၀၈ ကျွန်းမှာ တစ်ကျွန်းအပါအဝင်ဖြစ်တဲ့ Komodo ကျွန်းဟာလည်း သဘာဝပန်းခြံဥယျာဉ်တစ်ခုအဖြစ်နာမည်ကြီးပါတယ်။နူးည့ံပြီးပန်းရောင် သဖွယ်ဖြစ်နေတဲ့သဲသောင်ပြင်ကလည်း ကျွန်းရဲ ့အလှကိုပံ့ပိုးနေပါတယ်။ကျောက်ဆွယ်တွေ၊
တဝုန်းဝုန်းတက်လာတဲ့ရေလှိုင်းတွေ၊ပန်းရောင်သဲသောင်ပြင်တွေကိုပိုင်ဆိုင်ထားတဲ့ ကမ်းခြေကို ဘယ်သူကများမသွားချင်ပဲနေမှာလဲနော်။

၄)Horseshoe Bay Beach Bermuda
အတ္တလန္တိတ်သမုဒ္ဒရာရဲ ့မြောက်ဘက်ကမ်းရိုးတန်းကျွန်းတစ်ကျွန်းဖြစ်တဲ့ Bermuda ဟာလည်း ပန်းနုရောင်သမ်းနေတဲ့သဲတွေကြောင့်ကမ္ဘာလှည့်ခရီးသွားတွေမျက်စိကျနေတဲ့ကမ်းခြေတစ်ခုပါ။သောင်ပြင်တစ်လျှောက် ရေလှိုင်းကသယ်ဆောင်လာတဲ့ ခရုခွံတွေ၊သန္တာကျောက်အပိုင်းအစတွေ
က ပန်းရောင်သဲတွေနဲ့ရောနှောပြီး လှပလွန်းတဲ့ပန်းချီကားတစ်ချပ်လိုဖြစ်နေပါတယ်။ညနေပိုင်းလေး ကမ်းခြေတစ်လျှောက်လမ်းလျှောက်ရင်ဘယ်လိုတောင်ကြည်နူးကျေနပ်စရာကောင်းမှာလဲ တွေးကြည့်လို့တောင်မဝပါဘူး။

၅)Great Santa Cruz Island
ဖိလစ်ပိုင်နိုင်ငံရဲ ့Great Santa Cruz ကျွန်းဟာ Zamboanga မြို့မှာတည်ရှိပါတယ်။ ဒီကမ်းခြေဟာလည်း ဖိလစ်ပိုင်နိုင်ငံရဲ ့အလှရတနာတစ်ခုပါ။ဖိလစ်ပိုင်နိုင်ငံဟာ လှပတဲ့ကမ်းခြေတွေအများအပြားရှိတဲ့နိုင်ငံတစ်ခုပါ။ဒါပေမဲ့ ပန်းရောင်ပင်လယ်ကမ်းခြေကတော့ Great Santa Cruz ကျွန်းတစ်ခုပဲရှိပါတယ်။ပန်းရောင်နဲ့အနီရောင်ရောစပ်ထားသလို သဲတွေရှိတဲ့ကျွန်းဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက်အနားယူအပန်းဖြေစရာကောင်းတဲ့
ကျွန်းတစ်ကျွန်းဖြစ်နေတော့တာပါပဲ။

၆)Balos Lagoon Beach
ဂရိကျွန်းဆွယ်တစ်ခုဖြစ်တဲ့ Balos Lagoonကျွန်းရဲ့ကမ်းခြေဟာလည်း ပန်းရောင်သဲသောင်ပြင်နဲ့ ပနံသင့်လှပနေပါတယ်။ကမ်းခြေအနားစပ်တစ်လျှောက်မှာခရုခွံတွေ၊သန္တာကျောက်တွေ ၊ကျောက်စရစ်အပိုင်းအစတွေက ပန်းရောင်သဲသောင်ပြင်မှာ အလှဆင်နေပါတယ်။ ကျောက်စွန်းတွေ၊ကျောက်တုံးကြီးတွေကလည်းဘေးနားမှာခြံရံနေတဲ့အတွက် ဓာတ်ပုံလှလှလေးရိုက်ချင်တဲ့သူတွေအတွက် အကောင်းဆုံးကမ်းခြေအလှပုံလေးတွေ ရရှိမှာအမှန်ပါပဲ။

၇)Barbuda and Antigua
ကာရေဘီယန်ပင်လယ်နဲ့အတ္တလန္တိတ်သမုဒ္ဒရာကြားမှာတည်ရှိတဲ့ Barbuda ကျွန်းဟာ အမြွာကျွန်းလို့နာမည်ကြီးတဲ့ Barbuda and Antigua ထဲက ကျွန်းတစ်ခုပေါ့။ ပင်လယ်ရေစပ်တစ်လျှောက်မှာ ပန်းရောင်သမ်းနေတဲ့သဲသောင်ပြင်ကြီးနဲ့အလှဆင်ထားတဲ့ Barbuda ကျွန်းဟာ ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ ကျွန်းတစ်ခုလည်း ဖြစ်ပါတယ်။

94 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.