ဒီလိုအခြေအနေလေးတွေ ကြုံလာတဲ့အခါ ဒါလေးတွေသိထားဖို့လို

အရေးပေါ်အခြေအနေဆိုတာ အချိန်မရွေး ၊ နေရာမရွေး ဘယ်သူမဆို ကြုံလာနိုင်ပါတယ်။ ဖြစ်လာတဲ့အခါ ပူထူမနေဘဲ ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်ဖို့ ဒီနည်းလမ်းလေးတွေက လူတိုင်းအတွက် အသုံးဝင်စေလိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ်တိုင်ပဲဖြစ်ဖြစ် ၊ ပတ်ဝန်းကျင်မှလူတွေ အရေးပေါ်အခြေအနေကြုံတဲ့အခါ အမြန်ကူညီဖြေရှင်းပေးနိုင်ပြီပေါ့။

ဓာတ်လိုက်ခြင်း


သင့်အနီးနားက လူတစ်ယောက်ဓာတ်လိုက်နေပြီဆိုရင် သူ့ကို ထိုနေရာကနေ သင့်ရဲ့လက်ဘလာနဲ့ မတွန်းထုတ်လိုက်ပါနဲ့။ သင့်အတွက်ပါ အန္တရာယ်များပါတယ်။ ချက်ချင်း အဓိကမိန်းခလုတ်ကြီးကို သွားပိတ်လိုက်ပါ။ လျှပ်စစ်ဓာတ် မစီးကူးနိုင်တဲ့ ပစ္စည်းတစ်ခုခုနဲ့ ဓာတ်လိုက်နေသူကို တွန်းထုတ်ပါ။ (ဥပမာ – သစ်သားတုတ်၊ တံမြက်စည်း ) ဒီထက်ပိုပြီး အချိန်မြန်ချင်တယ်ဆိုရင် သူ့ရဲ့အကျီ င်္ကိုအနောက်ကနေ လှမ်းဆွဲလိုက်ပါ။

  • အန္တရာယ်သိမရှိဘူးဆိုရင် လူကိုသွားမထိပါနဲ့။ အရေးပေါ်ဆေးရုံကားခေါ်ပါ။ တကယ်လို့ အရမ်းအန္တရာယ်ရှိတဲ့ပုံပေါ်နေရင် ဓာတ်လိုက်နေတဲ့ နေရာကနေ သူ့ကို အနည်းဆုံး ပေ(၃ဝ)အကွာထိ တွန်းထုတ်လိုက်ပါ။

လက်မှာ မီးအပူလောင်သွားရင်


တော်တော်များများက လက်မှာ မီးအပူလောင်သွားရင် ကရင်မ်တစ်ခုဖြစ်ဖြစ် ထောပတ်နဲ့ အပူလောင်သွားတဲ့နေရာကို ပွတ်တတ်ကြပါတယ်။ ဒီနည်းလမ်းဟာ လုံးဝလွှဲမှားပါတယ်။ ဒေါက်တာများကတော့ ဒီနည်းလမ်းဟာ ပိုပြီးရောဂါပိုးတွေ ကူးစက်နိုင်တယ်လို့ ဆိုထားပါတယ်။
– မီးအပူလောင်သွားတဲ့အခါ အရေပြားကိုအေးသွားအောင် လုပ်ဖို့လိုပါတယ်။ ရေအေး (သို့) အေးခဲတဲ့အရာတစ်ခုခုနဲ့ လောင်သွားတဲ့နေရာကို အရင်ဆုံးအေးအောင်လုပ်ပါ။
– ရေကြည်ဖုလေးထွက်လာတယ်ဆိုရင် သွားပြီးမဖောက်လိုက်ပါနဲ့
– ရေကြည်ဖုက သူ့ဘာသာပျက်ဆီးပြီး ပေါက်ထွက်သွားရင် ရေကိုဆက်မသုံးပါနဲ့။ အနာကမြုံသွားတယ်ဆိုရင် ဆေးဆိုင်တိုင်းမှာ အလွယ်တကူရရှိနိုင်တဲ့ မီးပူလောင်ခြင်းအတွက်သက်သာစေတဲ့ ဆပ်ပြာအမြှုပ်ကောင်းကောင်းနဲ့ အနာကျက်အောင် ကုသနိုင်ပါတယ်။

သွေးလွှတ်ကြောနား ဓားရှမိတဲ့အခါ

သွေးလွှတ်ကြောနား ဓားရှတဲ့အခါ သွေးတွေ အများကြီးတားမရအောင် ထွက်လာနိုင်ပါတယ်။
– သွေးတွေအများကြီးထွက်လာပြီဆိုရင် သွေးလွှတ်ကြောအပေါ်နားက တတ်နိုင်သလောက်ဖိထားပြီး ပတ်တီးစည်းထားဖို့လိုပါတယ်။ ဒါပေမယ့် တစ်ခုသတိပြုရမှာက သူ့ကို ၁နာရီကျော်ကြာအောင် စည်းထားလို့မရပါဘူး။ မိနစ်၃ဝကျော်တိုင်း အနည်းငယ်ဖြေပေးပြီးမှ ပြန်စည်းပေးပါ။ ပိုပြီး အန္တရာယ်ကင်းအောင် ဆေးရုံကားခေါ်ပေးပါ။

ခေါင်းထိခိုက်မိခြင်း


ခေါင်းကို အပြင်းထန်ထိခိုက်မိသွားပြီိဆိုရင်
– ဆေးရုံကား အမြန်ခေါ်ပါ။ ဆေးရုံကားမရောက်ခင် ခေါင်းထိထားတဲ့သူကို သက်တောင့်သက်သာအနေထားနဲ့ ထိုင်ခိုင်းပြီး ဘောင်းဘီကျပ်နေရင် ချောင်သွားအောင် ဖြေလျော့ပေးပါ။ လူနာက ရေဆာရင် အအေး(သို့) ရေအနည်းငယ်သောက်ပါ။ အက်စပရင်ဆေးကို သွားမသုံးလိုက်ပါနဲ့။

နှာခေါင်းသွေးလျှံ


နှာခေါင်းသွေးလျှံလာရင် အများစုက ခေါင်းကိုမော့ထားတတ်ကြပါတယ်။ သွေးလျှံလာတာရပ်သွားအောင် ခေါင်းကိုအောက်စိုက်ပြီး နှာခေါင်းကို လက်မ ၊ လက်ညှိုးနဲ့ ၁ဝ – ၁၅ မိနစ်ကြာဖြစ်ညှစ်ထားလိုက်ပါ။ လက်နဲ့မလုပ်ချင်ရင် နှုာခေါင်းသွေးလျှံတာကို တားဆီးပေးနိုင်တဲ့ချည်ထည်အချောင်းလေးတွေရှိပါတယ်။ အလုပ်ဖြစ်ပါတယ်။ သင့်ရဲ့ခေါင်းကို အပေါ်မမော့ပစ်လိုက်ဖို့ပဲ လိုတာပါ။ တကယ်လို့ နှာခေါင်းသွေးလျှံတာ တစ်နာရီနီးပါးလောက်ကြာနေတယ်ဆိုရင် ဆရာဝန်အကူညီယူပါ။

232 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.