သင္သိရင္ အံ႔ၾသသြားမယ့္ Park Shin Hye ရဲ ႔စိတ္၀င္စားစရာအေၾကာင္းအရာမ်ား

ေတာင္ကုိရီးယားႏုိင္ငံရဲ ႔နာမည္ေက်ာ္မင္းသမီးေခ်ာေလး Park Shin Hye ဟာဆိုရင္ လူငယ္ပရိသတ္ေတြရဲ ႔အသည္းစြဲပါပဲ။ရုပ္ရွင္ဇာတ္ကားေတြမွာလည္းသရုပ္ေဆာင္ခ်က္ေတြက ပီျပင္ျပီး ပရိသတ္ေတြရဲ ႔အထူးတလည္အားေပးမႈကုိရရွိခဲ႔တဲ႔သူေလးပါ။ဒီလုိ ခ်စ္စရာေကာင္းတဲ႔မ်က္နွာေလးနဲ႔ပရိသတ္ေတြကုိဆြဲေဆာင္ထားႏုိင္ထားႏုိင္သူ မင္းသမီး Park Shin Hye မွာ ပရိသတ္ေတြအသိနည္းေသးတဲ႔စိတ္၀င္စားစရာ၊ရယ္ေမာစရာ
အေၾကာင္းအရာေလးေတြရွိေနပါတယ္။ဘာေတြလဲဆုိရင္…

၁)Park Shin Hye ဟာ ေဘစ့္ေဘာကစားရတာကိုႏွစ္သက္လုိ႔ သူမရဲ ႔နာမည္ေျပာင္ဟာ
Randy-Shin Hye ပါတဲ႔။သူမအၾကိဳက္ဆံုးေဘ့စ္ေဘာအသင္းကေတာ့ သူမရဲ ႔ေဒသခံျမိဳ႔ေလးက Kia Tigers အသင္းပါပဲ။၂၀၁၂၊ဇြန္လတုန္းက သူမဟာ Kia Tiger ေဘ့စ္ေဘာအသင္းနဲ႔ ဆက္သြယ္မိခဲ႔ပါတယ္။အဲ႔ဒီေနာက္ Samsung Lion နဲ႔ Kia Tiger အသင္းေဘ့စ္ေဘာျပိဳင္ပြဲမွာ အဖြင့္ေဘာလံုးကုိ ပစ္ေပးျပီး  ျပိဳင္ပြဲကုိစတင္ေပးခဲ႔သူတစ္ေယာက္ျဖစ္ခဲ႔ပါတယ္။ဘယ္လက္နဲ႔ ေဘာလံုးပစ္ေပးတဲ႔စေကးေၾကာင့္ပဲ သူမကုိ နာမည္ေက်ာ္ ကစားသမား Randy Johnson
ရဲ ႔နာမည္အတိုင္း Randy Shin Hye လုိ႔ေခၚခဲ႔ၾကတာပါ။

၂)သူမေလးဟာ ခ်စ္စရာေကာင္းသလုိ ဆြဲေဆာင္မႈရွိရွိကတတ္သူေလးလည္း ျဖစ္ပါေသးတယ္။ဖိလစ္ပုိင္ႏုိင္ငံမွာ ဘီယြန္ေစးရဲ ႔Single Ladies သီခ်င္းနဲ႔ ေဖ်ာ္ေျဖခဲ႔ဖူးျပီး ပရိသတ္ေတြက သူမရဲ႔ေဖ်ာ္ေျဖမႈကုိအရမ္းၾကိဳက္ခဲ႔ၾကပါတယ္။ပရိသတ္ေတြ႔ဆံုပဲြလုပ္တုိင္းသူမက သီခ်င္းေတာ္ေတာ္မ်ားမ်ားနဲ႔ကခုန္ေဖ်ာ္ေျဖခဲ႔တာပဲျဖစ္ပါတယ္။ဘက္စံုကြ်မ္းက်င္သူေလး <3

https://www.youtube.com/watch?v=crm3JbNRDIY&feature=youtu.be

၃)သူမက ကေလးသရုပ္ေဆာင္အျဖစ္ အႏုပညာေလာကထဲကုိစတင္၀င္ေရာက္ခဲ႔တာျဖစ္ျပီး သူမရဲ ႔လူငယ္ဇာတ္ေကာင္တုိင္းကုိ ဂရုတစုိက္ေရြးခ်ယ္တာျဖစ္ပါတယ္တဲ႔။အဲ႔ဒါေၾကာင့္ သူမပါ၀င္ သရုပ္ေဆာင္ ထားတဲ႔လူငယ္ဇာတ္ေကာင္ေတြဟာ နည္းေပမဲ့ ပရိသတ္ေတြၾကား အထူးေရပန္းစား ေအာင္ျမင္ခဲ့တာပါ။

၄)သူမရဲ ႔အားလပ္ခ်ိန္တုိင္းမွာ လူမႈကူညီေရးအဖြဲ႔အစည္းေတြကုိသြားေရာက္ျပီး ကူညီလုပ္ကုိင္ ေပးခဲ႔ပါတယ္တဲ႔။သူမတတ္ႏုိင္သေလာက္ ကူညီလွဴဒါန္းမႈေတြလုပ္ရတာကုိလည္းႏွစ္သက္ သူပါ။ဂ်ပန္ႏုိင္ငံေျမငလ်င္လႈပ္တုန္းက ဒုကၡေရာက္သူေတြကုိ ကူညီတဲ႔ေနရာမွာ သူမပါ၀င္ခဲ႔ပါ တယ္။ျပီးေတာ့သူမပါ၀င္သရုပ္ေဆာင္ထားတဲ႔ “Miracle in Cell Number 7” ဇာတ္ကားရိုက္ကူးအျပီးမွာ အိမ္ေျခမဲ႔အေယာက္ ၈၀၀ နဲ႔အသက္အရြယ္ၾကီးရင့္တဲ႔သူေတြကုိ
လွဴဒါန္းေကြ်းေမြးမႈေတြလုပ္ခဲ႔ပါေသးတယ္။InStyle မဂၢဇင္းရဲ ႔10ႏွစ္ျပည့္ႏွစ္ပတ္လည္တုန္း ကလည္း လူမႈကူညီေရးအဖြဲ႔အစည္းကို အလွဴေငြကူညီေပးတဲ႔အထဲမွာ တစ္စိတ္တစ္ပုိင္း ပါ၀င္ခဲ႔ပါတယ္။အားနည္းသူကုိကူညီေပးဖုိ႔စိတ္အားထက္သန္ျပီးၾကင္နာသနားစိတ္ျပည့္၀တဲ႔သူတစ္ေယာက္ပဲျဖစ္ပါတယ္။

၅)Park Shin Hye ဟာ ေက်ာင္းသူေကာင္းတစ္ေယာက္ပါတဲ႔။အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားက ရုိက္ကူးေရးကိစၥေတြနဲ႔အလုပ္ရႈပ္ေနလို႔အတန္းမွန္မွန္မတက္ျဖစ္ၾကေပမဲ့ သူမကေတာ့ အႏုပညာအလုပ္ေတြျပင္ တကၠသုိလ္မွာသင္ၾကားေနတဲ႔ဒရာမာနဲ႔ရုပ္ရွင္အစီအစဥ္ကိုလည္း
ေအာင္ျမင္ေအာင္ၾကိဳးစားသင္ယူခဲ႔ပါတယ္။အႏုပညာအလုပ္ေတြအားလပ္တဲ႔အခ်ိန္တိုင္း ပညာေရးဘက္ကုိအာရံုစုိက္အခိ်န္ေပးခဲ႔တာျဖစ္ပါတယ္။

၆)Mamonde’s brand ရဲ ႔ကုိယ္စားလွယ္တစ္ေယာက္ပါတဲ႔။Park Shin Hye ဟာ အႏုပညာအလုပ္ေတြမျပတ္လုပ္ေနသလို စီးပြားေရးပုိင္းမွာလည္းမလစ္ဟင္းပါဘူး။ ငယ္ရြယ္ေပမဲ႔ သူမက ၂၀၁၄ခုႏွစ္ကစကာ ကုိရီးယားမိတ္ကပ္ဘရန္းဒ္တစ္ခုရဲ ႔ကုိယ္စားလွယ္ျဖစ္ေနပါျပီ။The Heirs ၊Pinocchio နဲ႔ Doctors ဇာတ္ကားေတြမွာ သူမက Mamonde မိတ္ကပ္ကုိ လိမ္းျခယ္ခဲ႔ျပီး သူမအၾကိဳက္ဆံုးကေတာ့ Mamonde lip tint ပဲျဖစ္ပါတယ္။
အင္စတာဂရမ္မွာ သူမရိုက္ထားတဲ႔ဓာတ္ပံုဟာပ်ံ႔ႏွံ႔ခဲ႔ျပီး အဲ႔ဒီ Mamonde lip tint ဟာလည္းအေရာင္းသြက္ခဲ႔ပါတယ္တဲ႔။

၇)Three Meals a Day အစီအစဥ္မွာဧည့္သည္အျဖစ္ပါ၀င္ခဲ႔တုန္းက ပရိသတ္ေတြဟာ Park Shin Hye တစ္ေယာက္ ဒီရြာေလးမွာေပ်ာ္ရႊင္ေနတာကုိသတိထားမိခဲ႔ပါတယ္။ဒီအစီအစဥ္မွာ Park Shin Hye ဟာ Lee Seo-jin ၊ Ok Taecyeon ၊ Kim Kwang-kyu တုိ႔ကုိ
ကူညီခ်က္ျပဳတ္ေပးတဲ႔အျပင္ ၊လယ္ထဲမွာရွိတဲ႔တိရစာၦန္ေလးေတြကုိဂရုစုိက္ေပးတာ၊ျခံထဲက လတ္ဆတ္တဲ႔အသီးအႏွံေတြခူးဆြတ္တာ၊ရိုးရွင္းတဲ႔ဟင္းခ်က္စရာေတြခ်က္ျပဳတ္ေပးတာ၊ကင္မ္ခ်ီလုပ္တာ၊မီးဖုိလုပ္တာစသျဖင့္ အစစအရာရာ လုပ္ခဲ႔တာပဲျဖစ္ပါတယ္။ေယာက်္ားေလးဧည့္သည္
သံုးေယာက္ကလည္းသူမရဲ ႔ကြ်မ္းက်င္မႈကုိခ်ီးက်ဴးခဲ႔ၾကပါတယ္။ထုိသံုးေယာက္ကုိ အရယ္အေမာမပ်က္ေအာင္လည္းသူမက စြမ္းေဆာင္ႏုိင္ခဲ႔သူေလးျဖစ္ပါတယ္။

၈)သူမရဲ ႔အခ်စ္ေရးကိုေျပာရမယ္ဆုိရင္ေတာ့ ေကာလဟာလထြက္ခဲ႔တဲ႔မင္းသားေတြရွိေပမဲ႔ ပရိသတ္ေတြ မထင္ထားခဲ႔တဲ႔ မင္းသားေခ်ာ Choi Tae-joon နဲ႔ခ်စ္သူေတြျဖစ္ေနၾက တာေပါ့ေနာ္။ သူတို႔ႏွစ္ေယာက္က Chung Angတကၠသုိလ္မွာ အႏုပညာနဲ႔သက္ဆုိင္ တဲ့ပညာေရးပုိင္းကုိ အတူတူေလ့လာခဲ႔ၾကတာပါ။ျပီးေတာ့ ရုပ္ရွင္အတူတူရုိက္ျပီးေနာက္ ပုိျပီးရင္းနွီးသြားခ႔ဲၾကတာပါ။သူတုိ႔ရဲ ႔ခ်စ္သူသက္တမ္းကေတာ့ တစ္ႏွစ္နီးပါးေလာက္ရွိပါျပီ။

အခုလက္ရွိမွာေတာ့ မင္းသားေခ်ာ Hyun Bin နဲ႔တြဲဖက္ျပီး Memories of the Alhambra ဆုိတဲ႔ဇာတ္လမ္းတြဲရုိက္ကူးေနပါတယ္။ႏုိ၀င္ဘာလေလာက္မွာပထမဆံုးအပုိင္း ထုတ္လႊင့္ျပသျဖစ္မယ္လုိ႔လည္းသိရပါတယ္။တစ္ႏွစ္ထက္တစ္ႏွစ္ပုိပိုျပီးေခ်ာေမာလာတဲ႔ Park Shin Hye ရဲ ႔ပံုေလးေတြကုိ အလြမ္းေျပၾကည့္လိုက္ပါဦး။

Unicode

တောင်ကိုရီးယားနိုင်ငံရဲ ့နာမည်ကျော်မင်းသမီးချောလေး Park Shin Hye ဟာဆိုရင် လူငယ်ပရိသတ်တွေရဲ ့အသည်းစွဲပါပဲ။ရုပ်ရှင်ဇာတ်ကားတွေမှာလည်းသရုပ်ဆောင်ချက်တွေက ပီပြင်ပြီး ပရိသတ်တွေရဲ ့အထူးတလည်အားပေးမှုကိုရရှိခဲ့တဲ့သူလေးပါ။ဒီလို ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ပရိသတ်တွေကိုဆွဲဆောင်ထားနိုင်ထားနိုင်သူ မင်းသမီး Park Shin Hye မှာ ပရိသတ်တွေအသိနည်းသေးတဲ့စိတ်ဝင်စားစရာ၊ရယ်မောစရာ
အကြောင်းအရာလေးတွေရှိနေပါတယ်။ဘာတွေလဲဆိုရင်…

၁)Park Shin Hye ဟာ ဘေစ့်ဘောကစားရတာကိုနှစ်သက်လို့ သူမရဲ ့နာမည်ပြောင်ဟာ
Randy-Shin Hye ပါတဲ့။သူမအကြိုက်ဆုံးဘေ့စ်ဘောအသင်းကတော့ သူမရဲ ့ဒေသခံမြို့လေးက Kia Tigers အသင်းပါပဲ။၂၀၁၂၊ဇွန်လတုန်းက သူမဟာ Kia Tiger ဘေ့စ်ဘောအသင်းနဲ့ ဆက်သွယ်မိခဲ့ပါတယ်။အဲ့ဒီနောက် Samsung Lion နဲ့ Kia Tiger အသင်းဘေ့စ်ဘောပြိုင်ပွဲမှာ အဖွင့်ဘောလုံးကို ပစ်ပေးပြီး ပြိုင်ပွဲကိုစတင်ပေးခဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဘယ်လက်နဲ့ ဘောလုံးပစ်ပေးတဲ့စကေးကြောင့်ပဲ သူမကို နာမည်ကျော် ကစားသမား Randy Johnson
ရဲ ့နာမည်အတိုင်း Randy Shin Hye လို့ခေါ်ခဲ့ကြတာပါ။

၂)သူမလေးဟာ ချစ်စရာကောင်းသလို ဆွဲဆောင်မှုရှိရှိကတတ်သူလေးလည်း ဖြစ်ပါသေးတယ်။ဖိလစ်ပိုင်နိုင်ငံမှာ ဘီယွန်စေးရဲ ့Single Ladies သီချင်းနဲ့ ဖျော်ဖြေခဲ့ဖူးပြီး ပရိသတ်တွေက သူမရဲ့ဖျော်ဖြေမှုကိုအရမ်းကြိုက်ခဲ့ကြပါတယ်။ပရိသတ်တွေ့ဆုံပွဲလုပ်တိုင်းသူမက သီချင်းတော်တော်များများနဲ့ကခုန်ဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။ဘက်စုံကျွမ်းကျင်သူလေး <3

၃)သူမက ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲကိုစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး သူမရဲ ့လူငယ်ဇာတ်ကောင်တိုင်းကို ဂရုတစိုက်ရွေးချယ်တာဖြစ်ပါတယ်တဲ့။အဲ့ဒါကြောင့် သူမပါဝင် သရုပ်ဆောင် ထားတဲ့လူငယ်ဇာတ်ကောင်တွေဟာ နည်းပေမဲ့ ပရိသတ်တွေကြား အထူးရေပန်းစား အောင်မြင်ခဲ့တာပါ။

၄)သူမရဲ ့အားလပ်ချိန်တိုင်းမှာ လူမှုကူညီရေးအဖွဲ့အစည်းတွေကိုသွားရောက်ပြီး ကူညီလုပ်ကိုင် ပေးခဲ့ပါတယ်တဲ့။သူမတတ်နိုင်သလောက် ကူညီလှူဒါန်းမှုတွေလုပ်ရတာကိုလည်းနှစ်သက် သူပါ။ဂျပန်နိုင်ငံမြေငလျင်လှုပ်တုန်းက ဒုက္ခရောက်သူတွေကို ကူညီတဲ့နေရာမှာ သူမပါဝင်ခဲ့ပါ တယ်။ပြီးတော့သူမပါဝင်သရုပ်ဆောင်ထားတဲ့ “Miracle in Cell Number 7” ဇာတ်ကားရိုက်ကူးအပြီးမှာ အိမ်ခြေမဲ့အယောက် ၈၀၀ နဲ့အသက်အရွယ်ကြီးရင့်တဲ့သူတွေကို
လှူဒါန်းကျွေးမွေးမှုတွေလုပ်ခဲ့ပါသေးတယ်။InStyle မဂ္ဂဇင်းရဲ ့10နှစ်ပြည့်နှစ်ပတ်လည်တုန်း ကလည်း လူမှုကူညီရေးအဖွဲ့အစည်းကို အလှူငွေကူညီပေးတဲ့အထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပါတယ်။အားနည်းသူကိုကူညီပေးဖို့စိတ်အားထက်သန်ပြီးကြင်နာသနားစိတ်ပြည့်ဝတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

၅)Park Shin Hye ဟာကျောင်းသူကောင်းတစ်ယောက်ပါတဲ့။အနုပညာရှင် တော်တော်များများကရိုက်ကူးရေးကိစ္စတွေနဲ့အလုပ်ရှုပ်နေလို့အတန်းမှန်မှန်မတက်ဖြစ်ကြပေမဲ့ သူမကတော့ အနုပညာအလုပ်တွေပြင်တက္ကသိုလ်မှာသင်ကြားနေတဲ့ဒရာမာ နဲ့ရုပ်ရှင်အစီအစဉ်ကိုလည်းအောင်မြင်အောင်ကြိုးစားသင်ယူခဲ့ပါတယ်။အနုပညာအလုပ်တွေအားလပ်တဲ့အချိန်တိုင်း ပညာရေးဘက်ကိုအာရုံစိုက်အချိန်ပေးခဲ့တာဖြစ်ပါတယ်။

၆)Mamonde’s brand ရဲ ့ကိုယ်စားလှယ်တစ်ယောက်ပါတဲ့။Park Shin Hye ဟာ အနုပညာအလုပ်တွေမပြတ်လုပ်နေသလို စီးပွားရေးပိုင်းမှာလည်းမလစ်ဟင်းပါဘူး။ ငယ်ရွယ်ပေမဲ့ သူမက ၂၀၁၄ခုနှစ်ကစကာ ကိုရီးယားမိတ်ကပ်ဘရန်းဒ်တစ်ခုရဲ ့ကိုယ်စားလှယ်ဖြစ်နေပါပြီ။The Heirs ၊Pinocchio နဲ့ Doctors ဇာတ်ကားတွေမှာ သူမက Mamonde မိတ်ကပ်ကို လိမ်းခြယ်ခဲ့ပြီး သူမအကြိုက်ဆုံးကတော့ Mamonde lip tint ပဲဖြစ်ပါတယ်။
အင်စတာဂရမ်မှာ သူမရိုက်ထားတဲ့ဓာတ်ပုံဟာပျံ့နှံ့ခဲ့ပြီး အဲ့ဒီ Mamonde lip tint ဟာလည်းအရောင်းသွက်ခဲ့ပါတယ်တဲ့။

၇)Three Meals a Day အစီအစဉ်မှာဧည့်သည်အဖြစ်ပါဝင်ခဲ့တုန်းက ပရိသတ်တွေဟာ Park Shin Hye တစ်ယောက် ဒီရွာလေးမှာပျော်ရွှင်နေတာကိုသတိထားမိခဲ့ပါတယ်။ဒီအစီအစဉ်မှာ Park Shin Hye ဟာ Lee Seo-jin ၊ Ok Taecyeon ၊ Kim Kwang-kyu တို့ကို
ကူညီချက်ပြုတ်ပေးတဲ့အပြင် ၊လယ်ထဲမှာရှိတဲ့တိရစ္ဆာန်လေးတွေကိုဂရုစိုက်ပေးတာ၊ခြံထဲက လတ်ဆတ်တဲ့အသီးအနှံတွေခူးဆွတ်တာ၊ရိုးရှင်းတဲ့ဟင်းချက်စရာတွေချက်ပြုတ်ပေးတာ၊ကင်မ်ချီလုပ်တာ၊မီးဖိုလုပ်တာစသဖြင့် အစစအရာရာ လုပ်ခဲ့တာပဲဖြစ်ပါတယ်။ယောကျ်ားလေးဧည့်သည်
သုံးယောက်ကလည်းသူမရဲ ့ကျွမ်းကျင်မှုကိုချီးကျူးခဲ့ကြပါတယ်။ထိုသုံးယောက်ကို အရယ်အမောမပျက်အောင်လည်းသူမက စွမ်းဆောင်နိုင်ခဲ့သူလေးဖြစ်ပါတယ်။

၈)သူမရဲ ့အချစ်ရေးကိုပြောရမယ်ဆိုရင်တော့ ကောလဟာလထွက်ခဲ့တဲ့မင်းသားတွေရှိပေမဲ့ ပရိသတ်တွေ မထင်ထားခဲ့တဲ့ မင်းသားချော Choi Tae-joon နဲ့ချစ်သူတွေဖြစ်နေကြ တာပေါ့နော်။ သူတို့နှစ်ယောက်က Chung Angတက္ကသိုလ်မှာ အနုပညာနဲ့သက်ဆိုင် တဲ့ပညာရေးပိုင်းကို အတူတူလေ့လာခဲ့ကြတာပါ။ပြီးတော့ ရုပ်ရှင်အတူတူရိုက်ပြီးနောက် ပိုပြီးရင်းနှီးသွားခဲ့ကြတာပါ။သူတို့ရဲ ့ချစ်သူသက်တမ်းကတော့ တစ်နှစ်နီးပါးလောက်ရှိပါပြီ။

အခုလက်ရှိမှာတော့ မင်းသားချော Hyun Bin နဲ့တွဲဖက်ပြီး Memories of the Alhambra ဆိုတဲ့ဇာတ်လမ်းတွဲရိုက်ကူးနေပါတယ်။နိုဝင်ဘာလလောက်မှာပထမဆုံးအပိုင်း ထုတ်လွှင့်ပြသဖြစ်မယ်လို့လည်းသိရပါတယ်။တစ်နှစ်ထက်တစ်နှစ်ပိုပိုပြီးချောမောလာတဲ့ Park Shin Hye ရဲ ့ပုံလေးတွေကို အလွမ်းပြေကြည့်လိုက်ပါဦး။

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.