Lip filler မထိုးခင် သေချာပေါက်သိထားသင့်တာတွေ

နှုတ်ခမ်းကိုဖူးဖူးလေးဖြစ်အောင်၊နှုတ်ခမ်းထူပြီးဆွဲဆောင်မှုရှိအောင် နှုတ်ခမ်းထဲကိုထိုးသွင်းတဲ့ Lip injections တွေပြုလုပ်ထားကြသူအရေအတွက်ဟာ ပတ်ဝန်းကျင်မှာတဖြည်းဖြည်းနဲ့မြင့်တက်လျက်ရှိပါပြီိ။Lip filler ကို သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ ထိုးပေးနေတဲ့ အလှအပဆိုင်ရာဆေးခန်းတွေလည်းရှိသလို ဈေးကြီးတဲ့ဆေးခန်းတွေလည်းရှိနေတာပါပဲ။ အထူးသဖြင့်အလှအပနှစ်သက်သူလူငယ်တွေထဲမှာ Lip injections လုပ်ချင်လွန်းလို့ လှုပ်လှုပ်ရွရွဖြစ်နေသူတွေဟာလည်း ဒုနဲ့ဒေးလို့ဆိုရမှာပါ။ဒီလိုနာမည်ကြီးလှတဲ့ Lip injections အကြောင်းသိကောင်းစရာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

Lip filler ထိုးခြင်းဟာ သင့်နှုတ်ခမ်းရဲ့ tissue တွေကိုသေဆုံးစေနိုင်တယ်

နှုတ်ခမ်းမှမဟုတ်ပါဘူး၊ခန္ဓာကိုယ်ရဲ့ဘယ်နေရာကိုဖြစ်ဖြစ် ပြင်ပကအရာဝတ္ထုတစ်ခုခုထိုးသွင်းခြင်းဟာအန္တရာယ်ကြီးပါတယ်။ filler တွေကို ခန္ဓာကိုယ်ထဲထိုးသွင်းတဲ့အခါ အကြီးမားဆုံးသောအန္တရာယ်ကတော့ ထိုးသွင်းလိုက်တဲ့နေရာက တစ်ရှုးတွေသေဆုံးကုန်တာပါပဲ။ ဒါဟာ ဖြစ်နိုင်ခြေနည်းတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပေမယ်လို့ ထည့်မတွက်ပဲလည်းနေလို့မရတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် သင့်ကို lip filler ထိုးပေးမယ့်ဆရာဝန်ဟာတကယ့်ကိုကျွမ်းကျင်ဆရာဝန်ဖြစ်ဖို့အင်မတန်မှအရေးကြီးပါတယ်။

 

ဘေးထွက်ဆိုးကျိုးအများစုဟာ ယာယီသာဖြစ်တယ်

ဟုတ်ပါတယ်။ Lip filler ထိုးလိုက်လို့ရလာမယ့် အလှအပနဲ့စိတ်ကျေနပ်မှုနဲ့ယှဉ်ရင် ထိုးပြီးချိန်ခဏခံရတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ မပြောပလောက်ပါဘူးလို့ပြောရလောက်အောင် ယာယီိသာဖြစ်ပါတယ်။နှုတ်ခမ်း filler ထိုးပြီးတဲ့အခါ အနည်းဆုံးနှစ်ရက်လောက်တော့ရောင်နေမှာဖြစ်တာကြောင့် နှစ်ရက်လောက်ကိုဘယ်မှမသွားပဲအိမ်တွင်းအောင်းဖို့လိုအပ်ပါလိမ့်မယ်။ တကယ်လို့ နှုတ်ခမ်းမှာအကြောင်းတစ်ခုခုကြောင့် ပွန်းပဲ့ဒဏ်ရာရမယ်ဆိုရင်တော့အဲဒါပျောက်ဖို့နှစ်ပတ်လောက်ကြာမြင့်နိုင်ပါတယ်။

 

Lip filler တွေက ခြောက်လကနေ ကိုးလအတွင်းသာ သက်တမ်းရှိတယ်

Lip filler အများစုဟာ ခြောက်လကနေကိုးလအတွင်းသာသက်တမ်းရှိတယ်လို့ပြောကြပေမယ့် တစ်နှစ်ထက်ပိုခံနေတာမျိုးတွေလည်းရှိတတ်ပါတယ်။ဒါကတော့ နှုတ်ခမ်းကိုအသုံးပြုမှုအနည်းအများပေါ်မှာမူတည်တာဖြစ်ပြီး နောက်ပိုင်းမှာတစ်နှစ်ခွဲလောက်ထိခံတဲ့ Lip filler တွေလည်းထွက်ရှိနေပါပြီ။

 

Lip filler တွေဟာ selfie ရိုက်ဖို့ထက်ပိုတဲ့ ရည်ရွယ်ချက်တွေနဲ့လာကြတာပါ

ဒီဘက်ခေတ်မှာအများစုက Lip filler တွေကိုအလှအပအတွက်သာ ပြုလုပ်ကြတာဖြစ်ပြီး ထိုးပြီးလို့လှသွားတာနဲ့ တပြိုင်နက် နှုတ်ခမ်းအသားပေး selfie တွေ ဆွဲဖို့လောက်သာအာရုံရကြတာပါ။ ဒါပေမယ့် Lip filler တွေမှာအဲ့ဒါထက်ပိုတဲ့လုပ်ဆောင်နိုင်စွမ်းတွေရှိပါတယ်။အဲ့ဒါကတော့ Lip filler တွေက နှုတ်ခမ်းသားကိုထူအောင်ပြည့်အောင်လုပ်ပေးနိုင်ရုံသာမက ပုံပျက်ရွဲ့စောင်းနေတဲ့နှုတ်ခမ်းတွေကိုလည်း ပုံသဏ္ဍာန်မှန်အောင်ပြင်ဆင်ပေးနိုင်စွမ်းရှိပါတယ်။

 

Filler အတုတွေဈေးကွက်ထဲမှာပျံ့နှံ့နေတယ်

ဒါကိုပြောရတဲ့အကြောင်းကတော့ အလွန်ဈေးနည်းတဲ့နေရာမျိုးတွေမှာတန်လှချည်ရဲ့ဆိုပြီး ဝမ်းပန်းတသာသွားမလုပ်မိဖို့ပါပဲ။ အဲဒီလိုနေရာတွေက လိုင်စင်အစစ်လည်းရှိချင်မှရှိမယ့်အပြင်ကို အသုံးပြုတဲ့ပစ္စည်းတွေဟာလည်း အတုတွေ၊သတ်မှတ်ဒိတ်လွန်နေတာတွေ၊အရည်အသွေးမမီတာတွေဖြစ်ဖို့များပါတယ်။အဲ့ဒီလိုမကောင်းတဲ့ပစ္စည်းတွေမိလိုက်ပြီဆိုရင်ဖြင့် ကံကောင်းရင်ယားနာလောက်သာဖြစ်မှာဖြစ်ပြီး ကံမကောင်းရင် ကင်ဆာလိုအရာမျိုးတွေ၊ထိုးတဲ့နေရာက အသားတွေပုပ်သွားတာတွေ၊ပုံပျက်လာတာတွေဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့်စိတ်ချရတဲ့ဆေးခန်းကိုရှာဖွေသင့်ပါတယ်။

 

အထက်မှာဖော်ပြသွားတာတွေကတော့ Lip filler မထိုးခင်သေချာပေါက်သိထားသင့်တဲ့အရာတွေဖြစ်ပါတယ်။ အရေးအကြီးဆုံးတစ်ခုက လူတိုင်းဟာ ကိုယ့်အလှနဲ့ကိုယ်ပါပဲ.. သင်က Lip Filler မထိုးလည်းလှတာမို့ မလိုအပ်ပဲမစွန့်စားလိုက်ပါနဲ့။

 

Unicode Format













82 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.