လောကရဲ့အကြမ်းပတမ်းဒဏ်တွေကိုအန်တုနိုင်ဖို့ဒါလေးတွေသိဖို့လို
အပေါ်ကအချက်တော်တော်များများကိုသာ ကြိုးစားလုပ်ဆောင်နိုင်မယ်ဆိုရင် လောကကြီးမယ်လူဖြစ်ရကျိုးနပ်ပြီး ပျော်ရွှင်စွာနဲ့ဘ၀ကိုကြံ့ကြံ့ခံကျော်ဖြတ်နိုင်မှာမလို့ ကြိုးစားကြည့်ဖို့ အကြံပြုရင်း…
Unicode
နိမ့်ချီမြင့်ချီနဲ့လည်ပတ်နေတဲ့လောကကြီးထဲမှာ ရှောင်လွဲလို့မရတဲ့ကံကြမ္မာတွေ ကိုယ်ထင်ထားတဲ့အတိုင်းဖြစ်လာတာတွေ၊ ကိုယ်မျှော်လင့်ထားတဲ့အရာတွေပျက်စီးကုန်တာမျိုးတွေဖြစ်တတ်ကြပါတယ်။ ဒီလိုလောကရဲ့အကြမ်းပတမ်းဒဏ်တွေကိုအန်တုနိင်ပြီး ကြံ့ကြံ့ခံနိုင်ဖို့ ဘာတွေကိုကြိုးစားကြည့်သင့်သလဲ…
(၁) နာကျင်နေချိန်မှာအသက်ပြင်းပြင်းရှူတတ်ပါစေ
လောကကြီးမှာ သတ္တဝါအနေနဲ့အသက်ရှင်နေထို်င်နေသမျှကာလပတ်လုံးတော့ တစ်ခါမဟုတ်တစ်ခါ နာကျင်တဲ့ဒဏ်ကိုခံစားရမှာပါပဲ။ ခန္ဓာကိုယ်နာကျင်မှုပဲဖြစ်ဖြစ်စိတ်နာကျင်စရာပဲဖြစ်ဖြစ် ဘယ်လိုနာကျင်မှုမျိုးပဲကြုံရကြုံရ ဒီနာကျင်မှုဒဏ်ကို တင်းခံပြီး နာကျင်နေရက်ကြားထဲကနေ အသက်ပြင်းပြင်းရှူတတ်အောင်ကြိုးစားပါ။ အချိန်ကြာလာရင်တော်ရုံနာကျင်တိုင်းမဖြုံတတ်တော့ပဲ နေတတ်လာပါလိမ့်မယ်။
(၂) သက်တောင့်သက်သာမဖြစ်တာမျိုးတွေနဲ့ရင်းနှီးအောင်နေပါ
ရှင်းရှင်းပြောရရင် ကိုယ့်ကိုယ်ကိုယ်ညှာညှာတာတာမနေဖို့ပြောတာပါ။ လူ့လောကကြီးထဲမယ် အေးအေးလူလူသက်တောင့်သက်သာလေးနေတတ်ကြတဲ့သူတွေဟာ တကယ်တမ်းလောကဓံရဲ့အလှည့်အပြောင်းနဲ့ကြုံလာတဲ့အခါ ခံနိုင်ရည်အားအင်မတန်နည်းသွားတာကြောင့် သက်တောင့်သက်သာမဖြစ်တာတွေနဲ့လည်းရင်းနှီးအောင်နေပါ။
(၃) ကိုယ့်နှလုံးသားကတကယ်တောင်းဆိုလာတာတွေကိုလိုက်လျောပါ
အရာရာကိုဦးနှောက်တစ်ခုတည်း အကျိုးမြတ် တစ်ခုတည်းတွေအတွက်ပဲ စဉ်းစားမနေပဲ ကိုယ့်နှလုံးသားက တကယ်လိုချင်တဲ့ စစ်မှန်တဲ့ အရာတွေကို ရှာဖွေတွေ့ရှိနို်င်အောင်ကြိုးစားပါ။ နှလုံးသားကတောင်းဆိုလာတာတွေကိုလည်းလိုက်လျောဖို့ဝင်မလေးပါနဲ့။
(၄) စိတ်ကူးယဉ်ကြည်နူးတတ်အောင်နေထိုင်ပါ
အတွေးကောင်းစိတ်ကူးကောင်း မျှော်လင့်ချက်ကောင်းတွေ တွေးခေါ်တတ်အောင်ကြိုးစားပါ။ ကြိုးစားသလိုဖြစ်လာရင်လည်းပျော်ရွှင်နိုင်သလို မဖြစ်လာရင်လည်း သိပ်ပြီး ခံစားမနေပဲ ပိုကောင်းတဲ့အရာတွေနဲ့ထိတွေ့ခွင့်ရဖို့လို့ယူဆပြီး နေတတ်ပါစေ။
(၅) တစ်ယောက်တည်းနေတတ်အောင်လေ့ကျင့်ထားပါ
သိပ်ကိုအရေးပါတဲ့အချက်ပါပဲ။ မွေးကတည်းကလည်းလူတိုင်းဟာ ကိုယ့်အတွက်ကိုယ်ပဲရှင်သန်ဖို့မွေးဖွားလာခဲ့ကြတာမလို့ တစ်ပါးသူအကူညီပဲ အမြဲလိုနေတဲ့သူမျိုးမဖြစ်အောင်ဘယ်အရာမဆိုကိုယ်မလုပ်ချင်လို့သာရှိမယ်လုံးဝမသိဘူး ဆိုတာမျိုးမရှိလေအောင်ကြိုးစားပြီး အချိန်တော်တော်များများကို တစ်ယောက်တည်းအသားကျကျနေထိုင်တတ်အောင်ကြိုးစားကြည့်ဖို့လိုပါတယ်။
အပေါ်ကအချက်တော်တော်များများကိုသာ ကြိုးစားလုပ်ဆောင်နိုင်မယ်ဆိုရင် လောကကြီးမယ်လူဖြစ်ရကျိုးနပ်ပြီး ပျော်ရွှင်စွာနဲ့ဘဝကိုကြံ့ကြံ့ခံကျော်ဖြတ်နို်င်မှာမလို့ ကြိုးစားကြည့်ဖို့ အကြံပြုရင်း…
595 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.