ေခြးေလးေတြ အင္အင္းပါျပီးရင္ ေျခေထာက္နဲ႔ဘာလုိ႔ ေနာက္ျပန္ကန္တာလဲ ?

သူတို႔ေလးေတြ အင္အင္းပါျပီး ေျခေထာက္ေနာက္ျပန္ကန္တာကို သူမ်ားႏုိင္ငံေတြမွာေတာ့
poppy dance လို႔လည္းေခၚၾကပါတယ္။ ေခြးပုိင္႐ွင္ေတြ အျပင္ထြက္ျပီး သူတုိ႔ေလးေတြကိုေက်ာင္းတဲ့အခါ စိတ္႐ွည္ရပါတယ္။ သူတို႔က အျပင္လည္းထြက္လည္ရင္း အေလးသြားဖို႔ ေနရာကုိပတ္ျပီး စိတ္ၾကိဳက္ေရြးခ်ယ္႐ွာၾကတယ္။ ေနရာေတြ႔ျပီဆိုရင္ေတာ့ လုပ္ငန္းစပါျပီ။

Image result for puppy poopy dance

လုပ္ငန္းျပီးသြားရင္ သူ႔တို႔ရဲ႕ေျခေထာက္ကို ေနာက္ျပန္ကန္တဲ့ poppy dance ဟာ မသိတဲ့လူေတြအတြက္ေတာ့ နားလည္ရခက္ေစတယ္။ တစ္ခ်ဳိ ႔သိျပီးတဲ့ လူေတြလည္း႐ွိမွာပါ။ စာဖတ္သူတို႔အေနနဲ႔လည္း သူတို႔ဘာလုိ႔ ေနာက္ျပန္ကန္ရတယ္ဆိုတာကို စိတ္ထဲမွာ နားလည္ခက္ေနမွာအမွန္ပါပဲ။ ဘာေၾကာင့္လဲ ?

တိရစၦာန္ဆရာဝန္ Dr.Patty Khuly က VetStreet မွာေခြးေလးေတြ ဒီလိုလုပ္ရတဲ့အေၾကာင္းကို ေဖာ္ျပထားပါတယ္။ သူတို႔ ဒီလိုလုပ္ရတာ အေၾကာင္းရင္း (၂)မ်ဳိး႐ွိတယ္။

Related image

– ပထမအခ်က္ ပတ္ဝန္းက်င္ သန္႔႐ွင္းေစခ်င္တာေၾကာင့္ သူတို႔ရဲ႕မစင္ေတြကို ဖံုးကြယ္တာျဖစ္ယ္။
– ဒုတိယအခ်က္ သူတို႔အေပါ့သြား ၊ မစင္စြန္႔ျပီးတဲ့အခါ ထိုေနရာကို သူတို႔ရဲ႕ေျမပုိင္အျဖစ္ သတ္မွတ္လိုက္တာလည္း ျဖစ္ႏုိင္တယ္လို႔ ေျပာထားပါတယ္။

ေခြးေလးေတြရဲ႕လက္သည္း၊ ေျခသည္းေတြမွာ အနံ႔ထုတ္ႏုိင္စြမ္း႐ွိပါတယ္။ ေနရာတစ္ခုခုကိုသူတို႔ရဲ႕လက္သည္းေတြနဲ႔ ျခစ္ျပီးအမွတ္သားလုပ္ထားရင္ ထိုေနရာကို သူတို႔ခ်က္ခ်င္းမွတ္မိပါတယ္။ ေျပာရရင္ေတာ့ ဒီေနရာမွာ သူမစင္စြန္႔ျပီးျပီ။ ဒါသူ႔ေနရာ.. ဘယ္သူမွမလာနဲ႔လို႔ဆိုလိုတဲ့ အဓိပၸာယ္ပါ။

ဒါကို မေကာင္းတဲ့အက်င့္တစ္ခုလုိ႔လည္း ေျပာလို႔မရပါဘူး။ ဒီလိုေျခေထာက္ေနာက္ျပန္ကန္တာကို သခင္က သြားဟန္႔တားလုိ႔မရပါဘူး။ တကယ္လုိ႔ ေခြးေလးရဲ႕ဒီအျပဳအမူေတြဟာ သင့္ကို စိတ္အေႏွာင့္ယွက္ျဖစ္ေစတယ္ဆိုရင္ လုပ္ႏုိင္တာတစ္ခုေတာ့ ႐ွိပါတယ္။

သူ ဒီလိုေနာက္ျပန္ကန္ေနခ်ိန္ သူ႔နာမည္ကို ေအာ္ေခၚလုိက္ပါ။ ဒီနည္းလမ္းက သူ႔ရဲ႕အာ႐ံုကိုပ်က္သြားေစျပီး လမ္းဆက္ေလွ်ာက္ဖို႔ သင့္ကအမူအရာျပတဲ့အခါ သူ႔အလုပ္ကို ေမ့ျပီး သင္နဲ႔အတူ လိုက္လာပါလိမ့္မယ္။ တကယ္လုိ႔ ျခံထဲမွာ ေခြးကမစင္စြန္႔ျပီး ေျမၾကီးေတြပြေအာင္လုပ္ေနတယ္ဆိုရင္ လွမ္းေအာ္ျပီး ဟန္႔လိုက္တာမ်ဳိး ၊ အျပင္ကိုခ်က္ခ်င္းဆဲြထုတ္ျပီး မစင္စြန္႔ႏုိင္တဲ့ေနရာမ်ဳိး ေခၚသြားေပးပါ။

(Unicode)

သူတို့လေးတွေ အင်အင်းပါပြီး ခြေထောက်နောက်ပြန်ကန်တာကို သူများနိုင်ငံတွေမှာတော့
poppy dance လို့လည်းခေါ်ကြပါတယ်။ ခွေးပိုင်ရှင်တွေ အပြင်ထွက်ပြီး သူတို့လေးတွေကိုကျောင်းတဲ့အခါ စိတ်ရှည်ရပါတယ်။ သူတို့က အပြင်လည်းထွက်လည်ရင်း အလေးသွားဖို့ နေရာကိုပတ်ပြီး စိတ်ကြိုက်ရွေးချယ်ရှာကြတယ်။ နေရာတွေ့ပြီဆိုရင်တော့ လုပ်ငန်းစပါပြီ။

လုပ်ငန်းပြီးသွားရင် သူ့တို့ရဲ့ခြေထောက်ကို နောက်ပြန်ကန်တဲ့ poppy dance ဟာ မသိတဲ့လူတွေအတွက်တော့ နားလည်ရခက်စေတယ်။ တစ်ချို ့သိပြီးတဲ့ လူတွေလည်းရှိမှာပါ။ စာဖတ်သူတို့အနေနဲ့လည်း သူတို့ဘာလို့ နောက်ပြန်ကန်ရတယ်ဆိုတာကို စိတ်ထဲမှာ နားလည်ခက်နေမှာအမှန်ပါပဲ။ ဘာကြောင့်လဲ ?

တိရစ္ဆာန်ဆရာဝန် Dr.Patty Khuly က VetStreet မှာခွေးလေးတွေ ဒီလိုလုပ်ရတဲ့အကြောင်းကို ဖော်ပြထားပါတယ်။ သူတို့ ဒီလိုလုပ်ရတာ အကြောင်းရင်း (၂)မျိုးရှိတယ်။

– ပထမအချက် ပတ်ဝန်းကျင် သန့်ရှင်းစေချင်တာကြောင့် သူတို့ရဲ့မစင်တွေကို ဖုံးကွယ်တာဖြစ်ယ်။
– ဒုတိယအချက် သူတို့အပေါ့သွား ၊ မစင်စွန့်ပြီးတဲ့အခါ ထိုနေရာကို သူတို့ရဲ့မြေပိုင်အဖြစ် သတ်မှတ်လိုက်တာလည်း ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။

ခွေးလေးတွေရဲ့လက်သည်း၊ ခြေသည်းတွေမှာ အနံ့ထုတ်နိုင်စွမ်းရှိပါတယ်။ နေရာတစ်ခုခုကိုသူတို့ရဲ့လက်သည်းတွေနဲ့ ခြစ်ပြီးအမှတ်သားလုပ်ထားရင် ထိုနေရာကို သူတို့ချက်ချင်းမှတ်မိပါတယ်။ ပြောရရင်တော့ ဒီနေရာမှာ သူမစင်စွန့်ပြီးပြီ။ ဒါသူ့နေရာ.. ဘယ်သူမှမလာနဲ့လို့ဆိုလိုတဲ့ အဓိပ္ပာယ်ပါ။

ဒါကို မကောင်းတဲ့အကျင့်တစ်ခုလို့လည်း ပြောလို့မရပါဘူး။ ဒီလိုခြေထောက်နောက်ပြန်ကန်တာကို သခင်က သွားဟန့်တားလို့မရပါဘူး။ တကယ်လို့ ခွေးလေးရဲ့ဒီအပြုအမူတွေဟာ သင့်ကို စိတ်အနှောင့်ယှက်ဖြစ်စေတယ်ဆိုရင် လုပ်နိုင်တာတစ်ခုတော့ ရှိပါတယ်။

သူ ဒီလိုနောက်ပြန်ကန်နေချိန် သူ့နာမည်ကို အော်ခေါ်လိုက်ပါ။ ဒီနည်းလမ်းက သူ့ရဲ့အာရုံကိုပျက်သွားစေပြီး လမ်းဆက်လျှောက်ဖို့ သင့်ကအမူအရာပြတဲ့အခါ သူ့အလုပ်ကို မေ့ပြီး သင်နဲ့အတူ လိုက်လာပါလိမ့်မယ်။ တကယ်လို့ ခြံထဲမှာ ခွေးကမစင်စွန့်ပြီး မြေကြီးတွေပွအောင်လုပ်နေတယ်ဆိုရင် လှမ်းအော်ပြီး ဟန့်လိုက်တာမျိုး ၊ အပြင်ကိုချက်ချင်းဆွဲထုတ်ပြီး မစင်စွန့်နိုင်တဲ့နေရာမျိုး ခေါ်သွားပေးပါ။

466 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.