ကိုယ့်ပေါ်ကိုယ့်လောက်မချစ်တဲ့ချစ်သူတစ်ဦးကိုပိုင်ဆိုင်ထားရပြီဆိုရင်
သေချာတာကတော့ ကိုယ့်ပေါ်သဲလှုပ်မချစ်တတ်ပေမဲ့လည်းကိုယ့်နားမှာတရားဝင်ချစ်သူအဖြစ်ရှိနေပြီး အများလည်မှာကိုယ့်လက်ကိုတွဲကာ တစ်ယောက်နားတစ်ယောက်ရှိနေခွင့်ရတာနဲ့တင်ကိုပဲကျေးဇူးတင်သင့်ပါတယ်။
Unicode
လူတိုင်းကတော့ ထပ်တူကျတူညီတဲ့ RS တစ်ခုကိုလိုချင်တတ်ကြတာသဘာဝပါ။ ဒါပင်မဲ့လူ့အလိုနတ်မလိုက်နိုင်ဆိုသလို ကိုယ်မျှော်လင့်တောင်းတတိုင်းဖြစ်လာတာမဟုတ်ပါဘူး။တစ်ချို့ အတွဲတွေမှာကောင်မလေးတွေကပိုချစ်တတ်ပြီးတစ်ချို့ကျတော့ကောင်လေးတွေကပိုချစ်တတ်ကြပါတယ် ။ ဆိုတော့ကိုယ်ချစ်သလောက်မှီအောင်လည်းမချစ်နိုင်တဲ့သူကိုမှကိုယ်ကတစ်ဘဝလုံးအတွက်ချစ်မိနပြီဆိုရင်တော့ဒီအချက်လေးတွေသိထားဖို့လိုပါတယ်…
(၁) ကိုယ့်ဘက်ကမေတ္တာတစ်စက်ကလေးမှလျော့မသွားပါနဲ့
လူတစ်ယောက်ကိုတကယ်ချစ်လာတဲ့ အခါ တစ်ဖက်သူကကိုယ့်အပေါ် သိပ်မချစ်ဘူးလို့ခံစားတတ်သွားကြပါတယ်။ တကယ်တော့ တစ်ဖက်လူကအရင်အတိုင်းပါပဲ ကိုယ်ကသာချစ်စိတ်တွေတိုးပွားလာလို့သူချစ်တာကိုအားမရဖြစ်နေတာမျိုးပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ်ချစ်သလိုတစ်ဖက်သူကလိုက်မချစ်နိုင်မှန်းသိတဲ့အခါ စိတ်ပျက်ဝမ်းနည်းစွာနဲ့ မာနတွေရှေ့တန်းတင်ပြီးသူ့ပေါ်ထားတဲ့ကိုယ့်ရဲ့မေတ္တာစိတ်တွေကို လျော့မသွားပါနဲ့။ တကယ့်မေတ္တာအဆိုတာ အသွားပြန်ရှိတာမလို့ သူ့ဆီကကိုယ်လိုချင်လောက်တဲ့အချစ်မျိုးမရရင်တော့ မေတ္တာ မပြတ်ပဲ တိုးလို့ချစ်ပေးသင့့်ပါတယ်။
(၂) သူ့ဆီကနေဘာရရပါလို၏ဆိုတာမျိုးမမျှော်လင့်ပါနဲ့
လူတစ်ယောက်ုိတကယ်ချစ်လာတဲ့သူတိုင်းဒီခံစားချက်ကိုနားလည်သဘောပေါက်နိုင်ပါတယ်။ ကိုယ်နဲ့သူချစ်နေရရင်သာပြီးရော တစ်ခြားသူ့ဆီက ဘာဆိုဘာမှကို မတောင်းတမလိုချင်တတ်ကြပါဘူး။ဒီလိုစိတ်မျိုးနဲ့ပဲ အချိန်ကြာကြာချစ်သူဘေးမှာ နေထိုင်ရင်းကိုယ့်ရဲ့စစ်မှန်တဲ့မေတ္တာမှန်တွေကို တစ်ဖက်သူနားလည်သဘောပေါက်လာပါလိမ့်မယ်။ ငါကတော့ဒီလောက်ချစ်ရတယ်သူကတော့
ချစ်တောင်မချစ်ဘူး ဆိုတာမျိုး ငါကတော့ဘာလုပ်ပေးရတယ်သူကတော့ ဘာမှန်ပြန်မလုပ်ပေးဘူး စသည်ဖြင့်စိတ်ပင်ပန်းဝမ်းနည်းနေပြီး မျှော်လင့်ချက်တွေကြီးမနေပဲ ပေးဆပ်ရင်းသာဆက်ချစ်ပါ။ကိုယ်တကယ်မစွန့်လွှတ်နိုင်ရင်ပေါ့။
(၃) သူ့ပေါ်ထားတဲ့ကိုယ့်ရဲ့စိတ်ရင်းမှန်ကိုချပြပါ
သူ့ပေါ်ထားတဲ့ကိုယ့်ရဲ့စိတ်ရင်းမှန်ကိုသူသိအောင်တော့ချပြတတ်ပါစေ။ ကိုယ်ချစ်သလောက်သူမချစ်နိုင်ဘူးဆိုတာ ကိုယ်တစ်ယောက်တည်းသိမနေပဲ သူလည်းသိလာအောင်ချစ်ပြတတ်ပါစေ။ဒါဟာသက်သက်ဆွဲဆောင်ဟန်တုပြီး အချစ်ကိုယူခိုင်းတာမျိုးမဟုတ်ပါဘူး။ ကိုယ်စစ်မှန်စွာချစ်တယ်ဆိုတာကိုသူလည်းနားလည်လက်ခံလာနိုင်မှ အမှန်ကိုမြင်ပြီးကိုယ့်ပေါ်ပိုမိုမေတ္တာသက်ဝင်စေမှာမလို့့ပါ။
(၄) တစ်ယောက်နားတစ်ယောက်ရှိနေခွင့်ရတာကိုကျေးဇူးတင်ပါ
သေချာတာကတော့ ကိုယ့်ပေါ်သဲဲလှုပ်မချစ်တတ်ပေမဲ့လည်းကိုယ့်နားမှာတရားဝင်ချစ်သူအဖြစ်ရှိနေပြီး အများလည်မှာကိုယ့်လက်ကိုတွဲကာ တစ်ယောက်နားတစ်ယောက်ရှိနေခွင့်ရတာနဲ့တင်ကိုပဲကျေးဇူးတင်သင့်ပါတယ်။
(၅) သူ့ဘဝအတွက်ကိုယ်ဟာမစွန့်လွှတ်ပစ်ရက်တဲ့သူမျိုးဖြစ်ပါစေ
ကိုယ်ချစ်သလောက်သူမချစ်နိုင်ရင်နေပါစေ သူ့ဘဝအတွက်တော့ အရေးပါနေသူဖြစ်အောင်နေထိုင်ပါ။ အရမ်းချစ်လို့ဆိုပြီး ပြောသမျှနားထောင်ရင်းခပ်ပေါပေါဖြစ်သွားမျိုး မဖြစ်မခံပဲသူ့ဘဝရဲ့ တစ်ထောင့်တစ်နေရာမှာကိုယ်ဟာ မရှိမဖြစ်ရှိနေသင့်တဲ့ လိုအပ်တဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားနေထိုင်ပါ။ ကိုယ်ထင်သလောက်ကိုယ့်ကိုမချစ်ပင်မဲ့သူ့စိတ်ထဲမှာ စွန့်ပစ်ရခက်ခဲတဲ့သူတစ်ယောက်ကိုယ်ဖြစ်နေပါစေ။
အပေါ်ကအချက်တွေတိုင်းတာနေထိုင်ပြီး အဲ့လိုစိတ်လေးတွေထားမယ်ဆိုရင်တော့ဖြင့် ကိုယ်ချစ်သလောက်ကိုယ့်ပေါ်မချစ်ပါလားဆိုပြီး စိတ်ညစ်နေတာတွေ ဝမ်းနည်းနေတာမျိုးတွေ ပူလောင်လွန်းတဲ့စိတ်တွေလျော့ကျသွားပြီးစိတ်ရှင်းရှင်းနဲ့လူတစ်ယောက်ပေါ်မေတ္တာထားတတ်သွားပါလိမ့်မယ်။ လူတစ်ယောက်ကိုတကယ်ပိုင်ဆိုင်ချင်ရင် ကိုယ့်အတ္တကိုရှေ့တန်းမတင်ပဲ ကိုယ်ချစ်တဲ့သူရဲ့စိတ်ကိုနားလည်အောင်ကြိုးစားမှသာ အချိန်တန်အမှန်တကယ်ပိုင်ဆိုင်ရမှာဖြစ်လို့
ချစ်တဲ့သူတိုင်းပေါင်းရဖို့ဆုတောင်းရင်း…
309 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.