“Gu Family Book” ဇာတ္ကားအျပီး (၅)ႏွစ္အၾကာမွာ အတူတူျပန္လည္သ႐ုပ္ေဆာင္သြား မယ့္ Lee Seung Gi နဲ႔ Suzy

ဒရာမာကား VAGABOND ဇာတ္ကားမွာ Lee Seung Gi နဲ႔ Suzy တို႔က အဓိကဇာတ္ေဆာင္ေတြအျဖစ္ သ႐ုပ္ေဆာင္သြားမယ္လုိ႔သိရပါတယ္။ ၂၀၁၃ခုႏွစ္ MBC မွ “Gu Family Book” မွာလည္း Lee Seung Gi နဲ႔ Suzy တို႔က အတူတူသ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။

အခုအသစ္ထြက္႐ွိလာမယ့္ VAGABOND ကေတာ့ စပိုင္အက္႐ွင္ သည္းထိတ္ရင္ဖိုဇာတ္ကားျဖစ္ေပမယ့္ ခံစားခ်က္ကိုဆဲြေဆာင္ႏုိင္ျပီး ဟာသေလးေတြလည္းထည့္သြင္း႐ုိက္ကူးထား
တာျဖစ္ပါတယ္။ Lee Seung Gi က ဒီထဲမွာ အက္႐ွင္႐ုပ္႐ွင္ေတြရဲ႕ဒါ႐ုိက္တာျဖစ္ခ်င္တဲ့ Cha Geon အျဖစ္သ႐ုပ္ေဆာင္ထားပါတယ္။ အနာဂတ္မွာ ႐ုပ္႐ွင္ထုတ္လုပ္တဲ့ ကုမၸဏီတစ္ခုတည္ေထာင္ႏုိင္မယ္လို႔ ေမွ်ာ္မွန္းထားတယ္။ ယုံၾကည္မႈအျပည့္႐ွိျပီး ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္တဲ့ပံုစံမ်ဳိးပါ။

Image result for suzy-and-lee-seung-gi

Suzy ကေတာ့ NISရဲ႕ ေအးဂ်င့္တစ္ေယာက္ျဖစ္ပါတယ္။ သူမအေဖ ေရတပ္မွာလုပ္ငန္းထမ္းေဆာင္ေနစဥ္ ေသဆံုးသြားျပီးေနာက္ NIS မွာအလုပ္လုပ္ဖို႔ ေရြးခ်ယ္လုိက္ျပီး အေမနဲ႔ ေမာင္ေလးကို ျပဳစုေစာင့္ေ႐ွာက္ေနတဲ့ Go Hae Ri အျဖစ္သ႐ုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

Giant, History of a Salaryman နဲ႔ Incarnation of Money တို႔ရဲ႕ဇာတ္ညြန္းေရးဆရာေတြျဖစ္တဲ့ Jang Young Chul ၊ Jung Kyung Soon တို႔နဲ႔ ဒါ႐ုိက္တာ Yoo In Shik အတူဖန္တီးထားတာျဖစ္ပါတယ္။ ဇာတ္ကားထြက္႐ွိမယ့္ရက္ကိုေတာ့ မထုတ္ျပန္ေသးပါဘူး။ျပီးခဲ့တဲ့ စေနေန႔ကမွ ဇာတ္ညြန္းအားလံုးကို စဖတ္ၾကတာျဖစ္ပါတယ္။

(Unicode)

ဒရာမာကား VAGABOND ဇာတ်ကားမှာ Lee Seung Gi နဲ့ Suzy တို့က အဓိကဇာတ်ဆောင်တွေအဖြစ် သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။ ၂၀၁၃ခုနှစ် MBC မှ “Gu Family Book” မှာလည်း Lee Seung Gi နဲ့ Suzy တို့က အတူတူသရုပ်ဆောင်ခဲ့ဖူးပါတယ်။

အခုအသစ်ထွက်ရှိလာမယ့် VAGABOND ကတော့ စပိုင်အက်ရှင် သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပေမယ့် ခံစားချက်ကိုဆွဲဆောင်နိုင်ပြီး ဟာသလေးတွေလည်းထည့်သွင်းရိုက်ကူးထား
တာဖြစ်ပါတယ်။ Lee Seung Gi က ဒီထဲမှာ အက်ရှင်ရုပ်ရှင်တွေရဲ့ဒါရိုက်တာဖြစ်ချင်တဲ့ Cha Geon အဖြစ်သရုပ်ဆောင်ထားပါတယ်။ အနာဂတ်မှာ ရုပ်ရှင်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုတည်ထောင်နိုင်မယ်လို့ မျှော်မှန်းထားတယ်။ ယုံကြည်မှုအပြည့်ရှိပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ပုံစံမျိုးပါ။

Suzy ကတော့ NISရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်။ သူမအဖေ ရေတပ်မှာလုပ်ငန်းထမ်းဆောင်နေစဉ် သေဆုံးသွားပြီးနောက် NIS မှာအလုပ်လုပ်ဖို့ ရွေးချယ်လိုက်ပြီး အမေနဲ့ မောင်လေးကို ပြုစုစောင့်ရှောက်နေတဲ့ Go Hae Ri အဖြစ်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Giant, History of a Salaryman နဲ့ Incarnation of Money တို့ရဲ့ဇာတ်ညွန်းရေးဆရာတွေဖြစ်တဲ့ Jang Young Chul ၊ Jung Kyung Soon တို့နဲ့ ဒါရိုက်တာ Yoo In Shik အတူဖန်တီးထားတာဖြစ်ပါတယ်။ ဇာတ်ကားထွက်ရှိမယ့်ရက်ကိုတော့ မထုတ်ပြန်သေးပါဘူး။ပြီးခဲ့တဲ့ စနေနေ့ကမှ ဇာတ်ညွန်းအားလုံးကို စဖတ်ကြတာဖြစ်ပါတယ်။

73 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.