သင့္ကုိစိတ္၀င္စားခ်င္တဲ႔စိတ္ေတာင္ေပ်ာက္သြားေစမယ့္ ဒီလုိမက္ေဆ့ခ်္ေတြမပုိ႔မိပါေစနဲ႔

ဆိုရွယ္မီဒီယာေခတ္ၾကီးျဖစ္လို႔ ေဖ့ဘြတ္ခ္၊အင္စတာဂရမ္ေတြမသံုးတဲ႔သူဆိုတာ မရွိသေလာက္ ပါပဲ။ လူမိ်ဳးစံု၀င္ထြက္သြားလာေနတဲ႔ေဖ့ဘြတ္ခ္ဆိုတဲ႔ပတ္၀န္းက်င္မွာ အျပင္မွာမေတြ႔ဖူးေပမဲ႔လို႔ စိတ္၀င္တစားျဖစ္မိတဲ႔ေကာင္ေလး၊ေကာင္မေလးဆုိတာလည္းရွိၾကတယ္ဟုတ္!စိတ္၀င္စားမိတဲ႔အေလ်ာက္ မရဲတရဲစကားသြားေျပာၾကပါတယ္။ဒါေပမဲ႔ကုိယ္ကသူ႔ကုိစိတ္၀င္စားလုိ႔ စကား သြားေျပာေပမဲ႔ေျပာရတဲ႔အေၾကာင္းအရာကလည္း တစ္ဖက္လူစိတ္၀င္စားဖုိ႔လိုပါေသးတယ္။ အဲ႔ဒီလုိမဟုတ္ပဲ အခုေျပာျပမယ့္စကားေတြသာ သြားေျပာမိမယ္ဆုိရင္ စိတ္မ၀င္စားတဲ႔အျပင္ စိတ္၀င္စားခ်င္တဲ႔စိတ္ေတာင္ေပ်ာက္သြားပါလိမ့္မယ္။ပ်င္းဖုိ႔ေကာင္းတယ္ဆိုျပီး သင့္ကုိ အဖက္လုပ္ျပီးစကားမေျပာတာေတာင္ျဖစ္ႏုိင္ပါတယ္။အဆိုးဆံုးကေတာ့ဘေလာ့ခ္တာျဖစ္ျဖစ္ ၊အန္ဖရန္႔လုပ္တာျဖစ္ျဖစ္ေပါ့။

၂၁ရာစုေရာက္ေနျပီျဖစ္လို႔ ကုိယ္စိတ္၀င္စားတဲ႔သူကုိ မက္ေဆ့ခ္်ပို႔တဲ႔အခါ ပ်င္းစရာေကာင္းမေနဖို႔ လိုပါတယ္။ကုိယ္စိတ္၀င္စားမိတဲ႔သူကုိစကားေျပာခ်င္တဲ႔အခါ မေျပာသင့္တဲ႔ ပ်င္းစရာေကာင္း တဲ႔မက္ေဆ့ခ်္ေတြ၊စိတ္၀င္စားခ်င္တဲ႔စိတ္ေတာင္ေပ်ာက္သြားေစမယ့္မက္ေဆ့ခ်္ေတြဆိုတာ…

၁)ပ်င္းရိျငီးေငြ႔ဖြယ္ေကာင္းတဲ့အေၾကာင္းအရာနဲ႔ စတင္ျခင္း
ေဟး၊ဟယ္လုိ၊စားျပီးျပီလား၊မစားရေသးဘူး၊အိမ္မွာလား၊အျပင္မွာလား ဘလာဘလာဘလာ စသျဖင့္ ရိုးရွင္းတဲ႔စကားေတြနဲ႔စတင္တာမ်ိဳး၊အဲ႔လုိစျပီးျပီဆုိရင္ေနာက္ထပ္ဘာေျပာရမွန္း မသိျဖစ္တတ္ပါတယ္။ဟုိဘက္က စိတ္၀င္စားမႈလည္းရွိမွာမဟုတ္ပါဘူး။အဲ႔ဒီလုိေျပာမယ့္အစား ကုိယ္စိတ္၀င္စားတဲ႔သူရဲ႔အေၾကာင္းကုိေသခ်ာေလ့လာ၊သူဘာေတြၾကိဳက္တတ္လဲဆိုတာမ်ိဳးေပါ့။သူက ရွိဳးပြဲေတြသြားရတာၾကိဳက္တယ္ဆုိရင္ ဥပမာ ေဟး ငါေတာ့ဘယ္ရွိဳးပြဲက ျပန္လာတာ အရမ္းမိုက္တယ္ေပါ့။သြားျဖစ္လားေပါ့။အဲ႔ဒီလုိသူစိတ္၀င္စားမႈရွိမယ့္အေၾကာင္းအရာမ်ိဳးနဲ႔စတင္မယ္ဆုိရင္ ပ်င္းစရာမေကာင္းေတာ့သလိုေနာက္ထပ္စကားေတြဆက္ေျပာဖုိ႔လည္းအခြင့္အေရး ရေစပါတယ္။

၂)သူေျပာတာထက္ သင္ေျပာတာက ဆယ္ဆေလာက္မ်ားေနျခင္း
သူက ၁၀ခြန္းေျပာျပီးကုိယ္ကအခြန္းတစ္ရာေလာက္ေျပာမိေနရင္လည္း ကုိယ္က သူ႔အေပၚ စိတ္၀င္စားမႈရွိေနတယ္ဆုိတာလံုး၀သိသာေစလုိ႔ သူ႔ဘက္ကသင့္ကုိအာရံုစိုက္မိေတာ့မွာ မဟုတ္ပါဘူး။စကားမ်ားမ်ားေျပာတာထက္ အဓိကႏွစ္ေယာက္လံုးစိတ္၀င္စားမႈရွိႏုိင္တဲ႔ အေၾကာင္းအရာေတြ ေရြးခ်ယ္ေျပာတာမ်ိဳး၊သူ စာပုိ႔လိုက္တာနဲ႔ခ်က္ခ်င္း စာျပန္တာထက္ နည္းနည္းေနာက္က်ျပီးမွစာျပန္တာမ်ိဳးလုပ္ပါ။

၃)အေျဖအစား အီမိုဂ်ီေတြပုိ႔ျခင္း
အီမိုဂ်ီေလးေတြခ်စ္စရာေကာင္းတာမွန္သလို လူတိုင္းကလည္းအီမိုဂ်ီေလးေတြ အျမဲသံုးၾကပါတယ္။ ဒါေပမဲ႔လည္း ကုိယ္စိတ္၀င္စားေနတဲ႔သူနဲ႔စကားစျမည္ေျပာေနရင္း သူေမးတဲ႔ေမးခြန္း ကုိေျဖရမယ့္အစား အီမိုဂ်ီေလးေတြပုိ႔တာက သူ႔ရဲ ႔ေမးခြန္းကိုဘာသိဘာသာလို႔သေဘာထား လုိက္တာ၊စိတ္မ၀င္စားသလုိေျဖတာမ်ိဳးျဖစ္ေစတဲ႔အတြက္ သင့္အေပၚစိတ္၀င္စားေနတဲ႔သူ႔ရဲ ႔စိတ္ကုိေလ်ာ့က်သလိုျဖစ္သြားေစပါတယ္။အဲ႔ဒါေၾကာင့္ သူေမးတဲ႔ေမးခြန္းေတြ၊ သူရယ္စရာေျပာလိုက္တာနဲ႔ပတ္သက္ျပီးအီမိုဂ်ီေလာက္သာျပန္ပို႔တာေတြမလုပ္ပါနဲ႔။အီမိုဂ်ီထည့္ခ်င္တယ္ဆုိရင္ သင္ေျပာခ်င္တဲ႔မက္ေဆ့ခ်္နဲ႔ အီမိုဂ်ီေလးနဲ႔တြဲပုိ႔ေပါ့။ဒါဆုိရင္ အိုေကပါတယ္။

၄)သူ႔ရဲ ႔ခ်ီးက်ဴးစကားကုိလ်စ္လ်ဴရႈတာမ်ိဳး
ႏွစ္ေယာက္သားစကားစျမည္ေျပာေနရင္းသူက သင့္ကုိတစ္ခုခုခ်ီးက်ဴးလုိက္တာမ်ိဳး။ဥပမာ သင္က ဒီေန႔အက်ီအျပာေရာင္ေလးနဲ႔ပံုတင္ထားတယ္။ဒါကုိသူကသတိရျပီး မင္းက အျပာေရာင္နဲ႔အရမ္း လုိက္တယ္၊လွတယ္လို႔ခ်ီးက်ဴးတဲ႔အခါ ရွက္ေနတဲ႔အီမိုဂ်ီေလးပဲပုိ႔လုိက္တာမ်ိဳး၊ေက်းဇူးပဲလိ႔ု
ျပန္ေျပာတာမ်ိဳးထက္ ေက်းဇူးပဲ။မင္းလည္း အ႔ဲဒီဆံပင္နဲ႔လိုက္တယ္၊အဲ႔ဒီအေရာင္နဲ႔လိုက္တယ္လုိ႔ ျပန္ျပီးတံု႔ျပန္ေျပာဆုိတာက ပိုျပီးအက်ိဳးရွိေစပါတယ္တဲ႔။

၅)သူ႔ဘက္ကစာခ်က္ခ်င္းမျပန္တဲ႔အခါ ေယာက္ယတ္ခတ္ေနတာမ်ဳိး
တစ္ေယာက္ေယာက္ကိုစိတ္၀င္စားမိတဲ႔အခါ သင့္ရဲ ႔ဦးေႏွာက္က အခ်စ္ဆုိတဲ႔လႊမ္းမုိးမႈေအာက္ကုိ ေရာက္ေနပါျပီ။အဲဒီအခ်ိန္မွာ သူ႔ဘက္က ပုိ႔တဲ႔စာမွန္သမ်ွကုိအေသးစိတ္ခံစားေနမိ ပါလိမ့္မယ္။သူက ရိုးရိုးတန္းတန္းေနာက္က်ေနျပီမအိပ္ေသးဘူးလားလုိ႔ေျပာတာကုိေတာင္ သင့္ကုိစိတ္ပူလို႔ေျပာတယ္ထင္ေနတဲ႔အေျခအေနမ်ိဳးပါ။ဒါကုိအျပစ္လို႔လည္းမဆုိႏုိင္ပါဘူး။ဒါေပမဲ႔ ဒီလို စကားစျမည္ေျပာတယ္ဆိုတာ ႏွစ္ဖက္လံုးရဲ႔စိတ္ခံစားခ်က္၊အေျခအေနကုိထည့္တြက္ဖုိ႔
လည္းလိုပါတယ္။သူ႔ကုိလိုင္းေပၚမွာေတြ႔လုိ႔စကားသြားေျပာလုိက္တယ္၊ငါးမိနစ္ၾကာလည္းစာမျပန္၊၁၀မိနစ္ၾကာလည္း စာမျပန္ဆုိရင္ ဒါကသူ႔ဘက္ကသင့္ကုိစာျပန္မပုိ႔ႏုိင္တဲ႔အေျခအေနတစ္ခုခု ရွိေနတယ္ဆိုတာသေဘာေပါက္သင့္ပါတယ္။လိုင္းဖြင့္ထားေပမဲ႔ သန္႔စင္ခန္းထဲ၀င္မိေနတာမ်ိဳး၊ လိုင္းျပန္မပိတ္တာမ်ိဳးေပါ့။ဒါကုိသေဘာမေပါက္နားမလည္ပဲသင္ေျပာခ်င္တာပဲဇြတ္ေျပာေနမယ္ဆုိရင္ အရွိန္လြန္သြားႏုိင္ပါတယ္။ေဒါသေတြ၊၀မ္းနည္းစိတ္ေတြ၊မခံခ်င္စိတ္ေတြထက္ သူ႔ဘက္ကအေျခအေနကုိအရင္ဆံုးေစာင့္ၾကည့္သင့္ပါတယ္။ေနာက္တစ္ခါသင္စကားသြားေျပာလို႔ သူ႔ဘက္က စာျမန္ျမန္မျပန္တဲ႔အခါအသက္ကုိျပင္းျပင္းရႈျပီးသင့္ရဲ ႔စိတ္ခံစားခ်က္ေတြကုိ ခဏေလာက္အနားေပးထားဖုိ႔မေမ့ပါနဲ႔။

၆)အလုပ္ခ်ိန္အတြင္းမက္ေဆခ်္သြားပို႔ျခင္း
ေနာက္ဆံုးတစ္ခု သင့္ကုိစိတ္၀င္စားမႈေလ်ာ့နည္းေစမယ့္မက္ေဆ့ခ်္မိ်ဳးဆုိတာ သူအလုပ္လုပ္ေနတဲ႔ အခ်ိန္မွာ သင့္ဘက္ကမက္ေဆ့ခ်္သြားပို႔တာမ်ိဳးပါ။လိုင္းဖြင့္ထားေပမဲ႔ အလုပ္လုပ္ေနတာျဖစ္ႏုိင္ ပါတယ္။ဒါကုိ သင္ကစာေတြသြားပုိ႔ေနမယ္၊သူ႔ဘက္ကမအားလို႔စာမျပန္တာကုိ လုိင္းေပၚမွာရွိေနျပီးစာမျပန္ရေကာင္းလားဆုိျပီးစိတ္တိုေစမယ့္စာေတြပုိ႔ေနမယ္ဆုိရင္သူ႔အတြက္စိတ္အေနွာင့္အယွက္ျဖစ္ႏုိင္သလို သင့္ကုိစိတ္၀င္စားခ်င္ေနတဲ႔စိတ္ဟာလည္း အလိုက္ကန္းဆုိး မသိဘူးလားဆုိတဲ႔အေတြးနဲ႔ဖံုးလႊမ္းေပ်ာက္ကြယ္သြားပါလိမ့္မယ္။သူအလုပ္လုပ္ေနတယ္။အလုပ္ခိ်န္မို႔ စကားလာမေျပာပါနဲ႔ဆုိတဲ႔စကားမ်ိဳးအထိအေျပာမခံခ်င္ဘူးဆုိရင္ တစ္ဖက္လူရဲ႔အေျခအေန ကုိနည္းနည္းေလ့လာသင့္ပါတယ္။စကားစျမည္ေျပာခ်င္တယ္ဆုိရင္ေန႔လည္စာစားခ်ိန္၊ရံုးဆင္းခ်ိန္ေလာက္မွန္းျပီး စကားသြားေျပာတာအေကာင္းဆံုးပါ။

ကုိယ္စိတ္၀င္စားေနတဲ႔သူကုိ အထာက်က်စကားသြားေျပာႏုိင္ပါေစေနာ္

Unicode

ဆိုရှယ်မီဒီယာခေတ်ကြီးဖြစ်လို့ ဖေ့ဘွတ်ခ်၊အင်စတာဂရမ်တွေမသုံးတဲ့သူဆိုတာ မရှိသလောက် ပါပဲ။ လူမျိုးစုံဝင်ထွက်သွားလာနေတဲ့ဖေ့ဘွတ်ခ်ဆိုတဲ့ပတ်ဝန်းကျင်မှာ အပြင်မှာမတွေ့ဖူးပေမဲ့လို့ စိတ်ဝင်တစားဖြစ်မိတဲ့ကောင်လေး၊ကောင်မလေးဆိုတာလည်းရှိကြတယ်ဟုတ်!စိတ်ဝင်စားမိတဲ့အလျောက် မရဲတရဲစကားသွားပြောကြပါတယ်။ဒါပေမဲ့ကိုယ်ကသူ့ကိုစိတ်ဝင်စားလို့ စကား သွားပြောပေမဲ့ပြောရတဲ့အကြောင်းအရာကလည်း တစ်ဖက်လူစိတ်ဝင်စားဖို့လိုပါသေးတယ်။ အဲ့ဒီလိုမဟုတ်ပဲ အခုပြောပြမယ့်စကားတွေသာ သွားပြောမိမယ်ဆိုရင် စိတ်မဝင်စားတဲ့အပြင် စိတ်ဝင်စားချင်တဲ့စိတ်တောင်ပျောက်သွားပါလိမ့်မယ်။ပျင်းဖို့ကောင်းတယ်ဆိုပြီး သင့်ကို အဖက်လုပ်ပြီးစကားမပြောတာတောင်ဖြစ်နိုင်ပါတယ်။အဆိုးဆုံးကတော့ဘလော့ခ်တာဖြစ်ဖြစ် ၊အန်ဖရန့်လုပ်တာဖြစ်ဖြစ်ပေါ့။

၂၁ရာစုရောက်နေပြီဖြစ်လို့ ကိုယ်စိတ်ဝင်စားတဲ့သူကို မက်ဆေ့ခ်ျပို့တဲ့အခါ ပျင်းစရာကောင်းမနေဖို့ လိုပါတယ်။ကိုယ်စိတ်ဝင်စားမိတဲ့သူကိုစကားပြောချင်တဲ့အခါ မပြောသင့်တဲ့ ပျင်းစရာကောင်း တဲ့မက်ဆေ့ချ်တွေ၊စိတ်ဝင်စားချင်တဲ့စိတ်တောင်ပျောက်သွားစေမယ့်မက်ဆေ့ချ်တွေဆိုတာ…

၁)ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့အကြောင်းအရာနဲ့ စတင်ခြင်း
ဟေး၊ဟယ်လို၊စားပြီးပြီလား၊မစားရသေးဘူး၊အိမ်မှာလား၊အပြင်မှာလား ဘလာဘလာဘလာ စသဖြင့် ရိုးရှင်းတဲ့စကားတွေနဲ့စတင်တာမျိုး၊အဲ့လိုစပြီးပြီဆိုရင်နောက်ထပ်ဘာပြောရမှန်း မသိဖြစ်တတ်ပါတယ်။ဟိုဘက်က စိတ်ဝင်စားမှုလည်းရှိမှာမဟုတ်ပါဘူး။အဲ့ဒီလိုပြောမယ့်အစား ကိုယ်စိတ်ဝင်စားတဲ့သူရဲ့အကြောင်းကိုသေချာလေ့လာ၊သူဘာတွေကြိုက်တတ်လဲဆိုတာမျိုးပေါ့။သူက ရှိုးပွဲတွေသွားရတာကြိုက်တယ်ဆိုရင် ဥပမာ ဟေး ငါတော့ဘယ်ရှိုးပွဲက ပြန်လာတာ အရမ်းမိုက်တယ်ပေါ့။သွားဖြစ်လားပေါ့။အဲ့ဒီလိုသူစိတ်ဝင်စားမှုရှိမယ့်အကြောင်းအရာမျိုးနဲ့စတင်မယ်ဆိုရင် ပျင်းစရာမကောင်းတော့သလိုနောက်ထပ်စကားတွေဆက်ပြောဖို့လည်းအခွင့်အရေး ရစေပါတယ်။

၂)သူပြောတာထက် သင်ပြောတာက ဆယ်ဆလောက်များနေခြင်း
သူက ၁ဝခွန်းပြောပြီးကိုယ်ကအခွန်းတစ်ရာလောက်ပြောမိနေရင်လည်း ကိုယ်က သူ့အပေါ် စိတ်ဝင်စားမှုရှိနေတယ်ဆိုတာလုံးဝသိသာစေလို့ သူ့ဘက်ကသင့်ကိုအာရုံစိုက်မိတော့မှာ မဟုတ်ပါဘူး။စကားများများပြောတာထက် အဓိကနှစ်ယောက်လုံးစိတ်ဝင်စားမှုရှိနိုင်တဲ့ အကြောင်းအရာတွေ ရွေးချယ်ပြောတာမျိုး၊သူ စာပို့လိုက်တာနဲ့ချက်ချင်း စာပြန်တာထက် နည်းနည်းနောက်ကျပြီးမှစာပြန်တာမျိုးလုပ်ပါ။

၃)အဖြေအစား အီမိုဂျီတွေပို့ခြင်း
အီမိုဂျီလေးတွေချစ်စရာကောင်းတာမှန်သလို လူတိုင်းကလည်းအီမိုဂျီလေးတွေ အမြဲသုံးကြပါတယ်။ ဒါပေမဲ့လည်း ကိုယ်စိတ်ဝင်စားနေတဲ့သူနဲ့စကားစမြည်ပြောနေရင်း သူမေးတဲ့မေးခွန်း ကိုဖြေရမယ့်အစား အီမိုဂျီလေးတွေပို့တာက သူ့ရဲ ့မေးခွန်းကိုဘာသိဘာသာလို့သဘောထား လိုက်တာ၊စိတ်မဝင်စားသလိုဖြေတာမျိုးဖြစ်စေတဲ့အတွက် သင့်အပေါ်စိတ်ဝင်စားနေတဲ့သူ့ရဲ ့စိတ်ကိုလျော့ကျသလိုဖြစ်သွားစေပါတယ်။အဲ့ဒါကြောင့် သူမေးတဲ့မေးခွန်းတွေ၊ သူရယ်စရာပြောလိုက်တာနဲ့ပတ်သက်ပြီးအီမိုဂျီလောက်သာပြန်ပို့တာတွေမလုပ်ပါနဲ့။အီမိုဂျီထည့်ချင်တယ်ဆိုရင် သင်ပြောချင်တဲ့မက်ဆေ့ချ်နဲ့ အီမိုဂျီလေးနဲ့တွဲပို့ပေါ့။ဒါဆိုရင် အိုကေပါတယ်။

၄)သူ့ရဲ ့ချီးကျူးစကားကိုလျစ်လျူရှုတာမျိုး
နှစ်ယောက်သားစကားစမြည်ပြောနေရင်းသူက သင့်ကိုတစ်ခုခုချီးကျူးလိုက်တာမျိုး။ဥပမာ သင်က ဒီနေ့အကျီအပြာရောင်လေးနဲ့ပုံတင်ထားတယ်။ဒါကိုသူကသတိရပြီး မင်းက အပြာရောင်နဲ့အရမ်း လိုက်တယ်၊လှတယ်လို့ချီးကျူးတဲ့အခါ ရှက်နေတဲ့အီမိုဂျီလေးပဲပို့လိုက်တာမျိုး၊ကျေးဇူးပဲလို့
ပြန်ပြောတာမျိုးထက် ကျေးဇူးပဲ။မင်းလည်း အဲ့ဒီဆံပင်နဲ့လိုက်တယ်၊အဲ့ဒီအရောင်နဲ့လိုက်တယ်လို့ ပြန်ပြီးတုံ့ပြန်ပြောဆိုတာက ပိုပြီးအကျိုးရှိစေပါတယ်တဲ့။

၅)သူ့ဘက်ကစာချက်ချင်းမပြန်တဲ့အခါ ယောက်ယတ်ခတ်နေတာမျိုး
တစ်ယောက်ယောက်ကိုစိတ်ဝင်စားမိတဲ့အခါ သင့်ရဲ ့ဦးနှောက်က အချစ်ဆိုတဲ့လွှမ်းမိုးမှုအောက်ကို ရောက်နေပါပြီ။အဲဒီအချိန်မှာ သူ့ဘက်က ပို့တဲ့စာမှန်သမျှကိုအသေးစိတ်ခံစားနေမိ ပါလိမ့်မယ်။သူက ရိုးရိုးတန်းတန်းနောက်ကျနေပြီမအိပ်သေးဘူးလားလို့ပြောတာကိုတောင် သင့်ကိုစိတ်ပူလို့ပြောတယ်ထင်နေတဲ့အခြေအနေမျိုးပါ။ဒါကိုအပြစ်လို့လည်းမဆိုနိုင်ပါဘူး။ဒါပေမဲ့ ဒီလို စကားစမြည်ပြောတယ်ဆိုတာ နှစ်ဖက်လုံးရဲ့စိတ်ခံစားချက်၊အခြေအနေကိုထည့်တွက်ဖို့
လည်းလိုပါတယ်။သူ့ကိုလိုင်းပေါ်မှာတွေ့လို့စကားသွားပြောလိုက်တယ်၊ငါးမိနစ်ကြာလည်းစာမပြန်၊၁ဝမိနစ်ကြာလည်း စာမပြန်ဆိုရင် ဒါကသူ့ဘက်ကသင့်ကိုစာပြန်မပို့နိုင်တဲ့အခြေအနေတစ်ခုခု ရှိနေတယ်ဆိုတာသဘောပေါက်သင့်ပါတယ်။လိုင်းဖွင့်ထားပေမဲ့ သန့်စင်ခန်းထဲဝင်မိနေတာမျိုး၊ လိုင်းပြန်မပိတ်တာမျိုးပေါ့။ဒါကိုသဘောမပေါက်နားမလည်ပဲသင်ပြောချင်တာပဲဇွတ်ပြောနေမယ်ဆိုရင် အရှိန်လွန်သွားနိုင်ပါတယ်။ဒေါသတွေ၊ဝမ်းနည်းစိတ်တွေ၊မခံချင်စိတ်တွေထက် သူ့ဘက်ကအခြေအနေကိုအရင်ဆုံးစောင့်ကြည့်သင့်ပါတယ်။နောက်တစ်ခါသင်စကားသွားပြောလို့ သူ့ဘက်က စာမြန်မြန်မပြန်တဲ့အခါအသက်ကိုပြင်းပြင်းရှုပြီးသင့်ရဲ ့စိတ်ခံစားချက်တွေကို ခဏလောက်အနားပေးထားဖို့မမေ့ပါနဲ့။

၆)အလုပ်ချိန်အတွင်းမက်ဆေချ်သွားပို့ခြင်း
နောက်ဆုံးတစ်ခု သင့်ကိုစိတ်ဝင်စားမှုလျော့နည်းစေမယ့်မက်ဆေ့ချ်မျိုးဆိုတာ သူအလုပ်လုပ်နေတဲ့ အချိန်မှာ သင့်ဘက်ကမက်ဆေ့ချ်သွားပို့တာမျိုးပါ။လိုင်းဖွင့်ထားပေမဲ့ အလုပ်လုပ်နေတာဖြစ်နိုင် ပါတယ်။ဒါကို သင်ကစာတွေသွားပို့နေမယ်၊သူ့ဘက်ကမအားလို့စာမပြန်တာကို လိုင်းပေါ်မှာရှိနေပြီးစာမပြန်ရကောင်းလားဆိုပြီးစိတ်တိုစေမယ့်စာတွေပို့နေမယ်ဆိုရင်သူ့အတွက်စိတ်အနှောင့်အယှက်ဖြစ်နိုင်သလို သင့်ကိုစိတ်ဝင်စားချင်နေတဲ့စိတ်ဟာလည်း အလိုက်ကန်းဆိုး မသိဘူးလားဆိုတဲ့အတွေးနဲ့ဖုံးလွှမ်းပျောက်ကွယ်သွားပါလိမ့်မယ်။သူအလုပ်လုပ်နေတယ်။အလုပ်ချိန်မို့ စကားလာမပြောပါနဲ့ဆိုတဲ့စကားမျိုးအထိအပြောမခံချင်ဘူးဆိုရင် တစ်ဖက်လူရဲ့အခြေအနေ ကိုနည်းနည်းလေ့လာသင့်ပါတယ်။စကားစမြည်ပြောချင်တယ်ဆိုရင်နေ့လည်စာစားချိန်၊ရုံးဆင်းချိန်လောက်မှန်းပြီး စကားသွားပြောတာအကောင်းဆုံးပါ။

ကိုယ်စိတ်ဝင်စားနေတဲ့သူကို အထာကျကျစကားသွားပြောနိုင်ပါစေနော်

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.