အသက်၄၀အရွယ်ရှိတဲ့ တစ်ပိုင်တစ်နိုင်ကိုယ်ပိုင် အ၀တ်အထည်မီးပူတိုက်လုပ်ငန်းလုပ်ကိုင်နေတဲ့ Carl McCoidက ပေါ့ပ်အဆိုတော်မလေး Miley Cyrusရဲ့ အင်တာဗျူးမှန်သမျှနဲ့ ဓာတ်ပုံတွေကို ၂၀၀၉ခုနှစ်မှာစတင်ကြည့်ရှုစုဆောင်းခဲ့တဲ့ Mileyကိုချစ်တဲ့ပရိသတ်တွေထဲက ပရိသတ်တစ်ဦးပါပဲ။ Carlက၂၀၁၁ခုနှစ်မှာ ဇနီးနဲ့ လမ်းခွဲပြတ်ဆဲထားသူတစ်ယောက်ဖြစ်ပြီး ဒီလို Miley ကို ရူးသွပ်စွဲလန်းခဲ့တာကြောင့် အိမ်ထောင်ပြိုကွဲခဲ့တာမဟုတ်ဘူးလို့  Carlက ဆိုခဲ့ပေမယ့် သူ့ ရဲ့ ဇနီးဟောင်းကတော့ သူ့ ရဲ့ လုပ်ရပ်တွေက သာမာန်ထက်အရမ်းကိုလွန်ကဲပြီး စိတ်ပျက်ဖို့ ကောင်းနေပါတယ်လို့ ပြောခဲ့ပါတယ်။
အသက်၂၁နှစ်အရွယ်ရှိတဲ့ ပေါ့ပ်အဆိုရှင် Miley Cyrus ကို အရူးအမူးစွဲလန်းတာထက်ကျော်လွန်နေတဲ့ Carl ရဲ့ ခန္ဓာကိုယ်ပေါ်မှာ Miley ရဲ့  ခဲခြစ်ပုံတူတွေ၊ သီချင်းစာသားတွေ နဲ့  Miley ပြောခဲ့တဲ့ အမှတ်တရစကားတွေကိုပါ သူရဲ့  လက်မောင်း၊ခြေထောက်နဲ့ ရင်ဘတ်တွေမှာ သေရာပါရေးထိုးထားခဲ့ပါတယ်။ ဒါတွေတင်မကသေးပဲ Carl က “ကျွန်တော် တက်တူးထိုးထားတဲ့ကိစ္စနဲ့ ပက်သတ်ပြီး တစ်ယောက်ယောက်နဲ့  တွေ့ ဆုံဖို့ လိုသေးတယ်လို့ ထင်တယ်” ဆိုတဲ့သတင်းစကားက Mileyကို အတော်လေးကို ခြောက်ခြားစေခဲ့ပါတယ်လို့ Mileyက ဖွင့်ဟပြောဆိုခဲ့ပါတယ်။
Hannah Montana ဗီဒီယိုဇာတ်ကားနဲ့ ကျော်ကြားခဲ့တဲ့ Mileyက အသက် ၁၇နှစ်အရွယ်မှာ “Just Breathe” ဆိုတဲ့ တတ်တူးကို နံရိုးမှာစတင်ရေးထိုးခဲ့ပြီး နောက်ပိုင်းမှာ သူမရဲ့ အဖွားပုံတူတက်တူးကို လက်မောင်းမှာတစ်ပုံ၊ နားရဲ့ အတွင်းဘက်မှာလည်း “love” ဆိုတဲ့ စကားလုံးလေး၊ လက်ဝါးကပ်တိုင်ပုံ နဲ့  ငြိမ်းချမ်းခြင်းအမှတ်အသားတွေကိုလည်း လက်ချောင်းတွေမှာရေးထိုးထားတဲ့အပြင် ညီမျှခြင်းပုံကိုလည်း လိင်တူချင်း လက်ထပ်ခွင့်ကို ထောက်ခံတဲ့သူတစ်ယောက်လို့ တီးခေါက်အချက်ပြတဲ့အနေနဲ့ သူမရဲ့ အရေဖြားပေါ်မှာတက်တူးတွေကို စုဆောင်းရေးထိုးထားသူလေးပါပဲ။
Ref: Daily Mail