ဟောက်တတ်တဲ့သူတွေကြောင့် ညဘက်အိပ်မပျော်ဖြစ်နေလား ?

ဟောက်တတ်တဲ့ မိသားစုဝင်နဲ့ဖြစ်ဖြစ် ၊ သူငယ်ချင်းနဲ့ဖြစ်ဖြစ် အတူအိပ်ရတယ်ဆိုရင် ညဘက်ကောင်းကောင်း အိပ်မရတဲ့လူတွေအတွက် သတင်းကောင်းလေးတစ်ခုကတော့ ရောက်လာပါပြီ။ သင်ကိုယ်တိုင်ကလည်း ဟောက်တတ်တယ်။ သူများကို အနှောင့်ယှက်မပေးချင်ဘူးဆိုရင်တော့ ဒါလေးကို သင်ဝယ်ထားဖို့လိုပါပြီ။

Image result for snorers device

ဟောက်တတ်တဲ့သူတွေအတွက် တီထွင်ထားတဲ့ ကိရိယာလေးတစ်ခုပါ။ မအိပ်ခင် နှာခေါင်းမှာတပ်လိုက်ရုံပါပဲ။ သူ့ကို တပ်ထားရတယ်ဆိုပြီး စိတ်ထဲမှာခုနေတာမျိုးမဖြစ်စေပဲ လွတ်လပ်စွာ အသက်ရှု /ထုတ်လုပ်ရလွယ်ကူပါတယ်။ ကိုယ်ဟောက်တဲ့ အသံကြောင့်ဘေးလူကိုလည်း အနှောင့်ယှက်မဖြစ်စေတော့ဘူး။ ကိုယ်နဲ့အတူအိပ်တဲ့လူက ဟောက်တတ်တဲ့လူဆိုရင် သူ့ကိုလည်း ဒီကိရိယာလေးပေးလိုက်နော်။ ဒါလေးကို တပ်အိပ်တဲ့လူကိုယ်တိုင်အတွက်လည်း ကောင်းကောင်းအိပ်ပျော်နိုင်အောင် ကူညီပေးပါတယ်။

Image result for snorers device

Micro Blowers ကိုအသုံးပြုထားတာဖြစ်ပါတယ်။ သံလိုက်အချပ်လေးတစ်လျှောက် လေဝင်လေထွက်ကောင်းအောင် ဖိအားတစ်ခုဖန်တီးထားတာပါ။ အိပ်နေစဉ်အတွင်းတပ်ဆင်ထားလို့လည်း အဆင်မပြေတာမျိုးမရှိစေရပါဘူး။ ကဲ … ကိုယ့်ရဲ့မိသားစုတွေ ၊ သူငယ်ချင်းတွေထဲမှာ Snorers လေးတွေရှိရင် ဒီစက်လေး ပြဖြစ်အောင်ပြလိုက်နော်…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.