အသက်ကြီိးပေမယ့် မပျက်စီးတဲ့အသားအရည်ကိုပိုင်ဆိုင်နိုင်ဖို့ ဆယ်ကျော်သက်အရွယ်ကတည်းက ပြုလုပ်သင့်တာတွေ

မိန်းကလေးတွေဆိုတာ ဗီဇကိုက လှချင်တဲ့အမျိုးပါ။ခြွင်းချက်တစ်ယောက်စနှစ်ယောက်စတော့ရှိမှာပေါ့လေ ရွှေချိန်ရင်တောင် အလျော့တွက်က ထည့်ရသေးတာမဟုတ်လား။ ဒီလိုဗီဇအရ လှချင်တဲ့မိန်းကလေးတွေက အသက်ကြီးတော့လည်း လှချင်တဲ့စိတ်က လျော့မသွားပါဘူး။ အသက်ကြီးမှ အရေးအကြောင်းတွေပေါ်လို့ လှချင်တိုင်းမလှရတော့လို့ စိတ်ညစ်နေရတဲ့အန်တီကြီးတွေကိုကြည့်ရင်သိနိုင်ပါတယ်။ အပေါ်ယံအရေပြားအလှအပဆိုတာ အရာအားလုံးမဟုတ်သလို အလှအပကိုကြည့်ပြီးလူတစ်ယောက်ရဲ့စိတ်သန္တာန်ကိုဆုံးဖြတ်လို့မရပေမယ့် တစ်စုံတစ်ခုဟာ တန်ဖိုးမထားတဲ့သူရဲ့လက်ထဲမှာဆို တန်ဖိုးမရှိပေမယ့် တန်ဖိုးထားတဲ့သူလက်ထဲရောက်ရင် တန်ဖိုးဖြတ်လို့မရဘူးဆိုသလိုပဲ အလှအပကိုမြတ်နို်းတဲ့သူတွေအတွက်မှာ လှနေမှစိတ်ချမ်းသာမှာပါ။ ဒါကြောင့် အသက်လေးငါးခြောက်ဆယ်အရွယ်ရောက်တဲ့အထိ ငယ်စဉ်ကလိုပဲ တတ်နိုင်သမျှအလှမပျက်ပဲနေနိုင်ဖို့ ဆယ်ကျော်သက်အရွယ်ကတည်းက ပြုလုပ်ရမှာတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

Sunscreen,Sunscreen,Sunscreen

Sunscreen ဆိုတာက နေရောင်ဒဏ်ကာကွယ်လိမ်းဆေးပါ။ Tube လေးတွေနဲ့လာတာများပြီး ဘူးဝိုင်းလေးတွေနဲ့လာတာလည်းရှိပါတယ်။Sunscreen လူးပါ။နေပူတဲ့နေ့တွေဆို မကြာခဏလူးပါ။ မိုးအုံ့တဲ့နေ့တွေမှာလည်း မလူးပဲမနေပါနဲ့။ sunscreen မလူးရမယ့်အချိန်တစ်ချိန်ပဲရှိပါတယ်။ အဲ့ဒါကတော့ ညအိပ်တဲ့အချိန်ပါ။ Sunscreen က အိုမင်းရင့်ရော်မှုကိုကာကွယ်ဖို့အဓိကကျတဲ့ပစ္စည်းပါ။ မြန်မာနိုင်ငံလို အပူပိုင်းဒေသတွေမှာက Sunscreen ကို SPF 15 လောက်ပါတာနဲ့မလောက်ငှပါဘူး။ အနည်းဆုံး SPF 30 လောက်ပါတာကိုရွေးချယ်ဝယ်ယူပါ။

 

နေကာမျက်မှန်တပ်ပါ

နုပျိုအောင်နေထိုင်မယ်ဆိုရင် လူတွေက အသားအရည်တို့ ဆံနွယ်တို့ကိုပဲ အရေးတကြီိးဂရုစိုက်လေ့ရှိကြပြီိး မျက်လုံးမျက်ဖန်တွေကိုတော့မေ့နေလေ့ရှိကြပါတယ်။တကယ်တမ်းတော့ လူတစ်ယောက်က အသက်ရလာပြီဆိုရင် အရင်ဆုံးအိုလာတာက မျက်ဝန်းတွေပါပဲ။မျက်လုံးထဲကသွေးကြောလေးတွေကထင်ရှားလာမယ်။မျက်လုံးရဲ့ကြည်လင်တဲ့အသွင်အပြင်လျော့နည်းလာမယ်။ အသားအရည်ကိုဘယ်လောက်ပဲနုအောင်ပြင်ထားထား မျက်လုံးတွေက အိုမင်းရင့်ရော်မှုကိုလှစ်ဟပြနေသလိုပါပဲ။ ဒါကြောင့်မျက်လုံးတွေအလွယ်တကူမရင့်ရော်ရအောင် နေပူထဲထွက်တိုင်း နေကာမျက်မှန်တပ်ဖို့ကြိုးစားသင့်ပါတယ်။

 

မိတ်ကပ်အများကြီးမလိမ်းပါနဲ့

ခုခေတ်မှာ မိတ်ကပ်မပါပဲအပြင်ထွက်တဲ့မိန်းကလေးအတော်ကိုရှားသွားပါပြီ။ မိတ်ကပ်တွေကလူကိုလှပစေတယ်၊မျက်နှာပေါ်က အပြစ်အနာအဆာတွေကိုဖုံးပေးတယ်။မိတ်ကပ်တွေကတကယ်ကိုပဲ သူတို့အလုပ်သူတို့လုပ်ကြပါတယ်။ဒါပေမယ့် သူတို့အလုပ်တွေထဲမှာ အောက်ခံအသားအရည်ကိုအိုမင်းရင့်ရော်စေတာက တစ်ခုအပါအဝင်ဖြစ်နေတာကတော့ ဝမ်းနည်းစရာပါ။ ဘယ်လောက်ဈေးကြီးတဲ့မိတ်ကပ်ဖြစ်ပါစေ လိမ်းလိုက်တိုင်းမှာ သင့်အသားအရည်ကို ရင့်ရော်စေတာမမေ့ပါနဲ့။နုနယ်မှုကိုထိန်းထားချင်တယ်ဆိုရင် မိတ်ကပ်အစား အသားအရည်ထိန်းသိမ်းတဲ့ပစ္စည်းတွေကိုသာဂရုတစိုက်သုံးပေးသင့်ပါတယ်။

 

အိပ်ရေးဝဝအိပ်ပါ

အလှအပ Blogger တွေဆီကမကြာခဏကြားရမယ့်စကားဖြစ်ပါတယ်။တကယ်လည်းလိုအပ်တဲ့သတိပေးချက်ပါ။အိပ်ရေးဝဝအိပ်ဖို့ဆိုတာ ငယ်ရွယ်တဲ့အရွယ်မှာပိုပြီးအရေးကြီးပါတယ်။ အသက်ကြီးလာတော့ တာဝန်ယူမှုတွေ၊လူမှုရေးပြဿနာတွေ၊အလုပ်ကိစ္စတွေနဲ့လူတွေဟာ တစ်ပတ်မှာတစ်ရက်လောက်တောင်အိပ်ရေးဝဖို့ခဲယဉ်းလာပါတယ်။ဒါကြောင့်အိပ်ရေးဝဝအိပ်ဖို့အခွင့်အရေးရှိတုန်းမှာ အိပ်ရေးဝဝအိပ်ထားပါ။

 

ရေများများသောက်ပါ

ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ရေများများသောက်တာက အလှအပရဲ့သော့ချက်ပါ။ ရေဆိုတာဆေးတစ်ပါးပါပဲ။ ရေက ခန္ဓာကိုယ်အတွင်းထဲက ဆဲလ်အသစ်တွေဖြစ်ပေါ်မှုကိုအကူအညီပေးပြီး ခန္ဓာကိုယ်ကိုအပူတွေကျစေတာမို့ အိုမင်းရင့်ရော်မှုကိုနှေးကွေးစေပါတယ်။ ရေဓာတ်ပြည့်ဝနေတဲ့အသားအရည်ဟာ အလိုအလျောက်တောက်ပနေတဲ့ natural glow ကိုရစေမှာပါ။

 

သင့်မျက်နှာနဲ့ထိတွေ့သမျှကို သန့်ရှင်းအောင်ထားပါ

သင့်မျက်နှာနဲ့ထိတွေ့သမျှ ပစ္စည်းတွေ၊သင့်လက်ပါအပါအဝင်၊ခေါင်းအုံးစွပ်တွေ၊သင်ပါးနားကပ်ပြီးပြောနေတဲ့ ဖုန်းတွေ၊အရာအားလုံးကိုသန့််ရှင်းအောင်ထားခြင်းက သင့်မျက်နှာအရေပြားကိုရောဂါပိုးတွေမကူးစက်အောင်ကာကွယ်ပေးပါတယ်။ ဒါကြောင့် သင့်မျက်နှာနဲ့အနီးတစ်ဝိုက်ကိုနေ့စဉ်ရောက်လေ့ရှိတဲ့ပစ္စည်းတွေကိုသန့်ရှင်းအောင်ထားပါ။ မနက်တစ်ခါညတစ်ခါ မျက်နှာသစ်ဖို့လည်းမမေ့ပါနဲ့။လိမ်းထားသမျှမိတ်ကပ်တွေကိုလည်းပြောင်စင်အောင်ဖျက်ပြီးမှ အိပ်ရာဝင်သင့်ပါတယ်။

 

သင့်အရေပြားကို အနားပေးပါ

မျက်နှာအရေပြားမှမဟုတ်ပါဘူး။ခန္ဓာကိုယ်အရေပြားကလည်း အကျုံးဝင်ပါတယ်။မျက်နှာတစ်ခုပဲနုပျိုနေပြီး ခန္ဓာကိုယ်ကရွတ်တွနေလို့ဘယ်ဖြစ်မလဲနော်။ သင့်လက်ခုံကအကြောတွေထောင်ထလာတာကိုကာကွယ်ဖို့ လက်ကိုလိမ်းတဲ့အလှဆီမကြာခဏလိမ်းပေးပါ။ သင့်အရေပြားကို scrub လုပ်တာ၊ပေါင်းတင်တာတွေနဲ့ထိန်းသိမ်းပေးသင့်ပါတယ်။ပုံမှန်ရေချိုးဖို့တောင် ပျင်းတင်းတင်းရယ် ဘာတွေလဲမလုပ်ဘူးသွား…ဆိုတာမျိုးကတော့ သင့်ရဲ့အရေပြားအတွက် အလားအလာမကောင်းပါဘူးနော်။

ခုပြောပြသွားတာကတော့ အသက်ကြီးတဲ့အထိ Baby skin လေးလို လှပနုပျိုနေစေရေးအတွက် ဆယ်ကျော်သက်အရွယ်ကတည်းက ကြိုကြိုတင်တင်လုပ်ထားသင့်တဲ့အရာတွေပါ။ မိန်းကလေးတိုင်းလှပနုပျိုလင်းလက်ဝေဖြာတဲ့အလှကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ။

Unicode format


 

Sunscreen,Sunscreen,Sunscreen


 







 



 



 




53 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.