မ်က္ႏွာသစ္နည္းမွန္ကန္ရံုနဲ႔ အသားအရည္မပ်က္စီးပဲ ႏုပ်ိဳေအာင္ထိန္းသိမ္းနုိင္

မ်က္ႏွာသစ္နည္းဆုိလို႔နည္းနည္းထူးဆန္းသြားမယ္ထင္ပါတယ္။ပံုမွန္မ်က္ႏွာသစ္ေဆးနဲ႔သစ္ခ်လိုက္ရင္ မ်က္ႏွာမွာရွိတဲ႔အညစ္အေၾကးေတြေျပာင္စင္သန္႔ရွင္းသြားတယ္ဆုိေပမဲ႔လည္း မ်က္ႏွာသစ္နည္းမမွန္ကန္ရင္ အသားအရည္ပ်က္စီးၾကမ္းတမ္းအထိျဖစ္သြားႏုိင္ပါတယ္။
မ်က္ႏွာမွာ အေရးအေၾကာင္းေတြေစာစီးစြာမျဖစ္ဖုိ႔၊အသားအရည္မပ်က္စီးဖုိ႔၊ဆဲလ္ေတြမပ်က္စီးဖုိ႔ မ်က္နွာသစ္နည္းမွန္ကန္ဖုိ႔လုိပါတယ္။

ေလ့လာခ်က္ေတြအရ မွန္ကန္တဲ႔မ်က္ႏွာသစ္နည္းဆုိတာ…

၁) မ်က္ႏွာမွာရွိတဲ႔အညစ္အေၾကးေတြ၊ေခြ်းေပါက္ေတြထဲကအညစ္အေၾကးေတြဖယ္ရွား
သန္႔စင္ဖုိ႔အတြက္ေရေအးထက္ၾကက္သီးေႏြးေရကုိသံုးေပးရပါမယ္တဲ႔။ၾကက္သီးေႏြးေရနဲ႔မ်က္နွာသစ္ေပးတာက ေခြ်းေပါက္ေတြဖြင့္ေပးတဲ႔အတြက္ေခြ်းေပါက္ထဲ၀င္ေနတဲ႔ အေၾကးေတြ၊ အမႈန္အမႊားေတြ ကုိပါသန္႔စင္ေပးပါတယ္။ေရခဲေရက တကယ္တမ္းက်ေတာ့ မ်က္ႏွာကေခြ်းေပါက္ေတြကုိမက်ဥ္းသြားေစသလိုေရေႏြးပူကအသားအရည္ကုိေျခာက္ေသြ႔ပ်က္စီးေစပါတယ္။ၾကက္သီးေႏြးေရကသာ အေကာင္းဆံုးပါ။အသားအရည္နီျမန္းတတ္သူဆုိရင္
ၾကက္သီးေႏြးေရကုိေအးေအာင္လုပ္ျပီးသစ္ေပးႏုိင္ပါတယ္။ၾကက္သီးေႏြးေရနဲ႔မ်က္ႏွာသစ္ေပးတာက ေသြးေၾကာလည္ပတ္မႈေကာင္းမြန္ေအာင္ ကူညီေပးႏုိင္ပါတယ္တဲ႔။

၂)မ်က္ႏွာသစ္ေဆးသံုးမယ္ဆုိရင္ သင့္ရဲ ႔အသားအရည္နဲ႔အလိုက္ဖက္ဆံုး ကုိေရြးခ်ယ္ဖုိ႔ မေမ့ပါနဲ႔။အသားအရည္နဲ႔မသင့္ေတာ္တဲ႔မ်က္ႏွာသစ္ေဆးကအသားအရည္ပ်က္စီးေစဖုိ႔လမ္းေၾကာင္းကုိဦးတည္ေနပါတယ္။မ်က္ႏွာသစ္္ေဆးကုိလည္းအမ်ားၾကီးမယူပဲ မန္က်ည္းေစ့အရြယ္ေလာက္ ေလးယူျပီးမ်က္ႏွာတစ္၀ုိက္ႏူးည့ံစြာပြတ္ျပီးသန္႔စင္ေပးပါ။မ်က္ႏွာသစ္တဲ႔အခါ Sponge နဲ႔သစ္တာထက္လက္ေခ်ာင္းေတြကုိသာသံုးတာကအသားအရည္ပ်က္စီးမႈကုိ ေလ်ာ့နည္းေစပါတယ္။

၃)မ်က္ႏွာသစ္ျပီးတဲ႔အခါမွာလည္း မ်က္ႏွာသုတ္ပု၀ါနဲ႔ၾကမ္းတမ္းစြာမသုတ္လိုက္ပဲ ႏူးညံ႔စြာသုတ္ေပးပါ။

၄)အသားအရည္က အဆီျပန္တာလား။ေျခာက္ေသြ႔တာလား၊ေပါင္းစပ္အသားအရည္လားဆုိတာ ကိုယ့္အသားအရည္ကုိေလ့လာဆန္းစစ္ျပီးသင့္ေတာ္တဲ႔ေရဓာတ္ျဖည့္ကရင္မ္၊ဂ်ယ္လ္တစ္ခုခုလိမ္းေပးထားပါ။မ်က္ႏွာသန္႔စင္ျပီးတဲ႔အခါ ဒီလုိမ်ိဳးအစုိဓာတ္ျဖည့္ေပးဖုိ႔လိုအပ္ပါတယ္။
မိတ္ကပ္လိမ္းျခယ္မွာျဖစ္လုိ႔ တိုနာအရင္သံုးမယ္ဆုိရင္လည္း အသားအရည္အလိုက္ သင့္ေတာ္တဲ႔ တိုနာကုိေရြးခ်ယ္၀ယ္ယူျပီးသံုးေပးပါ။

၅)မိတ္ကပ္လိမ္းျပီးတဲ႔အခါမွာလည္း မိတ္ကပ္ကုိျပန္ဖ်က္ျပီးမ်က္ႏွာျပန္သန္႔စင္ေပးဖုိ႔လိုသလို မိတ္ကပ္မလိမ္းထားဘူးဆုိရင္လည္းတစ္ေန႔ကုိ မနက္တစ္ၾကိမ္ ညေနတစ္ၾကိမ္မ်က္ႏွာ ပံုမွန္သန္႔စင္ေပးဖုိ႔ လိုအပ္ပါတယ္။တစ္ညေလးမ်က္ႏွာမသစ္လိုက္ဘူးဆုိရင္ေတာင္ ေခြ်းေပါက္ေတြ ထဲအညစ္အေၾကးေတြပိတ္ေနႏုိင္ပါတယ္။အဲ႔ဒါေၾကာင့္တစ္ေန႔ကုိႏွစ္ၾကိမ္မ်က္ႏွာပံုမွန္သန္႔စင္ေပးဖုိ႔လိုအပ္ပါတယ္။အရမ္းပင္ပန္းေနလို႔လံုး၀မထႏုိင္ေတာ့ဘူးဆုိတာေတြျဖစ္တတ္ရင္ မ်က္ႏွာသန္႔စင္ေပးတဲ႔ တာ၀ါေလးေတြ၀ယ္ထားသင့္ပါတယ္။

မ်က္ႏွာသစ္နည္းမွန္ကန္မယ္ဆုိရင္ အသားအရည္မပ်က္စီးပဲ ႏုပ်ိဳေနေအာင္ တစ္ဖက္တစ္လမ္း ကေန ကူညီေပးႏုိင္ပါတယ္။အဲ႔ဒါေၾကာင့္မ်က္ႏွာသစ္တဲ႔အခါမွာ ဒီအခ်က္ေလးေတြကုိ သတိရျပီးလိုက္နာေပးဖို႔လိုပါတယ္ေနာ္။

Unicode

မျက်နှာသစ်နည်းဆိုလို့နည်းနည်းထူးဆန်းသွားမယ်ထင်ပါတယ်။ပုံမှန်မျက်နှာသစ်ဆေးနဲ့သစ်ချလိုက်ရင် မျက်နှာမှာရှိတဲ့အညစ်အကြေးတွေပြောင်စင်သန့်ရှင်းသွားတယ်ဆိုပေမဲ့လည်း မျက်နှာသစ်နည်းမမှန်ကန်ရင် အသားအရည်ပျက်စီးကြမ်းတမ်းအထိဖြစ်သွားနိုင်ပါတယ်။
မျက်နှာမှာ အရေးအကြောင်းတွေစောစီးစွာမဖြစ်ဖို့၊အသားအရည်မပျက်စီးဖို့၊ဆဲလ်တွေမပျက်စီးဖို့ မျက်နှာသစ်နည်းမှန်ကန်ဖို့လိုပါတယ်။

လေ့လာချက်တွေအရ မှန်ကန်တဲ့မျက်နှာသစ်နည်းဆိုတာ…

၁) မျက်နှာမှာရှိတဲ့အညစ်အကြေးတွေ၊ချွေးပေါက်တွေထဲကအညစ်အကြေးတွေဖယ်ရှား
သန့်စင်ဖို့အတွက်ရေအေးထက်ကြက်သီးနွေးရေကိုသုံးပေးရပါမယ်တဲ့။ကြက်သီးနွေးရေနဲ့မျက်နှာသစ်ပေးတာက ချွေးပေါက်တွေဖွင့်ပေးတဲ့အတွက်ချွေးပေါက်ထဲဝင်နေတဲ့ အကြေးတွေ၊ အမှုန်အမွှားတွေ ကိုပါသန့်စင်ပေးပါတယ်။ရေခဲရေက တကယ်တမ်းကျတော့ မျက်နှာကချွေးပေါက်တွေကိုမကျဉ်းသွားစေသလိုရေနွေးပူကအသားအရည်ကိုခြောက်သွေ့ပျက်စီးစေပါတယ်။ကြက်သီးနွေးရေကသာ အကောင်းဆုံးပါ။အသားအရည်နီမြန်းတတ်သူဆိုရင်
ကြက်သီးနွေးရေကိုအေးအောင်လုပ်ပြီးသစ်ပေးနိုင်ပါတယ်။ကြက်သီးနွေးရေနဲ့မျက်နှာသစ်ပေးတာက သွေးကြောလည်ပတ်မှုကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်တဲ့။

၂)မျက်နှာသစ်ဆေးသုံးမယ်ဆိုရင် သင့်ရဲ ့အသားအရည်နဲ့အလိုက်ဖက်ဆုံး ကိုရွေးချယ်ဖို့ မမေ့ပါနဲ့။အသားအရည်နဲ့မသင့်တော်တဲ့မျက်နှာသစ်ဆေးကအသားအရည်ပျက်စီးစေဖို့လမ်းကြောင်းကိုဦးတည်နေပါတယ်။မျက်နှာသစ််ဆေးကိုလည်းအများကြီးမယူပဲ မန်ကျည်းစေ့အရွယ်လောက် လေးယူပြီးမျက်နှာတစ်ဝိုက်နူးည့ံစွာပွတ်ပြီးသန့်စင်ပေးပါ။မျက်နှာသစ်တဲ့အခါ Sponge နဲ့သစ်တာထက်လက်ချောင်းတွေကိုသာသုံးတာကအသားအရည်ပျက်စီးမှုကို လျော့နည်းစေပါတယ်။

၃)မျက်နှာသစ်ပြီးတဲ့အခါမှာလည်း မျက်နှာသုတ်ပုဝါနဲ့ကြမ်းတမ်းစွာမသုတ်လိုက်ပဲ နူးညံ့စွာသုတ်ပေးပါ။

၄)အသားအရည်က အဆီပြန်တာလား။ခြောက်သွေ့တာလား၊ပေါင်းစပ်အသားအရည်လားဆိုတာ ကိုယ့်အသားအရည်ကိုလေ့လာဆန်းစစ်ပြီးသင့်တော်တဲ့ရေဓာတ်ဖြည့်ကရင်မ်၊ဂျယ်လ်တစ်ခုခုလိမ်းပေးထားပါ။မျက်နှာသန့်စင်ပြီးတဲ့အခါ ဒီလိုမျိုးအစိုဓာတ်ဖြည့်ပေးဖို့လိုအပ်ပါတယ်။
မိတ်ကပ်လိမ်းခြယ်မှာဖြစ်လို့ တိုနာအရင်သုံးမယ်ဆိုရင်လည်း အသားအရည်အလိုက် သင့်တော်တဲ့ တိုနာကိုရွေးချယ်ဝယ်ယူပြီးသုံးပေးပါ။

၅)မိတ်ကပ်လိမ်းပြီးတဲ့အခါမှာလည်း မိတ်ကပ်ကိုပြန်ဖျက်ပြီးမျက်နှာပြန်သန့်စင်ပေးဖို့လိုသလို မိတ်ကပ်မလိမ်းထားဘူးဆိုရင်လည်းတစ်နေ့ကို မနက်တစ်ကြိမ် ညနေတစ်ကြိမ်မျက်နှာ ပုံမှန်သန့်စင်ပေးဖို့ လိုအပ်ပါတယ်။တစ်ညလေးမျက်နှာမသစ်လိုက်ဘူးဆိုရင်တောင် ချွေးပေါက်တွေ ထဲအညစ်အကြေးတွေပိတ်နေနိုင်ပါတယ်။အဲ့ဒါကြောင့်တစ်နေ့ကိုနှစ်ကြိမ်မျက်နှာပုံမှန်သန့်စင်ပေးဖို့လိုအပ်ပါတယ်။အရမ်းပင်ပန်းနေလို့လုံးဝမထနိုင်တော့ဘူးဆိုတာတွေဖြစ်တတ်ရင် မျက်နှာသန့်စင်ပေးတဲ့ တာဝါလေးတွေဝယ်ထားသင့်ပါတယ်။

မျက်နှာသစ်နည်းမှန်ကန်မယ်ဆိုရင် အသားအရည်မပျက်စီးပဲ နုပျိုနေအောင် တစ်ဖက်တစ်လမ်း ကနေ ကူညီပေးနိုင်ပါတယ်။အဲ့ဒါကြောင့်မျက်နှာသစ်တဲ့အခါမှာ ဒီအချက်လေးတွေကို သတိရပြီးလိုက်နာပေးဖို့လိုပါတယ်နော်။

451 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.