စံချိန်ချိုး၊ ၀က်ဝက်ကွဲပေါက်ခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်း “Avatar” နောက်ဆက်တွဲ ဇာတ်လမ်း ၃ကားကို နယူးဇီလန်မှာ ရိုက်ကူးမယ်လို့ ဒါရိုက်တာ James Cameronက ကြေညာသွားပါတယ်။
နောက်ဆက်တွဲ ဇာတ်လမ်း ၃ကားပေါင်းကို အနည်းဆုံးအသုံးစရိတ်အဖြစ် နယူးဇီလန်ဒေါ်လာ သန်း၅၀၀ (ကန်ဒေါ်လာ ၄၁၅သန်း)နဲ့ ရိုက်ကူးမှာဖြစ်ပြီး ၂၀၁၆ခုနှစ် နောက်ပိုင်း ၁နှစ် တစ်ကြိမ် ဆက်တိုက်ထုတ်သွားမယ်လို့ Cameron ကပြောပါတယ်။
“Avatar ရုပ်ရှင်ကို နယူးဇီလန်မှာ သွားရိုက်ရမှာ ရင်ဖိုစရာကောင်းပါတယ်။ ကမ္ဘာအနှံ့က အဖွဲ့သားတွေနဲ့ ကျွန်တော် အလုပ်တွဲလုပ်ဖူးတယ်။ အမေရိက နဲ့ ကနေဒါမှာတော့ တော်တော်များတယ်။ အဲ့ဒီ့က ခံစားချက်မျိုး ရနိုင်တော့မှာ မဟုတ်ဘူး။”လို့ Cameron ကပြောပါတယ်။
ပထမဆုံး Avatar ရုပ်ရှင်ကားကို ၂၀၀၉ခုနှစ်မှာ ဖြန့်ချိခဲ့ပြီး ကမ္ဘာအနှံ့က ကန်ဒေါ်လာ ၂ ဒဿမ ၇၈သန်း ၀င်ငွေရရှိခဲ့ပါတယ်။ သန်းနဲ့ချီပြီး ၀င်ငွေရတဲ့ ရုပ်ရှင်ကားတွေထဲက ငွေအ၀င်ဆုံး ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ခဲ့တယ်လို့ boxofficemojo.com အရသိရပါတယ်။
Ref:alarabiya