မိန်းကလေးတိုင်းပြုလုပ်တတ်ကြတဲ့ လူသိမခံချင်တဲ့အရာတွေ

လူတိုင်းမှာ လျို့ဝှက်ချက်ဆိုတာရှိစမြဲပဲမဟုတ်လား။ ကြီးမားတဲ့လျို့ဝှက်ချက်နဲ့ သေးငယ်တဲ့လျို့ဝှက်ချက်ပဲကွာတာပါ။ အဲဒီလိုလျို့ဝှက်ချက်ရှိတဲ့ လူတွေထဲမှာမှ လျို့ဝှက်ချက်တွေပိုလို့များပြားတဲ့သူဟာမိန်းကလေးတွေလို့ပြောလို့ရပါတယ်။ သဘာဝတရားကြီးကိုက ယောက်ျားနဲ့မိန်းမမှာ မိန်းမကိုပိုပြီးလျို့ဝှက်အပ်ရမယ့်အရာတွေပေးအပ်ခဲ့တာကိုး။ မိန်းကလေးတွေရဲ့လျို့ဝှက်ချက်က နေ့စဉ်လူနေမှုဘဝတွေထဲမှာကိုရှိနေတာပါတဲ့။မိန်းကလေးတွေရဲ့နေ့စဉ်ဘဝမှာ ပုံမှန်လိုပြုလုပ်တတ်ကြပြီိး လူသိမခံချင်တဲ့အရာတွေကတော့….

 

လေလည်တာ

မိန်းကလေးတွေလည်းလူတွေပဲဖြစ်တဲ့အတွက် ယောက်ျားလေးတွေလိုပဲလေလည်တတ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒါကိုသူတို့က တတ်နိုင်သမျှလူသိမခံချင်ပါဘူးတဲ့။လူ့သဘာဝဆိုပေမယ့် ရှက်စရာကောင်းတယ်ထင်လို့ပါ။ ဒါကတော့ ယောက်ျားလေးတော်တော်များများလည်းဒီလိုပဲထင်ပါတယ်။

 

စုံစမ်းထောက်လှမ်းတာ

အရင်ခေတ်ကတော့ တစ်အိမ်တက်ဆင်းအတင်းပြောတာတို့ စပ်စုတာတို့ပေါ့လေ။ဒါပေမယ့် နည်းပညာတွေတိုးတက်လာတဲ့ခေတ်ကြီးမှာ အတင်းပြောသူတွေဟာဆိုရင်ဖြင့် သူတို့ရဲ့ အတင်းတုတ်တဲ့နည်းတွေကို upgrade လုပ်လို့ အဆင့်မြင့်လာကြပါပြီ။အရင်ကလို ရွာရိုးကိုးပေါက်လျှောက်ပြီးအတင်းမပြောတော့ပဲ Online ပေါ်ကနေ ခလုတ်ကလေးတွေတတောက်တောက်နှိပ်ရင်းသက်တောင့်သက်သာအတင်းပြောနေကြပါပြီ။ စုံစမ်းထောက်လှမ်းတာလည်းဒီလိုပါပဲ။ အချို့မိန်းကလေးတွေဆို FBI ထက်တော်တဲ့သူတွေတောင်ရှိသေး။ကောင်လေးတစ်ယောက်ချောလို့ ထောက်လှမ်းရေးဆင်းတာ သူ့ဆယ့်နှစ်ဝမ်းကွဲအဒေါ်ရဲ့ယောက်ျားဘက်ကညီမရဲ့သမီးလေးနဲ့ကြိုက်နေတဲ့ကောင်လေးမှာ ဘီလီလို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိတယ်ဆိုတဲ့အထိကို အသေးစိတ်ကျကျစုံစမ်းနိုင်ကြသူတွေပါ။ ဒါပေမယ့်  သူတို့ဒီလိုလုပ်မှန်းတော့သူများတွေကိုမသိစေချင်ပြန်ပါဘူး။

 

ကြိတ်ပြီးမုန်းနေတဲ့ သူတစ်ယောက်တော့ရှိတယ်

ဘာရယ်ညာရယ်မဟုတ် သိပ်ပြီးတော့လည်းဆိုင်ချင်မှဆိုင်မယ်၊ဆိုင်ချင်လည်းဆိုင်မယ်..စိတ်ထဲမှာကြိတ်ပြီးကြည့်မရဖြစ်နေတဲ့သူ၊ချဉ်နေတဲ့သူတစ်ယောက်တော့အမြဲရှိကြပါတယ်။ အဲ့ဒီလူကိုအသားလွတ်ကြီးမုန်းနေမှန်းတော့သူများတွေကိုမသိစေချင်ကြပါဘူး။ဘာလို့မုန်းတာလဲဆို ဖြေရတာခက်လို့ပါ။

 

အတွင်းခံတွေမှန်မှန်မလျှော်ဘူး

ပြုံးစိစိမလုပ်နေပါနဲ့။ကိုယ်တို့အားလုံး ဒါမျိုးလုပ်တတ်ကြပါတယ်။လျှော်ရမယ့်ရက်ထက်နည်းနည်းတော့ကျော်ဝတ်လိုက်ပြီးမှလျှော်တာတို့၊လျှော်ရမှာပျင်းလို့ဆိုပြီး အသစ်ပဲဝယ်ဝတ်လိုက်တာတို့လုပ်လေ့ရှိကြပါတယ်။ ဒါကတော့ ကိုယ့်အတွင်းရေးကိစ္စမို့ လူသိမခံချင်တာလည်းအပြစ်မရှိပါဘူးနော်။ ဒါပေမယ့် အတွင်းခံတွေမှန်မှန်မလျှော်တဲ့ကိစ္စက ကံကောင်းရင်အရေပြားမှိုဖြစ်စေနိုင်ပြီး ကံဆိုးရင် ရင်သားကင်ဆာပါဖြစ်စေနိုင်တာမို့ မှန်မှန်လျှော်ဖို့တိုက်တွန်းလိုက်ပါရစေ။

 

လိင်ဆွဲဆောင်မှုအားကောင်းချင်ကြတယ်

ကိတ်ချင်တာတို့၊နှုတ်ခမ်းထူချင်တာတို့လိုပြောတာပါ။ခြုံငုံပြီးပြောရရင်တော့ sexy ကျချင်ကြတယ်ပေါ့။ မိန်းမဆန်တဲ့မိန်းကလေးတွေဆို ကိုယ့်ကိုယ်ကိုယ်ဘယ်လိုနေရင် sexy ကျလဲဆိုပြီး ကိုယ်လုံးပေါ်မှန်ရှေ့မှာ မထော်မနန်းအမူအရာမျိုးစုံလုပ်ကြပါတယ်။ဒါပေမယ့် အဲ့ဒီလိုလုပ်တာကိုသူငယ်ချင်းတွေကိုတောင်သိစေချင်တာမဟုတ်ပါဘူး။

 

ဒါတွေကတော့ မိန်းကလေးတိုင်းလုပ်တတ်ကြပြီး လူသိမခံချင်ကြတဲ့ အရာတွေပါ။ ကိုယ်နဲ့ဘယ်နှစ်ခုတိုက်ဆိုင်လဲဆိုတာ တိုက်ကြည့်ပြီး ကျေနပ်နှစ်သိမ့်နိုင်ကြပါစေလို့။

 

Unicode Format













781 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.