လေ့လာတွေ့ရှိချက် အသစ်တစ်ခုအရ တစ်ဦးတည်းဖြစ်မှာ ကြောက်သူတွေဟာ အချစ်ကို အတည်တကျ ရှာတာမျိုးနည်းပါးတယ်လို့ဆိုပါတယ်။ သူတို့တွေဟာ ပျော်ရွှင်စရာမကောင်းတဲ့ ဆက်ဆံရေးမှာ တွယ်ကပ်နေတတ်ပြီး များသောအားဖြင့် အပျော်ရှာသူတွေနဲ့ date လုပ်တတ်ပါတယ်တဲ့။
ဒီတွေ့ရှိချက်ကိုတော့ ကျား/မနဲ့ အသက်အရွယ်အပိုင်းအခြားလိုက် သုတေသနပြုထားတာ ဖြစ်ပြီး သုတေသနပြုသူ Stephanie Spielmann (Toronto တက္ကသိုလ်)က “ ကလေးဘ၀တုန်း ကတော့ ကိုလူချောမင်းသားလေးကို ရှာဖွေဖို့လိုပြီး တွေ့ပြီဆိုရင်တော့ တစ်သက်လုံး ပျော်ရွှင်စွာ နေသွားကြလေသတည်း ဆိုတာမျိုး သင်ကြားမိတတ်ကြတယ်။ ဒီလိုလူမျိုးတွေဟာ အရွယ်ရောက်လာချိန်မှာတော့ ချစ်သူ ရည်းစားမရတတ်ဘဲ အဆိုးမြင်ခံရတာမျိုး ကြုံရတတ်တယ်။ “crazy cat lady” (အပျိုကြီး) စတဲ့ အပြောမျိုးတွေပေါ့” လို့ဆိုပါတယ်။
သူများတွေထက်ပိုပြီး အထီးကျန်မှာ ကြောက်သူတွေဟာ သူတို့ရဲ့ ဆက်ဆံရေးကို အကြောက်တရားက လွှမ်းမိုးနေတဲ့အတွက် သူတို့ရဲ့အဖော်အပေါ်မှာ ပိုပြီး အဆိုးမြင်တတ် ကြပါတယ်။ ချိန်းတွေ့တဲ့အခါမှာလည်း ဆုံးဖြတ်ချက် အမှားတွေ လုပ်တတ်ကြပါတယ်။ ဒါဟာ အသက်အရွယ် ကွာခြားမှုနဲ့မဆိုင်ပါဘူး။ ပြီးတော့ ယောက်ျားနဲ့ မိန်းမ ဖြစ်တတ်ပုံချင်းလည်း အတူတူပဲလို့ ဆိုပါတယ်။
Ref:mnn