ဇွန်လအစောပိုင်းမှာ ထွက်ရှိလာတဲ့ဇာတ်ကားကောင်းများ

Movie Crazy တွေအတွက် ဇွန်လအစောပိုင်းမှာ ထွက်ရှိလာတဲ့ဇာတ်ကားကောင်းလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ADRIFT

Image may contain: 2 people, text and outdoor
ဖြစ်ရပ်မှန် ဇာတ်လမ်လေးကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာ Baltasar Kormákur ၊ ဇာတ်ညွန်း David Branson Smith, Aaron Kandell နဲ့ Jordan Kandell တို့ဖြစ်ပါတယ်။ မင်းသမီးချော Shailene Woodley နဲ့ Sam Clafin တို့က ဒီဇာတ်ကားထဲမှာ ငယ်ရွယ်တဲ့စုံတွဲအဖြစ် သရုပ်ဆောင်ထားပြီး ပစိဖိတ်သမုဒ္ဒရာအလယ်မှာဟာရီကိန်း မုန်တိုင်းအန္တရာယ်ကြားထဲက သူတို့နှစ်ယောက် ဘယ်လိုလွတ်မြောက် ရုန်းကန်လာလဲဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇွန်လ(၁)ရက်နေ့ အမေရိကန်မှာ ရုံတင်ပြသနေပြီဖြစ်ပြီး ဝေဖန်သူ အများစုဆီမှလည်း review တွေများစွာရရှိခဲ့ပါတယ်။

Action Point

Image may contain: 9 people, people smiling
ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Tim Kirkby ၊ ဇာတ်ညွန်း John Altschuler , Dave Krinsky တို့ပူးပေါင်းဖန်တီးထားတဲ့ အမေရိကန် ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်။ အနုပညာရှင်များကတော့ Johnny Knoxville နဲ့ Chris Pontius တို့ဖြစ်ပါတယ်။ Johnny ဟာ ၂ဝ၁၃ခုနှစ်က နယူးဂျာစီမှ ပျော်စရာပန်းခြံ Action Park အကြောင်းရိုက်ကူးထားတဲ့ short documentary တစ်ခုဖြစ်တဲ့ The Most Insane Amusement Park Ever ကိုကြည့်ပြီးတည်းက ဒီဇာတ်ကားကို ရိုက်ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ ထိုပန်းခြံဟာ ဒီဇိုင်းပိုင်း အားနည်း ၊ စီးယာဉ်တွေကလည်း အန္တရာယ်များ ၊ အသက်မပြည့်သေးသူတွေ အလုပ်ခန့် ၊ အရည်ချင်းမပြည့်ဝတဲ့ ဝန်ထမ်းတွေနဲ့ ပန်းခြံကြီးအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။

Knoxville သရုပ်ဆောင်ခဲ့တဲ့ ၂ဝ၁၃ခုနှစ် အမေရိကန် ဟာသရုပ်ရှင် Bad Grandpa လိုပဲ Action Point ဇာတ်ကားကိုလည်း Jackass-style တွေနဲ့ စိတ်ကူးယဉ်ဆန်ဇာတ်လမ်းမျိုးဖန်တီးထားတာပါ။ Paramount Pictures မှထုတ်လုပ်ဖြန့်ချိပြီး ဇွန်လ ၁ရက်နေ့က ထွက်ရှိသွားပြီ ဖြစ်ပါတယ်။

A Kid Like Jake

Image may contain: 6 people, people smiling, shoes and text
A Kid Like Jake ဇာတ်ကားလည်း အမေရိကန် ဒရာမာရုပ်ရှင်ဖြစ်ပါတယ်။ Brooklyn မိသားစုမှ ၄နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ လက်တွေ့ဘဝက အရုပ်တွေ ၊ ကားတွေထက် သူက စိတ်ကူးယဉ်ဆန် ပုံပြင်တွေအပေါ် စိတ်ဝင်စားမှုပိုနေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ကျောင်းအုပ်က ဒီကလေးရဲ့လိင်ပိုင်းဆိုင်ရာမှာ ပုံမှန်ထက်ထူးဆန်းနေတဲ့ ပြောင်းလဲမှုတွေဖြစ်နေပြီဆိုတာကို ထောက်ပြလိုက်တဲ့အချိန်မှာ မိဘတွေအနေနဲ့ သူတို့သားသမီးကို ဘယ်လိုကာကွယ်ဖေးမ ကူညီမလဲ၊ ကလေးရဲ့အနာဂတ်အတွက် သူတို့ဘယ်လိုပြင်ဆင်ပေးသွားလဲဆိုတာကို ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

American Animals

Image may contain: one or more people, suit and text

ဒါရိုက်တာ Bart Layton ရိုက်ကူးထားတဲ့ ပြစ်မှုဒရာမာဇာတ်ကားမျိုးဖြစ်ပါတယ်။ သရုပ်ဆောင်များကတော့ Evan Peters, Barry Keoghan, Blake Jenner, Jared Abrahamson, Udo Kier နဲ့ Ann Dowd တို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၉)ရက်နေ့က Sundance Film Festival မှာ ပထမဆုံးပွဲအဖြစ် ပြသခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ Lexington, Kentucky က Transylvania တက္ကသိုလ် စာကြည့်တိုက်မှာ ဖြစ်ပျက်ခဲ့တဲ့ ဓားပြတိုက် လုယက်မှုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။

55 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.