မ်က္မွန္ပါ၀ါမတိုးရပဲ ၾကည္ၾကည္လင္လင္ျမင္ေတြ႔ရေစမယ့္သဘာ၀ေဆးစြမး္ေကာင္းေတြဆုိတာ…

မ်က္စိအားနည္းတာ၊မ်က္စိမႈန္တာ၊အေ၀းမႈန္၊အနီးမႈန္စတဲ့မ်က္စိနဲ႔ပတ္သက္ျပီးျဖစ္ေလ့ျဖစ္ထရွိတတ္တာေတြကုိကုသကာကြယ္နုိင္မယ့္နည္းေလးေတြရွိေနပါျပီလုိ႔သတင္းေကာင္းေပးပါရေစ။မ်က္စိမႈန္၀ါးတာေတြဟာအသက္အရြယ္ေၾကာင့္လည္းျဖစ္တတ္သလုိ ကြန္ပ်ဴတာ၊ဖုန္းေတြအၾကည့္မ်ား တဲ႔အခါမွာလည္းျဖစ္တတ္ပါတယ္။ငယ္ရြယ္သူေတြမွာလည္းမ်က္စိအားနည္းတာေတြျဖစ္တတ္တာေၾကာင့္ၾကည္ၾကည္လင္လင္ျမင္ရေအာင္မ်က္မွန္ပါ၀ါထည့္တာ၊မ်က္ကပ္မွန္တပ္တာေတြလုပ္ရပါတယ္။ဒါေပမဲ႔ မ်က္မွန္ပါ၀ါတျဖည္းျဖည္းတုိးလာတဲ႔အခါမွာမ်က္စိအျမင္အတြက္ ေသခ်ာဂရုစုိက္မွ ျဖစ္သလို တစ္ခ်ိဳ႔ကလည္းမ်က္မွန္မတပ္ခ်င္လို႔ သဘာ၀ေဆးနည္းေတြနဲ႔မ်က္လံုးအားေကာင္းေအာင္ လုပ္ေလ့ရွိၾကပါတယ္။ဒါေပမဲ့ လုပ္ပံုလုပ္နည္းမမွန္တာေၾကာင့္ သဘာ၀ေဆးနည္းဆိုေပမ ႔ဲမထိေရာက္တာေတြျဖစ္တတ္ပါတယ္။အဲ႔ဒါေၾကာင့္မ်က္မွန္ပါ၀ါမတုိးခ်င္ပဲမ်က္မွန္လြတ္ခ်င္တဲ႔သူေတြ အတြက္ သဘာ၀ေဆးနည္း နည္းလမ္းေကာင္းေလးေတြမ်ွေ၀ေပးလိုက္ပါတယ္။

၁)မ်က္လံုးေလ့က်င့္ခန္း
အႏူးညံ႔ဆံုးအစိတ္အပိုင္းျဖစ္တဲ့မ်က္လံုးကုိ အသံုးျပဳတာမ်ားလာတဲ႔အခါ ျပန္ျပီးအနားေပးဖုိ႔ ၊ေလ့က်င့္ခန္းလုပ္ဖုိ႔လိုပါတယ္။မ်က္လံုးေလ့က်င့္ခန္းလုပ္တာကၾကြက္သားေတြကုိေပ်ာ့ေပ်ာင္းေစျပီး ကုန္ဆံုးသြားတဲ႔အင္အားေတြကုိျပန္လည္ျဖည့္ဆည္းေပးပါတယ္။ေသြးလည္ပတ္မႈေကာင္းမြန္ေစလု႔ိမ်က္လံုးအျမင္အာရံုကုိေကာင္းမြန္ေစပါတယ္။ဘယ္လိုေလ့က်င့္ခန္းလုပ္ရမလဲဆုိရင္…ခဲတံတစ္ေခ်ာင္းကုိယူျပီး ေသခ်ာစုိက္ၾကည့္ပါ။၁၀ေပ၊၁၅ေပေလာက္အကြာမွာခဲတံကုိထားျပီး ျဖည္းျဖည္းခ်င္း ႏွာေခါင္းနားကုိနီးကပ္ေအာင္ဆြဲယူပါ။ျပီးရင္၁၀ေပ၊၁၅ေပအကြာ ကုိျပန္ထားပါ။ဒါေပမဲ႔ မ်က္လံုးကေတာ့ခဲတံမွာပဲ အာရံုစုိက္ထားဖုိ႔မေမ့ပါနဲ႔။တစ္ေန႔ကုိ ၁၀ခါလုပ္ေပးပါ။
ေနာက္ထပ္ေလ့က်င့္ခန္းတစ္ခုကေတာ့ မ်က္လံုးကုိနာရီလက္တံလို ဘယ္တစ္လွည့္၊ညာတစ္လွည့္ လည္ၾကည့္ေပးပါ။ဘယ္ဘက္ကုိလွည့္တဲ႔အခါမွာလည္းစကၠန္႔အနည္းငယ္ေလာက္၊ညာဘက္ကုိလွည့္ရင္လည္းစကၠန္႔အနည္းငယ္ေလာက္အခ်ိန္ေပးပါ။အဲ႔လုိပံုစံမ်ိဳး ငါးခါလုပ္ေပးႏုိင္ပါတယ္။တစ္ခါ လုပ္ျပီးတိုင္းမ်က္လံုးကုိ ဖြင့္လိုက္ပိတ္လိုက္၊ေပကလပ္ေပကလပ္လုပ္ေပးပါ။ဒီလုိမ်က္လံုး ေလ့က်င့္ခန္းကိုပံုမွန္လုပ္ေပးမယ္ဆုိရင္ မ်က္လံုးေညာင္းညာကုိက္ခဲတာေတြကုိ ကာကြယ္ႏုိင္ပါတယ္။

၂)ႏွိပ္နယ္ေပးပါ
တရုတ္ရုိးရာေဆးနည္းေတြအရ ၾကည့္မယ္ဆုိရင္ မ်က္လံုးဟာ ေက်ာက္ကပ္၊အသည္း တို႔နဲ႔နီးကပ္စြာ ဆက္သြယ္ေနပါတယ္တဲ႔။အဲ႔ဒါေၾကာင့္မ်က္လံုးမွာတစ္ခုခုျဖစ္တဲ႔အခါ ေက်ာက္ကပ္နဲ႔အသည္းကုိလည္းထိခိုက္သြားႏုိင္ပါတယ္။တရုတ္ေတြရဲ႔ေဆးနည္းအရ ပံုထဲမွာျပထားသလုိမ်က္လံုးမွာအေၾကာေလးေတြရွီပါတယ္။အဲ႔ဒီျပထားတဲ႔ေနရာေလးေတြ တစ္ခုခ်င္းစီကုိ ျဖည္းျဖည္းခ်င္း ၁၀စကၠန္႔ေလာက္ႏွိပ္နယ္ေပးပါ။ေန႔တုိင္းေလးငါးၾကိမ္ ေလာက္ႏွိပ္နယ္ ေပးႏုိင္ပါတယ္။မနက္တုိင္း ျမက္ခင္းေပၚမွာေျခဗလာနဲ႔ နာရီ၀က္ေလာက္ ေလ်ွာက္ေပးတာလည္းမ်က္စိအျမင္အာရံုကုိေကာင္းမြန္ေစတဲ႔နည္းလမး္တစ္ခုပါတဲ႔။ေျခေထာက္က ေသြးေၾကာမ်ွင္ေတြနဲ႔မ်က္လံုးအျမင္အာရံုေတြက ဆက္စပ္ေနတာပါ။အဲ႔ဒါေၾကာင့္မ်က္စိ အျမင္ပုိမိုေကာင္းမြန္လာေအာင္ မနက္ေစာေစာျမက္ခင္းျပင္မွာေျခဗလာနဲ႔လမ္းေလ်ွာက္ ေပးသင့္ပါတယ္။

၃)ဗာဒံေစ့
ဗာဒံေစ့ေတြကလည္းမ်က္လံုးအျမင္အာရံုအတြက္ အက်ိဳးရွိပါတယ္တဲ႔။ဗာဒံေစ့ဟာ အုိမီဂါသရီးအက္ဆစ္ဓာတ္၊ဗီတာမင္အီး၊antioxidantေတြပါ၀င္တာေၾကာင့္ မ်က္လံုးအျမင္အာရံုေကာင္းမြန္ေစတဲ႔အျပင္မွတ္ဥာဏ္ကုိလည္းေကာင္းမြန္ေစပါတယ္။ဗာဒံေစ့ကုိဘယ္လိုသံုးရမလဲဆုိရင္ဗာဒံေစ့ ၅ေစ့ကေန ၁၀ေစ့အတြင္းအနည္းငယ္ကုိေရထဲမွာတစ္ညလံုး စိမ္ထားပါ။ေနာက္တစ္ေန႔မိုးလင္းတဲ႔အခါ အခြံခြာျပီး ဗာဒံေစ့ေတြကုိညက္ေအာင္ေထာင္း လုိက္ပါ။ျပီးရင္အဲ႔ဒါကုိ ႏြားႏို႔ေလးနဲ႔ေရာျပီးေသာက္ေပးပါ။လအနည္းငယ္ၾကာေအာင္ ပံုမွန္လုပ္ေပးရင္မ်က္စိအတြက္ထူးျခားတဲ႔ရလဒ္ကုိျမင္ေတြ႔ႏုိင္ပါတယ္။

၄)စမုန္နက္
စမုန္နက္မွာ သဘာ၀အားျဖည့္ဓာတ္စာေတြပါ၀င္တဲ႔အတြက္ မ်က္လုံးက်န္းမာေရးအတြက္ ေကာင္းမြန္ေစပါတယ္။မ်က္စိအျမင္အာရံုနဲ႔ပတ္သက္ရင္စမုန္နက္က ေဆးတစ္လက္ပါပဲ လို႔ေတာင္ေျပာၾကပါတယ္။စမုန္နက္ကုိဘယ္လိုသံုးရမလဲဆုိရင္ ဗာဒံေစ့၊စမုန္နက္ ၊သၾကားကုိခြက္တစ္ခြက္စာျပည့္ေအာင္ထည့္ျပီးၾကိတ္ေမႊပါ။အမႈန္႔ျဖစ္သြားတဲ႔အခါ အိပ္ရာမ၀င္ခင္ စားပြဲတင္ဇြန္းတစ္ဇြန္းစာေလာက္ယူျပီး ႏြားႏုိ႔ဖန္ခြက္တစ္ခြက္နဲ႔ေသာက္ပါတဲ႔။
အနည္းဆံုး ရက္ ၄၀ပံုမွန္လုပ္ၾကည့္မယ္ဆုိရင္ သိသာတဲ႔ရလဒ္ကုိျမင္ေတြ႔ရပါလိမ့္မယ္။

၅)ဆီးျဖဴသီး
ဆီးျဖဴသီးဟာလည္းမ်က္စိအျမင္အာရံုက်န္းမာေစတဲ႔အစြမ္းထက္ေဆးတစ္မ်ိဳးပါပဲ။ဗီတာမင္စီနဲ႔တစ္ျခားေသာသဘာ၀ဓာတ္ေတြမ်ားျပားတာေၾကာင့္မ်က္လံုးဆဲလ္ေတြနဲ႔ပတ္သက္ျပီး အထူးေကာင္းမြန္ေစပါတယ္။ဘယ္လိုသံုးရမလဲဆုိရင္ ဆီးျဖဴသီးအရည္စားပြဲတင္ဇြန္း ၃ဇြန္းကုိ ေရခြက္တစ္၀က္စာနဲ႔ေရာျပီးတစ္ေန႔ကုိႏွစ္ၾကိမ္၊မနက္တစ္ၾကိမ္၊ညေနတစ္ၾကိမ္ေသာက္ေပးရမွာပါ။အလုပ္မရႈပ္ခ်င္ဘူးဆုိရင္ေတာ့ ဆီးျဖဴသီး အနည္းငယ္ကုိ ေန႔တုိင္းပံုမွန္စားေပးရံုပါပဲ။ လအနည္းငယ္္ေလာက္္ပံုမွန္စားေပးေသာက္ေပးမယ္ဆုိရင္ မ်က္စိအျမင္အာရံုေကာင္းမြန္ လာတာကိုျမင္ေတြ႔ရပါလိမ့္မယ္။

ေနာက္ထပ္နည္းလမ္းေတြကေတာ့…မ်က္စိအျမင္အာရံုအတြက္အေထာက္အကူေပးနုိင္တဲ႔ မုန္လာဥနီ၊ကန္စြန္းဥ၊ဘလူးဘယ္ရီသီး၊ေဂၚဖီထုပ္၊ကုိက္လန္၊ငါး၊ၾကက္ဥ၊အေစ့အဆံ၊ ဟင္းႏုႏြယ္၊လတ္ဆတ္တဲ့အစိမ္းေရာင္ဟင္းသီးဟင္းရြက္ေတြစားေပးဖုိ႔ပါ။ဒါေတြက
မ်က္စိအျမင္အာရံုေကာင္းမြန္ေစဖုိ႔ တစ္ဖက္တစ္လမ္းကေန အကူအညီေပးႏုိင္ပါတယ္။

Unicode

မျက်စိအားနည်းတာ၊မျက်စိမှုန်တာ၊အဝေးမှုန်၊အနီးမှုန်စတဲ့မျက်စိနဲ့ပတ်သက်ပြီးဖြစ်လေ့ဖြစ်ထရှိတတ်တာတွေကိုကုသကာကွယ်နိုင်မယ့်နည်းလေးတွေရှိနေပါပြီလို့သတင်းကောင်းပေးပါရစေ။မျက်စိမှုန်ဝါးတာတွေဟာအသက်အရွယ်ကြောင့်လည်းဖြစ်တတ်သလို ကွန်ပျူတာ၊ဖုန်းတွေအကြည့်များ တဲ့အခါမှာလည်းဖြစ်တတ်ပါတယ်။ငယ်ရွယ်သူတွေမှာလည်းမျက်စိအားနည်းတာတွေဖြစ်တတ်တာကြောင့်ကြည်ကြည်လင်လင်မြင်ရအောင်မျက်မှန်ပါ၀ါထည့်တာ၊မျက်ကပ်မှန်တပ်တာတွေလုပ်ရပါတယ်။ဒါပေမဲ့ မျက်မှန်ပါ၀ါတဖြည်းဖြည်းတိုးလာတဲ့အခါမှာမျက်စိအမြင်အတွက် သေချာဂရုစိုက်မှ ဖြစ်သလို တစ်ချို့ကလည်းမျက်မှန်မတပ်ချင်လို့ သဘာဝဆေးနည်းတွေနဲ့မျက်လုံးအားကောင်းအောင် လုပ်လေ့ရှိကြပါတယ်။ဒါပေမဲ့ လုပ်ပုံလုပ်နည်းမမှန်တာကြောင့် သဘာဝဆေးနည်းဆိုပေမ ့ဲမထိရောက်တာတွေဖြစ်တတ်ပါတယ်။အဲ့ဒါကြောင့်မျက်မှန်ပါ၀ါမတိုးချင်ပဲမျက်မှန်လွတ်ချင်တဲ့သူတွေ အတွက် သဘာဝဆေးနည်း နည်းလမ်းကောင်းလေးတွေမျှဝေပေးလိုက်ပါတယ်။

၁)မျက်လုံးလေ့ကျင့်ခန်း
အနူးညံ့ဆုံးအစိတ်အပိုင်းဖြစ်တဲ့မျက်လုံးကို အသုံးပြုတာများလာတဲ့အခါ ပြန်ပြီးအနားပေးဖို့ ၊လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်။မျက်လုံးလေ့ကျင့်ခန်းလုပ်တာကကြွက်သားတွေကိုပျော့ပျောင်းစေပြီး ကုန်ဆုံးသွားတဲ့အင်အားတွေကိုပြန်လည်ဖြည့်ဆည်းပေးပါတယ်။သွေးလည်ပတ်မှုကောင်းမွန်စေလို့မျက်လုံးအမြင်အာရုံကိုကောင်းမွန်စေပါတယ်။ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမလဲဆိုရင်…ခဲတံတစ်ချောင်းကိုယူပြီး သေချာစိုက်ကြည့်ပါ။၁ဝပေ၊၁၅ပေလောက်အကွာမှာခဲတံကိုထားပြီး ဖြည်းဖြည်းချင်း နှာခေါင်းနားကိုနီးကပ်အောင်ဆွဲယူပါ။ပြီးရင်၁ဝပေ၊၁၅ပေအကွာ ကိုပြန်ထားပါ။ဒါပေမဲ့ မျက်လုံးကတော့ခဲတံမှာပဲ အာရုံစိုက်ထားဖို့မမေ့ပါနဲ့။တစ်နေ့ကို ၁ဝခါလုပ်ပေးပါ။
နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကတော့ မျက်လုံးကိုနာရီလက်တံလို ဘယ်တစ်လှည့်၊ညာတစ်လှည့် လည်ကြည့်ပေးပါ။ဘယ်ဘက်ကိုလှည့်တဲ့အခါမှာလည်းစက္ကန့်အနည်းငယ်လောက်၊ညာဘက်ကိုလှည့်ရင်လည်းစက္ကန့်အနည်းငယ်လောက်အချိန်ပေးပါ။အဲ့လိုပုံစံမျိုး ငါးခါလုပ်ပေးနိုင်ပါတယ်။တစ်ခါ လုပ်ပြီးတိုင်းမျက်လုံးကို ဖွင့်လိုက်ပိတ်လိုက်၊ပေကလပ်ပေကလပ်လုပ်ပေးပါ။ဒီလိုမျက်လုံး လေ့ကျင့်ခန်းကိုပုံမှန်လုပ်ပေးမယ်ဆိုရင် မျက်လုံးညောင်းညာကိုက်ခဲတာတွေကို ကာကွယ်နိုင်ပါတယ်။

၂)နှိပ်နယ်ပေးပါ
တရုတ်ရိုးရာဆေးနည်းတွေအရ ကြည့်မယ်ဆိုရင် မျက်လုံးဟာ ကျောက်ကပ်၊အသည်း တို့နဲ့နီးကပ်စွာဆက်သွယ်နေပါတယ်တဲ့။အဲ့ဒါကြောင့်မျက်လုံးမှာတစ်ခုခုဖြစ်တဲ့အခါ ကျောက်ကပ်နဲ့အသည်းကိုလည်းထိခိုက်သွားနိုင်ပါတယ်။တရုတ်တွေရဲ့ဆေးနည်းအရ ပုံထဲမှာပြထားသလိုမျက်လုံးမှာအကြောလေးတွေရှီပါတယ်။အဲ့ဒီပြထားတဲ့နေရာလေးတွေ တစ်ခုချင်းစီကို ဖြည်းဖြည်းချင်း ၁ဝစက္ကန့်လောက်နှိပ်နယ်ပေးပါ။နေ့တိုင်းလေးငါးကြိမ် လောက်နှိပ်နယ် ပေးနိုင်ပါတယ်။မနက်တိုင်း မြက်ခင်းပေါ်မှာခြေဗလာနဲ့ နာရီဝက်လောက် လျှောက်ပေးတာလည်းမျက်စိအမြင်အာရုံကိုကောင်းမွန်စေတဲ့နည်းလမး်တစ်ခုပါတဲ့။ခြေထောက်က သွေးကြောမျှင်တွေနဲ့မျက်လုံးအမြင်အာရုံတွေက ဆက်စပ်နေတာပါ။
အဲ့ဒါကြောင့်မျက်စိအမြင်ပိုမိုကောင်းမွန်လာအောင် မနက်စောစော မြက်ခင်းပြင်မှာခြေဗလာနဲ့လမ်းလျှောက်ပေးသင့်ပါတယ်။

၃)ဗာဒံစေ့
ဗာဒံစေ့တွေကလည်းမျက်လုံးအမြင်အာရုံအတွက် အကျိုးရှိပါတယ်တဲ့။ဗာဒံစေ့ဟာ အိုမီဂါသရီးအက်ဆစ်ဓာတ်၊ဗီတာမင်အီး၊antioxidantတွေပါဝင်တာကြောင့် မျက်လုံးအမြင်အာရုံကောင်းမွန်စေတဲ့အပြင်မှတ်ဉာဏ်ကိုလည်းကောင်းမွန်စေပါတယ်။ဗာဒံစေ့ကိုဘယ်လိုသုံးရမလဲဆိုရင်ဗာဒံစေ့ ၅စေ့ကနေ ၁ဝစေ့အတွင်းအနည်းငယ်ကိုရေထဲမှာတစ်ညလုံး စိမ်ထားပါ။နောက်တစ်နေ့မိုးလင်းတဲ့အခါ အခွံခွာပြီး ဗာဒံစေ့တွေကိုညက်အောင်ထောင်း လိုက်ပါ။ပြီးရင်အဲ့ဒါကို နွားနို့လေးနဲ့ရောပြီးသောက်ပေးပါ။လအနည်းငယ်ကြာအောင် ပုံမှန်လုပ်ပေးရင်မျက်စိအတွက်ထူးခြားတဲ့ရလဒ်ကိုမြင်တွေ့နိုင်ပါတယ်။

၄)စမုန်နက်
စမုန်နက်မှာ သဘာဝအားဖြည့်ဓာတ်စာတွေပါဝင်တဲ့အတွက် မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။မျက်စိအမြင်အာရုံနဲ့ပတ်သက်ရင်စမုန်နက်က ဆေးတစ်လက်ပါပဲ လို့တောင်ပြောကြပါတယ်။စမုန်နက်ကိုဘယ်လိုသုံးရမလဲဆိုရင် ဗာဒံစေ့၊စမုန်နက် ၊သကြားကိုခွက်တစ်ခွက်စာပြည့်အောင်ထည့်ပြီးကြိတ်မွှေပါ။အမှုန့်ဖြစ်သွားတဲ့အခါ အိပ်ရာမဝင်ခင် စားပွဲတင်ဇွန်းတစ်ဇွန်းစာလောက်ယူပြီး နွားနို့ဖန်ခွက်တစ်ခွက်နဲ့သောက်ပါတဲ့။
အနည်းဆုံး ရက် ၄ဝပုံမှန်လုပ်ကြည့်မယ်ဆိုရင် သိသာတဲ့ရလဒ်ကိုမြင်တွေ့ရပါလိမ့်မယ်။

၅)ဆီးဖြူသီး
ဆီးဖြူသီးဟာလည်းမျက်စိအမြင်အာရုံကျန်းမာစေတဲ့အစွမ်းထက်ဆေးတစ်မျိုးပါပဲ။ဗီတာမင်စီနဲ့တစ်ခြားသောသဘာဝဓာတ်တွေများပြားတာကြောင့်မျက်လုံးဆဲလ်တွေနဲ့ပတ်သက်ပြီး အထူးကောင်းမွန်စေပါတယ်။ဘယ်လိုသုံးရမလဲဆိုရင် ဆီးဖြူသီးအရည်စားပွဲတင်ဇွန်း ၃ဇွန်းကို ရေခွက်တစ်ဝက်စာနဲ့ရောပြီးတစ်နေ့ကိုနှစ်ကြိမ်၊မနက်တစ်ကြိမ်၊ညနေတစ်ကြိမ်သောက်ပေးရမှာပါ။အလုပ်မရှုပ်ချင်ဘူးဆိုရင်တော့ ဆီးဖြူသီး အနည်းငယ်ကို နေ့တိုင်းပုံမှန်စားပေးရုံပါပဲ။ လအနည်းငယ််လောက််ပုံမှန်စားပေးသောက်ပေးမယ်ဆိုရင် မျက်စိအမြင်အာရုံကောင်းမွန် လာတာကိုမြင်တွေ့ရပါလိမ့်မယ်။

နောက်ထပ်နည်းလမ်းတွေကတော့…မျက်စိအမြင်အာရုံအတွက်အထောက်အကူပေးနိုင်တဲ့ မုန်လာဥနီ၊ကန်စွန်းဥ၊ဘလူးဘယ်ရီသီး၊ဂေါ်ဖီထုပ်၊ကိုက်လန်၊ငါး၊ကြက်ဥ၊အစေ့အဆံ၊ ဟင်းနုနွယ်၊လတ်ဆတ်တဲ့အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေစားပေးဖို့ပါ။ဒါတွေက
မျက်စိအမြင်အာရုံကောင်းမွန်စေဖို့ တစ်ဖက်တစ်လမ်းကနေ အကူအညီပေးနိုင်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.