ေႏြးေထြးျကင္နာမႈကင္းမဲ႕ဇုန္ျကီးျဖစ္လာရတဲ႔အေျကာင္းအရင္းေတြက

အခုေခတ္အခ်ိန္ခါမွာ အရင္တုန္းကထက္ပိုျပီး မိသားစုေတြမွာပဲျဖစ္ျဖစ္ ခ်စ္သူရည္းစားသူငယ္ခ်င္းေတြျကားမွာပဲျဖစ္ျဖစ္ ေႏြးေထြးျကင္နာစြာ ေျပာဆုိနွီးေနွာျကတဲ႔ အခ်ိန္ဆိုတာ မရွိသေလာက္ကိုရွားပါးလာျကပါျပီ။ တစ္ေယာက္နဲ႕တစ္ေယာက္မ်က္လံုးစံုညီစကားမေျပာျဖစ္ျကတာေတြ ၊ ေပ်ာ္ရႊင္စရာအခ်ိန္ကိုတူတူျဖတ္သန္းတာေတြနည္းပါးလာတာေျကာင္႔ တစ္ေယာက္ကိုတစ္ေယာက္သိပ္မခ်စ္တတ္သိပ္တန္ဖိုးမထားတတ္ျကပဲ ေဘးနားမွာရွိေနလ်က္ေမ႔ေနတတ္ျကပါတယ္။ ဒီလိုကိစၥေတြျဖစ္ေပၚရျခင္းရဲ႕အဓိကအေျကာင္းအရင္းျကီးေတြက ဘာေတြလဲဆိုတာ…
(၁) တစ္ေယာက္တစ္နယ္စီေနထိုင္ေနျကသူေတြ
မိသားစုေဆြမ်ိဳးသားခ်င္းေတြနဲ႕ တူတူမေနရပဲ ခ်စ္ရသူေတြနဲ႕ခြဲခြာျပီးတစ္ေယာက္တစ္ေနရာစီပညာသင္ျကစီးပြားရွာျကရတဲ႔ ခုလို ေခတ္ျကီးထဲမွာ မိသားစု၀င္ေတြအားလံုး တစ္ခါတစ္ခါစံုစည္းဖို႕ဆုိတာ အင္မတန္ခက္ခဲလွတဲ႔အရာျကီးျဖစ္ေနခဲ႔ပါျပီ။ တစ္ေယာက္နဲ႕တစ္ေယာက္လူခ်င္းဆက္သြယ္မႈနည္းပါးလာျပီး ဖုန္းေျပာစာပို႕တာေတြပဲ ျကာရွည္စြာဆက္ဆံလာရတာေတြေျကာင္႔ ေနာက္ပိုင္းမွာ
တစ္ေယာက္နဲ႕တစ္ေယာက္အေနစိမ္းသြားတတ္ျကပါတယ္။
(၂) ေပါင္းစည္းလုပ္ကိုင္မႈအလြန္နည္းပါးလာ
ေပါင္းစည္းလုပ္ရမယ္ေဟ႕၊ အင္နဲ႕အားနဲ႕လုပ္ျကမယ္ေဟ႕ ဆုိတဲ႔ေနရာေတြမွာ ပါ၀င္လုပ္ေဆာင္လာျကသူေတြနည္းပါးလာျကပါတယ္။ ကိုယ္႔တစ္ေနရာစာ ကိုယ္႔တစ္၀န္စာေလးပဲ ထမ္းခ်င္ျကတဲ႔ တစ္ကိုယ္ေကာင္းသမားေတြမ်ားမ်ားလာတာေျကာင္႔ မိသားစုအထဲမွာပဲျဖစ္ျဖစ္ ေဆြမ်ိဳးသားခ်င္းထဲမွာပဲျဖစ္ျဖစ္ ရင္းနွီးကၽြမ္း၀င္မႈ ေႏြးေထြးျကင္နာမႈေဖးမကူညီမႈဆုိတာေတြဟာ မရွိသေလာက္ကို
နည္းပါးလာခဲ႔ပါတယ္။
(၃) Electronic Device ေတြကိုအားကိုးလြန္းတယ္
တိုးတတ္လာတဲ႔ေခတ္ျကီးကိုပဲ အျပစ္ပံုခ်ရမလိုပါပဲ။ ဖြံ႕ျဖိဳးလာတဲ႔ေခတ္ျကီးထဲမွာ အဆင္႔ျမင္႔ျမင္႔နည္းပညာေတြလည္းတိုးတတ္လာတာေျကာင္႔ လူေတာ္ေတာ္မ်ားမ်ားဟာ နည္းပညာရဲ႕တုိးတတ္မႈကို ပဲ အေျကာင္းျပဳအားကိုးျပီး ကိုယ္႔အစြမ္းအစနဲ ႔ ျကိုးစားပမ္းစားစုေပါင္းလုပ္ေဆာင္ဖို႕ကိုေမ႔ေလ်ာ႕ေနတတ္ျကပါတယ္။ ဥပမာ- သူငယ္ခ်င္းေတြေက်ာင္းProject စုလုပ္ျကတာမ်ိဳး ေတြကိုအရင္ကဆုိ အျပင္မွာစုျက တစ္ေယာက္တစ္မ်ိဳး Idea ေတြေပးျပီးရယ္ရယ္ေမာေမာတစ္ေယာက္မိသိတာတစ္ေယာက္ရွင္းျပရင္းျဖတ္သန္းျကေပမဲ႔ အခုခ်ိန္မွာ ေတာ႔ Group တစ္ခုေထာင္ထားလုိက္ျပီး Social Media ကေနအလြယ္တကူေျပာျကရံုပါပဲ။စကားေျပာတာခ်င္းတူတူဆိုပင္မဲ႔ အျပင္မွာစုရံုးလုပ္ေဆာင္ျခင္းရဲ႕သဘာ၀နဲ႕ကြာျခားတာမလို႕ထင္သေလာက္ ေပါင္းစည္းျခင္းရဲ႕ရလဒ္ကိုျမင္ေတြ႕
ရမွာမဟုတ္ပါဘူး။
(၄) Social Media မွာ အခ်ိန္သံုးမ်ားတယ္
မိသားစုထဲမွာပဲျဖစ္ျဖစ္ သူငယ္ခ်င္းေတြစံုတဲ႔အခ်ိန္ပဲျဖစ္ျဖစ္ အားရင္ ကိုယ္႔ဖုန္းကို ဖြင္႔ျပီးပြတ္ေနျကတာပဲမ်ားပါတယ္။ ေဘးဘယ္ယာက လူကိုစကားစျမည္ေျပာတာမ်ိဳး၊ပတ္၀န္းက်င္ကကိုယ္မသိတာေတြေလ႔လာတာမ်ိဳး မိသားစုေတြ စကားေတြေျပာရင္းအခ်ိန္ကုန္တာမ်ိဳးေတြနည္းပါးလာျကျပီး တစ္ေယာက္တစ္လံုးစီဖုန္းနဲ႕ပဲ ဖုန္းထဲကအေျကာင္းအရာေတြျကား
နစ္ေျမာေနတတ္ျကပါတယ္။
(၅) လက္ေတြ႕အျပင္မွာေမးထူးေခၚေျပာလုပ္ရမွာေအာက္က်တယ္ထင္လာျကတယ္
ခုေခတ္ျကီးထဲမွာ ကိုယ္တစ္ခါမွမျမင္ဘူးတဲ႔သူစိမ္းတစ္ေယာက္ကိုစကားေျပာဖို႕ထက္ အျပင္မွာအရင္ထဲကရင္းနွီးကၽြမ္း၀င္တဲ႔သူကို ေမးထူးေခၚေျပာလုပ္ရမွာ ပို၀န္ေလးတတ္ျကတဲ႔ေခတ္ပါ။ ဒီလိုအခ်က္ေတြေျကာင္႔ပဲပတ္၀န္းက်င္ကလူေတြနဲ႕ေရာ ကိုယ္႔မိသားစု၀င္ေတြနဲ႕ေရာ ကိုယ္႔အေပါင္းသင္းေတြျကားမွာပါ ေႏြးေထြးျကင္နာမႈဆိုတာကိုအျပည္႔အ၀မရရွိနုိင္ျကေတာ႔ပါဘူး။

Unicode

အခုခေတ်အချိန်ခါမှာ အရင်တုန်းကထက်ပိုပြီး မိသားစုတွေမှာပဲဖြစ်ဖြစ် ချစ်သူရည်းစားသူငယ်ချင်းတွေကြားမှာပဲဖြစ်ဖြစ် နွေးထွေးကြင်နာစွာ ပြောဆိုနှီးနှောကြတဲ့ အချိန်ဆိုတာ မရှိသလောက်ကိုရှားပါးလာကြပါပြီ။ တစ်ယောက်နဲ့တစ်ယောက်မျက်လုံးစုံညီစကားမပြောဖြစ်ကြတာတွေ ၊ ပျော်ရွှင်စရာအချိန်ကိုတူတူဖြတ်သန်းတာတွေနည်းပါးလာတာကြောင့် တစ်ယောက်ကိုတစ်ယောက်သိပ်မချစ်တတ်သိပ်တန်ဖိုးမထားတတ်ကြပဲ ဘေးနားမှာရှိနေလျက်မေ့နေတတ်ကြပါတယ်။ ဒီလိုကိစ္စတွေဖြစ်ပေါ်ရခြင်းရဲ့အဓိကအကြောင်းအရင်းကြီးတွေက ဘာတွေလဲဆိုတာ…
(၁) တစ်ယောက်တစ်နယ်စီနေထိုင်နေကြသူတွေ
မိသားစုဆွေမျိုးသားချင်းတွေနဲ့ တူတူမနေရပဲ ချစ်ရသူတွေနဲ့ခွဲခွာပြီးတစ်ယောက်တစ်နေရာစီပညာသင်ကြစီးပွားရှာကြရတဲ့ ခုလို ခေတ်ကြီးထဲမှာ မိသားစုဝင်တွေအားလုံး တစ်ခါတစ်ခါစုံစည်းဖို့ဆိုတာ အင်မတန်ခက်ခဲလှတဲ့အရာကြီးဖြစ်နေခဲ့ပါပြီ။ တစ်ယောက်နဲ့တစ်ယောက်လူချင်းဆက်သွယ်မှုနည်းပါးလာပြီး ဖုန်းပြောစာပို့တာတွေပဲ ကြာရှည်စွာဆက်ဆံလာရတာတွေကြောင့် နောက်ပိုင်းမှာ
တစ်ယောက်နဲ့တစ်ယောက်အနေစိမ်းသွားတတ်ကြပါတယ်။
(၂) ပေါင်းစည်းလုပ်ကိုင်မှုအလွန်နည်းပါးလာ
ပေါင်းစည်းလုပ်ရမယ်ဟေ့၊ အင်နဲ့အားနဲ့လုပ်ကြမယ်ဟေ့ ဆိုတဲ့နေရာတွေမှာ ပါဝင်လုပ်ဆောင်လာကြသူတွေနည်းပါးလာကြပါတယ်။ ကိုယ့်တစ်နေရာစာ ကိုယ့်တစ်ဝန်စာလေးပဲ ထမ်းချင်ကြတဲ့ တစ်ကိုယ်ကောင်းသမားတွေများများလာတာကြောင့် မိသားစုအထဲမှာပဲဖြစ်ဖြစ် ဆွေမျိုးသားချင်းထဲမှာပဲဖြစ်ဖြစ် ရင်းနှီးကျွမ်းဝင်မှု နွေးထွေးကြင်နာမှုဖေးမကူညီမှုဆိုတာတွေဟာ မရှိသလောက်ကို
နည်းပါးလာခဲ့ပါတယ်။
(၃) Electronic Device တွေကိုအားကိုးလွန်းတယ်
တိုးတတ်လာတဲ့ခေတ်ကြီးကိုပဲ အပြစ်ပုံချရမလိုပါပဲ။ ဖွံ့ဖြိုးလာတဲ့ခေတ်ကြီးထဲမှာ အဆင့်မြင့်မြင့်နည်းပညာတွေလည်းတိုးတတ်လာတာကြောင့် လူတော်တော်များများဟာ နည်းပညာရဲ့တိုးတတ်မှုကို ပဲ အကြောင်းပြုအားကိုးပြီး ကိုယ့်အစွမ်းအစနဲ ့ ကြိုးစားပမ်းစားစုပေါင်းလုပ်ဆောင်ဖို့ကိုမေ့လျော့နေတတ်ကြပါတယ်။ ဥပမာ- သူငယ်ချင်းတွေကျောင်းProject စုလုပ်ကြတာမျိုး တွေကိုအရင်ကဆို အပြင်မှာစုကြ တစ်ယောက်တစ်မျိုး Idea တွေပေးပြီးရယ်ရယ်မောမောတစ်ယောက်မိသိတာတစ်ယောက်ရှင်းပြရင်းဖြတ်သန်းကြပေမဲ့ အခုချိန်မှာ တော့ Group တစ်ခုထောင်ထားလိုက်ပြီး Social Media ကနေအလွယ်တကူပြောကြရုံပါပဲ။စကားပြောတာချင်းတူတူဆိုပင်မဲ့ အပြင်မှာစုရုံးလုပ်ဆောင်ခြင်းရဲ့သဘာဝနဲ့ကွာခြားတာမလို့ထင်သလောက် ပေါင်းစည်းခြင်းရဲ့ရလဒ်ကိုမြင်တွေ့
ရမှာမဟုတ်ပါဘူး။
(၄) Social Media မှာ အချိန်သုံးများတယ်
မိသားစုထဲမှာပဲဖြစ်ဖြစ် သူငယ်ချင်းတွေစုံတဲ့အချိန်ပဲဖြစ်ဖြစ် အားရင် ကိုယ့်ဖုန်းကို ဖွင့်ပြီးပွတ်နေကြတာပဲများပါတယ်။ ဘေးဘယ်ယာက လူကိုစကားစမြည်ပြောတာမျိုး၊ပတ်ဝန်းကျင်ကကိုယ်မသိတာတွေလေ့လာတာမျိုး မိသားစုတွေ စကားတွေပြောရင်းအချိန်ကုန်တာမျိုးတွေနည်းပါးလာကြပြီး တစ်ယောက်တစ်လုံးစီဖုန်းနဲ့ပဲ ဖုန်းထဲကအကြောင်းအရာတွေကြား
နစ်မြောနေတတ်ကြပါတယ်။
(၅) လက်တွေ့အပြင်မှာမေးထူးခေါ်ပြောလုပ်ရမှာအောက်ကျတယ်ထင်လာကြတယ်
ခုခေတ်ကြီးထဲမှာ ကိုယ်တစ်ခါမှမမြင်ဘူးတဲ့သူစိမ်းတစ်ယောက်ကိုစကားပြောဖို့ထက် အပြင်မှာအရင်ထဲကရင်းနှီးကျွမ်းဝင်တဲ့သူကို မေးထူးခေါ်ပြောလုပ်ရမှာ ပိုဝန်လေးတတ်ကြတဲ့ခေတ်ပါ။ ဒီလိုအချက်တွေကြောင့်ပဲပတ်ဝန်းကျင်ကလူတွေနဲ့ရော ကိုယ့်မိသားစုဝင်တွေနဲ့ရော ကိုယ့်အပေါင်းသင်းတွေကြားမှာပါ နွေးထွေးကြင်နာမှုဆိုတာကိုအပြည့်အဝမရရှိနိုင်ကြတော့ပါဘူး။

6 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.