မင်းသားချော Song Seung Heon နဲ့အတူ ”Player” ဇာတ်ကားအသစ်မှာ အတူသရုပ်ဆောင်သွားမယ့် Krystal

OCN ရဲ့  ဒရာမာဇာတ်ကားသစ်ဖြစ်တဲ့ Player မှာ Krystal ပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။

OCN ဒရာမာဇာတ်ကား Black ရဲ့မင်းသားချော Song Seung Heonနဲ့ Krystal အတူ သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

သူမ လက်တလောရိုက်ကူးပြီးစီးခဲ့တဲ့ Unbreakable Spirit ရုပ်ရှင်ကတော့ ၂ဝ၁၈ သြဂုတ်လ (၁၈)ရက်နေ့မှာ ထွက်မယ်လို့သိရပါတယ်။

ဇာတ်ကားက စတောင်ရိုက်ကူးနေပြီဖြစ်ပါတယ်။ Song Seung Heon က Krystal နဲ့ Lee Si Eon တို့နဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံကိုတင်ထားခဲ့ပါတယ်။

အယုံသွင်းလှည့်စားတဲ့နေရာမှာ အကျွမ်းကျင်ဆုံးပညာရှင်(၄)ယောက်က ပြစ်မှုတွေ ၊ မတရားသဖြင့် မြေပိုင်ဆိုင်မှုတွေသိမ်းခံလိုက်ရတဲ့ လူတွေအတွက် အမှန်တရား ပြန်လည်ပေါ်ပေါက်အောင် ထုတ်ဖော်ပေးကြတာဖြစ်ပါတယ်။

278 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.