ခပ်တည်တည်နေတတ်တဲ့ကောင်မလေးတွေကိုချစ်သူတော်ထားရတဲ့အခါ
(၁) ဆရာလုပ်တတ်ကြပါတယ်
ခပ်တည်တည်နေတတ်တဲ့သူတို့ရဲ့မျက်နှာပေးနဲ့ ခပ်ငြိမ်ငြိမ်နေတတ်တဲ့ စရိုက်ကြောင့် တော်ရုံကောင်လေးတွေရဲ့အနားကပ်ခြင်းကို မခံရပဲ လူရှိန်ခံရတဲ့ မိန်းကလေးမျိုးထဲမှာပါကြပါတယ်။
ဆိုတော့ ဒီလို Type မျိုးရှိတဲ့ကောင်မလေးမျိုးကိုချစ်သူတော်ထားရပြီဆိုရင်တော့ သင်ဟာကံကောင်းတဲ့ယောင်္ကျားတစ်ယောက်ထဲမှာပါတယ်ဆိုတာ မမေ့ပဲ ကိုယ့်ရဲ့ချစ်သူကောင်မလေးကို ပိုတန်ဖိုးထားပြီး ချစ်မြတ်နိုးနိုင်ကြပါစေလို့ဆုတောင်းရင်း…
Unicode
မိန်းကလေးချင်းတူပေမဲ့လည်းတစ်ယောက်နဲ့တစ်ယောက်စရိုက်ချင်းအကျင့်ချင်းတွေကတော့ လူတစ်ယောက်နဲ့တစ်ယောက်ကွဲပြားတတ်ကြတာသဘာဝပါပဲ။မိန်းကလေးအများစုကတော့နူးညံံ့သိမ်မွေ့တဲ့ ချိုသာတဲ့စရိုက်ရှိတတ်ကြပေမဲ့ တစ်ချို့ကတော့ ခပ်တည်တည်နဲ့ခပ်ပြတ်ပြတ်ပြောတတ်တဲ့ Strong ဖြစ်တတ်ဘက်ကိုရောက်တတ်ကြပါတယ်။ ဒီလို ဘက်ကိုရောက်တဲ့ကောင်မလေးမျိုးကိုချစ်သူတော်ထားရပြီဆိုရင်တာ့ဒါလေးတွေကိုသိထားသင့်ပါတယ်…
(၁) ဆရာလုပ်တတ်ကြပါတယ်
ဒီတစ်ချက်လေးကတော့နည်းနည်းခံရခက်ပေမဲ့ ချစ်တဲ့စိတ်နဲ့မြင်ရင်တော့ချစ်စရာကောင်းမှာ အမှန်ပါပဲ။ ခပ်တည်တည်ခပ်ပြတ်ပြတ်နေတတ်တဲ့ကောင်မလေးတော်တော်များများဟာ ကိုယ့်ချစ်သူ
ကောင်လေးတွေအပေါ်တစ်ခါတစ်ရံဆရာလုပ်လေ့ရှိပါတယ်။ ဒါဟာလည်းကောင်းချင်စိတ်နဲ့ပြောတာမျိုးဖြစ်ပြီး သူတို့ရဲ့အပြောဆိုကိုကမချွဲမချိုပဲ ပြတ်ပြတ်ကြီးဖြစ်နေတာကြောင့် နားထောင်ရအဝင်ဆိုးနိင်ပင်မဲ့ချစ်သူအပေါ်ချစ်တဲ့စိတ်ဆိုတာပေါ်လွင်နေတာမလို့ နားလည်ပေးသင့်ပါတယ်။
(၂) အမြဲမချွဲတတ်ပေမဲ့ ချွဲနွဲ့လာတဲ့အခါအင်မတန်ချစ်ဖို့ကောင်းနေတတ်ပါတယ်
ဒီလိုTypeရှိတဲ့ကောင်မလေးတွေဟာသိပ်မနူးညံ့တတ်ကြပါဘူး။ အမြဲချွဲနွဲ့ပြောဆိုမနေတတ်ပဲလိုရင်းပဲပြောတတ်ကြတာမျိုးပါ။ ဒါပင်မဲ့ သူတို့တွေတစ်ခါတစ်ရံ မရည်ရွယ်ပဲ ကောင်လေးတွေပေါ် ဆိုးနွဲ့မိသွားတဲ့အခါ မပြောပြတတ်လောက်အောင်အင်မတန်ချစ်ဖို့ကောင်းနေတတ်ပါတယ်။ အမြဲချွဲနေကြမဟုတ်တာကြောင့် မြင်နေကြပုံစံနဲ့ကွဲထွက်တဲ့ပုံလေးမလို့ တစ်ခါတစ်ရံချွဲတတ်တာလေးက ပိုချစ်ဖို့ကောင်းနေတတ်တာဖြစ်ပါတယ်။
(၃) တော်ရုံကောင်လေးမကပ်ရဲဘူး
ခပ်တည်တည်နေတတ်တဲ့သူတို့ရဲ့မျက်နှာပေးနဲ့ ခပ်ငြိမ်ငြိမ်နေတတ်တဲ့ စရိုက်ကြောင့် တော်ရုံကောင်လေးတွေရဲဲ့အနားကပ်ခြင်းကို မခံရပဲ လူရှိန်ခံရတဲ့ မိန်းကလေးမျိုးထဲမှာပါကြပါတယ်။
ဒါဟာ သူမရဲ့ကောင်လေးဖြစ်သူအတွက်တော့ ဂုဏ်ယူစရာကိစ္စတစ်ခုပါပဲ။ ဒီလိုကောင်မလေးဆီကအချစ်ရထားတာ ကိုယ်ဟာတော်ရုံကံကောင်းတာမဟုတ်ဘူးဆိုတာကိုနားလည်သဘောပေါက်ပါစေ။
(၄) ကိုယ့်ပေါ်သစ္စာရှိတယ်
တော်ရုံအရောတဝင်မနေပဲ ခပ်တန်းတန်းနေတတ်တဲ့ အကျင့်ကြောင့် ယောကျင်္ားလေးတွေနဲ့အနေနီးမှာ ကိုယ့်အပေါ်သစ္စာဖောက်သွားမှာကို သိပ်စိုးရိမ်စရာမလိုပါဘူး။ လေးလေးနက်နက်တည်တည်ငြိမ်ငြိမ်နဲ့ကိုယ့်အချစ်ကိုလက်ခံခဲ့တဲ့မိန်းကလေးမလို့ နောက်လူတစ်ယောက်ကိုလွယ်လွယ်စိတ်ပါသွားဖို့ လွယ်လွယ်ဖောက်ပြန်သွားဖို့ တွေကို အထူးတလည်စိတ်ပူစရာမလိုတော့ပါဘူး။
(၅) ဘယ်နေရာရာတွဲသွားတွဲသွားထည်ဝါတယ်
Strong ဖြစ်ပြီး ခပ်ပြတ်ပြတ်ပြောဆိုတတ်ကာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မူရှိရှိနဲ့ နေတတ်တဲ့ ကောင်မလေးတွေဟာ ကိုယ့်ချစ်သူလက်ကိုတွဲပြီး ဘယ်နေရာ သွားသွားဘယ်ပွဲတက်တက်ထည်ဝါတဲ့ပုံစံမျိုးပါ။ကလေးဆန်တာမျိုး တစ်ဇွတ်ထိုးပြောဆိုတာမျိုး အနေအထိုင်ရဲတင်းတာမျိုးတွေမရှိပဲ တည်တည်ငြိမ်ငြိမ်နဲ့နေတတ်တာကြောင့် ပွဲလည်တင့်စေတဲ့ကောင်မလေးမျိုးဆိုလည်းမမှားနိုင်ပါဘူး။
ဆိုတော့ ဒီလို Type မျိုုးရှိတဲ့ကောင်မလေးမျိုးကိုချစ်သူတော်ထားရပြီဆိုရင်တော့ သင်ဟာကံကောင်းတဲ့ယောကျင်္ားတစ်ယောက်ထဲမှာပါတယ်ဆိုတာ မမေ့ပဲ ကိုယ့်ရဲ့ချစ်သူကောင်မလေးကို ပိုတန်ဖိုးထားပြီး ချစ်မြတ်နိုးနိုင်ကြပါစေလို့ဆုတောင်းရင်း…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.