Benedict Cumberbatch ဟာလက္ေတြ႔ဘ၀မွာလည္း ဟီးရုိးတစ္ေယာက္ဆုိတာ ဒီအျဖစ္အပ်က္ေလးက သက္ေသျပေန

ျဗိတိန္မင္းသား Benedict Cumberbatch ဆုိရင္ Doctor Strange ဆုိတဲ႔မာဗယ္စူပါဟီးရိုး တစ္ေယာက္အျဖစ္ေရာ၊စံုေထာက္ၾကီး ရွားေလာ့ခ္ဟုမ္းအျဖစ္ေရာပရိသတ္ေတြအားလံုးက သိၾကမွာပါ။ရုပ္ရွင္ဇာတ္ကားေတြထဲမွာ ဟီးရုိးတစ္ေယာက္အျဖစ္အားလံုးက ျမင္ေတြ႔သိ ထားၾကသလို Benedict Cumberbatch ဟာ လက္ေတြ႔ဘ၀မွာလည္း သူရဲေကာင္း တစ္ေယာက္ျဖစ္တယ္ဆုိတာ ဒီအျဖစ္အပ်က္ေလးကေနတစ္ဆင့္သိႏုိင္ပါတယ္။

မီဒီယာေတြရဲ႔ေဖာ္ျပခ်က္အရ အသက္ ၄၁ႏွစ္အရြယ္မင္းသား Benedict Cumberbatch ဟာ ရွားေလ့ာခ္ဟုမ္းဇာတ္ေကာင္ထဲက သူ႔ရဲ႔အိမ္အျဖစ္ရိုက္ကူးရာေနရာ ဘိတ္ကာလမ္းအနီးကို ဇနီးျဖစ္သူနဲ႔အတူ Uber တကၠစီစီးရင္းေရာက္ရွိခဲ႔တယ္လို႔သိရပါတယ္။ထိုတကၠစီေမာင္းသူရဲ ႔ေျပာျပခ်က္အရ “သူ႔ရဲ ႔ကားကုိ မင္းသားနဲ႔ဇနီးျဖစ္သူက တားစီးခဲ႔ျပီး ဘိတ္ကာလမ္းအနီးကုိ အေရာက္မွာ အသက္ ၂၀အရြယ္ေလာက္သာရွိေသးတဲ႔ေကာင္ေလးတစ္ေယာက္နဲ႔ေလးေယ
ာက္အုပ္စု ရုန္႔ရင္းဆန္ခတ္ျဖစ္ေနတာကုိျမင္ေတြ႔ခဲ႔ရပါတယ္။အဲ႔ဒီအခ်ိန္မွာ Benedict Cumberbatch ဟာ ကားေပၚကေနခ်က္ခ်င္းဆင္းခဲ့ျပီး ထုိအုပ္စုရွိရာဆီကုိသြား ခဲ႔ပါတယ္။အဲ႔ဒီေတာ့မွသူက သူ႔ရဲ ႔ကားေပၚကဆင္းသြားတဲ႔သူက မင္းသားBenedict Cumberbatch ျဖစ္ေနမွန္းသိခဲ႔တာပါတဲ႔။အသက္ ၂၀အရြယ္ေကာင္ေလးက အစားအေသာက္၀န္ေဆာင္မႈလုပ္ငန္းျဖစ္တဲ႔ Deliveroo က ၀န္ထမ္းေကာင္ေလးျဖစ္ျပီး Benedict Cumberbatch ဟာ “သူ႔ကိုတစ္ေယာက္တည္းလႊတ္ထားလုိက္”လို႔ေအာ္ေျပာခဲ႔ျပီး ထုိေကာင္ေလးဆီက စက္ဘီးကုိလုယက္ဖုိ႔ၾကိဳးစားကာ ထုိးၾကိတ္ေနတဲ႔ေလးေယာက္အုပ္စုနဲ႔ ရင္ဆုိင္တုိက္ခိုက္ခဲ႔ပါတယ္။

ထုိေလးေယာက္က မင္းသားကုိ တုိက္ခိုက္ဖုိ႔ၾကိဳးစားေပမဲ႔လည္း အေရွာင္အတိမ္းနဲ႔ အတိုက္ အခိုက္ကြ်မ္းက်င္လွတဲ႔Benedict ကုိ မရင္ဆုိင္ႏုိင္ခဲ႔ပဲထြက္ေျပးသြားခဲ႔ရပါတယ္။ တိုက္ခိုက္ေနတုန္းမွာ မင္းသားကုိ မွတ္မိသြားၾကပံုေပၚပါတယ္။ကံေကာင္းစြာနဲ႔ ထုိးၾကိတ္ခံရတဲ႔ လူငယ္၀န္ထမ္းေလးဟာလည္း ေဆးရံုပုိ႔ရေလာက္တဲ႔အထိမထိခိုက္ခဲ႔ပါဘူး။ ထုိေကာင္ေလး အရမ္းကံေကာင္းပါတယ္။Benedict က တကယ့္စူပါဟီးရုိးပဲ။သူက သတိၱရွိျပီး အၾကင္နာတရား လည္းရွိပါတယ္။သူသာ ထုိေကာင္ေလးကုိကယ္ဖုိ႔မၾကိဳးစားခဲ့ဖူးဆုိရင္ ေကာင္ေလး ဒဏ္ရာၾကီးၾကီးမားမား ရသြားႏုိင္ပါတယ္။ကယ္တင္ျပီးေနာက္မွာလည္း မင္းသား Benedict ဟာ ထုိေကာင္ေလးကုိ အားေပးဖုိ႔ေပြ႔ဖက္ခဲ႔ပါေသးတယ္”လို႔ Uber တကၠစီေမာင္းသူ Mr.Dias က မီဒီယာကုိေျပာျပခဲ႔ပါတယ္။

ဒီအျဖစ္အပ်က္ဟာ ျပီးခဲ႔တဲ႔ႏုိ၀င္ဘာလကျဖစ္ပ်က္ခဲ႔တာျဖစ္ျပီး အဲ႔ဒီအခ်ိန္တုန္းက ထုိ၀န္ထမ္း ေကာင္ေလး နဲ႔ေလးေယာက္အုပ္စုတုိ႔ ရန္ျဖစ္ၾကရင္း ထုိအုပ္စုကဘာတစ္ခုမွလုယက္မသြားႏုိင္ ခဲ႔ပဲထြက္ေျပးသြားခဲ႔သလိုထုိေကာင္ေလးကလည္းဒဏ္ရာမျပင္းထန္လု႔ိေဆးရံုေရာက္တဲ႔အထိမျဖစ္ခဲ႔ပါဘူး။အဲ႔ဒီအခ်ိန္တုန္းက ကယ္တင္ခဲ႔တဲ႔သူက ဘယ္သူမွန္းလဲေသခ်ာမသိခဲ႔ပါဘူး။အမႈက ဒီလုိပဲ ဖမ္းဆီးမႈမရွိပဲျပီးသြားခဲ႔တာပါ။အခု တကၠစီေမာင္းသူရဲ ႔ျပန္လည္ေျပာျပခ်က္ေၾကာင့္ အဲ႔ဒီရန္ျဖစ္မႈကုိ ကူညီေပးခဲ႔တာက သူနဲ႔မင္းသား Benedictတုိ႔ျဖစ္ေနမွနး္သိခဲ႔ရတာျဖစ္တယ္လို႔တာ၀န္ရွိရဲအရာရွိ တစ္ေယာက္က ေျပာျပခဲ႔ပါတယ္။

ဒါေပမဲ႔ ဇြန္လ ၂ရက္ေန၊စေနေန႔ကေတာ့ ထုိအစားအေသာက္၀န္ေဆာင္မႈကုမၸဏီ Deliveroo က တြစ္စ္တာကေနတစ္ဆင့္ မင္းသား Benedict ကုိေက်းဇူးတင္စကားေျပာခဲ႔ပါတယ္။”မင္းသား Benedict Cumberbatch ရဲ ႔ရဲရင့္တဲ႔အျပဳအမူေတြအတြက္ ေက်းဇူးတင္ပါတယ္။Deliveroo ကုမၸဏီကအစားအေသာက္လုိက္လံပုိ႔ေဆာင္ၾကတဲ႔၀န္ထမ္းေတြက သူရဲေကာင္းေတြပါပဲ။ သူတုိ႔ရဲ႔လံုျခံဳမႈက ကြ်န္ေတာ္တို႔အတြက္အေရးၾကီးဆံုးပါ။သူတို႔ကုိ အၾကမ္းဖက္တုိက္ခိုက္ မႈမွန္သမ်ွကုိ ဘယ္လိုအေၾကာင္းနဲ႔မွ လက္ခံႏုိင္စရာမရွိပါဘူး။အဲ႔ဒါေၾကာင့္ ကြ်န္ေတာ္တို႔၀န္ထမ္းကုိ ကူညီကယ္တင္ေပးတဲ႔အတြက္ဒီကုမၸဏီမွာရွိတဲ႔လူတုိင္းက မင္းသားကုိေက်းဇူးအမ်ားၾကီး တင္ပါတယ္”ဆုိျပီးေရးသားခဲ႔တာျဖစ္ပါတယ္။

ရုပ္ရွင္ဇာတ္ကားေတြမွာသာ စူပါဟီးရိုးအျဖစ္ျမင္ေတြ႔ရတာမဟုတ္ပဲ လက္ေတြ႔ဘ၀မွာလည္း တစ္ျခားသူတစ္ေယာက္အေပၚကူညီကယ္တင္ဖုိ႔ၾကိဳးစားတဲ႔သူတစ္ေယာက္ဆုိတာ ဒီအျဖစ္အပ်က္ေလးက သက္ေသျပေနပါတယ္။မင္းသား Benedict Cumberbatch ဟာ အခုလက္ရွိမွာPatrick Melrose ဆုိတဲ႔ဇာတ္ကားအတြက္ ပါ၀င္ရုိက္ကူးေနတယ္လုိ႔သိရပါတယ္။

Unicode

ဗြိတိန်မင်းသား Benedict Cumberbatch ဆိုရင် Doctor Strange ဆိုတဲ့မာဗယ်စူပါဟီးရိုး တစ်ယောက်အဖြစ်ရော၊စုံထောက်ကြီး ရှားလော့ခ်ဟုမ်းအဖြစ်ရောပရိသတ်တွေအားလုံးက သိကြမှာပါ။ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဟီးရိုးတစ်ယောက်အဖြစ်အားလုံးက မြင်တွေ့သိ ထားကြသလို Benedict Cumberbatch ဟာ လက်တွေ့ဘဝမှာလည်း သူရဲကောင်း တစ်ယောက်ဖြစ်တယ်ဆိုတာ ဒီအဖြစ်အပျက်လေးကနေတစ်ဆင့်သိနိုင်ပါတယ်။

မီဒီယာတွေရဲ့ဖော်ပြချက်အရ အသက် ၄၁နှစ်အရွယ်မင်းသား Benedict Cumberbatch ဟာ ရှားလေ့ာခ်ဟုမ်းဇာတ်ကောင်ထဲက သူ့ရဲ့အိမ်အဖြစ်ရိုက်ကူးရာနေရာ ဘိတ်ကာလမ်းအနီးကို ဇနီးဖြစ်သူနဲ့အတူ Uber တက္ကစီစီးရင်းရောက်ရှိခဲ့တယ်လို့သိရပါတယ်။ထိုတက္ကစီမောင်းသူရဲ ့ပြောပြချက်အရ “သူ့ရဲ ့ကားကို မင်းသားနဲ့ဇနီးဖြစ်သူက တားစီးခဲ့ပြီး ဘိတ်ကာလမ်းအနီးကို အရောက်မှာ အသက် ၂ဝအရွယ်လောက်သာရှိသေးတဲ့ကောင်လေးတစ်ယောက်နဲ့လေးယေ
ာက်အုပ်စု ရုန့်ရင်းဆန်ခတ်ဖြစ်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာ Benedict Cumberbatch ဟာ ကားပေါ်ကနေချက်ချင်းဆင်းခဲ့ပြီး ထိုအုပ်စုရှိရာဆီကိုသွား ခဲ့ပါတယ်။အဲ့ဒီတော့မှသူက သူ့ရဲ ့ကားပေါ်ကဆင်းသွားတဲ့သူက မင်းသားBenedict Cumberbatch ဖြစ်နေမှန်းသိခဲ့တာပါတဲ့။အသက် ၂ဝအရွယ်ကောင်လေးက အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Deliveroo က ဝန်ထမ်းကောင်လေးဖြစ်ပြီး Benedict Cumberbatch ဟာ “သူ့ကိုတစ်ယောက်တည်းလွှတ်ထားလိုက်”လို့အော်ပြောခဲ့ပြီး ထိုကောင်လေးဆီက စက်ဘီးကိုလုယက်ဖို့ကြိုးစားကာ ထိုးကြိတ်နေတဲ့လေးယောက်အုပ်စုနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။

ထိုလေးယောက်က မင်းသားကို တိုက်ခိုက်ဖို့ကြိုးစားပေမဲ့လည်း အရှောင်အတိမ်းနဲ့ အတိုက် အခိုက်ကျွမ်းကျင်လှတဲ့Benedict ကို မရင်ဆိုင်နိုင်ခဲ့ပဲထွက်ပြေးသွားခဲ့ရပါတယ်။ တိုက်ခိုက်နေတုန်းမှာ မင်းသားကို မှတ်မိသွားကြပုံပေါ်ပါတယ်။ကံကောင်းစွာနဲ့ ထိုးကြိတ်ခံရတဲ့ လူငယ်ဝန်ထမ်းလေးဟာလည်း ဆေးရုံပို့ရလောက်တဲ့အထိမထိခိုက်ခဲ့ပါဘူး။ ထိုကောင်လေး အရမ်းကံကောင်းပါတယ်။Benedict က တကယ့်စူပါဟီးရိုးပဲ။သူက သတ္တိရှိပြီး အကြင်နာတရား လည်းရှိပါတယ်။သူသာ ထိုကောင်လေးကိုကယ်ဖို့မကြိုးစားခဲ့ဖူးဆိုရင် ကောင်လေး ဒဏ်ရာကြီးကြီးမားမား ရသွားနိုင်ပါတယ်။ကယ်တင်ပြီးနောက်မှာလည်း မင်းသား Benedict ဟာ ထိုကောင်လေးကို အားပေးဖို့ပွေ့ဖက်ခဲ့ပါသေးတယ်”လို့ Uber တက္ကစီမောင်းသူ Mr.Dias က မီဒီယာကိုပြောပြခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလကဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ထိုဝန်ထမ်း ကောင်လေး နဲ့လေးယောက်အုပ်စုတို့ ရန်ဖြစ်ကြရင်း ထိုအုပ်စုကဘာတစ်ခုမှလုယက်မသွားနိုင် ခဲ့ပဲထွက်ပြေးသွားခဲ့သလိုထိုကောင်လေးကလည်းဒဏ်ရာမပြင်းထန်လို့ဆေးရုံရောက်တဲ့အထိမဖြစ်ခဲ့ပါဘူး။အဲ့ဒီအချိန်တုန်းက ကယ်တင်ခဲ့တဲ့သူက ဘယ်သူမှန်းလဲသေချာမသိခဲ့ပါဘူး။အမှုက ဒီလိုပဲ ဖမ်းဆီးမှုမရှိပဲပြီးသွားခဲ့တာပါ။အခု တက္ကစီမောင်းသူရဲ ့ပြန်လည်ပြောပြချက်ကြောင့် အဲ့ဒီရန်ဖြစ်မှုကို ကူညီပေးခဲ့တာက သူနဲ့မင်းသား Benedictတို့ဖြစ်နေမှနး်သိခဲ့ရတာဖြစ်တယ်လို့တာဝန်ရှိရဲအရာရှိ တစ်ယောက်က ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ ဇွန်လ ၂ရက်နေ၊စနေနေ့ကတော့ ထိုအစားအသောက်ဝန်ဆောင်မှုကုမ္ပဏီ Deliveroo က တွစ်စ်တာကနေတစ်ဆင့် မင်းသား Benedict ကိုကျေးဇူးတင်စကားပြောခဲ့ပါတယ်။”မင်းသား Benedict Cumberbatch ရဲ ့ရဲရင့်တဲ့အပြုအမူတွေအတွက် ကျေးဇူးတင်ပါတယ်။Deliveroo ကုမ္ပဏီကအစားအသောက်လိုက်လံပို့ဆောင်ကြတဲ့ဝန်ထမ်းတွေက သူရဲကောင်းတွေပါပဲ။ သူတို့ရဲ့လုံခြုံမှုက ကျွန်တော်တို့အတွက်အရေးကြီးဆုံးပါ။သူတို့ကို အကြမ်းဖက်တိုက်ခိုက် မှုမှန်သမျှကို ဘယ်လိုအကြောင်းနဲ့မှ လက်ခံနိုင်စရာမရှိပါဘူး။အဲ့ဒါကြောင့် ကျွန်တော်တို့ဝန်ထမ်းကို ကူညီကယ်တင်ပေးတဲ့အတွက်ဒီကုမ္ပဏီမှာရှိတဲ့လူတိုင်းက မင်းသားကိုကျေးဇူးအများကြီး တင်ပါတယ်”ဆိုပြီးရေးသားခဲ့တာဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေမှာသာ စူပါဟီးရိုးအဖြစ်မြင်တွေ့ရတာမဟုတ်ပဲ လက်တွေ့ဘဝမှာလည်း တစ်ခြားသူတစ်ယောက်အပေါ်ကူညီကယ်တင်ဖို့ကြိုးစားတဲ့သူတစ်ယောက်ဆိုတာ ဒီအဖြစ်အပျက်လေးက သက်သေပြနေပါတယ်။မင်းသား Benedict Cumberbatch ဟာ အခုလက်ရှိမှာPatrick Melrose ဆိုတဲ့ဇာတ်ကားအတွက် ပါဝင်ရိုက်ကူးနေတယ်လို့သိရပါတယ်။

486 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.