Rihanna ပါဝင်ထားတဲ့ Eminem ရဲ့The Monster သီချင်းရဲ့ MTV အစပိုင်း trailer ကိုဒီဇင်ဘာ ၁၃ ရက်နေ့ကထုတ်ခဲ့တာဖြစ်ပြီး Rihanna ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ The Monster သီချင်းဟာ လက်ရှိ Billboard Hot 100 မှာ နံပါတ် ၁ချိတ်နေတာဖြစ်ပါတယ်။
၁ မိနစ်နီးပါး ကြာတဲ့ ဒီအစမ်း ဗီဒီယိုမှာ သူတို့နှစ်ဦးဟာမှောင်နေတဲ့ ရုံးခန်းထဲမှာရှိနေတာဖြစ်ပြီး Eminem ကတော့ TV တစ်လုံးရှေ့မှာတိတ်တဆိတ်ထိုင်ကြည့်နေတာဖြစ်ပါတယ်။ Rihanna ကတော့မှတ်စုရေးနေတာဖြစ်ပြီး Eminem ကိုပြနေတဲ့ကင်မရာတွေက သူမရဲ့တုန့်ပြန်မှုတွေကိုလည်း မှတ်တမ်းတင်နေပါတယ်။
၅၇စက္ကန့်ကြာတဲ့ “The Monster” MTV trailer ရဲ့အဆုံးမှာလက်နှက်ကိုင်တပ်သားနှစ်ယောက်က သေနတ်တွေကိုင်ပြီး ကြီးမားတဲ့သတ္ထုသေတ္တာကြီးကိုချိန်ရွယ်နေတာဖြစ်ပါတယ်။ ဒီ MTV ရဲ့အကြောင်းအရာကိုတော့ ထုတ်ဖေါ်ပြောကြားခြင်းမရှိသေးပါဘူး။
The Monster ဟာ Eminem ရဲ့ “The Marshall Mathers LP2” album ထဲကဖြစ်ပြီး နိုဝင်ဘာလ Billboard 200 မှာ နံပါတ် ၁ ချိတ်ခဲ့ပါတယ်။
ref:billboard