ေဘာလိဝုဒ္မင္းသမီး Priyanka Chopra နဲ႔ Nick Jonas တို႔ ဒိတ္ေနျပီလို႔သိရ

Image result for Priyanka Chopra and Nick Jonas Are Reportedly Dating

ေဘာလိဝုဒ္ နာမည္ေက်ာ္မင္းသမီး Priyanka Chopra နဲ႔ သရုပ္ေဆာင္နဲ႔ အဆိုေတာ္Nick Jonas တို႔ ဒိတ္ေနၾကျပီလို႔ သတင္းရင္းျမစ္တစ္ခုက အတည္ျပဳလိုက္ပါျပီ။ ႏွစ္ေယာက္သားကေတာ့ ၾကည့္ရတာလိုက္ဖက္ညီမႈ႐ွိတယ္လုိ႔ ပရိတ္သတ္ေတြကေတာင္ သေဘာတူေနပါတယ္။

Jonas ဟာ Chopra ရဲ႕ဂ်ဳနီယာအျဖစ္ ၁ဝႏွစ္နီးပါးရင္းႏွီးခဲ့တယ္လို႔ Us Weekly မွေဖာ္ျပထားပါတယ္။ တစ္ေယာက္ကိုယ္ တစ္ေယာက္လည္းစိတ္ဝင္းစားၾကတယ္.. လိုက္ဖက္ညီတဲ့အတဲြေလးပါ လို႔ ေရးထားပါတယ္

သူတို႔ႏွစ္ေယာက္ဒိတ္ေနျပီဆိုတာကုိ စတင္သတိထားမိခဲ့တာ Met Gala 2017 ပဲြမွာျဖစ္ပါတယ္။ နယူးေယာ့ျမိဳ ႔က်င္းပရာေနရာသို႔ Chopra နဲ႔ Jonas တို႔အတူတူေရာက္႐ွိလာခဲ့ၾကတာျဖစ္ပါတယ္။
Priyanka နဲ႔ Jonas တို႔ဟာ ဒိတ္ေနျပီဆိုေပမယ့္ ပရိတ္သတ္ေတြေ႐ွ႔ သိပ္ျပီးထင္ထင္ေပၚေပၚလုပ္ျပခဲ့တာမ်ဳိးမ႐ွိခဲ့ပဲ ႏွစ္ေယာက္တဲြေနျပီဆိုတာ ေသခ်ာေတာ့မွသာ ပရိတ္သတ္ေတြအတြက္ အသိေပး အတည္ျပဳလုိက္တာျဖစ္ပါတယ္။

ေဖ်ာ္ေျဖပဲြမစခင္ ခန္းမထဲသူတို႔အတူဝင္ခဲ့ၾကတာျဖစ္ျပီး လက္ကိုင္ပံု ကိုင္နည္းကလည္း အရမ္းကို ရင္းႏွီးတဲ့ပံုစံပဲဆိိုတာ မီဒီယာသမားေတြကလည္း ရိမ္မိခဲ့ပါတယ္။ ျပီးခဲ့တဲ့ ေသာၾကာေန႔က “Beauty and the Beast Live” concert ပဲြမွာ ႏွစ္ေယာက္သားအတူ႐ွိေနခဲ့ပါတယ္။

ေမလ(၂၉)ရက္ေန႔က သူတို႔ႏွစ္ေယာက္ အျခားေဟာလိ၀ုဒ္နာမည္ၾကီးမ်ားနဲ႔အတူ ရြက္ေလွသေဘၤာေပၚမွာ အေပ်ာ္ခရီးထြက္ခဲ့တဲ့ပံုရိပ္ေတြလည္း တြစ္တာမွာတက္လာပါတယ္။ Chopra က Jonas နဲ႔စကားေျပာတဲ့အခါတိုင္း ပြင့္လင္းလြတ္လပ္တဲ့ မိန္းကေလးတစ္ေယာက္လိုျဖစ္သြားျပီး မ်က္ႏွာမွာလည္းအရမ္းကိုေပ်ာ္ေနတဲ့ အရိပ္ေယာင္ေတြေတြ႔ေနရတတ္ပါတယ္။ ႏွစ္ေယာက္သား ေပ်ာ္ေနတာေတြ႔ရေတာ့ ပရိတ္သတ္ေတြကလည္း ဝမ္းသာေနၾကပါတယ္။

(Unicode)

ဘောလိဝုဒ် နာမည်ကျော်မင်းသမီး Priyanka Chopra နဲ့ သရုပ်ဆောင်နဲ့ အဆိုတော်Nick Jonas တို့ ဒိတ်နေကြပြီလို့ သတင်းရင်းမြစ်တစ်ခုက အတည်ပြုလိုက်ပါပြီ။ နှစ်ယောက်သားကတော့ ကြည့်ရတာလိုက်ဖက်ညီမှုရှိတယ်လို့ ပရိတ်သတ်တွေကတောင် သဘောတူနေပါတယ်။

Jonas ဟာ Chopra ရဲ့ဂျုနီယာအဖြစ် ၁ဝနှစ်နီးပါးရင်းနှီးခဲ့တယ်လို့ Us Weekly မှဖော်ပြထားပါတယ်။ တစ်ယောက်ကိုယ် တစ်ယောက်လည်းစိတ်ဝင်းစားကြတယ်.. လိုက်ဖက်ညီတဲ့အတွဲလေးပါ လို့ ရေးထားပါတယ်

သူတို့နှစ်ယောက်ဒိတ်နေပြီဆိုတာကို စတင်သတိထားမိခဲ့တာ Met Gala 2017 ပွဲမှာဖြစ်
ပါတယ်။ နယူးယော့မြို ့ကျင်းပရာနေရာသို့ Chopra နဲ့ Jonas တို့အတူတူရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ Priyanka နဲ့ Jonas တို့ဟာ ဒိတ်နေပြီဆိုပေမယ့် ပရိတ်သတ်တွေရှေ့ သိပ်ပြီးထင်ထင်ပေါ်ပေါ်လုပ်ပြခဲ့တာမျိုးမရှိခဲ့ပဲ နှစ်ယောက်တွဲနေပြီဆိုတာ သေချာတော့မှသာ ပရိတ်သတ်တွေအတွက် အသိပေးအတည်ပြုလိုက်တာဖြစ်ပါတယ်။

ဖျော်ဖြေပွဲမစခင် ခန်းမထဲသူတို့အတူဝင်ခဲ့ကြတာဖြစ်ပြီး လက်ကိုင်ပုံ ကိုင်နည်းကလည်း အရမ်းကို ရင်းနှီးတဲ့ပုံစံပဲဆိိုတာ မီဒီယာသမားတွေကလည်း ရိမ်မိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က “Beauty and the Beast Live” concert ပွဲမှာ နှစ်ယောက်သားအတူရှိနေခဲ့ပါတယ်။

မေလ(၂၉)ရက်နေ့က သူတို့နှစ်ယောက် အခြားဟောလိဝုဒ်နာမည်ကြီးများနဲ့အတူ ရွက်လှေသင်္ဘောပေါ်မှာ အပျော်ခရီးထွက်ခဲ့တဲ့ပုံရိပ်တွေလည်း တွစ်တာမှာတက်လာပါတယ်။ Chopra က Jonas နဲ့စကားပြောတဲ့အခါတိုင်း ပွင့်လင်းလွတ်လပ်တဲ့ မိန်းကလေးတစ်ယောက်လိုဖြစ်သွားပြီး မျက်နှာမှာလည်းအရမ်းကိုပျော်နေတဲ့ အရိပ်ယောင်တွေတွေ့နေရတတ်ပါတယ်။ နှစ်ယောက်သား ပျော်နေတာတွေ့ရတော့ ပရိတ်သတ်တွေကလည်း ဝမ်းသာနေကြပါတယ်။

339 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.