(၁ဝ)ႏွစ္ေက်ာ္ အႏုိင္က်င့္ႏွိပ္စက္မႈေတြ ခံခဲ့ရျပီးေနာက္ ေပ်ာ္ရႊင္မႈအစစ္မွန္ကို ႐ွာေတြ႔ခဲ့သူ

နာက်ည္းစရာေကာင္းတဲ့ ႏွိပ္စက္အႏုိင္က်င့္မႈေတြကို ေက်ာ္လြန္ျပီး ေပ်ာ္ရႊင္မႈအစစ္မွန္ကို ႐ွာေတြ႔ခဲ့တဲ့ မိန္းကေလးတစ္ေယာက္အျဖစ္ သူမဘယ္လိုရပ္တည္ခဲ့လဲ… ?

မူလတန္းေက်ာင္းတစ္ေက်ာင္းမွာ ေကာင္ေလးတစ္ေယာက္ရဲ႕အႏုိင္က်င့္ ႏွိပ္စက္မႈကို သူမခံခဲ့ရတယ္။ တစ္ေန႔မွာ သတိၱေမြးျပီး မနည္းအားတင္းကာ သူမနဲ႔ရင္းႏွီးတဲ့ ေက်ာင္းကား လက္ေထာက္အန္တီၾကီးကို သူမရဲ႕ျဖစ္စဥ္အေၾကာင္းေျပာျပခဲ့တယ္။ ေကာင္ေလးတစ္ေယာက္က သူမကိုအျမဲေလွာင္ေျပာင္ေနတဲ့ အေၾကာင္းေပါ့ ။

Image result for sad life

ဒါေပမယ့္ အန္တီၾကီးကို ေပါ့ေပါ့ေလးပဲနားေထာင္ျပီး သူမကိုျပန္အျပစ္တင္ ဆံုးမလိုက္ပါေသးတယ္။ အဲ့ဒီအခ်ိန္မွာ သူမလည္း နားလည္သြားတယ္။ ဘယ္သူမွ သူမအတြက္ မ႐ွိဘူး။ လူၾကီးတစ္ေယာက္ဆီကေတာင္ အကူညီေတာင္းမရပါလားဆိုျပီး စိတ္အားငယ္သြားတယ္။ အရမ္းကို အထီးက်န္ျပီး ႐ွက္ေၾကာက္ရြံ႔ကာ ဘယ္သူနဲ႔မွမေတြ႔ရဲ႕ေလာက္ေအာင္ ျဖစ္ေနလည္း ခံစားခ်က္ေတြကိုဖံုးကြယ္ျပီး သာမန္ကေလးတစ္ေယာက္လုိပဲ ဘာမွမျဖစ္သလိုေနလုိက္တယ္။

ႏွစ္အနည္းငယ္ၾကာတဲ့အထိ နာက်င္စြာနဲ႔ပဲ ေန႔ရက္ေတြကုန္ဆံုးခဲ့တယ္။ အသက္ (၁၂)ႏွစ္အရြယ္မွာ အလယ္တန္းေက်ာင္းတက္ခ်ိန္ေရာက္ေတာ့ သူမရဲ႕ဘဝဟာေျပာင္းလဲသြားမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ေက်ာင္းသို႔သြားခဲ့တယ္။ ဒါေပမယ့္ အေျခအေနက ပိုဆိုးလာခဲ့တယ္။ေက်ာင္းသူတစ္ေယာက္က ေအာ္ျပီး… ” နင္က ႐ုပ္ဆိုးလိုက္တာ” လို႔ အက်ယ္ၾကီးေအာ္ေျပာခဲ့တယ္။ ႐ုပ္႐ွင္ထဲကအတုိင္းပဲ အျခားအတန္းေဖာ္ေတြက ေအာ္ရယ္တာေပါ့။ သူမမ်က္ႏွာ နီရဲလာျပီး အတန္းထဲကေန ထြက္ေျပးခ်င္စိတ္ေတြေပါက္လာတယ္။

Image result for bullying

ဒီစကားလံုးေတြက သူမစိတ္ထဲမွာ ဆက္တိုက္ထိုးႏွက္ေနျပီး ကိုယ့္ကုိကိုယ္ ယံုၾကည္မႈမဲ့လာေစခဲ့တယ္။ တစ္ခ်ိန္လံုး စိတ္ဓာတ္ေတြျပိဳလဲေနခဲ့တယ္။ ဘယ္လိုမွျပန္ေဆာက္တည္လို႔မရခဲ့ဘူး။ စိတ္ဓာတ္အရမ္းက်ေနေပမယ့္ ဒီအေျခအေနကို ရေအာင္ျဖတ္ေက်ာ္ခ်င္ေနတယ္။

အသက္(၁၃)ႏွစ္အရြယ္မွာ ပါတီတစ္ခုသြားခဲ့တယ္။ အေၾကာင္းျပခ်က္မ႐ွိပဲ မိန္းကေလးတစ္ယာက္ သူမဆံပင္ကိုေဆာင့္ဆဲြျပီး ေအာ္ၾကီးဟစ္က်ယ္ရန္႐ွာပါတယ္။

Related image

အိမ္ကိုငိုျပီးျပန္သြားရတယ္။ ေခါင္းထဲမွာလည္း ေမးခြန္းေပါင္းမ်ားစြာနဲ႔ နားမလည္ႏုိင္ျဖစ္ေနရတယ္။
” ဘာလို႔ ငါ့ကိုပဲ ႏွိပ္စက္ေနၾကတာလဲ.. ငါ တစ္သက္လံုးအႏုိင္က်င့္ခံေနရေတာ့မွာလား ”

အဲ့ဒီခ်ိန္မွာ ကေလးဘဝက အႏုိင္က်င့္ခံရမႈေတြက အေတြးထဲျပန္ေပၚလာတယ္။
”ေလာကၾကီးရဲ႕ ရည္ရြယ္ခ်က္က ဘာလဲ”
” ငါ ဒီေလာကၾကီးကို ေရာက္လာတာ ညွင္းပန္းႏွိပ္စက္ခံရဖို႔ သက္သက္ပဲလား ”
ဒီအတြက္ အေျဖမ႐ွိဘူး။ ဟိုးေအာက္ဆံုးထိ စိတ္ဓာတ္ေတြက်ဆင္းေနေပမယ့္လည္း ဒါေတြကို ေ႐ွာင္ဖယ္သြားဖို႔ေတာ့ သူမမေတြးခဲ့ဘူး။

၂ဝဝ၆ခုႏွစ္ အသက္ (၁၉)ႏွစ္မွာ စာေပေဟာေျပာပဲြ တစ္ပဲြသြားျပီး အဘြားတစ္ေယာက္နဲ႔ ေတြ႔ဆံုခဲ့တယ္။ အဘြားက သူမကို စာအုပ္ေကာင္းတစ္အုပ္နဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။ ဒီစာအုပ္ကိုဖတ္လုိက္တာနဲ႔ ကမၻာတစ္ဝွမ္းက လူေပါင္း သန္း၁ဝဝအေၾကာင္းကို သိရလိမ့္မယ္လို႔ ေျပာပါတယ္။ အဲ့ဒါနဲ႔ သူမလည္း စမ္းဖတ္ၾကည့္ခဲ့တယ္။ ဖတ္ရင္းနဲ႔ အၾကိဳက္ေတြ႔သြားျပီး ေပ်ာ္ရႊင္မႈအစစ္မွန္ကို ႐ွာေတြ႔လာခဲ့တယ္။ စာအုပ္ေတြမွာ သူမသိခ်င္တဲ့ ေမးခြန္းေတြရဲ႕အေျဖေတြ ၊ အဓိပၸာယ္အျပည့္စံုေတြ ႐ွိေနခဲ့တယ္။

လူေတြကိုလည္း နားလည္တတ္လာတယ္။ ဘယ္လိုအေျခအေနမ်ဳိးမဆို အၾကင္နာတရားနဲ႔ တံု႔ျပန္တတ္လာတယ္။ စာဖတ္ျခင္းကေနပဲ သူမရဲ ႔ယိုင္လဲေနတဲ့ စိတ္ေတြကို ျပန္လည္တည္ေဆာက္ယူႏိင္ခဲ့ပါတယ္။ လက္စားေခ်မယ့္အစား ခြင့္လႊတ္ျခင္းကိုပဲ သူမေရြးခ်ယ္လိုက္တယ္။ အရင္ကျဖစ္ပ်က္သမွ်ေတြကိုလည္း စိတ္ထဲေတးမွတ္မထားေတာ့ဘူး။ စာအုပ္ေကာင္းတစ္ခုရဲ႕ တန္ဖုိးဟာ ဘယ္ေလာက္ေတာင္စြမ္းလိုက္သလဲ …

စာအုပ္ေကာင္းေတြဖတ္ျပီး ကိုယ့္စိတ္ကိုယ္ အားျဖည့္ရင္း ေလ့က်င့္ခန္းေတြလုပ္တယ္ ။ တရားထိုင္တယ္။ ေစတနာဝန္ထမ္းအျဖစ္ အက်ဳိးေဆာင္လုပ္ငန္းေတြမွာပါဝင္လာတယ္။ အခ်ိန္ေပါင္းမ်ားစြာ ေလ့က်င့္ခန္းကိုလုပ္လာေတာ့ အားအင္တစ္ခုကိုသူခံစားမိလာတယ္။ ပိုျပီးေတာ့လည္း စိတ္ထဲမွာျငိမ္းခ်မ္းမႈေတြနဲ႔ပဲ ျပည့္ႏွက္ေနတယ္။

Related image

အခုေတာ့ သူမဟာ ခ်စ္စရာကေလးေလးႏွစ္ေယာက္ရဲ႕အေမျဖစ္ေနပါျပီ။ သူမနဲ႔စိတ္တူကုိယ္တူအမ်ဳိးသားတစ္ေယာက္ကို လက္ထပ္ျပီး ႏွစ္ေပါင္းမ်ားစြာ တရားထိုင္၊ ေလ့က်င့္ခန္းလုပ္၊ က်န္းမာေရးနဲ႔လိုက္ေလ်ာညီေထြျဖစ္ေအာင္ေနထုိင္ရင္း ဘဝကို႐ိုး႐ွင္းစြာနဲ႔ပဲျဖတ္သန္းသြားပါတယ္။

လူတုိင္းဟာ အျပစ္ကင္းစြာနဲ႔ပဲ ေမြးဖြားလာၾကပါတယ္။ အရြယ္ေရာက္လာတဲ့အခါ ေပ်ာ္ရႊင္ဝမ္းနည္းစရာေတြၾကံဳရမယ္။ ဒီထဲမွာ တစ္ခ်ဳိ ႔လူေတြေၾကာင့္ နာက်င္ခံစားရတယ္။ ဝမ္းနည္းရတယ္။ ေပ်ာ္ရႊင္မႈကိုလည္း တစ္ဖန္ခံစားရျပန္တယ္။ ဒါေပမယ့္ ဒါေတြဟာ သင့္ဆီမွာ အခ်ိန္ၾကာၾကာျဖစ္ပ်က္ေနမွာမဟုတ္ပါဘူး။ လင္းလက္တဲ့ အနာဂတ္ကိုသာေ႐ွး႐ႈျပီး ဆက္ေလွ်ာက္ပါ။ ျငိမ္းခ်မ္းမႈနဲ႔ ေပ်ာ္ရႊင္မႈအစစ္မွန္ကို႐ွာေဖြဖို႔ လူတုိင္းအတြက္ နည္းလမ္းဆိုတာ႐ွိျပီးသားပါ။ ႐ွာေဖြဖို႔ ခက္ခဲခ်င္လည္း ခက္ခဲပါမယ္။ အခြင့္ေရးက သင့္ေ႐ွ႔ကိုေရာက္ေနခ်ိန္မွာေတာ့ မဆံုး႐ႈံးမိပါေစနဲ႔။

(Unicode)

နာကျည်းစရာကောင်းတဲ့ နှိပ်စက်အနိုင်ကျင့်မှုတွေကို ကျော်လွန်ပြီး ပျော်ရွှင်မှုအစစ်မှန်ကို ရှာတွေ့ခဲ့တဲ့ မိန်းကလေးတစ်ယောက်အဖြစ် သူမဘယ်လိုရပ်တည်ခဲ့လဲ… ?

မူလတန်းကျောင်းတစ်ကျောင်းမှာ ကောင်လေးတစ်ယောက်ရဲ့အနိုင်ကျင့် နှိပ်စက်မှုကို သူမခံခဲ့ရတယ်။ တစ်နေ့မှာ သတ္တိမွေးပြီး မနည်းအားတင်းကာ သူမနဲ့ရင်းနှီးတဲ့ ကျောင်းကား လက်ထောက်အန်တီကြီးကို သူမရဲ့ဖြစ်စဉ်အကြောင်းပြောပြခဲ့တယ်။ ကောင်လေးတစ်ယောက်က သူမကိုအမြဲလှောင်ပြောင်နေတဲ့ အကြောင်းပေါ့ ။

ဒါပေမယ့် အန်တီကြီးကို ပေါ့ပေါ့လေးပဲနားထောင်ပြီး သူမကိုပြန်အပြစ်တင် ဆုံးမလိုက်ပါသေးတယ်။ အဲ့ဒီအချိန်မှာ သူမလည်း နားလည်သွားတယ်။ ဘယ်သူမှ သူမအတွက် မရှိဘူး။ လူကြီးတစ်ယောက်ဆီကတောင် အကူညီတောင်းမရပါလားဆိုပြီး စိတ်အားငယ်သွားတယ်။ အရမ်းကို အထီးကျန်ပြီး ရှက်ကြောက်ရွံ့ကာ ဘယ်သူနဲ့မှမတွေ့ရဲ့လောက်အောင် ဖြစ်နေလည်း ခံစားချက်တွေကိုဖုံးကွယ်ပြီး သာမန်ကလေးတစ်ယောက်လိုပဲ ဘာမှမဖြစ်သလိုနေလိုက်တယ်။

နှစ်အနည်းငယ်ကြာတဲ့အထိ နာကျင်စွာနဲ့ပဲ နေ့ရက်တွေကုန်ဆုံးခဲ့တယ်။ အသက် (၁၂)နှစ်အရွယ်မှာ အလယ်တန်းကျောင်းတက်ချိန်ရောက်တော့ သူမရဲ့ဘဝဟာပြောင်းလဲသွားမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျောင်းသို့သွားခဲ့တယ်။ ဒါပေမယ့် အခြေအနေက ပိုဆိုးလာခဲ့တယ်။ကျောင်းသူတစ်ယောက်က အော်ပြီး… ” နင်က ရုပ်ဆိုးလိုက်တာ” လို့ အကျယ်ကြီးအော်ပြောခဲ့တယ်။ ရုပ်ရှင်ထဲကအတိုင်းပဲ အခြားအတန်းဖော်တွေက အော်ရယ်တာပေါ့။ သူမမျက်နှာ နီရဲလာပြီး အတန်းထဲကနေ ထွက်ပြေးချင်စိတ်တွေပေါက်လာတယ်။

ဒီစကားလုံးတွေက သူမစိတ်ထဲမှာ ဆက်တိုက်ထိုးနှက်နေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုမဲ့လာစေခဲ့တယ်။ တစ်ချိန်လုံး စိတ်ဓာတ်တွေပြိုလဲနေခဲ့တယ်။ ဘယ်လိုမှပြန်ဆောက်တည်လို့မရခဲ့ဘူး။ စိတ်ဓာတ်အရမ်းကျနေပေမယ့် ဒီအခြေအနေကို ရအောင်ဖြတ်ကျော်ချင်နေတယ်။

အသက်(၁၃)နှစ်အရွယ်မှာ ပါတီတစ်ခုသွားခဲ့တယ်။ အကြောင်းပြချက်မရှိပဲ မိန်းကလေးတစ်ယာက် သူမဆံပင်ကိုဆောင့်ဆွဲပြီး အော်ကြီးဟစ်ကျယ်ရန်ရှာပါတယ်။

အိမ်ကိုငိုပြီးပြန်သွားရတယ်။ ခေါင်းထဲမှာလည်း မေးခွန်းပေါင်းများစွာနဲ့ နားမလည်နိုင်ဖြစ်နေရတယ်။
” ဘာလို့ ငါ့ကိုပဲ နှိပ်စက်နေကြတာလဲ.. ငါ တစ်သက်လုံးအနိုင်ကျင့်ခံနေရတော့မှာလား ”

အဲ့ဒီချိန်မှာ ကလေးဘဝက အနိုင်ကျင့်ခံရမှုတွေက အတွေးထဲပြန်ပေါ်လာတယ်။
”လောကကြီးရဲ့ ရည်ရွယ်ချက်က ဘာလဲ”
” ငါ ဒီလောကကြီးကို ရောက်လာတာ ညှင်းပန်းနှိပ်စက်ခံရဖို့ သက်သက်ပဲလား ”
ဒီအတွက် အဖြေမရှိဘူး။ ဟိုးအောက်ဆုံးထိ စိတ်ဓာတ်တွေကျဆင်းနေပေမယ့်လည်း ဒါတွေကို ရှောင်ဖယ်သွားဖို့တော့ သူမမတွေးခဲ့ဘူး။

၂ဝဝ၆ခုနှစ် အသက် (၁၉)နှစ်မှာ စာပေဟောပြောပွဲ တစ်ပွဲသွားပြီး အဘွားတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ အဘွားက သူမကို စာအုပ်ကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီစာအုပ်ကိုဖတ်လိုက်တာနဲ့ ကမ္ဘာတစ်ဝှမ်းက လူပေါင်း သန်း၁ဝဝအကြောင်းကို သိရလိမ့်မယ်လို့ ပြောပါတယ်။ အဲ့ဒါနဲ့ သူမလည်း စမ်းဖတ်ကြည့်ခဲ့တယ်။ ဖတ်ရင်းနဲ့ အကြိုက်တွေ့သွားပြီး ပျော်ရွှင်မှုအစစ်မှန်ကို ရှာတွေ့လာခဲ့တယ်။ စာအုပ်တွေမှာ သူမသိချင်တဲ့ မေးခွန်းတွေရဲ့အဖြေတွေ ၊ အဓိပ္ပာယ်အပြည့်စုံတွေ ရှိနေခဲ့တယ်။

လူတွေကိုလည်း နားလည်တတ်လာတယ်။ ဘယ်လိုအခြေအနေမျိုးမဆို အကြင်နာတရားနဲ့ တုံ့ပြန်တတ်လာတယ်။ စာဖတ်ခြင်းကနေပဲ သူမရဲ ့ယိုင်လဲနေတဲ့ စိတ်တွေကို ပြန်လည်တည်ဆောက်ယူနိင်ခဲ့ပါတယ်။ လက်စားချေမယ့်အစား ခွင့်လွှတ်ခြင်းကိုပဲ သူမရွေးချယ်လိုက်တယ်။ အရင်ကဖြစ်ပျက်သမျှတွေကိုလည်း စိတ်ထဲတေးမှတ်မထားတော့ဘူး။ စာအုပ်ကောင်းတစ်ခုရဲ့ တန်ဖိုးဟာ ဘယ်လောက်တောင်စွမ်းလိုက်သလဲ …

စာအုပ်ကောင်းတွေဖတ်ပြီး ကိုယ့်စိတ်ကိုယ် အားဖြည့်ရင်း လေ့ကျင့်ခန်းတွေလုပ်တယ် ။ တရားထိုင်တယ်။ စေတနာဝန်ထမ်းအဖြစ် အကျိုးဆောင်လုပ်ငန်းတွေမှာပါဝင်လာတယ်။ အချိန်ပေါင်းများစွာ လေ့ကျင့်ခန်းကိုလုပ်လာတော့ အားအင်တစ်ခုကိုသူခံစားမိလာတယ်။ ပိုပြီးတော့လည်း စိတ်ထဲမှာငြိမ်းချမ်းမှုတွေနဲ့ပဲ ပြည့်နှက်နေတယ်။

အခုတော့ သူမဟာ ချစ်စရာကလေးလေးနှစ်ယောက်ရဲ့အမေဖြစ်နေပါပြီ။ သူမနဲ့စိတ်တူကိုယ်တူအမျိုးသားတစ်ယောက်ကို လက်ထပ်ပြီး နှစ်ပေါင်းများစွာ တရားထိုင်၊ လေ့ကျင့်ခန်းလုပ်၊ ကျန်းမာရေးနဲ့လိုက်လျောညီထွေဖြစ်အောင်နေထိုင်ရင်း ဘဝကိုရိုးရှင်းစွာနဲ့ပဲဖြတ်သန်းသွားပါတယ်။

လူတိုင်းဟာ အပြစ်ကင်းစွာနဲ့ပဲ မွေးဖွားလာကြပါတယ်။ အရွယ်ရောက်လာတဲ့အခါ ပျော်ရွှင်ဝမ်းနည်းစရာတွေကြုံရမယ်။ ဒီထဲမှာ တစ်ချို ့လူတွေကြောင့် နာကျင်ခံစားရတယ်။ ဝမ်းနည်းရတယ်။ ပျော်ရွှင်မှုကိုလည်း တစ်ဖန်ခံစားရပြန်တယ်။ ဒါပေမယ့် ဒါတွေဟာ သင့်ဆီမှာ အချိန်ကြာကြာဖြစ်ပျက်နေမှာမဟုတ်ပါဘူး။ လင်းလက်တဲ့ အနာဂတ်ကိုသာရှေးရှုပြီး ဆက်လျှောက်ပါ။ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုအစစ်မှန်ကိုရှာဖွေဖို့ လူတိုင်းအတွက် နည်းလမ်းဆိုတာရှိပြီးသားပါ။ ရှာဖွေဖို့ ခက်ခဲချင်လည်း ခက်ခဲပါမယ်။ အခွင့်ရေးက သင့်ရှေ့ကိုရောက်နေချိန်မှာတော့ မဆုံးရှုံးမိပါစေနဲ့။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.