Taylor Swift မှာ ဒီလိုစိတ်ဝင်စားစရာအချက်လေးတွေရှိနေတာ သိရဲ့ လား?
၎)အသက် ၁၄နှစ်မှာတော့ Sony/ATV music က ငှားရမ်းခဲ့တဲ့ အသက်အငယ်ဆုံး သီချင်းရေးဆရာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
Unicode
Swiftie လေးတွေရှိကြလား?Taylor Swift ဆိုတာယောကျ်ားလေးပရိသတ်တင်မက မိန်းကလေး ပရိသတ်တွေပါ တပုံတအောပိုင်ဆိုင်ထားတဲ့ချစ်စရာအဆိုတော်မလေးပါ။ သူမရဲ့အကြောင်း ကထူးပြီးညွှန်းစရာမလိုလောက်အောင် Swiftလေး အရည်အချင်း ဘယ်လောက် ရှိတယ်ဆိုတာ အားလုံးကသိပြီးသားပါ။အခုလတ်တလောမှာလည်း ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကျင်းပနေပါတယ်။တကယ်လို ့သင်က မတ်မတ်ဆွစ်ဖ်ရဲ ့ဒီလိုစိတ်ဝင်စားဖွယ်ရာအကြာင်း အရာလေး တွေ မသိထားရင် Swiftie တစ်ယောက်မပီသဘူးနော်။ Taylor Swift ရဲ ့Fan girl
Swiftie မဟုတ်ဘူးဆိုရင်တောင် ဒါလေးတွေဖတ်ပြီးတဲ့အခါ သင်က Swiftie လေးဖြစ်သွားမှာ သေချာသလောက်ပါပဲ။ကဲ ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်။
၁)Taylor Swift ဟာ ဂစ်တာ၊ဘင်ဂျို၊စန္ဒယား၊Ukulele ဂစ်တာ စတဲ့တူရိယာလေးမျိုးကို တီးခတ်တတ်ပါတယ်တဲ့။အဆိုတင်ကောင်းတာမဟုတ်ပါဘူးနော်။
၂)Swift လေးက ဒီလိုနာမည်ကျော်စတားအဖြစ်ဂီတလောကထဲမဝင်ခင် ငွေရေးကြေးရေး ဆိုင်ရာအကြံပေးသူတစ်ယောက်ဖြစ်ချင်ခဲ့တာပါတဲ့။
၃)သူမရဲ ့အသက် ၁၂မှာ “Lucky You” ဆိုတဲ့သီချင်းလေး စရေးခဲ့တာဖြစ်ပါတယ်။
၄)အသက် ၁၄နှစ်မှာတော့ Sony/ATV music က ငှားရမ်းခဲ့တဲ့ အသက်အငယ်ဆုံး သီချင်းရေးဆရာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
၅)ထူးထူးခြားခြားပါပဲ။Taylor Swift ဟာ ဆယ်ကျော်သက်အရွယ်တုန်းက သူမတို့မိသားစု ကမ်းခြေအိမ်လေးနားကို သောင်တင်လာတဲ့ငါးမန်းတစ်ကောင်နဲ့ ပတ်သက်ပြီး ဝတ္ထုရေးခဲ့တာ နွေရာသီကာလတစ်လျှောက်လုံးပါပဲတဲ့။
၆)သူမ အမေရဲ ့အဘွားဖြစ်သူဟာ Marjorie Finlay ဆိုတဲ့ နိုင်ငံတကာကသိတဲ့ အနုပညာရှင်တစ်ယောက်၊Opera အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။
၇)”You Belong With Me” သီချင်းထဲမှာပါဝင်ခဲ့တဲ့ ခပ်ကြီးကြီးမျက်မှန်ဟာ သူမရဲ ့ကိုယ်ပိုင်မျက်မှန်မဟုတ်ပေမဲ့ သူမမှာ အဲ့ဒီလိုဒီဇိုင်းနဲ့ဆင်တူတဲ့မျက်မှန်မျိုးရှိခဲ့ပါတယ်။
၈)Swift လေးဟာ အနုပညာနဲ့သက်ဆိုင်တဲ့ပညာရေး၊ကလေးငယ်တွေရဲ ့ပညာရေး၊ သဘာဝဘေးဒုက္ခခံစားရသူတွေ၊နေမကောင်းဖြစ်နေတဲ့ကလေးငယ်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့အဖွဲ့အစည်းတွေအတွက် ဒေါ်လာထောင်ပေါင်းများစွာ ကူညီလှူဒါန်းခဲ့တဲ့ ကြင်နာသနားတတ်ပြီးစိတ်ထားမွန်မြတ်တဲ့အဆိုတော်မလေးပါ။သူမရဲ ့ဒီလိုကူညီမှုတွေက မရေမတွက်နိုင်အောင်ပါပဲ။
၉)Album of the Year Grammy ဆုကိုရရှိခဲ့တဲ့အသက်အငယ်ဆုံးအနုပညာရှင်လေး လည်းဖြစ်ပါတယ်။သူမရဲ ့အယ်လ်ဘမ် Fearless ကအသက် ၂ဝအရွယ်မှာ ထွက်ရှိခဲ့ပြီး အခုလိုဆုရရှိခဲ့တာဖြစ်ပါတယ်။
၁၀)Swift လေးဟာ ကဗျာဆရာ Pablo Neruda ရဲ့ ကဗျာတွေကိုချစ်မြတ်နိုးပြီး သူမရဲ ့အယ်လ်ဘမ် Red ထဲက စာသားတစ်ချို့က “Poem 20″ထဲက စာသားတွေပါဝင်ပါတယ်။
၁၁)Taylor Hanson ကိုလည်း သူမနဲ့နာမည်တူလို့ သဘောကျနှစ်သက်ခဲ့ဖူးပါတယ်တဲ့။
၁၂)သူမရဲ ့အမေအတွက် ခရစ်စမတ်လက်ဆောင်အဖြစ် “The Best Day” ဆိုတဲ့သီချင်းလေးကို ကိုယ်တိုင်ရေးဆိုခဲ့တယ်လို့သိရပါတယ်။
၁၃)Taylor က တကယ့်နာမည်ကျော်တွေဖြစ်တဲ့ Elvis Costello ၊ James Taylor ၊ Stevie Nicks နဲ့ Dolly Parton တို့ရဲ ့ချီးကျူးမှုကိုလည်းရရှိခဲ့ပါတယ်။
၁၄)ကမ္ဘာတစ်ဝန်းလုံးအနှံ့ သန်း ၂ဝကျော်နီးပါးရှိတဲ့အယ်လ်ဘမ်တွေကို ရောင်းချနိုင်ခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။
၁၅)နောက်ဆုံးတစ်ချက်ကတော့ Taylor က တစ်ခြားဘယ်သူနဲ့မှယှဉ်ပြိုင်ပြီး တိုးတက်အောင်လုပ်တာမျိုးမဟုတ်ပဲ သူမရဲ ့တိုးတက်လာတဲ့စံချိန်အသစ် မှတ်တမ်းတွေနဲ့သာ သူမကိုယ်သူမ ယှဉ်ပြိုင်တာဖြစ်ပါတယ်တဲ့။
ဒီအချက်တွေကိုကြည့်မယ်ဆိုရင် Taylor Swift ဟာ ဂီတအနုပညာနဲ့ပတ်သက်ပြီးကျွမ်းကျင်သလို လူသားအချင်းချင်းပေါ်မှာလည်းစာနာထောက်ထားတဲ့စိတ်လေးပိုင်ဆိုင်ထားသူလေးဖြစ်မှန်းပေါ်လွင်နေပါတယ်။အဲ့ဒါကြောင့်လည်း သူမဟာ လူငယ်ပရိသတ်တွေရဲ့အချစ်ခံရသလို
ပရိသတ်အရွယ်စုံရဲ ့ အားပေးမှုအခိုင်အမာရရှိနေတာပဲဖြစ်ပါတယ်။
ကဲ ဒါလေးတွေဖတ်ပြီး Swiftie လေးဖြစ်ချင်သွားပြီဟုတ်!
491 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.