ကိုယ့်ချစ်သူရဲ့ရည်းစားဟောင်းတွေနဲ့ပတ်သတ်ပြီး Psycho ၀င်တတ်တဲ့ကောင်မလေးတွေဆိုတာ
Unicode
ကောင်မလေးတိုင်းတော့မဆိုလိုပေမဲ့တစ်ချို့သောကောင်မလေးတွေက ကိုယ့်ချစ်သူအရင်တွဲဖူးခဲ့တဲ့ရည်းစားဟောင်းတွေနဲ့ပတ်သတ်ပြီး မသိချင်ဘူးမသိချင်ဘူးနဲ့သိချင်တာတွေများနေတတ်ကြတယ်ဆိုတာ အမှန်ပါပဲ။ ဒါဟာသူတို့စိတ်ထဲမှာ ကိုယ့်ကောင်လေးရဲ့ရည်းစားဟောင်းတွေနဲ့ပတ်သတ်တဲ့ဆိုက်ကိုဝင်နေတာမလို့ ဘယ်လို အတွေးမျိုးတွေသူတို့စိတ်ထဲတွေးမိနေတတ်ကြသလဲဆိုတာ…
(၁) ဘယ်လိုတောင်ချစ်ခဲ့ကြသလဲဆိုတာမျိုး
သူတို့ပတ်သတ်ခဲ့တုန်းက တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ထိချစ်ခဲ့ကြသလဲ ဘယ်လိုနွေးထွေးကြင်နာခဲ့ကြသလဲ။ ဘယ်လိုအမှတ်တရတွေလုပ်ခဲ့ကြသလဲဆိုတာမျိုးကိုမသိချင်သော်ငြားလည်းတွေးတွေးပြီး psycho ဝင်တတ်ကြပါတယ်။ ဒါတွေသိလည်းဘာမှမထူးပင်မဲ့ သိရင်စိတ်ညစ်ရမှာပဲသိပင်မဲ့လည်း သိချင်စိတ်တွေဖြစ်ပြီး တွေးတွေးနေတတ်တာမျိုးပါ။ ကိုယ့်ကောင်လေးက ဘာမှမသတ်တော့ဘူးလို့ယုံကြည်အောင်နေပြလည်းကိုယ့်ကောင်လေးကိုယုံပေမဲ့ တစ်ဖက်မိန်းကလေးကများပြန်ပြီး ဆွဲဆောင်ရင်ဆိုတာမျိုးနဲ့ပူနေတတ်ကြပါသေးတယ်။
(၂) ငါ့လိုပဲသူ့ကိုလဲဂရုစိုက်ခဲ့သလားဆိုတာမျိုး
ကိုယ့်ချစ်သူကကိုယ့်ကိုချစ်လို့ဂရုစိုက်ကြင်နာတဲ့အခါလည်း ပျော်ရွှင်ကြည်နုူးတတ်ကြပေမဲ့ ဒီပျော်ရွှင်မှုနဲ့တူတဲ့သံသယတွေကလည်းဝင်လာတတ်ကြပါသေးတယ်။ ဥပမာ သူအရင်တစ်ယောက်တုန်းကလည်းငါ့လိုကြင်နာခဲ့တာပဲလား ၊ သူ့ကိုရောတကယ်ဂရုစိုက်ခဲ့တာလား ဘာညာနဲ့ လက်ရှိအချိန်လေးကို ပျော်ရွှင်ကြည်နူးစွာမနေပဲ ခေါင်းထဲမှာမေးခွန်းတွေနဲ့ဗျာများနေတတ်သူလေးတွေပါ။
(၃) ဘယ်လိုပုံစံရှိသလဲဆိုပြီးကျိတ်နှိုင်းယှဉ်တတ်တာမျိုး
ကို့အရင်ရည်းစားတွေအကြောင်းမသိချင်ပါဘူး အမြဲပြောပင်မဲ့စိတ်ထဲမှာသိချင်စိတ်တွေတစ်ဖွားဖွားနဲ့သူကဘယ်သူလဲ ဘယ်လိုပုံစံမိန်းကလေးလည်း ဘာလုပ်တာလည်း ဘယ်ကျောင်းကလဲ စသည်ဖြင့်စပ်စုချင်ကြပါသေးတယ်။ ဒါတင်မကသေးဘူး ကိုယ်နဲ့မနှိုင်းဘူးမနှိုင်းဘူးနဲ့ကျိတ်ပြီး ငါ့ထက်လှလား ငါ့ထက်ကို့ကိုပိုချစ်ခဲ့တာလား ဘာညာတွေကလေးဆန်ဆန်တွေးတတ်ကြပါသေးတယ်။
(၄) ဘာကြောင့်ကွဲသွားသလဲဆိုတာမျိုး
သူတို့အရမ်းသိချင်တဲ့အကြောင်းအရာတစ်ခုပါပဲ။ ဘာလို့ကိုယ့်ချစ်သူဟာအရင်တစ်ယောက်နဲ့ပြတ်သွားသလဲဆိုတာကိုသူတို့သိပ်သိချင်ကြပါတယ်။ ဒါလည်းဆိုက်ကိုတစ်ခုပါပဲ။
(၅) အဲ့တစ်ယောက်ကိုကိုယ့်ဘဲကတစ်ကယ်ချစ်ခဲ့တာလားဆိုတာမျိုး
အရင်ရည်းစားကို ကိုယ့်ချစ်သူကတကယ်ချစ်ခဲ့တာလားဆိုတာမျိုးကို အမြဲသိချင်တတ်ကြပါတယ်။ မေးလိုက်လို့ကောင်လေးတွေကတကယ်ချစ်ခဲ့တာဖြေပြန်ရင်လည်းကျိတ်သဝန်တွေတိုဒေါသပုန်ထတတ်သလို၊မချစ်ခဲ့ဘူးပြောရင်လည်း မိန်းကလေးတစ်ယောက်ကိုတကယ်မချစ်ပဲတွဲတယ်ဆိုပြီး စိတ်တွေတို တာမျိုးဖြစ်တတ်ကြပါတယ်။ ဒါလည်းသိပ်ဖြေရှင်းရခက်တဲ့ဆိုက်ကိုတစ်ခုပါပဲ။
ဘာပဲဖြစ်ဖြစ်ဒီလိုPsycho လေးဟာ ကိုယ့်ကောင်လေးကိုအမှန်တကယ်ချစ်မြတ်နိုးရင်ဖြစ်သွားတာမလို့ဒီလိုဖြစ်တတ်တဲ့ကောင်မလေးတွေကိုတန်ဖိုးထားပြီးပိုချစ်ပေးနိုင်ကြပါစေလို့ဆုတောင်းရင်း…
317 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.