SM Entertainment နဲ့စာချုပ်အသစ်ချုပ်ရတဲ့အကြောင်းပြောပြလာတဲ့ SHINee အဖွဲ့

ဒီအကြောင်းပြချက်တွေကြောင့် သူတို့စာချုပ်ကိုအသစ်ပြန်လုပ်လိုက်တာဖြစ်ပါတယ်…

SHINee အဖွဲ့ဝင် လေးယောက်လုံး Radio Star အစီစဉ်မှာ SM Entertainment နဲ့ စာချုပ်အသစ် ချုပ်ရတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ အဖွဲ့ဝင်တွေက တစ်ယောက်ကိုတစ်ယောက်ပြောချင်တာတွေကို မေးခဲ့ပါတယ်။

တစ်ယောက်ကတော့ သူအဖွဲ့ဝင်တွေကို ချစ်တာသိစေချင်တယ်တဲ့။ ” ဒါကို ကျွန်တော်ခဏခဏပြောဖူးပါတယ်.. ဒီနေ့လည်းထပ်ပြောပါမယ်.. သူတို့ကို ကျွန်တော်ချစ်တယ် ” လို့ အဖွဲ့ဝင် Onew ကပြောခဲ့ပါတယ်။

Minho ကတော့ အဖွဲ့ဝင်တွေကို သူ့ဘေးနားမှာ တစ်ချိန်လုံးရှိနေပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ ” ၁၀နှစ်ကျော်တဲ့အထိ ဘေးနားမှာ အချိန်မရွေးရှိနေပေးတဲ့ အားလုံးကိုကျေးဇူးတင်ပါတယ်။အခုဆို ကျွန်တော်တို့ မိသားစုလိုတောင်ဖြစ်နေပါပြီ..ဒီလိုမျိုးပဲ တစ်သက်လုံအတူတူရှိနိုင်မယ်လို့ မျှော်လင့်ပါတယ် ” – Minho

အဓိကတော့ သူတို့စာချုပ် အသစ်ပြန်ချုပ်ရတဲ့ရည်ရွယ်ချက်က အဖွဲ့ဝင်တွေအားလုံး မိသားစုလို တစ်စုတစ်စည်းတည်းပြန်ရှိချင်ပြီး တစ်ယောက်ကိုယ် တစ်ယောက်အားပေးနိုင်အောင်ဖြစ်ပါတယ်။ သူတို့ဟာ ဆယ်ကျော်သက်လေးတည်းက သိလာတဲ့သူတွေမို့ တစ်ယောက်အကြောင်းလည်း တစ်ယောက်ကောင်းကောင်းသိနေပါပြီ။ အခု သူတို့(၃ဝ)ပြည့်တော့မယ်ဆိုတော့ စာချုပ်အသစ်ကိုချုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

အရမ်းပျော်ရွှင်ရတဲ့ SHINee တို့အဖြစ် ဆက်လက်တည်ရှိကြမယ်လို့ Taemin ကပြောပါတယ်။ SHINee (၁ဝ)နှစ်ပြည့် အထိမ်းမှတ်အနေနဲ့ သူတို့လေးယောက်အောင်ပွဲခံကြပါတယ်။

106 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.