Boyfriend jeans ဆိုတဲ့ အသံကိုကြားလိုက်တာနဲ့ ကိုယ့်ရည်းစားဘောင်းဘီ ကိုယ်ယူဝတ်ရမှာလားဆိုတဲ့ အတွေးမျိုး တစ်ခါမဟုတ် တစ်ခါဝင်ဖူးကြမှာပါ။ Skinny မဟုတ်ဘဲ ဒဲ့ပွဲစတိုင်လ်မျိုး ၊ ကိုယ့်ချစ်သူ ဘောင်းဘီကို ယူဝတ်ထားသလိုမျိုး ကိုယ်နဲ့ ကွက်တိမကျတဲ့အပြင် ဂွလည်းနည်းနည်းကျနေမယ်ဆိုရင် ဒါဟာ Boyfriend jeans ပါပဲ။ ဒီက မိန်းကလေးတွေ အ၀တ်နည်းနေသေပေမယ့် နိုင်ငံတကာမှာတော့ တော်တော်လေး ရေပန်းစားနေခဲ့တာပါ။ ဒီလို Boyfriend jeans တွေ ၀တ်ချင်ပေမယ့် ဘာတွေနဲ့ ဘယ်လို တွဲဖက်ဝတ်ဆင်ရမယ်ဆိုတာ မသိသူတွေအတွက် ခုလို ပြောပြပေးလိုက်ပါတယ်။
၁။ တီရှပ်လေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။
Boyfriend Jeans နဲ့တွဲဝတ်မယ့် တီရှပ်ဟာ ခါးအရမ်းရှည်နေလို့ မရပါဘူး။ မတိုမရှည်ဆိုရင် ကျပ်ကျပ်၊ ပွပွ အထာကျပြီးသားပါ။
၂။မိန်းကလေးဆန်တဲ့ အကျီိံဆိုရင်လည်း မိုက်တာပါပဲ။
ပုံမှာပြထားသလို လက်ပြတ်အကျီ င်္ံဆိုရင်လည်း ကိစ္စမရှိပါဘူး။ အကျီင်္ံနည်းနည်းပွနေဖို့ပဲ လိုတာပါ။
၃။ဘောင်းဘီအောက်နားတွေကို မဖြစ်မနေခေါက်ပါ။
Boyfriend Jeans တွေရဲ့ ထူးခြားချက်က ခြေမျက်စိနား မရောက်တစ်ရောက် ဘောင်းဘီအောက်နားကို ခေါက်ထားတဲ့ စတိုင်လ်တစ်ခုကို ဖန်တီးခြင်းပါပဲ။
၎။ကုတ်အကျီင်္နဲ့လည်း တွဲဖက်ဝတ်နိုင်ပါတယ်။
ဂျက်ကတ်တွေ၊ ကုတ်အကျီင်္ံတွေနဲ့ တွဲဖက်ဝတ်ဆင်ရင်လည်း အထာကျတာမို့ ကုမ္ပဏီဝန်ထမ်းတွေအတွက်လည်း အဆင်ပြေစေတဲ့ ဖက်ရှင်ပါ။
၅။အားကစားဖိနပ်တွေနဲ့ဆိုလည်း သိပ်မိုက်နေမှာပါ။
အားကစားအကျီင်္ံတွေ၊ ဖိနပ်တွေနဲ့ တွဲဝတ်ကြည့်ပြီးတော့လည်း နောက်ထပ်ဖက်ရှင်တစ်မျိုးကို ထွင်ကြည့်နိုင်တာပါပဲ။
၆။ထောက်မြင့်ဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်ခြင်းဟာ အသင့်တော်ဆုံးပါ။
Heel လို့ ခေါ်တဲ့ ဖိနပ်အမြင့်တွေ၊ ဒေါက်အမြင့်ဖိနပ်တွေနဲ့လည်း Boyfriend jeans ကို ၀တ်ဆင်နိုင်တာပါပဲ။ နိုင်ငံတကာမှာ ခေတ်အစားဆုံး Boyfriend Jeans ဖက်ရှင်အတွက် လက်ကိုင်အိတ်အမိုက်စားတွေ၊ ဒေါက်မြင့်ဖိနပ်တွေ ပံ့ပိုးပေးထားတဲ့ ဒီဇိုင်းက တော်တော့ကို လွှမ်းမိုးနေတယ်ဆိုတာ မမေ့ပါနဲ့။