၀ုိး…ၾကက္သြန္ျဖဴက အသားအရည္နဲ႔ဆံပင္အတြက္လည္း အသံုး၀င္တယ္ဆုိပဲ

အိမ္တစ္အိမ္ရဲ႔မီးဖုိေခ်ာင္ဆုိတာ မိန္းကေလးေတြရဲ႔အလွအပလိုအပ္ခ်က္ေတြျဖည့္ဆည္းဖုိ႔ျပည့္စံုဖုိ ႔ေနရာတစ္ခုလို႔ေတာင္ဆုိရမလားပဲ။မီးဖုိေခ်ာင္မွာျမင္ေနေတြ႔ေနက်ျဖစ္တဲ႔ ၾကက္သြန္ျဖဴ ၊ၾကက္သြန္နီ၊ဂ်င္းစတဲ့အရာေတြဟာ အလွအပနဲ႔ပတ္သက္ျပီးအသံုး၀င္တယ္ဆုိတာ ေတာ္ေတာ္မ်ားမ်ားလည္းမ်ွေ၀ေျပာျပျပီးသားျဖစ္မွာပါ။ဒါေပမဲ႔ အေသးစိတ္ဘယ္လိုအသံုး၀င္တာလဲ ဆုိတာကုိ မွတ္မိခ်င္မွမွတ္မိပါလိမ့္မယ္။အဲ႔ဒါေၾကာင့္မီးဖုိေခ်ာင္မွာအျမဲေတြ႔ေန၊ဟင္းခ်က္ရာမွာ အျမဲပါ၀င္တတ္တဲ႔ ၾကက္သြန္ျဖဴကအလွအပအတြက္ဘယ္လုိေတြ အသံုး၀င္ေနတာလဲဆုိတာေလး ျပန္ျပီးမ်ွေ၀ေဖာ္ျပေပးလုိက္ပါတယ္။

ၾကက္သြန္ျဖဴက အသားအရည္အတြက္သာမက ဆံပင္အတြက္ပါအသံုး၀င္ေနတာပါ။ ပထမဆံုးအသားအရည္နဲ႔ပတ္သက္ျပီးဘယ္ေနရာေတြမွာ အသံုး၀င္တာလဲဆုိတာ အရင္ေျပာျပေပးသြားပါမယ္။

*၀က္ျခံ
၀က္ျခံဟာ ကမာၻတစ္၀န္းလံုးကလူသန္းေပါငး္မ်ားစြာခံစားေနရတဲ႔အေရျပားျပႆနာ တစ္ခုပါ။ အသားအရည္အတြင္းပုိင္းေခြ်းေပါက္ေတြထဲမွာအညစ္အေၾကးနဲ႔မသန္႔စင္တာေတြေၾကာင့္၀က္ျခံဆိုတာေတြျဖစ္လာျပီး ၀က္ျခံမွာေတာင္ အမ်ိဳးအစားေတြအမ်ားၾကီးအသားအရည္ အလိုက္ ကြဲျပားသြားၾကပါတယ္။အဲ႔ဒါေၾကာင့္အေရျပားနဲ႔ပတ္သက္ျပီးအက်ိဳးရွိေစတဲ႔အရာေတြေလ့လာၾကည့္တဲ႔အခါၾကက္သြန္ျဖဴကအစြမ္းအာနိသင္ေတြအမ်ားၾကီးရွိေနတာေတြ႔ခဲ႔ရပါတယ္။ၾကက္သြန္ျဖဴမွာ ဗီတာမင္နဲ႔သဘာ၀အားျဖည့္ဓာတ္စာေတြပါ၀င္တဲ႔အတြက္ အေရျပားပ်က္စီးမႈေတြ၊
အေရျပားဆဲလ္ေတြကုိကာကြယ္တဲ႔ေနရာမွာအသံုး၀င္တာပဲျဖစ္ပါတယ္။

အထူးသျဖင့္၀က္ျခံအနီဖုေတြနဲ႔၀က္ျခံအဖုေပါက္တတ္တဲ႔အေရျပားျပႆနာအတြက္အက်ိဳးရွိပါတယ္။ဘယ္လုိကုသရမလဲဆုိေတာ့…ပထမဆံုးလတ္ဆတ္တဲ႔ၾကက္သြန္ျဖဴအမႊာသံုးေလးမႊာကိုယူကာ အရည္ျဖစ္ေအာင္ၾကိတ္ေမႊလိုက္ပါ။ျပီးရင္ အျဖဴေရာင္ရွာလကာရည္ကုိ အခ်ိဳးက်ထည့္ျပီး ေရာစပ္ေမႊလိုက္ပါ။အျဖဴေရာင္ရွာလကာရည္က အသားအရည္ရဲ ႔PH level ကုိညီမ်ွေစျပီး
ၾကက္သြန္ျဖဴရဲ ႔အစြမ္းသတိၱေတြေၾကာင့္၀က္ျခံေတြကုိ သက္သာေပ်ာက္ကင္းေအာင္ ကုသေပးနုိင္ပါတယ္။၀က္ျခံအျပင္အမာရြတ္ေတြကုိလည္းေလ်ာ့ပါးေပ်ာက္ကင္း သြားေစပါတယ္။
ဒါေပမဲ႔ တစ္ခ်ိဳ႔ေတြကၾကက္သြန္ျဖဴနဲ႔မတည့္တာေတြရွိတတ္ပါတယ္။အရမ္း Sensitive ျဖစ္တဲ႔အသားအရည္ေတြေပါ့။အဲ႔ဒီလုိအသားအရည္ေတြကေတာ့အသားအရည္နီျမန္းမႈမျဖစ္ေအာင္ ပ်ားရည္၊ဒိန္ခ်ဥ္ေတြနဲ႔ေရာစပ္ျပီးသံုးေပးႏုိင္ပါတယ္။ၾကက္သြန္ျဖဴအမႊာအနည္းငယ္ကုိ ခပ္ပ်စ္ပ်စ္ေလးျဖစ္ေအာင္ၾကိတ္ေမႊပါ။ျပီးရင္ ပ်ားရည္စားပြဲတင္ဇြန္းတစ္၀က္၊ဒိန္ခ်ဥ္စားပြဲတင္ဇြန္း ၂ဇြန္းေရာစပ္ျပီးေမႊပါ။ရလာတဲ႔အရည္ကုိ mask အျဖစ္မ်က္ႏွာမွာလိမ္းေပးပါ။
ဒိန္ခ်ဥ္နဲ႔ပ်ားရည္က မ်က္ႏွာအသားအရည္ကိုစိုျပည္ႏူးညံ႔ေစပါတယ္။မ်က္ႏွာမွာလိမ္းျပီး ၁၅မိနစ္၊မိနစ္ ၂၀ေလာက္ဆုိ ေရေဆးခ်လို႔ရပါျပီ။

ဒီလိုမ်က္ႏွာမွာ ဘာမွမလိမ္းခင္ အရင္ဆံုးမ်က္ႏွာကုိ ေရခပ္ေႏြးေႏြးေလးနဲ႔ေသခ်ာ သန္႔စင္ေပးဖုိ႔႔မေမ့ပါနဲ႔။တစ္ပတ္ကုိ ၂ခါေလာက္ပံုမွန္လုပ္ေပးသြားမယ္ဆုိရင္
သိသာတဲ႔အက်ိဳးရလဒ္ကုိျမင္ေတြ႔ရပါလိမ့္မယ္။

*အမည္းစက္၊ဆား၀က္ျခံ
ၾကက္သြန္ျဖဴက အမည္းစက္ေတြ၊ဆား၀က္ျခံေတြအတြက္လည္း အမ်ားၾကီးအသံုး၀င္ ပါတယ္။ဆား၀က္ျခံနဲ႔အမည္းစက္ေတြကုိဖယ္ရွားဖုိ႔ၾကက္သြန္ျဖဴကုိဘယ္လိုသံုးရမလဲဆုိရင္… လတ္ဆတ္တဲ႔ၾကက္သြန္ျဖဴသံုးမႊာကိုယူျပီးၾကိတ္ေခ်ပါ။ျပီးရင္ အုတ္ဂ်ံဳမႈန္႔စားပြဲတင္တစ္ဇြန္း၊
သံပုရာရည္စားပြဲတင္ဇြန္းတစ္၀က္၊လက္ဖက္ရြက္ဆီအစက္ ၂စက္ထည့္ပါ။အားလံုးကုိ ေရာေမႊျပီးတဲ႔အခါ ပ်ားရည္စားပြဲတင္ဇြန္းတစ္၀က္ခန္႔ထည့္ျပီးမ်က္ႏွာမွာလိမး္ပါ။ ငါးမိနစ္ေလာက္ၾကာေအာင္ထားျပီးတဲ့အခါေရေႏြးေႏြးေလးနဲ႔သစ္ခ်လိုက္ပါ။ၾကက္သြန္ျဖဴအရည္မလိမ္းခင္မ်က္ႏွာကိုေသခ်ာသန္႔စင္ေအာင္ေဆးေၾကာဖုိ႔ေတာ့လိုပါတယ္။တစ္ပတ္ကုိ သံုးၾကိမ္လုပ္ေပးမယ္ဆုိရင္ မ်က္နွာအသားအရည္ေျပာင္းလဲမႈေတြျမင္ေတြ႔ရပါလိမ့္မယ္။

*နုပ်ိဳေစတယ္
ႏုပ်ိဳေစတယ္ဆုိတာအေရးအေၾကာင္းေတြအလြယ္တကူမျဖစ္ေတာ့ဘူးလုိ႔ဆုိလိုတာပါ။အသက္အရြယ္ၾကီးရင့္လာတာနဲ႔အမ်ွ မ်က္လံုးနားမွာ၊နဖူးနားမွာအေရးအေၾကာင္းေတြျဖစ္လာတတ္ပါတယ္။ ဒီလုိအေရးအေၾကာင္းေတြကိုမျဖစ္ပဲ ငယ္ရြယ္ႏုပ်ိဳတဲ႔မ်က္ႏွာေလးပုိင္ဆုိင္ရေအာင္
ၾကက္သြႏ္ျဖဴကုိသံုးေပးႏုိင္ပါတယ္။ၾကက္သြန္ျဖဴမွာပါ၀င္တဲ႔ဗီတာမင္နဲ႔သဘာ၀အားျဖည့္ဓာတ္ေတြက အသားအရည္က်န္းမာေရးအတြက္အေရးၾကီးတဲ႔အခန္းကေန ပါ၀င္ေနပါတယ္။ၾကက္သြန္ျဖဴ သံုးမႊာနဲ႔ပ်ားရည္စားပြဲတင္ဇြန္းတစ္ဇြန္းကုိေရာစပ္ျပီးမ်က္ႏွာမွာလိမ္းေပးတာကသင့္ရဲ ႔အေရျပားကုိက်န္းမာႏုပ်ိဳေအာင္ကာကြယ္ေပးႏုိင္ပါတယ္။တစ္ပတ္ကုိ ၂ခါပံုမွန္လုပ္ေပးႏိုင္ပါတယ္။

*ေခြ်းေပါက္က်ယ္တာကုိထိန္းညိွကာကြယ္ေပးတယ္
ေခြ်းေပါက္က်ယ္တဲ႔အခါမွာအမႈန္အမႊားေတြ၊ဘတ္တီးရီးယားေတြကေခြ်းေပါက္ထဲကုိ၀င္ေရာက္လာျပီး၀က္ျခံေတြျဖစ္လာေစပါတယ္။အဆီျပန္တဲ႔သူေတြအတြက္လည္းေခြ်းေပါက္က်ယ္တဲ႔အခါပုိျပီးအဆီထြက္ေစပါတယ္။အဲ႔ဒါေတြကုိ ၾကက္သြန္ျဖဴကကာကြယ္ေပးပါလိမ့္မယ္။ဘယ္လိုလုပ္ရမလဲ ဆုိရင္ၾကက္သြန္ျဖဴသံုးမႊာနဲ႔ခရမ္းခ်ဥ္သီးတစ္၀က္ကုိပါးပါးလွီးျပီးၾကိတ္ေမႊအါ။ခရမ္းခ်ဥ္သီးအေစ့ေတြကိုဖယ္ရွားဖုိ႔လည္းမေမ့ပါနဲ႔။ရလာတဲ႔အရည္ကုိမ်က္ႏွာမွာလိမ္းေပးျပီး မိနစ္ ၂၀ေလာက္ထားပါ။ ျပီးရင္ ေရေႏြးေႏြးေလးနဲ႔သစ္ခ်ေပးပါ။တစ္ပတ္ကုိ တစ္ခါျဖစ္ေစ၊ႏွစ္ခါျဖစ္ေစ ပံုမွန္လုပ္ေပးမယ္ဆိုရင္ေခြ်းေပါက္က်ယ္တာကုိထိန္းညိွေပးတဲ႔အျပင္ေခြ်းေပါက္က်ယ္တာေၾကာင့္ျဖစ္တဲ႔အေရျပားျပႆနာေတြကုိဖယ္ရွားကာကြယ္ေပးႏုိင္မွာပါ။

ဒါက ၾကက္သြန္ျဖဴရဲ ႔အသားအရည္အတြက္အသံုး၀င္ပါ။ဆံပင္နဲ႔ပတ္သက္ျပီး ၾကက္သြန္ျဖဴရဲ ႔အသံုး၀င္ပံုေတြကေတာ့…ဆံပင္အရွည္ျမန္ေစျပီးဆံပင္ကြ်တ္တာကုိ ေလ်ာ့နည္းေစပါတယ္။ ေဗာက္လည္းေပ်ာက္ေစျပီး ဆံပင္လည္းနက္ေမွာင္ေစလို႔အသက္အရြယ္ၾကီးတဲ ႔သူေတြအတြက္လည္းဆံပင္ျဖဴတာကိုေလ်ွာ့ခ်ေပးႏုိင္ဖု႔ိအကူညီေပးႏုိင္ပါတယ္။

*ဆံပင္အရွည္ျမန္ေစဖုိ႔အတြက္ကေတာ့ ၾကက္သြန္ျဖဴကုိေန႔တိုင္းပံုမွန္ အနည္းငယ္စီ စားေပးရံုပါပဲတဲ႔။ၾကက္သြန္ျဖဴစားေပးတာကဆံပင္ရွည္ျမန္ေစဖုိ႔ အေထာက္အကူ ျပဳတယ္လို႔ေလ့လာေတြ႔ရွိရပါတယ္။
*ဆံပင္ကြ်တ္တာကုိေလ်ာ့နည္းေစဖုိ႔ ၾကက္သြန္ျဖဴအနည္းငယ္ကိုၾကိတ္ေမႊျပီး ဦးေရျပားမွာလိမ္းေပးပါ။ဒါက ဦးေရျပားကုိအားျဖည့္ေပးျပီးေသြးလည္ပတ္မႈကိုေကာင္းမြန္ေစကာ ဆံပင္ကြ်တ္တာကိုသက္သာလာေစပါတယ္။ဒီနည္းလမ္းက ေဗာက္ထတဲ႔ျပႆနာကုိလည္း
ေျဖရွင္းေပးႏုိင္ပါတယ္။
*ဆံပင္နက္ေမွာင္သန္စြမ္းခ်င္တယ္ဆုိရင္ေတာ့ၾကက္သြန္ျဖဴ ေလးမႊာကုိ အေနေတာ္ၾကိတ္ေမႊ ၊အုန္းဆီအနည္းငယ္ထည့္ျပီးေရစိုေနတဲ႔ဆံပင္မွာ လိမ္းေပးထားရမွာပါ။မိနစ္ ၂၀ေလာက္ ထားေပးျပီး ပံုမွန္အတိုင္းေခါင္းေလ်ွာ္ေဆးေၾကာသန္႔စင္ေပးလိုက္ရံုပါပဲ။ၾကက္သြန္ျဖဴက ဦးေရျပားအတြက္ေသြးလည္ပတ္မႈေကာင္းေစျပီးအားျဖည့္ေပးလုိ႔ ဆံပင္နဲ႔ပတ္သက္တဲ႔ ေခါင္းေျခာက္စရာ ေတြကုိအလြယ္တကူေျဖရွင္းေပးႏုိင္တဲ႔ သဘာ၀ေဆးတစ္လက္ပါပဲ။

Unicode

အိမ်တစ်အိမ်ရဲ့မီးဖိုချောင်ဆိုတာ မိန်းကလေးတွေရဲ့အလှအပလိုအပ်ချက်တွေဖြည့်ဆည်းဖို့ပြည့်စုံဖို ့နေရာတစ်ခုလို့တောင်ဆိုရမလားပဲ။မီးဖိုချောင်မှာမြင်နေတွေ့နေကျဖြစ်တဲ့ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ဂျင်းစတဲ့အရာတွေဟာ အလှအပနဲ့ပတ်သက်ပြီးအသုံးဝင်တယ်ဆိုတာ တော်တော်များများလည်းမျှဝေပြောပြပြီးသားဖြစ်မှာပါ။ဒါပေမဲ့ အသေးစိတ်ဘယ်လိုအသုံးဝင်တာလဲ ဆိုတာကို မှတ်မိချင်မှမှတ်မိပါလိမ့်မယ်။အဲ့ဒါကြောင့်မီးဖိုချောင်မှာအမြဲတွေ့နေ၊ဟင်းချက်ရာမှာ အမြဲပါဝင်တတ်တဲ့ ကြက်သွန်ဖြူကအလှအပအတွက်ဘယ်လိုတွေ အသုံးဝင်နေတာလဲဆိုတာလေး ပြန်ပြီးမျှဝေဖော်ပြပေးလိုက်ပါတယ်။

ကြက်သွန်ဖြူက အသားအရည်အတွက်သာမက ဆံပင်အတွက်ပါအသုံးဝင်နေတာပါ။ ပထမဆုံးအသားအရည်နဲ့ပတ်သက်ပြီးဘယ်နေရာတွေမှာ အသုံးဝင်တာလဲဆိုတာ အရင်ပြောပြပေးသွားပါမယ်။

*ဝက်ခြံ
ဝက်ခြံဟာ ကမ္ဘာတစ်ဝန်းလုံးကလူသန်းပေါငး်များစွာခံစားနေရတဲ့အရေပြားပြဿနာ တစ်ခုပါ။ အသားအရည်အတွင်းပိုင်းချွေးပေါက်တွေထဲမှာအညစ်အကြေးနဲ့မသန့်စင်တာတွေကြောင့်ဝက်ခြံဆိုတာတွေဖြစ်လာပြီး ဝက်ခြံမှာတောင် အမျိုးအစားတွေအများကြီးအသားအရည် အလိုက် ကွဲပြားသွားကြပါတယ်။အဲ့ဒါကြောင့်အရေပြားနဲ့ပတ်သက်ပြီးအကျိုးရှိစေတဲ့အရာတွေလေ့လာကြည့်တဲ့အခါကြက်သွန်ဖြူကအစွမ်းအာနိသင်တွေအများကြီးရှိနေတာတွေ့ခဲ့ရပါတယ်။ကြက်သွန်ဖြူမှာ ဗီတာမင်နဲ့သဘာဝအားဖြည့်ဓာတ်စာတွေပါဝင်တဲ့အတွက် အရေပြားပျက်စီးမှုတွေ၊
အရေပြားဆဲလ်တွေကိုကာကွယ်တဲ့နေရာမှာအသုံးဝင်တာပဲဖြစ်ပါတယ်။

အထူးသဖြင့်ဝက်ခြံအနီဖုတွေနဲ့ဝက်ခြံအဖုပေါက်တတ်တဲ့အရေပြားပြဿနာအတွက်အကျိုးရှိပါတယ်။ဘယ်လိုကုသရမလဲဆိုတော့…ပထမဆုံးလတ်ဆတ်တဲ့ကြက်သွန်ဖြူအမွှာသုံးလေးမွှာကိုယူကာ အရည်ဖြစ်အောင်ကြိတ်မွှေလိုက်ပါ။ပြီးရင် အဖြူရောင်ရှာလကာရည်ကို အချိုးကျထည့်ပြီး ရောစပ်မွှေလိုက်ပါ။အဖြူရောင်ရှာလကာရည်က အသားအရည်ရဲ ့PH level ကိုညီမျှစေပြီး
ကြက်သွန်ဖြူရဲ ့အစွမ်းသတ္တိတွေကြောင့်ဝက်ခြံတွေကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။ဝက်ခြံအပြင်အမာရွတ်တွေကိုလည်းလျော့ပါးပျောက်ကင်း သွားစေပါတယ်။
ဒါပေမဲ့ တစ်ချို့တွေကကြက်သွန်ဖြူနဲ့မတည့်တာတွေရှိတတ်ပါတယ်။အရမ်း Sensitive ဖြစ်တဲ့အသားအရည်တွေပေါ့။အဲ့ဒီလိုအသားအရည်တွေကတော့အသားအရည်နီမြန်းမှုမဖြစ်အောင် ပျားရည်၊ဒိန်ချဉ်တွေနဲ့ရောစပ်ပြီးသုံးပေးနိုင်ပါတယ်။ကြက်သွန်ဖြူအမွှာအနည်းငယ်ကို ခပ်ပျစ်ပျစ်လေးဖြစ်အောင်ကြိတ်မွှေပါ။ပြီးရင် ပျားရည်စားပွဲတင်ဇွန်းတစ်ဝက်၊ဒိန်ချဉ်စားပွဲတင်ဇွန်း ၂ဇွန်းရောစပ်ပြီးမွှေပါ။ရလာတဲ့အရည်ကို mask အဖြစ်မျက်နှာမှာလိမ်းပေးပါ။
ဒိန်ချဉ်နဲ့ပျားရည်က မျက်နှာအသားအရည်ကိုစိုပြည်နူးညံ့စေပါတယ်။မျက်နှာမှာလိမ်းပြီး ၁၅မိနစ်၊မိနစ် ၂ဝလောက်ဆို ရေဆေးချလို့ရပါပြီ။

ဒီလိုမျက်နှာမှာ ဘာမှမလိမ်းခင် အရင်ဆုံးမျက်နှာကို ရေခပ်နွေးနွေးလေးနဲ့သေချာ သန့်စင်ပေးဖို့့မမေ့ပါနဲ့။တစ်ပတ်ကို ၂ခါလောက်ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်
သိသာတဲ့အကျိုးရလဒ်ကိုမြင်တွေ့ရပါလိမ့်မယ်။

*အမည်းစက်၊ဆားဝက်ခြံ
ကြက်သွန်ဖြူက အမည်းစက်တွေ၊ဆားဝက်ခြံတွေအတွက်လည်း အများကြီးအသုံးဝင် ပါတယ်။ဆားဝက်ခြံနဲ့အမည်းစက်တွေကိုဖယ်ရှားဖို့ကြက်သွန်ဖြူကိုဘယ်လိုသုံးရမလဲဆိုရင်… လတ်ဆတ်တဲ့ကြက်သွန်ဖြူသုံးမွှာကိုယူပြီးကြိတ်ချေပါ။ပြီးရင် အုတ်ဂျုံမှုန့်စားပွဲတင်တစ်ဇွန်း၊
သံပုရာရည်စားပွဲတင်ဇွန်းတစ်ဝက်၊လက်ဖက်ရွက်ဆီအစက် ၂စက်ထည့်ပါ။အားလုံးကို ရောမွှေပြီးတဲ့အခါ ပျားရည်စားပွဲတင်ဇွန်းတစ်ဝက်ခန့်ထည့်ပြီးမျက်နှာမှာလိမး်ပါ။ ငါးမိနစ်လောက်ကြာအောင်ထားပြီးတဲ့အခါရေနွေးနွေးလေးနဲ့သစ်ချလိုက်ပါ။ကြက်သွန်ဖြူအရည်မလိမ်းခင်မျက်နှာကိုသေချာသန့်စင်အောင်ဆေးကြောဖို့တော့လိုပါတယ်။တစ်ပတ်ကို သုံးကြိမ်လုပ်ပေးမယ်ဆိုရင် မျက်နှာအသားအရည်ပြောင်းလဲမှုတွေမြင်တွေ့ရပါလိမ့်မယ်။

*နုပျိုစေတယ်
နုပျိုစေတယ်ဆိုတာအရေးအကြောင်းတွေအလွယ်တကူမဖြစ်တော့ဘူးလို့ဆိုလိုတာပါ။အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ မျက်လုံးနားမှာ၊နဖူးနားမှာအရေးအကြောင်းတွေဖြစ်လာတတ်ပါတယ်။ ဒီလိုအရေးအကြောင်းတွေကိုမဖြစ်ပဲ ငယ်ရွယ်နုပျိုတဲ့မျက်နှာလေးပိုင်ဆိုင်ရအောင်
ကြက်သွန်ဖြူကိုသုံးပေးနိုင်ပါတယ်။ကြက်သွန်ဖြူမှာပါဝင်တဲ့ဗီတာမင်နဲ့သဘာဝအားဖြည့်ဓာတ်တွေက အသားအရည်ကျန်းမာရေးအတွက်အရေးကြီးတဲ့အခန်းကနေ ပါဝင်နေပါတယ်။ကြက်သွန်ဖြူ သုံးမွှာနဲ့ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းကိုရောစပ်ပြီးမျက်နှာမှာလိမ်းပေးတာကသင့်ရဲ ့အရေပြားကိုကျန်းမာနုပျိုအောင်ကာကွယ်ပေးနိုင်ပါတယ်။တစ်ပတ်ကို ၂ခါပုံမှန်လုပ်ပေးနိုင်ပါတယ်။

*ချွေးပေါက်ကျယ်တာကိုထိန်းညှိကာကွယ်ပေးတယ်
ချွေးပေါက်ကျယ်တဲ့အခါမှာအမှုန်အမွှားတွေ၊ဘတ်တီးရီးယားတွေကချွေးပေါက်ထဲကိုဝင်ရောက်လာပြီးဝက်ခြံတွေဖြစ်လာစေပါတယ်။အဆီပြန်တဲ့သူတွေအတွက်လည်းချွေးပေါက်ကျယ်တဲ့အခါပိုပြီးအဆီထွက်စေပါတယ်။အဲ့ဒါတွေကို ကြက်သွန်ဖြူကကာကွယ်ပေးပါလိမ့်မယ်။ဘယ်လိုလုပ်ရမလဲ ဆိုရင်ကြက်သွန်ဖြူသုံးမွှာနဲ့ခရမ်းချဉ်သီးတစ်ဝက်ကိုပါးပါးလှီးပြီးကြိတ်မွှေအါ။ခရမ်းချဉ်သီးအစေ့တွေကိုဖယ်ရှားဖို့လည်းမမေ့ပါနဲ့။ရလာတဲ့အရည်ကိုမျက်နှာမှာလိမ်းပေးပြီး မိနစ် ၂ဝလောက်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့သစ်ချပေးပါ။တစ်ပတ်ကို တစ်ခါဖြစ်စေ၊နှစ်ခါဖြစ်စေ ပုံမှန်လုပ်ပေးမယ်ဆိုရင်ချွေးပေါက်ကျယ်တာကိုထိန်းညှိပေးတဲ့အပြင်ချွေးပေါက်ကျယ်တာကြောင့်ဖြစ်တဲ့အရေပြားပြဿနာတွေကိုဖယ်ရှားကာကွယ်ပေးနိုင်မှာပါ။

ဒါက ကြက်သွန်ဖြူရဲ ့အသားအရည်အတွက်အသုံးဝင်ပါ။ဆံပင်နဲ့ပတ်သက်ပြီး ကြက်သွန်ဖြူရဲ ့အသုံးဝင်ပုံတွေကတော့…ဆံပင်အရှည်မြန်စေပြီးဆံပင်ကျွတ်တာကို လျော့နည်းစေပါတယ်။ ဗောက်လည်းပျောက်စေပြီး ဆံပင်လည်းနက်မှောင်စေလို့အသက်အရွယ်ကြီးတဲ ့သူတွေအတွက်လည်းဆံပင်ဖြူတာကိုလျှော့ချပေးနိုင်ဖို့အကူညီပေးနိုင်ပါတယ်။

*ဆံပင်အရှည်မြန်စေဖို့အတွက်ကတော့ ကြက်သွန်ဖြူကိုနေ့တိုင်းပုံမှန် အနည်းငယ်စီ စားပေးရုံပါပဲတဲ့။ကြက်သွန်ဖြူစားပေးတာကဆံပင်ရှည်မြန်စေဖို့ အထောက်အကူ ပြုတယ်လို့လေ့လာတွေ့ရှိရပါတယ်။
*ဆံပင်ကျွတ်တာကိုလျော့နည်းစေဖို့ ကြက်သွန်ဖြူအနည်းငယ်ကိုကြိတ်မွှေပြီး ဦးရေပြားမှာလိမ်းပေးပါ။ဒါက ဦးရေပြားကိုအားဖြည့်ပေးပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေကာ ဆံပင်ကျွတ်တာကိုသက်သာလာစေပါတယ်။ဒီနည်းလမ်းက ဗောက်ထတဲ့ပြဿနာကိုလည်း
ဖြေရှင်းပေးနိုင်ပါတယ်။
*ဆံပင်နက်မှောင်သန်စွမ်းချင်တယ်ဆိုရင်တော့ကြက်သွန်ဖြူ လေးမွှာကို အနေတော်ကြိတ်မွှေ ၊အုန်းဆီအနည်းငယ်ထည့်ပြီးရေစိုနေတဲ့ဆံပင်မှာ လိမ်းပေးထားရမှာပါ။မိနစ် ၂ဝလောက် ထားပေးပြီး ပုံမှန်အတိုင်းခေါင်းလျှော်ဆေးကြောသန့်စင်ပေးလိုက်ရုံပါပဲ။ကြက်သွန်ဖြူက ဦးရေပြားအတွက်သွေးလည်ပတ်မှုကောင်းစေပြီးအားဖြည့်ပေးလို့ ဆံပင်နဲ့ပတ်သက်တဲ့ ခေါင်းခြောက်စရာ တွေကိုအလွယ်တကူဖြေရှင်းပေးနိုင်တဲ့ သဘာဝဆေးတစ်လက်ပါပဲ။

102 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.