ဆိုး​ဝါးတဲ့ေန႔ေတြၾကံဳလာတဲ့အခါ ဒါေလးေတြကိုအမွတ္ရလိုက္ပါ….

တစ္ခါတစ္ေလၾကရင္ မထင္မွတ္ထားတဲ့ကိစၥေတြဟာ တစ္ခုျပီးတစ္ခု စုျပံဳျပီးေရာက္လာတတ္ၾကပါတယ္။ စိတ္ၾကည္ေနခ်ိန္မွာ ဘာမွမျဖစ္ေပမယ့္ စိတ္အလိုမက်ခ်ိန္ ျပႆနာေတြပါထပ္ျဖစ္လာရင္ လူဟာ ေတြးမိေတြးရာ ၊ လုပ္မိလုပ္ရာေတြကိုလုပ္တတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုတာေတာင္ မသိရဘဲနဲ႔ ကၽြန္ေတာ္တို႔ စိတ္ပ်က္ဝမ္းနည္းေနရတယ္။

ဒါေၾကာင့္ တစ္ခုခုျဖစ္ျပီဆိုရင္္ တစ္ဖက္လွည့္ျပီးေတြ႔ႏုိင္ေအာင္ ၾကိဳးစားပါ။ အဓိကကေတာ့ ကိုယ့္ကိုကုိယ္ စိတ္ခ်မ္းသာေအာင္ထားနည္းတစ္မ်ဳိးေပါ့။ စိတ္ညစ္စရာေတြစုျပံဳလာတဲ့အခါ ဒါေလးေတြကို သတိရလုိက္ပါ..

တစ္ဆင့္ျပီး တစ္ဆင့္သြားပါ

ဆိုးဝါးတဲ့ ေန႔ေတြၾကံဳလာတဲ့အခါ ကၽြန္ေတာ္တို႔ မိန္းေမာေတြေဝေနတတ္ပါတယ္။ ဘာပဲလုပ္ေန၊ လုပ္ေန စိတ္နဲ႔လူနဲ႔ မကပ္။ ဘာကိုမွ အာ႐ံုမစုစည္းႏုိင္ျဖစ္ရပါတယ္။ ကိုယ္လုပ္ရမွာေတြကို ေခါင္းေအးေအးနဲ႔စဥ္းစားျပီး တစ္ဆင့္ခ်င္း လုပ္ေဆာင္ပါ။ ဒီလိုအေျခအေနမ်ဳိးကိုထိန္းခ်ဳပ္နုိင္ဖို႔က အခ်ိန္ေတာ့ေပးရပါတယ္။ ကိုယ့္ကုိကိုယ္ ေထာင္ေခ်ာက္ပိတ္မိေနေအာင္ မလုပ္မိပါေစနဲ႔။

ျဖစ္ပ်က္သမွ်ဟာ ထင္သေလာက္ေတာ့မဆိုးပါ

အရာအားလံုးကို အေတြ႔အၾကံဳအျဖစ္သာ မွတ္ယူပါ။ ၾကံဳေတြ႔ရသမွ်ကေတာ့ ထင္သေလာက္မဆိုးပါဘူး။ အားလံုးျပီးဆံုးသြားလုိ႔ ျပန္ေတြးမိခ်ိန္ ငါဒါၾကီးကို ဘယ္လိုျဖတ္ေက်ာ္ခဲ့့ပါလိမ့္ဆိုျပီး ေတြးမိေနမွာပါ။ ေသြးပူေနတုန္းမို႔သာ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိျဖစ္တတ္ၾကတာပါ။ ခုနကေျပာခဲ့သလိုပဲ.. ေခါင္းေအးေအးနဲ႔ေျဖ႐ွင္းႏုိင္ဖို႔ အခ်ိန္လိုအပ္ပါတယ္။

အဆိုးနဲ႔ အေကာင္းဒြန္႔တဲြေန

ဘယ္အရာမဆို အဆိုးနဲ႔အေကာင္း ဒြန္႔တဲြျပီးသားပါ။ စိန္ေခၚမႈေတြ ၊ ၾကိဳးစားအားထုတ္မႈေတြသာမ႐ွိရင္ ေပ်ာ္ရႊင္မႈအစစ္မွန္ဆိုတာကိုလည္း သိႏုိင္မွာမဟုတ္ပါဘူး။ ဘာလို႔ဆို ၾကိဳးစားအားထုတ္မႈရဲ႕အေတြ႔ၾကံဳေတြက ကၽြန္ေတာ္တုိ႔အတြက္ ကိုယ့္ကုိကိုယ္ ျပန္ျပီးအသိမွတ္ျပဳႏုိင္ေအာင္ စိတ္ခြန္အားေပးႏုိင္တဲ့ အရာေတြျဖစ္လို႔ပါပဲ။ ေကာင္းတဲ့အရာေတြ ေရာက္လာတဲ့အခါ ကိုယ့္ကိုကိုယ္ အသိမွတ္ျပဳပါ။ ဆိုးတဲ့အရာေတြေရာက္လာတဲ့အခါ အေတြ႔အၾကံဳေတြကေန ကိုယ့္ကိုကိုယ္ေဖးမျပီး ဒီထက္ပုိေကာင္းႏုိင္ေအာင္ ၾကိဳးစားပါ။

ပညာ႐ွိတုိင္းမွာ အေတြ႔ၾကံဳ႐ွိ

ဒါကို သင္အရင္ကလည္းခဏခဏၾကားဖူးမွာပါ။ ဒီစကားဟာ အမွန္ပါပဲ။ အေတြ႔အၾကံဳေတြ တစ္ပံုတစ္ပင္ၾကီးနဲ႔ ကိုယ့္ဘဝကိုယ္ ေသခ်ာစဥ္းစားသံုးသပ္ႏုိင္မွသာ ပညာ႐ွိတစ္ေယာက္ျဖစ္မွာပါ။ ဆိုးဝါးတဲ့ေန႔ေတြဟာ သင့္ကိုတစ္စံုတစ္ရာ သင္ခန္းစာေတာ့ေပးခဲ့ပါတယ္။ အေတြ႔ၾကံဳတုိင္းမွာ အသစ္အဆန္းေတြ သင္ယူေလ့လာႏုိင္ဖို႔ အခြင့္ေရး႐ွိျပီးသားပါ။ အေမွာင္ျပီးရင္ အလင္းေရာင္ျခည္ေတြျပန္လာမွာပါပဲ။ စိတ္ဓာတ္ ၾကံခုိင္ဖို႔ပဲ လိုပါတယ္။

မေ႐ွာင္ဖယ္လိုက္ပါနဲ႔..

အေရးၾကီးဆံုးအခ်က္ပါပဲ.. ဘာမွမေကာင္းဘူးဆိုျပီး မေတြးပစ္လုိက္ပါနဲ႔။ ေမွ်ာ္လင့္ခ်က္ေတြမရပ္တန္႔လိုက္ပါနဲ႔။ ဘာပဲလုပ္လုပ္ ေမွ်ာ္လင့္ခ်က္ဆိုတာ႐ွိေနသင့္တာပဲမဟုတ္လား ။ ကိုယ့္ကိုကိုယ္ ယံုၾကည္တဲ့စိတ္ေတြ ျပန္တည္ေဆာက္ပါ။ ဘယ္ေတာ့မွ လက္မေလ်ာ့ပါနဲ႔။ အ႐ႈံးမေပးပါနဲ႔ ။ မေ႐ွာင္ဖယ္လုိက္ပါနဲ႔။ မရရင္ ရေအာင္လုပ္မယ္ စိတ္ကိုသာ အျမဲေမြးပါ။ လုိခ်င္တာ႐ွိရင္ အလြယ္ေလးေတာ့ဘယ္ရမလဲ။ အခ်ိန္ေတြ ၊ စိတ္ပင္ပန္းမႈေတြ၊ လုပ္အားေတြ အမ်ားၾကီးေပးဆပ္ရပါတယ္။ ဒါေၾကာင့္ ငါတစ္ေယာက္တည္း မဟုတ္ဘူး.. လူတိုင္းဒီလို ခံစားေနရတာပဲဆိုတာ ေခါင္းထဲထည့္ထားပါ။ အဓိကကေတာ့ ျပႆနာေတြကို မေ႐ွာင္ပါနဲ႔။ ရင္ဆုိင္ပါ…

(Unicode)

တစ်ခါတစ်လေကြရင် မထင်မှတ်ထားတဲ့ကိစ္စတွေဟာ တစ်ခုပြီးတစ်ခု စုပြုံပြီးရောက်လာတတ်ကြပါတယ်။ စိတ်ကြည်နေချိန်မှာ ဘာမှမဖြစ်ပေမယ့် စိတ်အလိုမကျချိန် ပြဿနာတွေပါထပ်ဖြစ်လာရင် လူဟာ တွေးမိတွေးရာ ၊ လုပ်မိလုပ်ရာတွေကိုလုပ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတာတောင် မသိရဘဲနဲ့ ကျွန်တော်တို့ စိတ်ပျက်ဝမ်းနည်းနေရတယ်။

ဒါကြောင့် တစ်ခုခုဖြစ်ပြီဆိုရင်် တစ်ဖက်လှည့်ပြီးတွေ့နိုင်အောင် ကြိုးစားပါ။ အဓိကကတော့ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားနည်းတစ်မျိုးပေါ့။ စိတ်ညစ်စရာတွေစုပြုံလာတဲ့အခါ ဒါလေးတွေကို သတိရလိုက်ပါ..

တစ်ဆင့်ပြီး တစ်ဆင့်သွားပါ

ဆိုးဝါးတဲ့ နေ့တွေကြုံလာတဲ့အခါ ကျွန်တော်တို့ မိန်းမောတွေဝေနေတတ်ပါတယ်။ ဘာပဲလုပ်နေ၊ လုပ်နေ စိတ်နဲ့လူနဲ့ မကပ်။ ဘာကိုမှ အာရုံမစုစည်းနိုင်ဖြစ်ရပါတယ်။ ကိုယ်လုပ်ရမှာတွေကို ခေါင်းအေးအေးနဲ့စဉ်းစားပြီး တစ်ဆင့်ချင်း လုပ်ဆောင်ပါ။ ဒီလိုအခြေအနေမျိုးကိုထိန်းချုပ်နိုင်ဖို့က အချိန်တော့ပေးရပါတယ်။ ကိုယ့်ကိုကိုယ် ထောင်ချောက်ပိတ်မိနေအောင် မလုပ်မိပါစေနဲ့။

ဖြစ်ပျက်သမျှဟာ ထင်သလောက်တော့မဆိုးပါ

အရာအားလုံးကို အတွေ့အကြုံအဖြစ်သာ မှတ်ယူပါ။ ကြုံတွေ့ရသမျှကတော့ ထင်သလောက်မဆိုးပါဘူး။ အားလုံးပြီးဆုံးသွားလို့ ပြန်တွေးမိချိန် ငါဒါကြီးကို ဘယ်လိုဖြတ်ကျော်ခဲ့့ပါလိမ့်ဆိုပြီး တွေးမိနေမှာပါ။ သွေးပူနေတုန်းမို့သာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တတ်ကြတာပါ။ ခုနကပြောခဲ့သလိုပဲ.. ခေါင်းအေးအေးနဲ့ဖြေရှင်းနိုင်ဖို့ အချိန်လိုအပ်ပါတယ်။

အဆိုးနဲ့ အကောင်းဒွန့်တွဲနေ

ဘယ်အရာမဆို အဆိုးနဲ့အကောင်း ဒွန့်တွဲပြီးသားပါ။ စိန်ခေါ်မှုတွေ ၊ ကြိုးစားအားထုတ်မှုတွေသာမရှိရင် ပျော်ရွှင်မှုအစစ်မှန်ဆိုတာကိုလည်း သိနိုင်မှာမဟုတ်ပါဘူး။ ဘာလို့ဆို ကြိုးစားအားထုတ်မှုရဲ့အတွေ့ကြုံတွေက ကျွန်တော်တို့အတွက် ကိုယ့်ကိုကိုယ် ပြန်ပြီးအသိမှတ်ပြုနိုင်အောင် စိတ်ခွန်အားပေးနိုင်တဲ့ အရာတွေဖြစ်လို့ပါပဲ။ ကောင်းတဲ့အရာတွေ ရောက်လာတဲ့အခါ ကိုယ့်ကိုကိုယ် အသိမှတ်ပြုပါ။ ဆိုးတဲ့အရာတွေရောက်လာတဲ့အခါ အတွေ့အကြုံတွေကနေ ကိုယ့်ကိုကိုယ်ဖေးမပြီး ဒီထက်ပိုကောင်းနိုင်အောင် ကြိုးစားပါ။

ပညာရှိတိုင်းမှာ အတွေ့ကြုံရှိ

ဒါကို သင်အရင်ကလည်းခဏခဏကြားဖူးမှာပါ။ ဒီစကားဟာ အမှန်ပါပဲ။ အတွေ့အကြုံတွေ တစ်ပုံတစ်ပင်ကြီးနဲ့ ကိုယ့်ဘဝကိုယ် သေချာစဉ်းစားသုံးသပ်နိုင်မှသာ ပညာရှိတစ်ယောက်ဖြစ်မှာပါ။ ဆိုးဝါးတဲ့နေ့တွေဟာ သင့်ကိုတစ်စုံတစ်ရာ သင်ခန်းစာတော့ပေးခဲ့ပါတယ်။ အတွေ့ကြုံတိုင်းမှာ အသစ်အဆန်းတွေ သင်ယူလေ့လာနိုင်ဖို့ အခွင့်ရေးရှိပြီးသားပါ။ အမှောင်ပြီးရင် အလင်းရောင်ခြည်တွေပြန်လာမှာပါပဲ။ စိတ်ဓာတ် ကြံခိုင်ဖို့ပဲ လိုပါတယ်။

မရှောင်ဖယ်လိုက်ပါနဲ့..

အရေးကြီးဆုံးအချက်ပါပဲ.. ဘာမှမကောင်းဘူးဆိုပြီး မတွေးပစ်လိုက်ပါနဲ့။ မျှော်လင့်ချက်တွေမရပ်တန့်လိုက်ပါနဲ့။ ဘာပဲလုပ်လုပ် မျှော်လင့်ချက်ဆိုတာရှိနေသင့်တာပဲမဟုတ်လား ။ ကိုယ့်ကိုကိုယ် ယုံကြည်တဲ့စိတ်တွေ ပြန်တည်ဆောက်ပါ။ ဘယ်တော့မှ လက်မလျော့ပါနဲ့။ အရှုံးမပေးပါနဲ့ ။ မရှောင်ဖယ်လိုက်ပါနဲ့။ မရရင် ရအောင်လုပ်မယ် စိတ်ကိုသာ အမြဲမွေးပါ။ လိုချင်တာရှိရင် အလွယ်လေးတော့ဘယ်ရမလဲ။ အချိန်တွေ ၊ စိတ်ပင်ပန်းမှုတွေ၊ လုပ်အားတွေ အများကြီးပေးဆပ်ရပါတယ်။ ဒါကြောင့် ငါတစ်ယောက်တည်း မဟုတ်ဘူး.. လူတိုင်းဒီလို ခံစားနေရတာပဲဆိုတာ ခေါင်းထဲထည့်ထားပါ။ အဓိကကတော့ ပြဿနာတွေကို မရှောင်ပါနဲ့။ ရင်ဆိုင်ပါ…

122 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.