Season 2 အနေနဲ့ တစ်ဖန်ပြန်လည်ထွက်ရှိလာတော့မယ့် Netflix Show ”Busted!”
(Unicode)
ကိုရီးယားရဲ့ပထမဆုံး Netflix Variety Show ဖြစ်တဲ့ Busted! စီးရီးကတော့ ဒုတိယseason အနေနဲ့ ပြန်လည်ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ပထမ season ထက် ပိုမိုကောင်းမွန်အောင် ရိုက်ကူးထားတဲ့အတွက် ကြည့်ရှုသူတွေစိတ်မပျက်စေရပါဘူးလို့ Netflix က ကြေငြာလိုက်ပါတယ်။
” ကြေငြာပြီးချိန်မှာ ပြည်တွင်းကရော ပြည်ပဆီကပါ တုံ့ပြန်မှုတွေ အများကြီးရရှိခဲ့ပါတယ်။ အံ့သြထူးဆန်းဖွယ်ရာအကြောင်းရာတွေနဲ့ ရယ်စရာဇာတ်မြူးလေးတွေ တွဲဖက်ပြီး တစ်ကမ္ဘာလုံးကြည့်ရှုသူဦးရေကို ကျွန်တော်တို့ မြှင့်တင်သွားမှာပါ ” – Netflix
” Busted! ဇာတ်ကားအတွက် တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေဆီက အားပေးမှုတွေရရှိခဲ့
တဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာပါတယ်။ Season 2 မှာလည်း ဒီထက်ပိုကောင်းတဲ့ level တစ်ခုနဲ့ ပိုပြီးကြည့်ကောင်းအောင် ပရိတ်သတ်တွေကို ပေးဆပ်သွားမှာပါ ” — Jang Hyuk Jae PD
Busted! ဇာတ်ကားကို Running Man PDs တွေဖြစ်တဲ့ Cho Hyo Jin, Jang Hyuk Jae, and Kim Joo Hyung တို့ ဖန်တီးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်များကတော့ – Yoo Jae Suk, Ahn Jae Wook, Kim Jong Min, Lee Kwang Soo, Park Min Young, EXO‘s Sehun နဲ့ gugudan‘s Sejeong တို့ဖြစ်ပါတယ်။ Season 2 မှာ သရုပ်ဆောင်မယ့် အနုပညာရှင်များကတော့ လတ်တလော မသိရသေးပါဘူး။
45 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.