သင့်ကိုအိုမင်းရင့်ရော်စေတဲ့ ဆံပင်ပုံစံတွေ

ဆံပင်ဆိုတာလူတစ်ယောက်ရဲ့ဒုတိယမျက်နှာလို့ဆိုတယ်မဟုတ်လား။အဲဒီဒုတိယမျက်နှာဟာလည်း တကယ်တမ်းမှာ ပထမမျက်နှာကိုအကျိုးသက်ရောက်မှုတော်တော်များများကိုဖြစ်စေတာပါ။ ဆံပင်ပုံစံလေးပြောင်းလိုက်ရုံနဲ့ အခြားသူတစ်ယောက်ဖြစ်သွားသလိုမျိုး လှပသွားတဲ့သူတွေ ပတ်ဝန်းကျင်မှာ မြင်တွေ့ဖူးကြမှာပါ။ ဒါကြောင့်ဆံပင်ပြင်ဆင်မှုကလည်း အလှအပအတွက်ဒုတိယအရေးကြီးဆုံးအရာတစ်ခုပါ။ဆံပင်ပြင်ဆင်မှုတစ်ချက်မှားလိုက်တာနဲ့ သင့်မျက်နှာကို နှစ်တွေအများကြီးအိုစာသွားစေပါလိမ့်မယ်။သင့်မျက်နှာကိုအိုမင်းရင့်ရော်စေတဲ့ဆံပင်ပုံစံတွေကတော့ …

 

ကပ်နေတဲ့ဆံပင်အလိမ်တွေ

Hair spray တွေအများကြီးဖျန်းထားလို့ ကော်တောင့်ကြီိးလိုကပ်နေတဲ့ဆံပင်အလိမ်တွေဟာ သင့်ကိုအိုမင်းရင့်ရော်စေတာအမှန်ပါ။ ဆံပင်မှာလည်းအသက်ရှိပါတယ်။ဆံပင်ရဲ့အသက်က လှုပ်ရှားသက်ဝင်ခြင်းပါ။ဆံပင်ကသူ့ဟာနဲ့သူ လှုပ်ရှားနေနိုင်ရပါမယ်။ ဆံပင်ကိုပုံမပျက်စေတဲ့ အလှဆီတွေ၊ကောက်ဆီတွေဟာ ဆံသားကိုအသက်ရှုမဝဖြစ်စေတဲ့အပြင် လှုပ်လို့မရအောင်ချုပ်ထာားသလိုလည်းဖြစ်စေပါတယ်။ဒါကြောင့် Hair Spray ဖျန်းဖို့လိုအပ်တဲ့ပွဲလမ်းသဘင်တွေမှာပဲ Hair spray တွေကိုအသုံးပြုပြီးကျန်တဲ့အချိန်တွေမှာ သူ့ဟာသူသာရှင်သန်ခွင့်ပေးသင့်ပါတယ်။

 

ပြားကပ်နေအောင်ဖြောင့်ထားတဲ့ဆံပင်ပုံစံ

ပြားကပ်နေအောင်ဖြောင့်စင်းထားတဲ့ဆံပင်တွေဟာ လွန်ခဲ့တဲ့နှစ်တွေက ခေတ်စားလိုက်ပါသေးတယ်။ဒါပေမယ့် သိပ်ကိုပြားကပ်ဖြောင့်စင်းလွန်းနေတဲ့ဆံပင်ကလူတော်တော်များများနဲ့မလိုက်ပါဘူး။ ဘာမှစတိုင်လည်းမရှိတဲ့အပြင် ကြည့်လိုက်တာနဲ့ကိုရိုးစင်းပြီးပျင်းစရာပုံစံပေါက်စေတာကြောင့်ဆံပင်အဖြောင့်မှကြိုက်ပါတယ်ဆိုရင်လည်း အဖျားလေးတွေကော့ထားတာမျိုးလောက်တော့လုပ်ထားသင့်ပါတယ်။

 

ဆံပင်အလည်ခွဲပုံစံ

အလည်ခွဲဆံပင်ဟာလူကိုရင့်စေတယ်ဆိုတာခေတ်အဆက်ဆက်ကလက်ခံထားပြီးသားအမှန်တရားတစ်ခုပါ။ အလည်ခွဲနဲ့လိုက်တဲ့သူတွေကရှားတယ်လို့ပြောလို့ရပါတယ်။သိပ်လှတဲ့မင်းသမီးတွေတောင်တော်ရုံဆံပင်အလည်ခွဲမထားရဲကြပါဘူး။ ဒါကြောင့်သာမန်လူတွေကတော့ပြောမနေနဲ့တော့ပေါ့။ဒါ့အပြင်သင်ကအသက်ရစပြုနေပြီဆိုရင်ကမ္ဘာမြေရဲ့ဆွဲအားကသင့်အသားအရည်တွေကိုပျော့တွဲစေပါတယ်။အဲဒီလိုပျော့တွဲနေတဲ့အသားအရည်တွေကို ဆံပင်အလည်ခွဲကမီးမောင်းထိုးပြလိုက်သလိုဖြစ်စေတာကြောင့် အလည်ခွဲဆံပင်ဟာမထားတာအကောင်းဆုံးပါ။

 

ဆံပင်နောက်ကိုအပြောင်သိမ်းစုစည်းတာ

ခုတလော မိန်းကလေးတွေကြားမှာခေတ်စားနေတာက ဆံပင်ကိုနဖူးအပြောင်သိမ်းပြီးခေါင်းအနောက်ဘက်မကျတကျမှာ အထုံးလေးထုံးထားတဲ့ပုံစံပါ။ အဲဒါက ကိုရီးယားမင်းသမီးတွေဆီကပဲအတုယူသလား အရင်ခေတ်ကဆံပင်ပုံစံတွေတကျော့ပြန်လာသလားဆိုတာမသဲကွဲပေမယ့် သေချာတာကတော့ အဲ့ဒါကသင့်ကိုရှိရင်းစွဲအသက်ထက်ပိုမိုရင့်ရော်စေတယ်ဆိုတာပါပဲ။

 

ခေါက်ဆွဲပြုတ်တွေခေါင်းပေါ်တင်ထားတဲ့ဆံပင်ကေ

ခေါက်ဆွဲပြုတ်နဲ့ဆင်တူရိုးမှားကေတွေကလည်းမျက်နှာကိုရင့်ရော်စေနိုင်ပါတယ်။ အဲဒီလိုဆံပင်ပုံစံမျိုးဟာ Hair Spray တွေအများကြီးလိုအပ်တာကြောင့်လည်း ဆံပင်ကိုပျော့ပျောင်းတဲ့အသွင်အပြင်ထက်စေးကပ်ပြီး လှုပ်မရပြုမရပုံစံပိုလို့ပေါက်စေတဲ့အပြင် အိပ်ရာကထကာစမှာဆံပင်ဟာရှင်းလို့ကိုမနိုင်မှာဖြစ်တဲ့အတွက် တော်တော်လည်းစိတ်ရှုပ်ရမှာဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့ဆံပင်ပုံစံတွေကတော့ သင့်တစ်သက်တာမှာလုံးဝမပြုလုပ်သင့်တဲ့ဆံပင်ပုံစံတွေပဲဖြစ်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ဆံပင်ပုံစံတွေကိုသေချာရွေးချယ်ဆင်ယင်ခြင်းဖြင့် မြင်သူငေးတဲ့အလှပဂေးလေးတွေဖြစ်နိုင်ကြပါစေ။

 

Unicode Format













232 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.